အမျိုးသားအချင်းချင်း လိင်ဆက်ဆံတာ အပါအဝင် မူးယစ်ဆေးသွေးကြောထဲထိုးတဲ့ကိစ္စ တွေများလာတာကြောင့် HIV ရောဂါဖြစ်ပွားမှုတွေရှိနေဆဲ

အမျိုးသားအချင်းချင်း လိင်ဆက်ဆံတာ အပါအဝင် မူးယစ်ဆေးသွေးကြောထဲထိုးတဲ့ကိစ္စ တွေများလာတာကြောင့် HIV ရောဂါဖြစ်ပွားမှုတွေရှိနေဆဲ

ရန်ကုန် ဒီဇင်ဘာ ၁-၂၀၁၉
သိဂီ ၤ(VOM)

မြန်မာနိုင်ငံမှာ လိင်လုပ်သားတွေနဲ့ အမျိုးသားအချင်းချင်း လိင်ဆက်ဆံမှု အပါအဝင် မူးယစ်ဆေးသွေးကြောထဲထိုးတဲ့ကိစ္စတွေများလာတာကြောင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ HIV ဟာ ခုချိန်ထိ အမြစ်ပြတ်ခြင်း မရှိသေးဘူးလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောပါတယ်။

ဒီကနေ့ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်းမှာ ပြုလုပ်ခဲတဲ့ ၂၀၁၉ခုနှစ် ဗဟိုအဆင့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားမှာ ဝန်ကြီးကပြောခဲ့တာဖြစ်ပါတယ်။

” ဒီရောဂါ ခုချိန်ထိ ဖြစ်ပွားမှုနှုန်းရှိနေသေးတဲ့ အဓိကအကြောင်းအရင်းက ကာကွယ်တဲ့နေရာတွေကို လက်လှမ်းမမီခြင်း၊ မူးယစ်ဆေးထိုးသွင်းတဲ့သူ များလာခြင်း၊ အကျဉ်းသား များလာခြင်း၊ ရွှေ့ပြောင်းလုပ်သား များလာခြင်းတွေနဲ့ လိင်လုပ်သား အမျိုးသားအချင်းချင်း လိင်ဆက်ဆံတာတွေကြောင့်ဖြစ်တယ်။မူးယစ်ဆေးသွေးကြောထဲထိုးခြင်းကနေ HIV ပိုးကူးစက်ခံရတာပိုများတယ်။ ဒါကြောင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ HIV ပိုးနဲ့ ပတ်သက်လို့ ကာကွယ်ရေး၊ ကုသရေးအပိုင်းကို ပြည်သူတွေ မပေါ့ဆဖို့အထူးလိုအပ်တယ်” လို့ ပြည်ထောင်စုဝန်ကြီးကပြောပါတယ်။

ဒါကြောင့် အဓိကနေရာတွေဖြစ်တဲ့ ကချင်ပြည်နယ် ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကိုင်း၊ ရန်ကုန် တိုင်းမှာ မူးယစ်ဆေးသွေးကြောထဲ ထိုးသူတွေနဲ့ စတဲ့ရောဂါဖြစ်ပွားစေမယ့် ကိစ္စတွေကို ကိုင်တွယ်နိုင်မယ်ဆိုရင် HIV ရောဂါဖြစ်ပွားမှုနှုန်း ချက်ခြင်း ကျဆင်းသွားနိုင်တာကြောင့် ဒီနေရာတွေကို အဓိက ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့လည်း HIV ပိုးနှင့် ပတ်သက်ပြီးကာကွယ်ရေး ကုသရေးအပိုင်းကိုမပေါ့ဆဘဲ အထူးဂရုစိုက်ဖိူ့လိုအပ်နေကြောင်း ဒီကိစ္စသည် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးလုပ်တဲ့အခါအနှောင့်အတားဖြစ်စေတာကြောင့် စနစ်တကျ
ကိုင်တွယ်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

