စစ်တွေ၊ ဇူလိုင် ၂-၂၀၁၉ ခိုင်လင်းစံ (VOM) ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ နေ့လည်ပိုင်း ၁၁ နာရီလောက်က ဝေသာလီဘုရားမှာ လက်သမားလုပ်နေတဲ့ ဒေသခံသုံးဦးကို တပ်မတော် စစ်ကြောင်း သံသယနဲ့ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီဖမ်ဆီးခံရသူတွေထဲက ကိုနေမျိုးထွန်းဟာ ဇွန်လ ၂၄ ရက်နေ့က ကျောက်တော်ဆေးရုံမှာ သေဆုံးသွားခဲ့ပြီး အခု ဇူလိုင်လ ၁ ရက် ညနေ ၆ နာရီခန့်မှာလည်း ကိုဇော်ဝင်းလှိုင် (၂၈ နှစ်)ဟာ ထပ်မံသေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ “သူက ဝေသာလီဘုရားမှာ လက်သမားလုပ်နေရင်း တပ်မတော်က ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။ ကျောက်တော်တပ်မမှာ ၅ ရက်လောက် စစ်ဆေးခံခဲ့ရပါတယ်။ ပြီးတော့ ကျောက်တော်ရဲစခန်းကို လွှဲပြောင်းပေးခဲ့တယ်။ သွေးအန်ပြီးတော့ အခြေအနေမကောင်းလို့ ဆေးရုံကို ပို့ပေးခဲ့တယ်။ ကျောက်တော်ဆေးရုံကနေ စစ်တွေဆေးရုံကို…
Read MoreMonth: July 2019
နျူကလီးယားစာချုပ်ကို အီရန်ချိုးဖောက်လိုက်ပြီလို့ အိုင်အေအီးအေ အတည်ပြု
ဗီယင်နာ၊ ဇူလိုင်-၂-၂၀၁၉ မျိုးဆက် (VOM) အီရန်နိုင်ငံဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူညီချက်အရ ယူရေနီယံသန့်စင်သိုလှောင်မှုနဲ့ပတ်သက်တဲ့ ကန့်သတ်ချက်ကို ချိုးဖောက်လိုက်ပြီလို့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (အိုင်အေအီးအေ)က အတည်ပြုပြောဆိုလိုက်ပါတယ်။ အီရန်ရဲ့ အရံထားရှိတဲ့ သန့်စင်ပြီး ယူရေနီယံပမာဏဟာ ကန့်သတ်ချက်ထက် သုံးရာ ကီလိုဂရမ်ကျော်လွန် နေတာကို နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ စုံစမ်းစစ်ဆေးသူတွေက ဖော်ထုတ်အတည်ပြုလိုက်ကြတာ ဖြစ်ပါတယ်။ အဏုမြူဓာတ်ပေါင်းဖိုပြုလုပ်ရာမှာ လောင်စာအဖြစ် အသုံးပြုနိုင်ရုံသာမက အလားအလာရှိတဲ့ နျူကလီးယားဗုံးတွေကိုတောင် ထုတ်လုပ်နိုင်တဲ့ ယူရေနီယံသန့်စင်ထုတ်လုပ်မှုကို အီရန်က မေလအတွင်း တိုးမြှင့်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ နျူကလီးယားသဘောတူစာချုပ်ကနေ သမ္မတဒေါ်နယ်ထရန့် နှုတ်ထွက်ပြီးနောက် အမေရိကန်က ပြန်လည်ပြဌာန်းလိုက်တဲ့ အရေးယူပိတ်ဆို့မှုတွေ လက်တုံ့ပြန်တဲ့အနေနဲ့ ယူရေနီယံ သန့်စင်မှုကို တိုးမြင့်လုပ်ဆောင်ခဲ့တာလို့ အီရန်က ဆိုပါတယ်။ …
