လူငယ်သင်တန်းကျောင်းက တတိယမြောက်ကလေးတစ်ဦး ဆေးရုံတင်ထားရတဲ့အတွက်မိသားစုစိုးရိမ်နေရ

လူငယ်သင်တန်းကျောင်းက တတိယမြောက်ကလေးတစ်ဦး ဆေးရုံတင်ထားရတဲ့အတွက်မိသားစုစိုးရိမ်နေရ

မန္တလေး ၊ ဩဂုတ်၇-၂၀၂၀
မှူးသခင် (VOM)

မန္တလေးမြို့ လူငယ်ထိမ်းသိမ်းရေးသင်တန်းကျောင်းကနေ ထွက်ပြေးလို့ ရိုက်နှက်ခံရတဲ့ တတိယမြောက်ကလေးဖြစ်တဲ့ မောင်ထက်လင်းချစ် အသက် ၁၅ နှစ် ဟာ မန္တလေးဆေးရုံကြီးမှာတင်ထားရတယ်လို့ ကလေးရဲ့မိခင်ဖြစ်သူ ဒေါ်မိမိုးကပြောပါတယ်။

“ ကျွန်မကလေးနဲ့တွေ့ခဲ့ရတဲ့အခြေအနေက စိတ်တိုင်းလဲမကျပါဘူး အားမရတော့ဘူး ၊ ကလေးက ဒဏ်ရာကများနေတယ်၊ ရိုက်နှက်ထားတာက ကျောတွေမှာကော ခြေထောက်တွေမှာကော၊ သူတို့ပြောတာတော့ ဝါးချမ်းပြားနဲ့ရိုက်တယ်ပြောတာပဲ မျက်နှာကြီးကကြီးပြီးတော့ မျက်လုံးတွေမှာလဲ သွေးခြည်ဥနေတာ ၊ ကျွန်မသားလေးပေါင်ကိုဖောက်ထားတယ် ပေါင်နဲ့ခါးကြား ဆီးခုံကိုဖောက်ထားတယ် သူတို့ပြောတာတော့ ကျောက်ကပ်ဖြစ်နေတယ်လိုပြောတယ်“ လို့ဒေါ်မိမိုးကပြောပါတယ်။

သင်တန်းကျောင်းရဲ့ ကျောင်းအုပ် ဖြစ်သူ ဦးနေအောင်ကျော်ပြောပြတာက “လက်ရှိမှာဆေးရုံတတ်နေတာ ၄ယောက်ရှိပါတယ်၊ ကလေးတွေက အားလုံးကနေကောင်းပါတယ်။ ညွှန်ချုပ်က ဒီမှာကျန်နေခဲ့တဲ့ကလေး၂ယောက်ကိုလည်း စိတ်ချရအောင်ဆေးရုံတင်လိုက်ပါဆိုလို့ သွားတင်တဲ့အခါမှာ တစ်ယောက်ကတင်စရာမလိုဘူး၊ တစ်ယောက်ကိုတော့ထားခဲ့လိုက်ပါဆိုလို့ ကျွန်တော်တို့ တစ်ယောက်ကို ဆေးရုံမှာထားခဲ့လိုက်ပါတယ်၊ စုစုပေါင်း သေဆုံးသူနှစ်ဦးအပါအဝင် ၄ဦး ဆေးရုံတင်ထားရတယ်။ လက်ရှိဆေးရုံတင်ထားရတဲ့ ကလေးအခြေအနေတွေကတော့ ကောင်းပါတယ်။ ထက်လင်းချစ်ဆိုတဲ့ကလေးလေး
ရှိပါတယ် သူ့မိဘတွေကလည်း ဆရာ၊ဆရာမတွေလို့ပြောပါတယ် ကျောင်းရောက်တော့လည်း ခဏခဏ တတ် ပါတယ် ၊ ကျွန်တော်တို့ နီးစပ်ရာ ဆေးခန်းကိုပို့ရပါတယ်၊ ဆေးထိုးဆေးစားလုပ်နေရပါတယ်။ ကျောက်ကပ်မှာ ဆီးနဲ့ပတ်သတ်တဲ့ပြသာနာရှိနေတယ် “လို့ မနေ့ညနေပိုင်းက မီဒီယာတွေနဲ့တွေ့ဆုံချိန်မှာ ပြောခဲ့တာဖြစ်ပါတယ်။