ဒါကြောင့် HIV /AIDS ရောဂါ အပြင် တခြား မည်သည့်ရောဂါကိုမဆို ဝန်ကြီးဌာနတစ်ခုတည်း အောင်မြင်ေ အာင်လုပ်၍မရကြောင်း ပြည်သူတွေ NGO၊ CPO၊ INGOး၊ UN၊ တက်ကြွလှုပ်ရှား သူတွေ၊ သံရုံးတွေပါ ပါဝင်ဖို့လိုအပ်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်မှာ မူးယစ်ဆေးသုံးသူ ၂၃၇၀၀၀ ရှိပြီး အဲ့ဒီအထဲမှာ HIV တွေ့ရှိမှု အလွန်များကြောင်းနှင့် မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ နံပတ် ၄ အဆင့် အခြေအနေနဲ့ရပ်တည်နေပါတယ်။

အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း 2021-2025 တွင်တော့ ရောဂါပိုးရှိသူ မိခင်ကနေ ရင်သွေးကို ကူးစက်မှုလုံးဝမရှိအောင် လုပ်သွားမယ်လို့သိရပါတယ်။

#voiceofmyanmar #HIV #အမျိုးသားအချင်းချင်းလိင်ဆက်ဆံ #မူးယစ်ဆေးအကြောထဲထိုးသွ

 

Zawgyi

အမ်ိဳးသားအခ်င္းခ်င္း လိင္ဆက္ဆံတာ အပါအဝင္ မူးယစ္ေဆးေသြးေၾကာထဲထိုးတဲ႕ကိစၥ ေတြမ်ားလာတာေႀကာင့္ HIV ေရာဂါျဖစ္ပြားမွဳေတြရွိေနဆဲ

ရန္ကုန္ ဒီဇင္ဘာ ၁-၂၀၁၉
သိဂီ ၤ(VOM)

ျမန္မာနိုင္ငံမွာ လိင္လုပ္သားေတြနဲ႕ အမ်ိဳးသားအခ်င္းခ်င္း လိင္ဆက္ဆံမွဳ အပါအဝင္ မူးယစ္ေဆးေသြးေၾကာထဲထိုးတဲ႕ကိစၥေတြမ်ားလာတာေႀကာင့္ ခုခံအားက်ဆင္းမွု ကူးစက္ေရာဂါ HIV ဟာ ခုခ်ိန္ထိ အျမစ္ျပတ္ျခင္း မရွိေသးဘူးလို႕ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးကေျပာပါတယ္။

ဒီကေန့ရန္ကုန္ၿမိဳ့၊ က်ိဳကၠဆံအားကစားကြင္းမွာ ျပဳလုပ္ခဲတဲ႕ ၂၀၁၉ခုႏွစ္ ဗဟိုအဆင့္ ကမၻာ့ခုခံအားက်ဆင္းမွု ကူးစက္ေရာဂါ တိုက္ဖ်က္ေရးေန႔အထိမ္းအမွတ္ႏွင့္ဆုခ်ီးျမႇင့္ျခင္း အခမ္းအနားမွာ ဝန္ႀကီးကေျပာခဲ႕တာျဖစ္ပါတယ္။

” ဒီေရာဂါ ခုခ်ိန္ထိ ျဖစ္ပြားမႈႏႈန္းရွိေနေသးတဲ႕ အဓိကအေႀကာင္းအရင္းက ကာကြယ္တဲ႕ေနရာေတြကို လက္လွမ္းမမီျခင္း၊ မူးယစ္ေဆးထိုးသြင္းတဲ႕သူ မ်ားလာျခင္း၊ အက်ဥ္းသား မ်ားလာျခင္း၊ ေရႊ႕ေျပာင္းလုပ္သား မ်ားလာျခင္းေတြနဲ႕ လိင္လုပ္သား အမ်ိဳးသားအခ်င္းခ်င္း လိင္ဆက္ဆံတာေတြေႀကာင့္ျဖစ္တယ္။မူးယစ္ေဆးေသြးေၾကာထဲထိုးျခင္းကေန HIV ပိုးကူးစက္ခံရတာပိုမ်ားတယ္။ ဒါေႀကာင့္ ခုခံအားက်ဆင္းမွု ကူးစက္ေရာဂါ HIV ပိုးနဲ႕ ပတ္သက္လို႕ ကာကြယ္ေရး၊ ကုသေရးအပိုင္းကို ျပည္သူေတြ မေပါ့့ဆဖိုု႕အထူးလိုအပ္တယ္” လို႕ ျပည္ေထာင္စုဝန္ႀကီးကေျပာပါတယ္။

