မြစ်ကြီးနားရေကြီးမှု စိုးရိမ်ရေအမှတ်​ထက် ကျော်​လွန်​ ကယ်​ဆယ်​​ရေးတိုးမြှင့်​​ဆောင်​ရွက်​​နေရ

မြစ်ကြီးနား၊ ဇူလိုင် ၁၃ -၂၀၁၉

ရန်အောင်ထွန်း(VOM)

 

မြစ်ကြီးနားမြို့ မြစ်ရေတိုးနေမှုဟာ ဇူလိုင်​ ၁၂ ရက် ညပိုင်း ၁၂ နာရီတိုင်းထွာချက်အရ စိုးရိမ်ရေအမှတ်ထက် ၂၅ စင်တီမီတာ ကျော်လွန်နေပြီ ဖြစ်ပြီး ကယ်ဆယ်ရေးတိုးမြှင့်ဆောင်ရွက်နေရတယ်လို့ မြစ်ကြီးနားမြို့နယ် ဒု မီးသတ် ဦးစီးမှူးက ဆိုပါတယ်။

 

 

မြစ်ကြီးနားမြို့  စိုးရိမ်ရေအမှတ်ဟာ ၁၂၀၀ စင်တီမီတာဖြစ်ပြီး ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်း တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ ၁၂၂၅ စင်တီမီတာကို ရောက်ရှိနေတာပါ။ ဒါကြောင့် မြို့တွင်းရေကျော်လမ်း တချို့ကိုလည်း ပိတ်ဆို့ထားရပါတယ်​။

 

 

အနိမ့်ပိုင်းရပ်ကွက်တွေ ရေ၀င်မှုကလည်း တိုးလာနေပြီး လက်ရှိအချိန်ထိ ရပ်ကွက် ၁၄ ခုက ရေနစ်မြုပ်နေတဲ့ အိမ်ထောင်စု ၆၄၇ စုမှာ နေထိုင်သူ လူဦးရေ ၃၂၆၉ ဦးကို ကယ်ဆယ်ရေးပြုလုပ်ပေးထားရပါတယ်။ မနောကွင်းနဲ့ အရှေ့ဘက်လမ်းမှာလည်း ရေလျှံနေပြီး မြို့တွင်းက အနိမ့်ပိုင်းရေဝင်လမ်းတွေပါ ယာယီပိတ်ဆို့ထားပါတယ်။

 

 

ကြက်ပေါင်းခြံရပ်ကွက်က ရေဘေးသင့်ပြည်သူတွေကို ကြံ့ခိုင်ရေးရုံးအတွင်း နေရာချထားပေးရာမှာ ရေလိုအပ်ချက်တွေ ဖြစ်နေရတယ်လို့ ဆော့လော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှီးဇော်လွမ်းလန်းက ပြောပါတယ်။

 

 

#voiceofmyanmar # မြစ်ကြီးနား #ရေကြီးမှု စိုးရိမ်ရေအမှတ်ထက်ကျော်လွန် #ကယ်ဆယ်ရေးတိုးမြှင့်ဆောင်ရွက်နေရ #ဧရာဝတီမြစ်ရေ

Related posts

Leave a Comment

VOM News

FREE
VIEW