ပိတ်ထားတဲ့ သတင်းဝဘ်ဆိုဒ်များအရေး မီဒီယာကောင်စီနဲ့ ညှိနှိုင်းစေလို

ပိတ်ထားတဲ့ သတင်းဝဘ်ဆိုဒ်များအရေး မီဒီယာကောင်စီနဲ့ ညှိနှိုင်းစေလို

ရန်ကုန်၊ ဧပြီ ၂၅
သိင်္ဂီ( VOM)

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းမီဒီယာ လိုင်စင်ရရှိထားတဲ့ တရားဝင်သတင်းဌာနတချို့ရဲ့ ဝက်ဆိုက်တွေဟာ ယနေ့အထိ ပိတ်ခံထားရဆဲဖြစ်ပါတယ်။ ဒီလို ပိတ်ခံထားရတဲ့ သတင်းဝက်ဆိုက်တွေကို ပြန်လည်ဖွင့်ပေးဖို့ အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ မီဒီယာကောင်စီနဲ့ဆွေးနွေးညှိနှိုင်း လုပ်ဆောင်သင့်တယ်လို့ သတင်းမီဒီယာ အသိုင်းအဝိုင်းက ပြောဆိုလိုက်ပါတယ်။

အကယ်၍ ပိတ်ခံထားရတဲ့ သတင်းဝက်ဆိုက်တွေကိုသာ ပြန်လည်ဖွင့်မပေးဘူးဆိုပါက ၎င်းလုပ်ရပ်ဟာ သတင်းလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့် အပေါ် ချိုးဖောက် ပိတ်ပင် တားမြစ်သလို ဖြစ်သွားနိုင်တယ်လို့ The Voice ဂျာနယ်ရဲ့ အယ်ဒီတာချုပ်ဖြစ်သူ ဦးကျော်မင်းဆွေက သုံးသပ်ပြောဆိုပါတယ်။

“သတင်းပေ့ခ်ျတွေနဲ့ပတ်သက်ရင် ဆက်သွယ်ရေးဌာနနဲ့သတင်းကောင်စီ ညှိနှိုင်းဖို့လို တယ်။ ဒါကိုမညှိနှိုင်းဘဲ သူတို့ဘာသာလုပ်လိုက်တာပေါ့။ သတင်းတု သတင်းယောင်တွေအကြား သတင်း ပေ့ခ်ျတွေ ပါသွား တာမကောင်းဘူး။ ယုံကြည်စိတ်ချရတဲ့ ပရော်ဖက်ရှင်နယ်သတင်း မီဒီယာပေ့ခ်ျတွေကပဲ ပြည် သူကို အကျိုးပြုသလို အစိုးရအတွက်လည်း အကျိုးပြုတယ်။ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ မြဝတ်ီ က မတင်ဆက်နိုင်တဲ့၊ တကယ့် မြေပြင်ကအခြေအနေတွေကို လွတ်လပ်တဲ့ပုဂ္ဂလိက မီဒီယာတွေကပဲ တင်ဆက်နိုင်တယ်။ တရားဝင်သတင်းဌာနတွေက ပဲကျင့်ဝတ်နဲ့အညီဖော်ပြနိုင်တယ်။ ဒါကြောင့် ဆက်သွယ်ရေးဌာန အနေနဲ့ မီဒီယာကောင်စီနဲ့ဆွေးနွေးညှိနှိုင်းပြီး သတင်းပေ့ခ်ျတွေ ကိုပြန်ဖွင့်ပေး စေချင်တယ်။ မှားသွားတာကို ပြန်ပြင်ရမယ်။ မပြင်ဘူးဆိုရင် သတင်းလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ၊ သတင်းမီဒီယာလွတ်လပ်ခွင့် ချိုးဖောက် ပိတ်ပင် တားမြစ်သလို ဖြစ်သွားနိုင်ပါ တယ်။ တမင်ရည်ရွယ်ချက်နဲ့လုပ်သလား မလုပ်ဖူးလားဆိုတာတော့ ကာယကံရှင်တွေပိုသိမှာပေါ့။” လို့ ဆိုပါတယ်။