Read Moreရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ကြောင်း ရှင်းပြဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဒုက္ခသည်စခန်းတွေဆီ သွားမယ်
ကုလသမဂ္ဂ၊ ဇူလိုင်-၂-၂၀၁၉ မျိုးဆက် (VOM) ရခိုင်ပြည်နယ်ကို ဘယ်လိုပုံစံနဲ့ ပြန်နိုင်တယ်ဆိုတာ ရိုဟင်ဂျာမွတ်စလင်တွေကို ရှင်းပြဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေဆီ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ မကြာမီ စေလွှတ်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ဇူလိုင် ၁ ရက်မှာ ပြောပါတယ်။ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ ပြန်လည်နေရာချထားရေး စီစဉ်လုပ်ဆောင်ထားတာတွေကို ရှင်းပြဖို့အတွက် ဇူလိုင်လကုန်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက ဒုက္ခသည်စခန်းတွေဆီကို မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်မှာဖြစ်တယ်လို့ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွန်းက ကုလသမဂ္ဂအစည်းအဝေးတစ်ခုမှာ ပြောပါတယ်။ နေရပ်ပြန်ဖို့အတွက် ရိုဟင်ဂျာ သုံးသောင်းက အဆိုပြုထားကြပြီး အဲဒီအထဲက ၁၃၂၀၀ ဦးဟာ အရင်ကတည်းက မြန်မာနိုင်ငံဘက်မှာ နေထိုင်ဖူးသူတွေအဖြစ် အတည်ပြုထားပြီး သူတို့ဟာ အချိန်မရွေး ရခိုင်ပြည်နယ်ကို ပြန်လာနိုင်တယ်လို့ မြန်မာသံအမတ်ကြီးက ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်မှာ ပြန်လည်လက်ခံရေးနဲ့…
Read Moreသခင်ကိုယ်တော်မှိုင်း အမှတ်တရ ပန်းခြံဆောက်လုပ်ဖို့ မြေနေရာ လျှောက်ထားမှု ကြန့်ကြာနေ
ရွှေတောင်၊ ဇူလိုင် ၂ – ၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့နယ် ဝါးလည်ရွာက ဆရာကြီးသခင်ကိုယ်တော်မှိုင်း မွေးဖွားရာမြေနေရာမှာ အမှတ်တရ ပန်းခြံဆောက်လုပ်ဖို့ မြေလျှောက်ထားမှုကို မြို့နယ်အဆင့်မှာ ကြန့်ကြာနေတယ်လို့ ပြည်ခရိုင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ယက်က သိရပါတယ်။ “မြို့နယ်၊ တိုင်း၊ ခရိုင၊် ဗဟို အဆင့်ဆင့် စာတင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က မြို့နယ်ကို စာကျထားတယ်။ ဒီမြို့နယ်အဆင့်မှာ ကြာနေတာပါ။ မြေနေရာက ၀.၆၂ ဧက ရှိမရှိ တိုင်းတာပြီး ခရိုင်ကို ပြန်တင်ပြီးရင် ဆောက်လို့ရပြီ။ ဒါကို မြို့နယ်မှာ တစ်နှစ်ကြာနေတယ်။”လို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ယက်က ဒေါ်နှင်းနှင်းရီက ပြောပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း မကွယ်လွန်ခင်က အခု ခွင့်ပြုမိန့်တင်တဲ့ မြေနေရာမှာ ခေါင်းချချင်တယ်လို့ တပည့်ဖြစ်သူတွေကို ပြောခဲ့ဖူးတဲ့အတွက် ဆရာကြီးရဲ့တပည့်တွေက အဲဒီမြေနေရာကိုဝယ်ပြီး…