ဒါေႀကာင့္ အဓိကေနရာေတြျဖစ္တဲ႕ ကခ်င္ျပည္နယ္ ရွမ္းျပည္ေျမာက္ပိုင္း၊ စစ္ကိုင္း၊ ရန္ကုန္ တိုင္းမွာ မူးယစ္ေဆးေသြးေၾကာထဲ ထိုးသူေတြနဲ႕ စတဲ႕ေရာဂါျဖစ္ပြားေစမယ့္ ကိစၥေတြကို ကိုင္တြယ္နိုင္မယ္ဆိုရင္ HIV ေရာဂါျဖစ္ပြားမႈႏႈန္း ခ်က္ျခင္း က်ဆင္းသြားနိုင္တာေႀကာင့္ ဒီေနရာေတြကို အဓိက ေဆာင္ရြက္သြားမယ္လို့ သိရပါတယ္။

ျပည္သူေတြအေနနဲ႕လည္း HIV ပိုးႏွင့္ ပတ္သက္ၿပီးကာကြယ္ေရး ကုသေရးအပိုင္းကိုမေပါ့ဆဘဲ အထူးဂရုစိုက္ဖိူ့လိုအပ္ေနေႀကာင္း ဒီကိစၥသည္ ခုခံအားက်ဆင္းမွု ကူးစက္ေရာဂါ တိုက္ဖ်က္ေရးလုပ္တဲ႕အခါအေႏွာင့္အတားျဖစ္ေစတာေႀကာင့္ စနစ္တက်
ကိုင္တြယ္ေဆာင္ရြက္ေနတယ္လို့ဆိုပါတယ္။

ဒါေႀကာင့္ HIV /AIDS ေရာဂါ အျပင္ တျခား မည္သည့္ေရာဂါကိုမဆို ဝန္ႀကီးဌာနတစ္ခုတည္း ေအာင္ျမင္ေ အာင္လုပ္၍မရေႀကာင္း ျပည္သူေတြ NGO၊ CPO၊ INGOး၊ UN၊ တက္ႂကြလွုပ္ရွား သူေတြ၊ သံ႐ုံးေတြပါ ပါဝင္ဖို့လိုအပ္ေနပါတယ္။

ျပီးခဲ႕တဲ႕ ၂၀၁၈ခုႏွစ္မွာ မူးယစ္ေဆးသုံးသူ ၂၃၇၀၀၀ ရွိၿပီး အဲ႕ဒီအထဲမွာ HIV ေတြ႕ရွိမႈ အလြန္မ်ားေၾကာင္းႏွင့္ ျမန္မာနိုင္ငံဟာ အေရွ႕ေတာင္အာရွမွာ နံပတ္ ၄ အဆင့္ အေျခအေနနဲ႕ရပ္တည္ေနပါတယ္။

အမ်ိဳးသားအဆင့္မဟာဗ်ဴဟာစီမံကိန္း 2021-2025 တြင္ေတာ့ ေရာဂါပိုးရွိသူ မိခင္ကေန ရင္ေသြးကို ကူးစက္မႈလုံးဝမရွိေအာင္ လုပ္သြားမယ္လို႕သိရပါတယ္။

#voiceofmyanmar #HIV #အမ်ိဳးသားအခ်င္းခ်င္းလိင္ဆက္ဆံ #မူးယစ္ေဆးအေၾကာထဲထုုိးသြ

Related posts

Leave a Comment

VOM News

FREE
VIEW