ချင်းပြည်နယ်မှာ ကုန်တင်ယာဉ်တစ်စီးတိမ်းမှောက် လူတစ်ဦးသေဆုံး

တီးတိန် မတ် ၉-၂၀၁၉

မိုင်ချယ်ရီ(VOM)

 

ချင်းပြည်နယ် တီတိန်းမြို့နယ် သိုင်းငင်းကျေးရွာအနီးမှာ ကုန်တင်ထားတဲ့ ယာဉ်တစ်စီး စက်မသပ် ပဲ ရပ်ထားချိန်မှာ နောက်ပြန်လိမ့်ကျပြီး ချောက်ထဲကျ တိမ်းမှောက်ခဲ့တာကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့ မိန်းကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ သိုင်းငင်းရဲကင်းစခန်း ကနေ သိရပါတယ်။

 

မတ်လ ၈ ရက်နေ့ နေ့လယ် ၁၂ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီကားဟာ ကလေးမြို့ကနေ တီးတိန်မြို့ကို စက်သုံးဆီတွေ တင်ဆောင်မောင်းနှင်လာရာကနေ တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာအနီး မိုင်တိုင်အမှတ် ၂၆ မိုင် ၄ ဖာလုံ နဲ့ ၅ ဖာလုံ ကြား အရောက်မှာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ဟာ ကားကို လမ်းဘေးမှာ စက်မသတ်ပဲ ရပ်ထားပြီး အပေါ့စွန့်ဖို့ ဆင်းတဲ့အချိန်မှာ ကားက နောက်ပြန်လိမ့်ကျခဲ့တာဖြစ်ပါတယ်။

ဒီလို လိမ့်ကျခဲ့တာကြောင့် ကားပေါ်မှာလိုက်ပါလာတဲ့ တီးတိန်မြို့နေ မဒိုငိုက်ဟွဲ (၁၂) နှစ် (ဘ) ဦးကပ်ခန့်ဇမ်း က အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိုင်းငင်းရဲကင်းစခန်းကနေ သိရပါတယ်။

“သူက အမှန်တကယ်ဆို စနေ့ နေ့မှ သူ့အဘွားနဲ့ ပြန်မလို့။ကားကြုံးရှိတော့ ပြန်ချင်တာ တားမရတာနဲ့ သူ့အဘွားက ထည့်ပေးလိုက်တာ။လမ်းကျတော့ အခုလို အဖြစ်နဲ့ ကြုံခဲ့ရတာပဲ။ကလေးရဲ့ ရုပ်အလောင်းကတော့ တီးတိန်မှာပါ။မနက်ဖြန် သဂြိုလ်မယ်” လို့ သေဆုံးခဲ့သူရဲ့ ဦးလေးတော်စပ်သူ က ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယာဉ်အမှတ် 8M/8379 ဂျစ်ကားအစိမ်းရောင်ကို မောင်းနှင်လာတဲ့ ဦးဆွင့်ခန့်ခုပ် ကို တီးတိန်မြို့မရဲစခန်းမှာ အမှုဖွင့် ဖမ်းဆီးဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #ချင်းပြည်နယ် #တီးတိန် #ကုန်တင်ကားမှောက် #တစ်ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW