တမူးမြို့နယ် ဆရာစံရွာနားမှာ လက်ရှိဖေါက်နေတဲ့ ဆည်မြောင်းဘောင်ဟာ ဒေသတွက် အကျိုးမရှိနိုင်

တမူး ဖေဖော်ဝါရီ ၂၆-၂၀၁၉ သိန်းအုပ် (VOM)   စစ်ကိုင်းတိုင်း တမူးခရိုင်​ တမူးမြို့ နယ် ဆရာစံ​ကျေရွာအတွင်း တည်​​ဆောက်​​နေတဲ့​ဆည်ဟာ အမှန်​တကယ်လယ်​​ရေ ရရှိနိုင်​မှာ​မဟုတ်​​တဲ့အပြင် နေအိမ်တွေနဲ့မလွတ်ကင်းလို့်  ဒေသခံတွေက စိုးရိမ်နေကြပါတယ်။   လယ်​သမားတွေက  ယခင်​​နေ​ဟောင်းဖြစ်​တဲ့ ဆရာစံရွာအထက်​ပိုင်းမှာပဲ တည်ဆောက်ဖို့တင်ပြထားပေမယ့်ခုနေရာဟာ ရေမရနိုင်တဲ့အပြင် သွားလာရခက်ခဲနိုင်တယ်လို့ ဒေသခံတောင်သူ ဦးနေလင်းအောင် ပြောပြတာက   ”​ခုဆောက်​​နေတဲ့ဆည်​​နေရာက အနိမ့်​ပိုင်းဖြစ်​ပြီး အမှန်​တကယ်​​ရေရရှိနိုင်​မယ့် နေရာမဟုတ်​တဲ့အပြင်​ ရွာအတွင်းရှိ လူ​နေအိမ်​များနင့်​မလွတ်​ကင်းပဲ ဆည်​တူး​ဖော်​​နေ​လို့  က​လေးသူငယ်​တွေအတွက်လည်း စိတ်​မချရဘူး သွား​ရေးလာ​ရေး​နေထိုင်​​ရေးပါအဆင်​မ​ပြေပါဘူး”​ လို့ဆိုပါတယ်။   အခုဆည်တည်ဆောက်နေတဲ့နေရာဟာ ယခင်တောင်သူတွေ လျားထားတဲ့နေရာမဟုတ်ဘဲ (MT) ကုမ္ပဏီကနေ ဆရာစံရွာရဲ့ အရှေ့ဘက်ကျေးရွာအနီးမှာတည်ဆောက်ရေးလုပ်ငန်းတွေ စတင်နေတာကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့နေအိမ်တွေနား မြောင်းတူးဖော်နေတာတွေ  ရပ်တန့်ပေးဖို့နဲ့  ဆည်ကို မူလလျာထားတဲ့ နောင်ကမ်းရဲ့အထက်မှာပဲ တည်ဆောက်ပေးဖို့ တောင်သူ ၆၈ ဦးက ဆည်မြောင်းဝန်ကြီးဋ္ဌာနကို တောင်းဆိုထားတယ်လို့လည်း…

Read More

ပါကစ္စတန် လေပိုင်နက်ထဲဝင်ရောက်ပြီး စစ်သွေးကြွစခန်းကို အိန္ဒိယတိုက်လေယာဉ်တွေ ဗုံးကြဲ