ဒါ့အပြင် အစိုးရအနေနဲ့ကတော့ သတင်းလွတ်လပ်ခွင့်အပေါ် ပိုတင်းကျပ်နေသလား ဆိုတာကို သူတို့ကိုယ်တိုင်သိပုံမရဘူးကြောင်း၊ အစိုးရ လုပ်နေတဲ့လုပ်ငန်းဆောင်တာအားလုံးဟာ သတင်းမီဒီယာလွတ်လပ်ခွင့်ကို သိပုံမရသလို သတင်းမီဒီယာတွေအပေါ် သိမြင်နားလည်မှုက အားနည်းနေတယ်လို့ ဦးကျော်မင်းဆွေက ဆိုပါတယ်။

ခုလို သတင်းဝက်ဆိုက်တွေ ပိတ်ခံထားရတဲ့ကိစ္စအပေါ် မီဒီယာကောင်စီ အတွင်းရေးမှူးဖြစ်သူ ဦးကျော်စွာမင်းကတော့ “ ပြီးခဲ့တဲ့ တစ်ပတ်က ဆက်သွယ်ရေးဦးစီးဌာနကို သတင်းမီဒီယာဌာနဝက်ဆိုက်တွေ အပိတ်ခံ နေရတယ်ဆိုတာကို တရားဝင်အကြောင်းကြားပြိး ဒါတွေကို သေချာပြန်လည်စိစစ်ပြီးတော့ ဖွင့်ပေးပါဆိုပြီး တောင်းဆိုတဲ့စာပို့ထားတယ်။ သူတို့ဘက်က တရားဝင်အကြောင်းကြားတဲ့စာတော့ ကျတော်တို့ လက်ခံရရှိတာမရှိသေးဘူး။ ခုလို ကိုဗစ် ၁၉ ဖြစ်တဲ့အချိန် သတင်းမီဒီယာသမားတွေက တာဝန်ခံမှု တာဝန်ယူမှုရှိတဲ့အတွက် သတင်းတု သတင်းယောင် သတင်းမှားတွေကို ကာကွယ်ပေးရာရောက်တယ်။ ဒါကြောင့် သတင်းဌာနတွေ အပိတ်ခံရတာကို ပြန်လည် စိစစ်ပေးစေချင်တယ်။” လို့ ဆိုပါတယ်။

သတင်းမီဒီယာကောင်စီဟာ သတင်းသမားတွေကို ကိုယ်စားပြုတဲ့အဖွဲ့အစည်းဖြစ်လို့ သတင်းမီဒီယာနဲ့ပတ်သက်တဲ့ကိစ္စတွေကို ဆောင်ရွက်မယ်ဆိုရင် မီဒီယာကောင်စီကို အရင်ဆုံးဆက်သွယ်ပြီးမှ ညှိနှိုင်းလုပ်ဆောင်ဖို့ အကြောင်းကြားစာတိုင်းမှာ ပြောဆိုထားတယ်လို့သိရပါတယ်။

လက်ရှိမှာတော့ VOM – Voice Of Myanmar သတင်းဌာနအပါအဝင် တခြား အွန်လိုင်း သတင်းမီဒီယာတချို့ရဲ့ သတင်းဝက်ဆိုက်တွေ ပိတ်ခံထားရဆဲဖြစ်ပါတယ်။ တချို့သတင်းဝဘ်ဆိုက်တွေကို ဝိုင်ဖိုင်နဲ့ပဲ ဝင်ရောက်ကြည့်လို့ရပြီး ဖုန်းဆင်းကဒ်တွေနဲ့ သုံးတဲ့ ဖုန်းအင်တာနက်နဲ့ ဝင်ရောက်လို့မရပါဘူး။

#VoiceOfMyanmar #VOM #သတင်းလွတ်လပ်ခွင့် #သတင်းဝဘ်ဆိုဒ်ပိတ်

……………

zawgyi

 

ပိတ္ထားတဲ့ သတင္းဝဘ္ဆိုဒ္မ်ားအေရး မီဒီယာေကာင္စီနဲ႔ ညႇိႏႈိင္းေစလို

ရန္ကုန္၊ ဧၿပီ ၂၅
သိဂႌ( VOM)

