ပုသိမ်စက်ရုံ ဆန္ဒပြအလုပ်သမားတွေ တောင်းဆိုချက်တွေညှိနိုင်းပြေလည်

ပုသိမ် စက်တင်ဘာ ၄-၂၀၁၉

ကိုအောင် (VOM)

 

ပုသိမ်စက်မူဇုံမှာရှိတဲ့မြန်မာနစ်တင်းMya nmar Knitting သိုးမွှေးအထည်ချုပ်စက်ရုံမှာ၂ရက်နေ့ကစတင်ခဲ့တဲ့ဆန္ဒပြပွဲဟာ ဒီနေ့တတိယမြောက်နေ့မှာပဲပြေလည်မူရရှိခဲ့ပါတယ်။

 

အလုပ်သမားတွေဟာ တောင်းဆိုချက် ၄၅ ချက်ကို တောင်းဆိုတာမှာ စက်ရုံဘက်က ၃၉ချက်လိုက်လျောပေးပြီးပေမယ့်ကျန်တဲ့၆ချက်ကိုမပေးတာကြောင့် အလုပ်သမားတွေက ဆက်လက်ဆန္ဒဖော်ထုတ်နေခဲ့ကြတာဖြစ်ပါတယ်။

 

စက်ရုံဘက်တာဝန်ရှိသူတွေနဲ့ အလုပ်သမားခေါင်းဆောင်တွေ မနက် ၁၀နာရီခွဲမှာ ထပ်မံညှိနိုင်းခဲ့ကြပြီး ညနေ၄နာရီအချိန်မှာ အချက်အားလုံး သဘောတူခဲ့တယ်လို့ ညှိနိုင်းရေးအဖွဲ့မှာပါဝင်တဲ့ စက်မူဇုန်ဖော်ဆောင်ရေးအဖွဲ့ တာဝန်ခံ ဦးအေးမင်းလတ်က

“အားလုံးပြေလည်ပီ အကုန်လုံးလိုက်လျှောပေးလိုက်ပါပီ သူတို့လည်းကျေနပ်ပါတယ်”ပြောပါတယ်။

 

အခုလိုပြေလည်မူရရှိတဲ့အတွက် ဆန္ဒပြတာကိုရပ်နားပီး စက်ရုံပြန်ပီးလုပ်ငန်းခွင်ဝင်မယ်လို့ အလုပ်သမားခေါင်းဆောင် မနှင်းနုလွင်ကပြောပါတယ်။

“မနက်ဖြန်အားလုံး အလုပ်ပြန်ဆင်းကြပ့ါမယ်။ စည်းလုံးမူအကျိုးကြောင့်ခုလိုရကြတာပါ တစ်ခုပဲရှိတာသမီးတို့ပုဒ်မ၁၉နဲ့စွဲတာ ဖြေလျှော့ ပေးစေခြင်တယ်လို့ ရဲတပ်ဖွဲ့ကိုပြောခြင်ပါတယ်”လို့လည်း သူကဆိုပါတယ်။

 

အလုပ်သမားတွေတောင်းဆိုချက်တွေရရှိခဲ့ပေမယ့်လဲ ဦးဆောင်သူ၇ဦးနဲ့ ကူညီသူ၁ဦးကိုတော့ပုသိမ်မြို့မစခန်းက ငြိမ်းစုစီပုဒ်မ၁၉နဲ့ အမူဖွင့်ထားဆဲဖြစ်ပါတယ်။

 

အလုပ်သမားတွေတောင်းဆိုချက်တွေကတော့ လုပ်ငန်းခွင် အတွင်းရှိ အိမ်သာတံခါးများ ပျက်စီးနေမှု ၊ အိမ်သာရေပိုက်များ မသန့်ရှင်းမှုများ ပြင်ဆင်ပေးရန် ၊ သောက်ရေသန့်ဗူးများအား လုံလောက်စွာထားရှိပေးရေးနှငရသောက်သည့်အချိန် တွင်လွတ်လပ်စွာ ရေသောက်ခွင့်ပေးရေး ၊ OT ( အိုတီ ) ကြေးအား စက်တင်ဘာ လစာတွင် ထည့်သွင်းပေးရေး ၊ လုပ်ခလစာများအား ၂၀၁၆ ခုနှစ် အခကြေးငွေ ပေးချေရေး ဥပဒေ နှင့် အညီ အခကြေးငွေပေးချေရန် နှင့် ကာလအပိုင်းအခြား ကုန်ဆုံးပြီး နောက်အကျဆုံး ( ၅ ) ရက်အတွင်းပေးချေရန် ၊ ဖယ်ရီကားများအား အလုပ်ရှင်မှ လုံလောက်စွာစီစဉ်ပေးရန် နှင့် မစီစဉ်ပေးပါက ဖယ်ရီကားခ ၃၀၀၀၀ ကျပ် ထောက်ပံပေးရန် ၊ အဝေးသင်တက်မယ့် အလုပ်သမားတွေကို ကျောင်းတက်ဖို့ လစာမဲ့ ခွင့် ၄၅ ရက်အား ခွင့်ပြုပေးရန် နှင့် အလုပ်ထုတ်ပယ်ခြင်းများမပြုလုပ်ရန် ၊ ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်တဲ့ အလုပ်သမား တွေကို အငြိုးထားပြီး အလုပ်ထုတ်ခြင်းများ မပြုလုပ်ရန် စသည်တို့ပါဝင်သော တောင်းဆိုချက် (၄၅ ) ချက်ကို တောင်ဆိုခဲ့ကြတာလို့  ဆန္ဒပြအလုပ် သမားများထံကနေ သိရပါတယ်။

 

#voiceofmyanmar  #ပုသိမ် #အလုပ်သမားဆန္ဒပြ

 

Related posts

Leave a Comment

VOM News

FREE
VIEW