ဒေလီ၊ ဖေဖော်ဝါရီ-၂၆-၂၀၁၉ မျိုးဆက် (VOM)   ပါကစ္စတန်နိုင်ငံက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသရှိ စစ်သွေးကြွ အကြမ်းဖက်တွေရဲ့ အဓိက စခန်းတစ်ခုကို အိန္ဒိယ တိုက်လေယာဉ် ၁၂ စင်းက ၀င်ရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အပြီးတိုင်ဖျက်ဆီးခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ စီးနှင်းမှုအပြီး နာရီအနည်းငယ်အကြာမှာ အိန္ဒိယတာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။   အဆိုပါ စီးနှင်းတိုက်ခိုက်မှုကို ဒေသစံတော်ချိန် နံနက် ၃ နာရီ ၃၀ မိနစ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အကြမ်းဖက်သမားတွေ ထိန်းချုပ်ထားတဲ့နေရာတွေမှာ ၁၀၀၀ ကီလိုဂရမ် ဗုံးတွေကြဲချခဲ့တယ်လို့ ဆိုပါတယ်။   ပါကစ္စတန်က ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာရှိတဲ့ ဘာလာကုတ်မှာ အိန္ဒိယတိုက်လေယာဉ်တွေက ဖေဖော်ဝါရီ ၂၆ ရက် အစောပိုင်းက ပါကစ္စတန်လေပိုင်နက်ထဲဝင်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပါကစ္စတန်စစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး အာဆစ်ဂါဖိုးက ပြောပါတယ်။…

Read More

ဘုန်း​တော်​ကြီး​မောင်းနှင်​လာ​သော​ ရွှေစက်​​တော်​ဘုရားဖူးကားတိမ်း​မှောက်​ တစ်​ဦး​သေ

  ဖေ​ဖေါ်ဝါရီ၂၆ မင်းတုန်း ဂျန်ကိုးလ် ( VOM)   မ​ကွေးတိုင်း​ သရက်​ခရိုင်​ မင်းတုန်းမြို့နယ်​ ပုသိမ်​မုံရွာလမ်းမကြီး မိုင်​အမှတ်​၁၉၉/၄အနီးမှာ ဒီက​နေ့မနက်​၉နာရီခန့်​ကဘုန်း​တော်​ကြီးတစ်​ပါး​မောင်းနှင်​လာတဲ့ယာဉ်​အမှတ်​RLG 4—TOYOTA VOHY ခဲ​ရောင်​ဟာ ညာ​ဘက်​​နောက်​ဘီး​ပေါက်​ပြီး ယာဉ်​​ကြောတဘက်​မှာရှိတဲ့ လမ်း​ဘေးကျွန်းပင်​ကိုတိုက်​မိကာ တိမ်း​မှောက်​သွားပြီးဘုရားဖူးလိုက်​ပါလာတဲ့ ဒကာဖြစ်​သူ ဦးသန်း​အောင်​ဟာ နေရာမှာပွဲခြင်းပြီး​သေဆုံးခဲ့ပါတယ်။   သူတို့ဟာပဲခူးတိုင်း အ​နောက်​ခြမ်း​ရွှေ​တောင်​မြို့နယ်​ထဲကဖြစ်​ပြီး ယာဉ်​​မောင်း သက်တော်၆၀ ဝါတော် ၄၁ ဝါဆရာတော်အပါအဝင် ​စုစု​ပေါင်း ၁၀ဦးလိုက်​ပါလာကြတယ်​လို့သိရပြီး​ သေဆုံးသူရဲ့ဇနီးနဲ့​နောက်​၂ဦးက စိုးရိမ်​ရတဲ့ အခြေအ​နေရှိတယ်​လို့ ယာဉ်​တိမ်း​မှောက်​ရာ​နေရာမှာကူညီ​နေတဲ့ ရဲအရာရှိတဦးက​ပြောပါတယ်​။   ဖြစ်​စဉ်​ကိုမြင်​လိုက်​ရတဲ့​ဒေါ်နု​မော်​က” ​ဝေါကနဲကြားလိုက်​ရပြီး ဖုန်​​တွေမည်း​မှောင်​သွားပြီး ဂျိမ်းဆိုသစ်​ပင်​ကိုတိုက်​ပြီးငြိမ်​သွားတယ်​ ကျမလဲဘုရားဖူးကား​တွေကို​ အော်​ဟစ်​အကူညီ​တောင်းတယ်​တစ်​စီးမှမရပ်​ကြဘူး အ​ရေးကြီးလို့ပါဆိုပြီး​မောင်းသွားကျတယ်​။ အနီးအနား​အော်​ဟစ်​​တော့လဲ ဘယ်​သူမှမလာနိုင်​ကြဘူး ဒီအနားမှာက ကျမတစ်​အိမ်​ထဲရှိတာ”လို့​ပြောပါတယ်​။   ​ပုသိမ်​မုံရွာလမ်းမကြီး မင်းတုန်းလမ်းပိုင်းမှာ ဘုရားဖူးကားများဟာ နှစ်​စဉ်​တိမ်း​မှောက်​တတ်​တယ်လို့ ဒေသခံတွေကပြောပါတယ်။   ‘…