ျပန္ၾကားေရး၀န္ႀကီးဌာနရဲ႕ သတင္းမီဒီယာ လိုင္စင္ရရွိထားတဲ့ တရား၀င္သတင္းဌာနတခ်ိဳ႕ရဲ႕ ၀က္ဆိုက္ေတြဟာ ယေန႔အထိ ပိတ္ခံထားရဆဲျဖစ္ပါတယ္။ ဒီလို ပိတ္ခံထားရတဲ့ သတင္း၀က္ဆိုက္ေတြကို ျပန္လည္ဖြင့္ေပးဖို႔ အတြက္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနအေနနဲ႔ မီဒီယာေကာင္စီနဲ႔ေဆြးေႏြးညႇိႏႈိင္း လုပ္ေဆာင္သင့္တယ္လို႔ သတင္းမီဒီယာ အသိုင္းအဝုိင္းက ေျပာဆိုလိုက္ပါတယ္။

အကယ္၍ ပိတ္ခံထားရတဲ့ သတင္း၀က္ဆိုက္ေတြကိုသာ ျပန္လည္ဖြင့္မေပးဘူးဆိုပါက ၎လုပ္ရပ္ဟာ သတင္းလြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္၊ သတင္းမီဒီယာလြတ္လပ္ခြင့္ အေပၚ ခ်ိဳးေဖာက္ ပိတ္ပင္ တားျမစ္သလို ျဖစ္သြားႏိုင္တယ္လို႔ The Voice ဂ်ာနယ္ရဲ႕ အယ္ဒီတာခ်ဳပ္ျဖစ္သူ ဦးေက်ာ္မင္းေဆြက သုံးသပ္ေျပာဆိုပါတယ္။

“သတင္းေပ့ခ္်ေတြနဲ႔ပတ္သက္ရင္ ဆက္သြယ္ေရးဌာနနဲ႔သတင္းေကာင္စီ ညႇိႏႈိင္းဖို႔လို တယ္။ ဒါကိုမညႇိႏႈိင္းဘဲ သူတို႔ဘာသာလုပ္လိုက္တာေပါ့။ သတင္းတု သတင္းေယာင္ေတြအၾကား သတင္း ေပ့ခ္်ေတြ ပါသြား တာမေကာင္းဘူး။ ယုံၾကည္စိတ္ခ်ရတဲ့ ပေရာ္ဖက္ရွင္နယ္သတင္း မီဒီယာေပ့ခ္်ေတြကပဲ ျပည္ သူကို အက်ိဳးျပဳသလို အစိုးရအတြက္လည္း အက်ိဳးျပဳတယ္။ ျပန္ၾကားေရး၀န္ႀကီးဌာနနဲ႔ ျမ၀တ္ီ က မတင္ဆက္ႏိုင္တဲ့၊ တကယ့္ ေျမျပင္ကအေျခအေနေတြကို လြတ္လပ္တဲ့ပုဂၢလိက မီဒီယာေတြကပဲ တင္ဆက္ႏိုင္တယ္။ တရား၀င္သတင္းဌာနေတြက ပဲက်င့္၀တ္နဲ႔အညီေဖာ္ျပႏိုင္တယ္။ ဒါေၾကာင့္ ဆက္သြယ္ေရးဌာန အေနနဲ႔ မီဒီယာေကာင္စီနဲ ႔ေဆြးေႏြးညႇိႏႈိင္းၿပီး သတင္းေပ့ခ္်ေတြ ကိုျပန္ဖြင့္ေပး ေစခ်င္တယ္။ မွားသြားတာကို ျပန္ျပင္ရမယ္။ မျပင္ဘူးဆိုရင္ သတင္းလြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ ၊ သတင္းမီဒီယာလြတ္လပ္ခြင့္ ခ်ိဳးေဖာက္ ပိတ္ပင္ တားျမစ္သလို ျဖစ္သြားႏိုင္ပါ တယ္။ တမင္ရည္႐ြယ္ခ်က္နဲ႔လုပ္သလား မလုပ္ဖူးလားဆိုတာေတာ့ ကာယကံရွင္ေတြပိုသိမွာေပါ့။” လို႔ ဆိုပါတယ္။