Read Moreကိုဆွေဝင်းကို စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ ငြိစွန်းမှု မရှိဟုဆိုကာ တရားရုံးက ပယ်ချ
မန္တလေး၊ ဇူလိုင် ၂ -၂၀၁၉ ဟိန်းကို(VOM) မြန်မာနောင်းသတင်းဌာန သတင်းထောက်ချုပ်ကိုဆွေဝင်းဟာ လူမှုကွန်ယက်စာမျက်နှာမှာ ဆရာတော် ဦးဝီရသူရဲ့ ဂုဏ်သိက္ခာ ညိုးနွမ်းအောင် ရေးသားဖော်ပြတယ်ဆိုပြီး မဟာအောင်မြေတရားရုံးမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ(၆၆/ဃ) နဲ့ တရားစွဲဆိုထားမှုကို စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ ငြိစွန်းမှု မရှိဘူးဆိုပြီး တရားရုံးက ဒီနေ့ မနက်ပိုင်းမှာ အမှုကို ပယ်ချခဲ့ပါတယ်။ အမှုကို (၂)နှစ် နဲ့ (၁)လကျော် စစ်ဆေးခဲ့ပြီး အမှုစစွဲတဲ့အချိန်ကတည်းက တရားလိုတွေဖြစ်တဲ့ ကိုကျော်စွာထွန်း၊ ဘန္ဒန္တဝိစိတ္တာဘိဝံသ(ခ)ဦးဝီရသူ၊ ဘန္ဒန္တတိက္ခနြ္ဒိယာဘဝံသ(မဟာအောင်မြေမြို့နယ် သံဃာ့နာယကက္ကဌ)နဲ့ အမှုစစ် ရဲအုပ်ကျော်သူတို့ဟာ တရားရုံးကို လာရောက်ခြင်းမရှိတဲ့အပြင် တရားလို ကိုကျော်မျိုးရွှေ စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့လည်း ငြိစွန်းမှုမရှိဘူးဆိုပြီး ပယ်ချခဲ့တာ ဖြစ်ပါတယ်။ #voiceofmyanmar# ကိုဆွေဝင်းအမှု #တရားရုံးကပယ်ချ #မန္တလေး# မဟာအောင်မြေ #ဦးဝီရသူ
Read Moreနေပြည်တော်မှာ တရုတ်နိုင်ငံသား သုံးဦးကို ငါးမန်းဂိမ်း လောင်းကစား စက်တွေနဲ့ ဖမ်းမိ
နေပြည်တော်၊ ဇူလိုင် ၂ – ၂၀၁၉ ကိုထွန်း(VOM) နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်မှာ တရုတ်နိုင်ငံသား သုံးဦးကို တရားမဝင်တင်သွင်းလာတဲ့ ငါးမန်းဂိမ်းလောင်းကစားရာမှာ အသုံးပြုတဲ့ စက်အချို့နဲ့ ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်က ဖမ်းဆီးရမိတယ်လို့ ဇမ္ဗူသီရိမြို့မရဲစခန်းက သိရပါတယ်။ “တရုတ်နိုင်ငံသားတွေ ရောက်နေတယ်။ ဂိမ်းစက်ဖွင့်မယ်ဆိုပြီး သတင်းရလို့ ဝင်ဖမ်းတာပေါ့။ ဒါပေမယ့် စက်တွေမရောက်သေးဘူး။ သူတို့ပြောတာကတော့ ထမင်းဆိုင်ဖွင့်မယ် ပြောတယ်။ ဒါပေမယ့် တရားမဝင်တင်သွင်းလာတဲ့ စက်တွေတွေ့တယ်။ လောလောဆယ်ပို့ကုန်၊ သွင်းကုန်ဥပဒေနဲ့ အမှုဖွင့်ထားတယ်ပေါ့။ ဂိမ်းစက်တွေမပါဘူး။” လို့ မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဇမ္ဗူသီရိမြို့နယ် မဇာဇာ(စိစစ်ဆဲ)ရဲ့နေအိမ်ကို သတင်းအရ ဝင်ရောက် ရှာဖွေရာမှာ တရုတ်နိုင်ငံသား Mr.He Wan Xin (၃၅နှစ်)၊ Mr.Liao Feng (၂၆နှစ်)၊ Mr.…