Read More

တစ်ကိုယ်တော် အခွေထွက်တော့မယ့် သျှီ

ရန်ကုန် ဖေဖော်ဝါရီ ၂၆ – ၂၀၁၉   သင်းသဒ္ဒါ (VOM)   ရော့ခ်ဂီတနဲ့ ပရိသတ်တွေကို ဖမ်းစားခဲ့တဲ့  အဆိုတော် သျှီကတော့ ပထမအခွေနဲ့ ၈နှစ်ကျော်ကြာမှ တစ်ကိုယ်တော်အခွေထွက်တော့မယ်လို့ သိရပါတယ်။   ”အစ်မ အခွေလုပ်နေတာ လုံးဝ အခွေက အဆုံးသတ်နေပြီ။ ဒါပေမယ့် ဘယ်တော့ထွက်မယ်ဆိုတာသာ အတိအကျမပြောနိုင်သေးတာလေ။ ခေတ်ကလည်း ပြောင်းသွားသလို ထုတ်ရတဲ့ပုံစံကလည်း ပြောင်းသွားတယ်ဆိုတော့ ဒါကြီးကို ကိုယ်က သေသေချာချာ သပ်သပ်ရပ်ရပ်လေး နှစ်ပေါင်းများစွာ လုပ်လာတဲ့အခွေလေ ၊ ပြီးတော့ မှ ထွက်ကာနီးမှ ဗရမ်းဗတာ ဖြစ်သွားမှာစိုးလို့လေ။ အဓိကတော့ အခွေကိုနားထောင်စွဲ သူတွေလက်ထဲလည်းရောက်ချ  အသက်ရပ်ဆုံးနဲ့ အကောင်းမွန်ဆုံး ရောက်စေချင်တယ်။ အဲ့ဒါလေးကိုလုပ်နေတာဖြစ်တဲ့အတွက် ဒီနှစ်ထဲတော့ ထွက်မယ်၊ ရက်တွေလတွေတော့ သတ်မှတ်လို့မရသေးဘူး”လို့ဆိုပါတယ်။   သူမကတော့ ၂၀၁၀ ခုနှစ်က  ဂန္ဓဝင်စကားဆိုတဲ့ အခွေကိုထွက်ခဲ့ပြီးတော့…

Read More

ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌကို နှုတ်ထွက်ခိုင်းတဲ့ကိစ္စ အကြောင်းရင်းမှန်ရှင်းပြဖို့ မင်းတပ်မဲဆန္ဒရှင်များ တောင်းဆို