ဒါ့အျပင္ အစိုးရအေနနဲ႔ကေတာ့ သတင္းလြတ္လပ္ခြင့္အေပၚ ပိုတင္းက်ပ္ေနသလား ဆိုတာကို သူတို႔ကိုယ္တိုင္သိပုံမရဘူးေၾကာင္း၊ အစိုးရ လုပ္ေနတဲ့လုပ္ငန္းေဆာင္တာအားလုံးဟာ သတင္းမီဒီယာလြတ္လပ္ခြင့္ကို သိပုံမရသလို သတင္းမီဒီယာေတြအေပၚ သိျမင္နားလည္မႈက အားနည္းေနတယ္လို႔ ဦးေက်ာ္မင္းေဆြက ဆိုပါတယ္။

ခုလို သတင္း၀က္ဆိုက္ေတြ ပိတ္ခံထားရတဲ့ကိစၥအေပၚ မီဒီယာေကာင္စီ အတြင္းေရးမႉးျဖစ္သူ ဦးေက်ာ္စြာမင္းကေတာ့ “ ၿပီးခဲ့တဲ့ တစ္ပတ္က ဆက္သြယ္ေရးဦးစီးဌာနကို သတင္းမီဒီယာဌာန၀က္ဆိုက္ေတြ အပိတ္ခံ ေနရတယ္ဆိုတာကို တရား၀င္အေၾကာင္းၾကားၿပိး ဒါေတြကို ေသခ်ာျပန္လည္စိစစ္ၿပီးေတာ့ ဖြင့္ေပးပါဆိုၿပီး ေတာင္းဆိုတဲ့စာပို႔ထားတယ္။ သူတို႔ဘက္က တရား၀င္အေၾကာင္းၾကားတဲ့စာေတာ့ က်ေတာ္တို႔ လက္ခံရရွိတာမရွိေသးဘူး။ ခုလို ကိုဗစ္ ၁၉ ျဖစ္တဲ့အခ်ိန္ သတင္းမီဒီယာသမားေတြက တာ၀န္ခံမႈ တာ၀န္ယူမႈရွိတဲ့အတြက္ သတင္းတု သတင္းေယာင္ သတင္းမွားေတြကို ကာကြယ္ေပးရာေရာက္တယ္။ ဒါေၾကာင့္ သတင္းဌာနေတြ အပိတ္ခံရတာကို ျပန္လည္ စိစစ္ေပးေစခ်င္တယ္။” လို႔ ဆိုပါတယ္။

သတင္းမီဒီယာေကာင္စီဟာ သတင္းသမားေတြကို ကိုယ္စားျပဳတဲ့အဖြဲ႕အစည္းျဖစ္လို႔ သတင္းမီဒီယာနဲ႔ပတ္သက္တဲ့ကိစၥေတြကို ေဆာင္႐ြက္မယ္ဆိုရင္ မီဒီယာေကာင္စီကို အရင္ဆုံးဆက္သြယ္ၿပီးမွ ညႇိႏႈိင္းလုပ္ေဆာင္ဖို႔ အေၾကာင္းၾကားစာတိုင္းမွာ ေျပာဆိုထားတယ္လို႔သိရပါတယ္။

လက္ရွိမွာေတာ့ VOM – Voice Of Myanmar သတင္းဌာနအပါအ၀င္ တျခား အြန္လိုင္း သတင္းမီဒီယာတခ်ိဳ႕ရဲ႕ သတင္း၀က္ဆိုက္ေတြ ပိတ္ခံထားရဆဲျဖစ္ပါတယ္။ တခ်ိဳ႕သတင္း၀ဘ္ဆ္ိုက္ေတြကို ဝိုင္ဖိုင္နဲ႔ပဲ ၀င္ေရာက္ၾကည့္လို႔ရၿပီး ဖုန္းဆင္းကဒ္ေတြနဲ႔ သံုးတဲ့ ဖုန္းအင္တာနက္နဲ႔ ၀င္ေရာက္လို႔မရပါဘူး။

#VoiceOfMyanmar #VOM #သတင္းလြတ္လပ္ခြင့္ #သတင္းဝဘ္ဆိုဒ္ပိတ္

Related posts

Leave a Comment

VOM News

FREE
VIEW