Read Moreလုပ်ခလစာမတိုးဘဲ မီတာခတိုးတယ်ဆိုတဲ့ ကမ်းပိန်းပြုလုပ်
ဇူလိုင် ၁ -၂၀၁၉ ရဲရင့်မင်းခန့် (VOM) လုပ်ခလစာမတိုးဘဲ လျှပ်စစ်မီတာခတိုးတဲ့အတွက်ကြောင့်ဆိုပြီး မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ်ရုံးမှာ ဒီနေ့မနက်ပိုင်းက ကမ်းပိန်းလုပ်ခဲ့ကြပါတယ်။ “ကျမတို့က တစ်ရက်လုပ်ခအဖြစ် ၅၆၀၀ ပေးဖို့တောင်းဆိုပေမယ့် ဝန်ကြီးဌာနရဲ့ ညှိနှိုင်းပေးမှုနဲ့ ၄၈၀၀ ကို လက်ခံပေးလိုက်တယ်။ ခုကျတော့ မီတာခတွေက တိုးလာတယ်။ မီတာခတိုးတော့ အဆောင်စားရိတ်တွေ တိုးလာတယ်။ ပြီးတော့ တခြားကုန်ပစ္စည်းတွေကလည်း ဈေးတက်လာတယ်။ ရတဲ့လစာနဲ့ မမျှတော့ဘူး။ မိသားစုကို ထောက်ပံ့ဖို့ဆိုတာ အများကြီး အခက်အခဲ ရှိပါတယ်။”လို့ အလုပ်သမားတစ်ဦးဖြစ်သူ မစုစုနိုင်က ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ကလည်း “မြန်မာနိုင်ငံရဲ့ အခြေခံလုပ်ခလစာက အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ နှိုင်းယှဉ်ရင်တော့ လျော့နည်းနေသေးတယ်။ မြန်မာနိုင်ငံရဲ့အနည်းဆုံး အခြေခံလုပ်ခလစာသည်…
Read Moreမီတာခတိုးမြှင့်ကောက်ခံလို့ ရန်ကုန်မှာ ဆန္ဒထုတ်ဖော်
ရန်ကုန်၊ ဇူလိုင် ၁ – ၂၀၁၉ သိဂီ င်္(VOM) ဒီနေ့ ဇူလိုင် ၁ ရက်ကစတင်ပြီး မီတာခတွေ တိုးမြှင့်ကောက်ခံမယ်ဆိုတဲ့အတွက် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဒီနေ့ ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်နဲ့ သာကေတမြို့နယ်တို့မှာ ပြုလုပ်ခဲ့ပါတယ်။ ပြည်သူ့ဆန္ဒ အလေးပေးရေး၊ ပြည်သူ့ဆန္ဒမပါသော မီတာခတိုးမြှင့်မှု အလိုမရှိ၊ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမှု ချက်ခြင်းရပ်ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ အဲဒီစာသားပါ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။ “တကယ်လို့ သူတို့အနေနဲ့ မီတာခ တိုးမြှင့် မကောက်ခံတော့ဘူးဆိုရင်တော့ ဒီဆန္ဒထုတ်ဖော်ပွဲဟာ အစိုးရ သက်တမ်းမြှင့်ပေးလိုက်တဲ့ပွဲ ဖြစ်သွားမှာပါ။”လို့ ပုဇွန်တောင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ဦးစိုးမင်းသန်းက ပြောပါတယ်။ လျှပ်စစ်ဝန်ကြီးဌာနက ဒီကနေ့ ဇူလိုင် ၁ ရက်ကနေစတင်ပြီး မီတာခတွေကို တိုးမြှင့်ကောက်ခံသွားမှာ…