မင်းတပ် ဖေဖော်ဝါရီ ၂၆-၂၀၁၉ မိုင်ချယ်ရီ (VOM) ချင်းပြည်နယ်လွှတ်တော်မှာ ဒုဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ မင်းတပ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) က  ပြည်နယ် လွှတ်တော်ကိုယ်စာလှယ် ဦးအောင်သန်းကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ အကြောင်းကြားစာ ပေးပို့ ခဲ့ပါတယ်။ ဘာကြောင့် ဒီလို လုပ်ရတယ်ဆိုတာကို သိခွင့်ရဖို့ မင်းတပ်မြို့ မဲဆန္ဒရှင်ပြည်သူတွေကိုယ်စား  ၁၀ ဦးက လက်မှတ်ထိုးပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆီကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စာတင်တောင်းဆိုလိုက်ပါတယ်။ “ဒီကိစ္စ ဘာဖြစ်လို့ သူ့ကို ဖိအားပေးချင်း ခံရတာလဲ ဆိုတဲ့ဟာက မဲဆန္ဒရှင်တွေ အနေနဲ့ သိခွင့်ရှိတယ်။ ပြည်သူလူထုက သူ့ကို ယုံကြည်လို့ မဲပေးထားတာ။ အခုက ဘာဖြစ်လို့ နားခိုင်းလဲ ဆိုတာ မရှင်ဘူး။ အဂတိလိုက်စားမှုရှိလို့လား ဒါမှမဟုတ် တာဝန်လစ်ဟင်းမှု ရှိလို့လား ဒါမှမဟုတ် လုပ်ထုံးလုပ်နည်းကို ကျော်လွန်ပြီး…

Read More

မန္တ​လေး ၁၃၀၀ပြည့်​ အ​ရေး​တော်​ပုံ နှစ်​(၈၀)​မြောက်​ အခမ်းအနားကျင်းပ

မန္တ​လေး၊ ​ဖေ​ဖေါ်ဝါရီ ၂၆-၂၀၁၉ ဟိန်းကို(VOM) မန္တ​လေးမြို့မှာ ၁၉၃၈-၁၉၃၉ခုနှစ်​ကာလက ဖြစ်​ပွားခဲ့​သော ၁၃၀၀ပြည့်​အ​ရေး​တော်​ပုံအတွင်း ကျဆုံးခဲ့တဲ့ အာဇာနည်​(၁၇)ဦးကို ရည်းစူပြီး နှစ်​(၈၀)ပြည့်​အထိမ်းအမှတ်​ အခမ်းအနားကို ဒီကနေ့ မနက်က မန္တ​လေး ချမ်းမြသာစည်မြို့နယ်မှာရှိတဲ့ အာဇာနည် ၁၇ ဦး ​ဗိမာန်​မှာ ကျင်းပပြုလုပ်​ခဲ့ပါတယ်။ ဟိန်းကို ရိုက်ကူးတင်ပြထားပါတယ်။   #voiceofmyanmar#အာဇာနည်၁၇ဦး# ၁၃၀၀ပြည့်အရေးတော်ပုံ

Read More

၂၁ရာစု ပင်​လုံညီလာခံ နဲ့ ပြည်​တွင်းငြိမ်းချမ်း​ရေးကိုလူထု စိတ်​ပါဝင်​စား​အောင်​ တစ်​ကိုယ်​လမ်း​လျှောက်