အဲ့ဒီကလေးတွေဟာ ခိုးမှုနဲ့မုံရွာမြို့အမှတ်၁ရဲစခန်းမှာ ၁နှစ်နဲ့၈လကြာ အချုပ်ကျခံခဲ့ရပြီး တရားရုံးအမိန့်အရ ထောင်ဒဏ်၂နှစ်ကျကာ မန္တလေးမြို့လူငယ်ထိမ်းသိမ်းရေးစခန်းကို ဂျူလိုင်လ ၂၆ရက်နေ့မှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

လူငယ်သင်တန်းကျောင်းကိုရောက်ပြီး ငါးရက်အကြာ ဂျူလိုင်လ ၃၀ရက်နေ့ နေ့လယ် ထမင်းစားလွှတ်ချိန်မှာ အဲ့ဒီကလေးတွေဟာ ထွက်ပြေးတဲ့အတွက် ရိုက်နှက်ခံရပြီး မောင်ပြည့်ဖြိုးမောင် (ခ)ဒွေးပေါက်စအသက် (၁၇) နှစ် သေဆုံးခဲ့တဲ့အပြင် ၆ရက်အကြာ ဩဂုတ်လ ၅ရက်နေ့မှာတော့ မောင်ခိုင်ဇော်ထွန်း အသက်(၁၇) နှစ်လည်း ထပ်မံသေဆုံးခဲ့တာတွေဖြစ်ခဲ့ပါတယ်။

ကလေးတွေသေဆုံးမှုနဲ့ပတ်သက်ပြီး မန္တလေးမြို့၊လူငယ်သင်တန်းကျောင်းကို အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဒီကနေ့နေလယ်ပိုင်းမှာ ရုံးတွင်းစစ်ဆေးတာတွေလုပ်နေပြီလို့ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Zawgyi

လူငယ္သင္တန္းေက်ာင္းက တတိယေျမာက္ကေလးတစ္ဦး ေဆး႐ုံတင္ထားရတဲ့အတြက္မိသားစုစိုးရိမ္ေနရ

မႏၲေလး ၊ ဩဂုတ္၇-၂၀၂၀
မႉးသခင္ (VOM)

မႏၲေလးၿမိဳ႕ လူငယ္ထိမ္းသိမ္းေရးသင္တန္းေက်ာင္းကေန ထြက္ေျပးလို႔ ႐ိုက္ႏွက္ခံရတဲ့ တတိယေျမာက္ကေလးျဖစ္တဲ့ ေမာင္ထက္လင္းခ်စ္ အသက္ ၁၅ ႏွစ္ ဟာ မႏၲေလးေဆး႐ုံႀကီးမွာတင္ထားရတယ္လို႔ ကေလးရဲ႕မိခင္ျဖစ္သူ ေဒၚမိမိုးကေျပာပါတယ္။

“ ကြၽန္မကေလးနဲ႔ေတြ႕ခဲ့ရတဲ့အေျခအေနက စိတ္တိုင္းလဲမက်ပါဘူး အားမရေတာ့ဘူး ၊ ကေလးက ဒဏ္ရာကမ်ားေနတယ္၊ ႐ိုက္ႏွက္ထားတာက ေက်ာေတြမွာေကာ ေျခေထာက္ေတြမွာေကာ၊ သူတို႔ေျပာတာေတာ့ ဝါးခ်မ္းျပားနဲ႔႐ိုက္တယ္ေျပာတာပဲ မ်က္ႏွာႀကီးကႀကီးၿပီးေတာ့ မ်က္လုံးေတြမွာလဲ ေသြးျခည္ဥေနတာ ၊ ကြၽန္မသားေလးေပါင္ကိုေဖာက္ထားတယ္ ေပါင္နဲ႔ခါးၾကား ဆီးခုံကိုေဖာက္ထားတယ္ သူတို႔ေျပာတာေတာ့ ေက်ာက္ကပ္ျဖစ္ေနတယ္လိုေျပာတယ္“ လို႔ေဒၚမိမိုးကေျပာပါတယ္။