Read Moreနိုင်ငံကျော် တေးရေး၊ တေးဆို ထူးအိမ်သင်ရဲ့ မွေးနေ့ အမှတ်တရ ကျင်းပ
ပုသိမ်၊ ၁ – ၂၀၁၉ ကိုအောင်(VOM) နိုင်ငံကျော် တေးရေး၊ တေးဆို ထူးအိမ်သင်ရဲ့ ၅၆ နှစ်ပြည့်မွေးနေ့ကို ပုသိမ်မြို့ တက္ကသိုလ်ကန်တင်းမှာ ဒီနေ့ နေ့လည်က ကျင်းပခဲ့ပါတယ်။ ပုသိမ်က တီးဝိုင်း ၉ ဝိုင်းက ဖျော်ဖြေခဲ့ပြီး ကဗျာဆရာ၊ ပန်းချီဆရာတွေကလည်း ကဗျာရွတ်တာတွေ၊ ပုံတူပန်းချီဆွဲတာတွေနဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။ ထူးအိမ်သင်ဟာ ၁၉၆၃ ခုနှစ်မှာ ပုသိမ်မြို့ အမှတ် ၄ ရပ်ကွက် ပြည်တော်သာအိမ်ယာမှာ မွေးဖွားခဲ့တာဖြစ်ပြီး ပုသိမ်မြို့ အ.မ.က၂၀၊ အ.ထ.က ၃ နဲ့ ပုသိမ်တက္ကသိုလ် (ယခင်ပုသိမ်ကောလိပ်)တို့မှာ တက်ရောက်ခဲ့ပါတယ်။ ဒီနေ့ မွေးနေ့ အထိမ်းအမှတ်ကတော့ ထူးအိမ်သင် ကျောင်းသားဘဝက ထိုင်ခဲ့ဖူးတဲ့ ကန်တင်းမှာ မွေးနေ့ကို ဂုဏ်ပြုကြတာလို့ သိရပါတယ်။ #voiceofmyanmar #…
Read Moreတက္ကဆက်ပြည်နယ်မှာ လေယာဉ်တစ်စင်းပျက်ကျ လိုက်ပါသူအားလုံးသေဆုံး
ဝါရှင်တန်၊ ဇူလိုင်- ၁-၂၀၁၉ မျိုးဆက်(VOM) အမေရိကန် တက္ကဆက်ပြည်နယ်မှာ အသေးစားလေယာဉ်တစ်စင်းဟာ လေဆိပ်တစ်ခုရဲ့ အဆောက်အအုံတစ်ခုပေါ် ပျက်ကျသွားတာကြောင့် လေယာဉ်ပေါ်လိုက်ပါသူ ၁၀ ဦးစလုံး သေဆုံးသွားပါတယ်။ အင်ဂျင်နှစ်လုံးတပ် Beechcraft BE-350 King Air လေယာဉ်ဟာ တက္ကဆက်ပြည်နယ် အက်ဒစ်ဆန်လေဆိပ်ကနေ ပျံတက်ပြီး သိပ်မကြာခင်မှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။ အဲဒီလေယာဉ်ဟာ မီးလောင်ပေါက်ကွဲခြင်းမဖြစ်မီ လေဆိပ်က လေယာဉ်ရုံတစ်ခုပေါ်ကို ဦးတည် ပျက်ကျသွားတာဖြစ်တယ်လို့ မီးသတ်ဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လေယာဉ်ဟာ ဖလော်ရီဒါကို ပျံသန်းမယ့်လေယာဉ်ဖြစ်ပြီး ဒေသစံတော်ချိန် နံနက် ကိုးနာရီလောက်မှာ ပျက်သွားတာလို့ အက်ဒစ်ဆန်လေဆိပ် လက်ထောက်ညွှန်ကြားရေးမှူးက ပြောပါတယ်။ ဒါလက်စ်ရဲ့ မြောက်ဘက် ဆယ်မိုင်အကွာက အခင်းဖြစ်ပွားရာနေရာကို အရေးပေါ်ဌာနက ချက်ချင်းသွားရောက်ခဲ့ပေမယ့် အသက်ရှင်ကျန်ရစ်သူမရှိခဲ့ဘူးလို့ဆိုပါတယ်။ လက်ရှိအချိန်ထိတော့ သေဆုံးသူတွေ ဘယ်သူလဲဆိုတာကို အာဏာပိုင်တွေကို…
Read More