မန္တ​လေး၊ ​ဖေ​ဖေါ်ဝါရီ ၂၅-၂၀၁၉ ဟိန်းကို(VOM) သံတွဲမြို့မှာ​နေထိုင်​တဲ့ ဦးစိုး​ဝေ ဆိုသူဟာ ၂၁ရာစု ပင်​လုံညီလာခံ နဲ့ ပြည်​တွင်းငြိမ်းချမ်း​ရေးကိုလူထု စိတ်​ပါဝင်​စား​လာ​စေရန်​ ရည်​ရွယ်​ပြီး ပဲခူးတိုင်း ပြည်မြို့က​နေ့ တစ်​ကိုယ်​​တော်​လမ်း​လျှောက်​လာပြီး ယ​နေ့ည​နေပိုင်းက မန္တ​လေးမြို့ကို ​ရောက်​ရှိခဲ့ပါတယ်​။ ​ရောက်​ခဲ့တာက ​ကော့​သောင်း၊ မြဝတီ၊ လွိုင်​​ကော်​၊ ​တောင်​ကြ်ီး၊ ​မောင်​​တောမြို့​တွေကို ​ရောက်​ခဲ့ပြီးပြီ ၊ အခက်​အခဲ​တွေ​တော့ရှိတယ်​၊ အဲ့တာ​တွေကို အ​ထွေအထူးမ​ပြော​တော့ဘူး၊ ဘာ​တွေရှိရှိ ကျွန်​​တော်​က သည်းခံစိတ်​ထားပါတယ်​၊ ကျွန်​​တော်​တို့ ၂၁ရာစု ပင်​လုံညီလာခံ နဲ့ ငြိမ်းချမ်း​ရေး ဖြစ်​စဉ်​ကြီးဟာလည်း သည်းခံစိတ်​​မေတ္တာစိတ်​နဲ့ ​ကျော်​ဖြတ်​မှ ​အောင်​မြင်​မှာ ဖြစ်​တယ်​” လို့ တစ်​ကိုယ်​​တော်​လမ်း​လျှောက်​သူ ဦးစိုး​ဝေ က ​ပြောပါတယ်​။ ခုလို တစ်​ကိုယ်​​တော်​လမ်း​လျှောက်​တာကို ၂၀၁၇ခုနှစ်​ သြဂုတ်​(၇)ရက်​​နေ့ မြန်​မာလို ဝါ​ခေါင်​လပြည့်​​နေ့ ​မေတ္တာအခါ​တော်​​နေ့ ၊ ​ဂေါတမဘုရားရှင်​ ငြိမ်းချမ်း​ရေးတရား​ဟောတဲ့​နေ့ က​နေ စတင်​လမ်း​လျှောက်​ခဲ့ပြီး…

Read More

ဆရာတော်ဦးဥတ္တမ ပျံလွန်တဲ့နေ့ကို အစိုးရရုံးပိတ်ရက် ၊ရခိုင်ပြည်နယ်ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးဖို့ အစီအစဉ်မရှိသေး

ရန်ကုန် ဖေဖော်ဝါရီ ၂၅-၂၀၁၉ TGH(VOM) နိုင်ငံတော်က ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထိခိုက်မှုမရှိစေဖို့နဲ့ တိုင်းရင်းသားတွေအကြား အထင်အမြင်လွဲမှားပြီး ခွဲခြားဆက်ဆံခံရတဲ့သဘောမျိုးမဖြစ်စေဖို့အတွက် ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူတဲ့  စက်တင်ဘာလ ၉ ရက်နေ့ကို အစိုးရရုံးပိတ်ရက် ၊ ရခိုင်ပြည်နယ်ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးရန်မသင့်သေးဘူးလို့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒုတိယ၀န်ကြီး ဦးလှမော်ဦးက ပြောဆိုခဲ့ပါတယ်။ ဒီနေ့ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့မှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်၁ ဦးဝေစိန်အောင်ရဲ့မေးခွန်းကို ဒုတိယ၀န်ကြီးက ပြန်လည်ပြောဆိုခဲ့တာဖြစ်ပါတယ်။ “ ဆရာတော်က လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ပါဝင်ခဲ့တဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်။ နိုင်ငံရေး တရားတွေဟောခဲ့လို့ အင်္ဂလိပ်အစိုးရနေ ၃ ကြိမ်တိုင်အောင် ဖမ်းဆီးခံခဲ့ရသူလည်းဖြစ်ပါတယ်။ ဆရာတော် လိုပဲ လွတ်လပ်ရေးသမိုင်းမှာပါဝင်ခဲ့တဲ့ ခေါင်းဆောင်တွေရှိပါတယ်။ အဲဒီနေ့တွေမှာ သူတို့အစီအစဉ်နဲ့သူတို့ အသီးသီး ကျင်းပနေကြတာလည်းရှိပါတယ်။တကယ်လို့သာ ဦးဥတ္တမပျံလွန်တော်မူတဲ့နေ့ကို အစိုးရရုံးပိတ်ရက်သတ်မှတ် မယ်ဆိုရင် တခြားလူတွေလည်း တောင်းဆိုမှုရှိလာနိုင်တယ်။ နောက်တစ်ခုက…

