မန္တလေး -ဧပြီ ၂၅-၂၀၂၆
ရဲမွန်တောင်ပြည်သူ့စစ်ဌာနေ တည်ထောင်ခြင်း ၃နှစ်ပြည့် အထိမ်းအမှတ်အနေတဲ့ သံဃာ ၁၀ ပါး၊ သီလရှင် အပါး ၇၀၀ ကို ဆွမ်းကပ်ပြီး ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ရဲမွန်တောင် ပြည်သူ့စစ်ရုံးမှာ ဒီနေ့ ဧပြီ ၂၅ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီအခမ်းအနားမှာ ပြည်သူ့စစ်တွေထဲက ထိခိုက်ဒဏ်ရာရသူနဲ့ ကျဆုံးသူတွေရဲ့ မိသားစုတွေကို ထောက်ပံ့တဲ့ အစီအစဥ်လည်းတွေ့ရပါတယ်။
ရဲမွန်တောင်ပြည်သူ့စစ်ဆိုတာ ဘာလဲ ၊ ဘယ်သူတွေလဲ ၊ ဘယ်လောက်အင်အားရှိလဲ၊ သူတို့ဘာလုပ်နေလဲဆိုတာ ရဲမွန်တောင်ပြည်သူ့စစ်အဖွဲ့တည်ထောင်သူ တရားလွှတ်တော်ရှေ့နေလည်းဖြစ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးမျိုးကျော်ခေါ် ဦးနေမျိုးကျော်ကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