သင္တန္းေက်ာင္းရဲ႕ ေက်ာင္းအုပ္ ျဖစ္သူ ဦးေနေအာင္ေက်ာ္ေျပာျပတာက “လက္ရွိမွာေဆး႐ုံတတ္ေနတာ ၄ေယာက္ရွိပါတယ္၊ ကေလးေတြက အားလုံးကေနေကာင္းပါတယ္။ ၫႊန္ခ်ဳပ္က ဒီမွာက်န္ေနခဲ့တဲ့ကေလး၂ေယာက္ကိုလည္း စိတ္ခ်ရေအာင္ေဆး႐ုံတင္လိုက္ပါဆိုလို႔ သြားတင္တဲ့အခါမွာ တစ္ေယာက္ကတင္စရာမလိုဘူး၊ တစ္ေယာက္ကိုေတာ့ထားခဲ့လိုက္ပါဆိုလို႔ ကြၽန္ေတာ္တို႔ တစ္ေယာက္ကို ေဆး႐ုံမွာထားခဲ့လိုက္ပါတယ္၊ စုစုေပါင္း ေသဆုံးသူႏွစ္ဦးအပါအဝင္ ၄ဦး ေဆး႐ုံတင္ထားရတယ္။ လက္ရွိေဆး႐ုံတင္ထားရတဲ့ ကေလးအေျခအေနေတြကေတာ့ ေကာင္းပါတယ္။ ထက္လင္းခ်စ္ဆိုတဲ့ကေလးေလး
ရွိပါတယ္ သူ႔မိဘေတြကလည္း ဆရာ၊ဆရာမေတြလို႔ေျပာပါတယ္ ေက်ာင္းေရာက္ေတာ့လည္း ခဏခဏ တတ္ ပါတယ္ ၊ ကြၽန္ေတာ္တို႔ နီးစပ္ရာ ေဆးခန္းကိုပို႔ရပါတယ္၊ ေဆးထိုးေဆးစားလုပ္ေနရပါတယ္။ ေက်ာက္ကပ္မွာ ဆီးနဲ႔ပတ္သတ္တဲ့ျပသာနာရွိေနတယ္ “လို႔ မေန႔ညေနပိုင္းက မီဒီယာေတြနဲ႔ေတြ႕ဆုံခ်ိန္မွာ ေျပာခဲ့တာျဖစ္ပါတယ္။

အဲ့ဒီကေလးေတြဟာ ခိုးမႈနဲ႔မုံ႐ြာၿမိဳ႕အမွတ္၁ရဲစခန္းမွာ ၁ႏွစ္နဲ႔၈လၾကာ အခ်ဳပ္က်ခံခဲ့ရၿပီး တရား႐ုံးအမိန႔္အရ ေထာင္ဒဏ္၂ႏွစ္က်ကာ မႏၲေလးၿမိဳ႕လူငယ္ထိမ္းသိမ္းေရးစခန္းကို ဂ်ဴလိုင္လ ၂၆ရက္ေန႔မွာ ေရာက္ရွိခဲ့တာျဖစ္ပါတယ္။

လူငယ္သင္တန္းေက်ာင္းကိုေရာက္ၿပီး ငါးရက္အၾကာ ဂ်ဴလိုင္လ ၃၀ရက္ေန႔ ေန႔လယ္ ထမင္းစားလႊတ္ခ်ိန္မွာ အဲ့ဒီကေလးေတြဟာ ထြက္ေျပးတဲ့အတြက္ ႐ိုက္ႏွက္ခံရၿပီး ေမာင္ျပည့္ၿဖိဳးေမာင္ (ခ)ေဒြးေပါက္စအသက္ (၁၇) ႏွစ္ ေသဆုံးခဲ့တဲ့အျပင္ ၆ရက္အၾကာ ဩဂုတ္လ ၅ရက္ေန႔မွာေတာ့ ေမာင္ခိုင္ေဇာ္ထြန္း အသက္(၁၇) ႏွစ္လည္း ထပ္မံေသဆုံးခဲ့တာေတြျဖစ္ခဲ့ပါတယ္။

ကေလးေတြေသဆုံးမႈနဲ႔ပတ္သက္ၿပီး မႏၲေလးၿမိဳ႕၊လူငယ္သင္တန္းေက်ာင္းကို အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္က ဒီကေန႔ေနလယ္ပိုင္းမွာ ႐ုံးတြင္းစစ္ေဆးတာေတြလုပ္ေနၿပီလို႔ သိရပါတယ္။

#voiceofmyanmar #VOM #မႏၲေလး

Related posts

Leave a Comment

VOM News

FREE
VIEW