Read More

ငါး၊ ပုစွန် မွေးမြူရေး၊ အစိုးရပိုင်းက ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုအပ်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၁၉ TGH( VOM)   ယနေ့ မြန်မာနိုင်ငံငါးလုပ်ငန်းကဏ္ဍရဲ့ ငါး ၊ ပုစွန် မွေးမြူရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး အစိုးရပိုင်းကနေ ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုအပ်နေတဲ့ အချက် ငါးချက်ရှိနေတယ်လို့  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးဦးဝင်းကြိုင်က ပြောပါတယ်။   ငါး၊ ပုစွန် မွေးမြူရေး လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ဒီလုပ်ငန်းကို အထောက်အပံ့ကောင်း ပေးနိုင်မယ့် မြေယာအသုံးပြုမှုဆိုင်ရာ မူဝါဒတွေ ချမှတ်ပေးခြင်းနဲ့ အမျိုးသားအဆင့် မြေအသုံးပြုမှု မူဝါဒဆိုင်ရာ ဆွေးနွေးပွဲတွေမှာပါ  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အပါအဝင် မြေယာကိုအသုံးချ၍ လုပ်ငန်းဆောင်ရွက်ရတဲ့ အသင်းအဖွဲ့အားလုံးကို ပါဝင်ဆွေးနွေးခွင့်ပြုဖို့ လိုအပ်တယ်လို့ သူကပြောပါတယ်။   “အားလုံးကို ဆွေးနွေးခွင့်ပြုမှသာ ဘာတွေလိုအပ်တယ်၊ မလိုအပ်ဘူး၊ ဘယ်အရာတွေက အရေးတကြီး လုပ်ဆောင်ရမယ်ဆိုတာ သိမယ်။ အားလုံးပူးပေါင်း ဆောင်ရွက်လို့ရမယ်။ ဒုတိယကတော့ မန္တလေး တိုင်းနဲ့…

Read More

၂၀၁၈ ခုနှစ်အကယ်ဒမီအတွက် ရွှေစင်ကြယ် သယ်ပေးမယ့် အကူမောင်မယ်တွေရွေးချယ်

  ရန်ကုန် ဖေဖော်ဝါရီ ၂၅-၂၀၁၉ သင်းသဒ္ဒါ     ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊ ၀င်္ကဘာလမ်းမှာရှိတဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှာ အနုပညာရှင်တွေရဲ့ မျိုးဆက်တွေနဲ့ တက်သစ်စ သရုပ်ဆောင်တွေကို မြန်မာ့ရုပ်ရှင် အကယ်ဒမီ အတွက် ရွှေစင်ကြယ် သယ်ဆောင်ပေးမည့် အကူမောင်မယ်တွေအဖြစ် ဒီနေ့မနက်ပိုင်းမှာ ရွေးချယ်မိတ်ဆက်ခဲ့ပါတယ်။   “အနုပညာရှင်တွေရဲ့ ရင်သွေးတွေပါတယ်။ နောက်မျိုးဆက်သစ် လူငယ်တွေ ပါပါတယ်။ စိစစ်ပြီးတော့ ရွေးချယ်လိုက်တာပါ။ မဆင့်တို့က တရားဝင်ကြေငြာထားတာ မဟုတ်ပဲ တိုင်ပင်ရွေး ချယ်လိုက် ကြတာပါ။ မဆင့်တို့က တိုးတိုးတိတ်တိတ်ရွေးချယ်ကြတာပါ။ ဘယ်သူမှ မသိတာပါတယ်။ မျှတမှုရှိအောင်တော့ ရွေးလိုက်ပါတယ်။ အရပ်ကို ကြည့်ပြီးတော့ အတွဲလေးတွေ တွဲပေးလိုက်တာပါ” လို့ ထပ်ဆင့်အကယ်ဒမီ မေသန်းနုက ဆိုပါတယ်။   ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို…

Read More
VOM News

FREE
VIEW