နေပြည်တော် လွှတ်တော်ကိုယ်စားလှယ် ဧည့်ရိပ်သာမှာ ပျောက်တဲ့ လက်ဝတ်လက်စားတွေကို ခိုးသူဟာ အခြားလွှတ်တော်ကိုယ်စားလှယ်ရဲ့ ချွေးမဖြစ်

နေပြည်တော်၊ ဇူလိုင် ၁၃-၂၀၁၉

ကိုထွန်း (VOM)

 

လုံခြုံရေး အထပ်ထပ် စစ်ဆေးခံပြီးမှဝင်ရတဲ့ နေပြည်တော်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဧည့်ရိပ်သာမှာ ရန်ကုန်တိုင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်​ဦးရဲ့ ဇနီးပိုင် လက်ဝတ်လက်စားတွေ ​​ပျောက်​ဆုံးမှုဖြစ်​ပွားခဲ့ပြီး ဒီ​နေ့မှာ​တော့ ခိုးယူသူကို ဖမ်းဆီးရမိပြီလို့ ဇမ္ဗူသီရိမြို့နယ်၊အမှတ်(၁)မြို့မရဲစခန်းက သိရပါတယ်​။

 

 

ရန်​ကုန်​တိုင်း ပြည်​သူ့လွှတ်​​တော်​ ကိုယ်​စားလှယ်​တစ်ဦး​ရဲ့ ဇနီးပိုင်​ သိန်းတစ်​ရာ​ကျော်​ဖိုးရှိ လက်​၀တ်​လက်​စား​တွေ ဇူလိုင်​ ၁၁ရက်​ ညပိုင်းက ခိုးယူခံခဲ့ရတာဖြစ်​ပြီး ခိုးယူသူဟာ စည်ပင်ဧည့်ရိပ်သာအတွင်းမှာပဲ ​နေထိုင်​​နေတဲ့ ​ပြည်​​ထောင်​စုနယ်​​မြေက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်​ဦးရဲ့ ချွေးမဖြစ်သူက ခိုးယူခဲ့တာ ဖြစ်​တယ်​လို့ သိရပါတယ်​။

 

 

” ရေချိုးဖို့ လက်ဝတ်လက်စားတွေပါတဲ့ ဗူးကို အိတ်ထဲထည့် ရေချိုးနေတုန်း ပြူတင်းတံခါးကို ကလန့်ပြီး အခန်းထဲ ကုတင်ပေါ်က ဆလင်းဘက်အိတ်ကိုဆွဲယူ ရွှေဘူးကိုနှိုက်ယူတယ်ပေါ့ ။ပြီးတော့ အိတ်ကိုပြန်ထားတဲ့အချိန်မှာ အမျိုးသမီးက လက်ကိုလှမ်းမြင်လို့ လိုက်ဆွဲတယ် ။ အော်ပါတယ်။ ဒါပေမယ့် အနီးဝန်းကျင်မှာ ဘယ်သူမှမရှိကြဘူး။ ကိုယ်စားလှယ်တွေက မရောက်သေးဘူးလေ၊ ပြူ တင်းဘောင်ပေါ်မှာ ဆွဲကြိုးတကုံးနဲ့ လက်စွပ်တစ်ကွင်းကျန်ခဲ့တယ်။’ လို့ ရန်​ကုန်​တိုင်း ပြည်​သူ့လွှတ်​​တော်​ ကိုယ်​စားလှယ်​တစ်​ဦးက ပြောပါတယ်။

 

 

ခိုးခံရတဲ့အထဲမှာ ၂၅သိန်းတန် စိန်လက်ကောက်၊ ၁၀ သိန်းတန် စိန်လက်စွပ်၊ ၁၈ သိန်းတန် ပုလဲစိန်ကွပ်ထားတဲ့ လက်စွပ်တကွင်း၊ တကွင်း ၅မူးသားရှိတဲ့ ပိုက်ပွ ရွှေလက်ကောက် ၉ ကွင်းနဲ့ ၆ သိန်းတန် ဖုချိန်း တခု စုစုပေါင်း ၁၀၄ သိန်းခန့်ဖိုး လက်​၀တ်​လက်​စား​တွေ ခိုးယူခံခဲ့ရတာပါ။

 

 

ဒါ​ကြောင့်​ လက်​၀တ်​လက်​စားပိုင်​ရှင်​က​နေ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁)ရဲစခန်းကို ဇူလိုင်​ ၁၁ ရက်​က လာ​ရောက်​တိုင်​တန်းခဲ့တဲ့အတွက်​ (ပ) ၁၄၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့ အမှုလက်ခံဖွင့်လှစ်​ပေးခဲ့ပြီး ဒီ​နေ့ မနက်​အ​စောပိုင်းမှာ​တော့ ခိုးယူသူကို လက်​၀တ်​လက်​စား​တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့အတွက် သူ့ကို ​အမှတ်(၁)မြို့မရဲစခန်းအချုပ်မှာ ချုပ်နှောင်ထားပြီလို့ သိရပါတယ်​။

 

 

#voiceofmyanmar #နေပြည်တော် #စည်ပင်ရိပ်သာ #လက်ဝတ်လက်စားတွေခိုးယူသူဖမ်းမိ #

 

 

Related posts

Leave a Comment

VOM News

FREE
VIEW