၂၈နှစ်ကြာ သိမ်းဆည်းခံထားရတဲ့ မြေတွေပြန်ရဖို့ ပုသိမ်မြို့မှာဆန္ဒပြ

ပုသိမ်၊ဒီဇင်ဘာ ၁၃-၂၀၁၉
ကိုအောင်(VOM)

ဧရာဝတီတိုင်း၊ ဟသာၤတမြို့နယ်၊ ဒူးယားကျေးရွာက တောင်သူတွေဟာ ၁၉၉၁ ခုနှစ်ကတည်းက သိမ်းဆည်းခံခဲ့ရတဲ့ မြေယာတွေအမြန်ပြန်ရဖို့အတွက် ဒီကနေ့မနက်ပိုင်းက ပုသိမ်မြို့မှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

စစ်အစိုးရလက်ထက်ကတည်းက သိမ်းဆည်းခံရတဲ့ မြေယာတွေဖြစ်ပြီး ယခု အစိုးရအဆက်ဆက် နှစ်ပေါင်း၂၈နစ်ကြာအောင် တောင်းဆိုခဲ့ပေမယ့်လည်း သက်ဆိုင်ရာဌာန တွေက ယနေ့ထိ ဆောင်ရွက်ပေးတာ မရှိတဲ့အတွက် ခုလို ဆန္ဒပြရတယ်ဖြစ်တယ်လို့သိရပါတယ်။

“၁၉၉၁ထဲက ကျွန်တော်တို့ခြံတွေမြေတွေ မတရားသိမ်းခံရတာ၊ အစိုးရအဆက်ဆက် အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့တယ်၊ ဒါပေမယ့် ထူးမလာဘူး၊ ြမို့နယ်အဆင့်ဌာနဆိုင်ရာတွေကလဲ ခုထိမဖြေရှင်းပေးနိင်သေးလို့ နိင်ငံတော်အစိုးရသိအောင် ခုလို လမ်းပေါ်ထွက်ဆန္ဒပြတာပါ”လို့ ဆန္ဒပြပွဲဦးဆောင်သူ ဦးမောင်ချိုကပြောပါတယ်။

ဒူးယားရွာကို မြို့တည်မယ်ဆိုပြီး အိမ်ယာမြေ ၃၄၀ဧက၊ ဥယဉ်ခြံ ၅၂ဧက၊ လယ်မြေ၇၂ဧကတို့ကို အဓ္ဓမသိမ်းယူခဲ့ပြီး လယ်မြေ၇၂ဧကမှာ အကွက်ရိုက်ကာ သိမ်းဆည်းသူတွေကို ပြန်လည်ရောင်းချခဲ့တယ်လို့ ဆန္ဒပြတောင်သူတွေကပြောပါတယ်။

” မတရားအသိမ်းခံလိုက်ရတာ၊ ခုခေတ်ပေါက်ဈေးနဲ့ဲဆို မနည်းဘူး၊ သူတို့လုပ်လိုက်တာ ၊ ကျွန်မတို့မြေပိုင်ကနေ သူများစာရင်းဌားဘဝရောက်ကုန်ရော၊ လက်ရှိနေရတဲ့နေရာကလဲ လယ်ကွင်းလိုနေရာဆိုတော့ မိုးတွင်းဆိုသွားရလာရခက်ခဲနေတာ၊ ဒါကို နိင်ငံတော်လူကြီးတွေသိစေခြင်ပါတယ်”လို့ ဒူးယားကျေးရွာနေ ဒေါ်မူမူကပြောပါတယ်

ဆန္ဒပြတဲ့တောင်သူ(၆၀)ခန့်ဟာ ပုသိမ်မြို့မြို့တော်ခန်းမရှေ့ကနေ ပုသိမ်မြို့တွင်း လှည့်လည်ပြီး ဟသာၤတမြို့နယ်မှာရှိတဲ့ ဌာနဆိုင်ရာ၊ လွှတ်တော်ကိုယ်စားလှယ်၊ မြေစစ်ကော်မတီတွေကို အလိုမရှိဘူးလို့ ကြွေးကြော်ကာ ငြိမ်းစုစီဥပဒေနဲ့အညီ ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။

#voiceofmyanmar #ပုသိမ် #တောင်သူ #ဆန္ဒပြ

Zawgyi


ပုသိမ်၊ဒီဇင်ဘာ ၁၃-၂၀၁၉
ကိုအောင်(VOM)

ဧရာဝတီတိုင်း၊ ဟသာင်္တမြို့နယ်၊ ဒူးယားကျေးရွာက တောင်သူတွေဟာ ၁၉၉၁ ခုနှစ်ကတည်းက သိမ်းဆည်းခံခဲ့ရတဲ့ မြေယာတွေအမြန်ပြန်ရဖို့အတွက် ဒီကနေ့မနက်ပိုင်းက ပုသိမ်မြို့မှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။


“၁၉၉၁ထဲက ကျွန်တော်တို့ခြံတွေမြေတွေ မတရားသိမ်းခံရတာ၊ အစိုးရအဆက်ဆက် အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့တယ်၊ ဒါပေမယ့် ထူးမလာဘူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတွေကလဲ ခုထိမဖြေရှင်းပေးနိင်သေးလို့ နိင်ငံတော်အစိုးရသိအောင် ခုလို လမ်းပေါ်ထွက်ဆန္ဒပြတာပါ”လို့ ဆန္ဒပြပွဲဦးဆောင်သူ ဦးမောင်ချိုကပြောပါတယ်။


” မတရားအသိမ်းခံလိုက်ရတာ၊ ခုခေတ်ပေါက်ဈေးနဲ့ဆို မနည်းဘူး၊ သူတို့လုပ်လိုက်တာ ၊ ကျွန်မတို့မြေပိုင်ကနေ သူများစာရင်းဌားဘဝရောက်ကုန်ရော၊ လက်ရှိနေရတဲ့နေရာကလဲ လယ်ကွင်းလိုနေရာဆိုတော့ မိုးတွင်းဆိုသွားရလာရခက်ခဲနေတာ၊ ဒါကို နိင်ငံတော်လူကြီးတွေသိစေခြင်ပါတယ်”လို့ ဒူးယားကျေးရွာနေ ဒေါ်မူမူကပြောပါတယ်

ဆန္ဒပြတဲ့တောင်သူ(၆၀)ခန့်ဟာ ပုသိမ်မြို့မြို့တော်ခန်းမရှေ့ကနေ ပုသိမ်မြို့တွင်း လှည့်လည်ပြီး ဟသာင်္တမြို့နယ်မှာရှိတဲ့ ဌာနဆိုင်ရာ၊ လွှတ်တော်ကိုယ်စားလှယ်၊ မြေစစ်ကော်မတီတွေကို အလိုမရှိဘူးလို့ ကြွေးကြော်ကာ ငြိမ်းစုစီဥပဒေနဲ့အညီ ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။


Related posts

Leave a Comment

VOM News

FREE
VIEW