တနင်္သာရီတိုင်းကနေ ဘယ်ပါတီက ကိုယ်စားလှယ်လောင်း ဘယ်လောက်ပြိုင်မလဲ Voice Of Myanmar တနင်္သာရီတိုင်းမှာရှိတဲ့ မဲဆန္ဒနယ် ၁၀ ခုလုံးမှာ အင်အားအပြည့်ပြိုင်မယ့် ပါတီတွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီတို့ဖြစ်ပါတယ်။ လွှတ်တော် ၃ ခုစလုံးအတွက် နေရာရှိသမျှ ၄၃နေရာစလုံး ယှဉ်ပြိုင်ကြမှာပါ။ ဒီပါတီကြီးတွေအပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ထားဝယ်တိုင်းရင်းသားများပါတီ၊ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ စတဲ့ ပါတီ ၁၄ခုနဲ့ တသီပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၅ ဦးအပါအဝင် ကိုယ်စားလှယ်လောင်း ၂၆၉ ဦးယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ တနင်္သာရီတိုင်းမှာ လူဦးရေ ၁၄ သိန်းကျော်ရှိပြီး မဲပေးခွင့်ရှိသူပေါင်း ၁၁ သိန်းကျော်ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်စာရင်းတွေအရသိရပါတယ်။ #voiceofmyanmar #VOM #ပြည်နယ်တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်းများ Zagyi တနင်္သာရီတိုင်းကနေ ဘယ်ပါတီက ကိုယ်စားလှယ်လောင်း ဘယ်လောက်ပြိုင်မလဲ Voice…
Read MoreDay: September 16, 2020
နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ အခက်အခဲတွေကို လူမူရေးအစီအစဉ်နဲ့ပံ့ပိုးကူညီဖို့ အစီအစဉ်ရှိမရှိမေးခွန်ကို လွှတ်တော်မှာမေးခွင့်မရ
နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ အခက်အခဲတွေကို လူမူရေးအစီအစဉ်နဲ့ပံ့ပိုးကူညီဖို့ အစီအစဉ်ရှိမရှိမေးခွန်ကို လွှတ်တော်မှာမေးခွင့်မရ ရန်ကုန် ၊ စက်တင်ဘာ ၁၇-၂၀၂၀ ယဉ်ပပထွန်း(VOM) နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ မိသားစုဝင်တွေရဲ့ လူမူရေးအခက်အခဲ၊ ပညာရေးအခက်အခဲတွေကို သက်ဆိုင်ရာတိုင်းအစိုးရက လူမူရေးအစီအစဉ်နဲ့ပံ့ပိုးကူညီပေးဖို့အစီအစဉ် ရှိမရှိဆိုတဲ့မေးခွန်းကို ဒုတိယအကြိမ် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ မေးခွင့်မရခဲ့ပါဘူးလို့မင်္ဂလာတောင်ညွှန့်မြို့နယ် အမှတ်-၁ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက VOM ကိုပြောပါတယ်။ ” မေးခွန်းကိုကျွန်တော်တင်ပြတယ်၊ ဒါပေမယ့် မေးမြန်းခွင့်မပေးခဲ့ဘူး ။ တိုင်းဒေသကြီးမှာ ကျွန်တော်ဆက်ပြီး တာဝန်ယူရအုံးမယ်ဆိုရင် ဒီမေးခွန်းကို ပြန်ပြီးတော့ မေးအုံးမှာပါ ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးအကျဉ်းသားဟောင်းအများစုက ပါတီဝင်မဟုတ်တဲ့လူတွေက အပြင်မှာအဆင်မပြေမူတွေနဲ့နေရတယ်၊ တချို့ဆိုရင် လမ်းပေါ်မှာသေဆုံးတဲ့အရာတွေရှိနေတယ်။အခုချိန်ထိ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ထိထိရောက်ရောက်ကူညီပေးနိုင်တာမရှိသေးဘူး။ ဒါကို နိုင်ငံတော်ကနေပြီး လူမူရေးအစီအစဉ်တစ်ခုအနေနဲ့ပံ့ပိုးကူညီပေးရင် သူတို့ဘဝတစ်ခုအတွက်ကောင်းမှာပါ” လို့ဦးလှဌေးကပြောပါတယ်။ အခုလက်ရှိ ပဲခူးတိုင်းအရှေ့ဘက်ခြမ်းက နိုင်ငံရေးအကျဉ်းသားဟောင်း ၅၀ ခန့်ကလည်း ကျန်းမာရေးနဲ့ လူမူရေးအခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ပဲခူးမြို့အရှေ့ခြမ်းက နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးအောင်…
Read Moreကိုဗစ်ကာလ လူမှုဖူလုံရေး အကျိုးခံစားခွင့် လာမထုတ်တဲ့ အလုပ်သမား ၂၀၀၀ နီးပါးရှိ
ကိုဗစ်ကာလ လူမှုဖူလုံရေး အကျိုးခံစားခွင့် လာမထုတ်တဲ့ အလုပ်သမား ၂၀၀၀ နီးပါးရှိ ရန်ကုန်၊ စက်တင်ဘာ ၁၆-၂၀၂၀ သိင်္ဂီ(VOM) ကိုဗစ်-၁၉ ဒုတိယလှိုင်းမှာ Quarantine ရက်ပြည့်ပေမယ့် လူမှုဖူလုံရေးအာမခံ အကျိုး ခံစားခွင့် လာရောက်ထုတ်ယူမှုမရှိတဲ့ အလုပ်သမားပေါင်း ၂၀၀၀ နီးပါးရှိနေတယ်လို့ လူမှုဖူလုံရေးအဖွဲ့ကနေ သိရပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 Second Wave စတင်ဖြစ်ပွားတဲ့ ဩဂုတ်လ ကနေ အခုစက်တင်ဘာ ၁၄ ရက်နေ့အထိ ကိုဗစ်ရောဂါပိုးကူးစက်ခံရတဲ့ လုပ်သားဦးရေ ၉၃ ဦးအထိရှိပြီး၊ ကွာရန်တင်းဝင်ရတဲ့ လုပ်သားဦးရေ (၂၃၇၃)ဦးအထိ ရှိခဲ့တယ်လို့ လူမှုဖူလုံရေးအဖွဲ့စာရင်းတွေအရ သိရပါတယ်။ “Q ဝင်ထားတဲ့ လုပ်သားတွေထဲမှာ အကျိုးခံစားခွင့်မတောင်းတဲ့သူတွေ ရှိနေတယ်။ အဲဒါတွေ လာတောင်းစေချင်တယ်။ ဒီ Q ဝင်တဲ့လုပ်သား ၂၃၇၃ ဦးထဲမှာမှ Q ဝင်ရလို့ ဖူလုံရေးဆေးခန်းဆရာဝန်နဲ့ ဆက်သွယ်တဲ့လုပ်သား…
Read Moreကချင်ပြည်နယ်မှာ မဲဆန္ဒနယ်နေရာပြည့်ပြိုင်တဲ့ပါတီ ၂ခုသာရှိ
ကချင်ပြည်နယ်မှာ မဲဆန္ဒနယ်နေရာပြည့်ပြိုင်တဲ့ပါတီ ၂ခုသာရှိ Voice Of Myanmar ကချင်ပြည်နယ် မဲဆန္ဒနယ် ၁၈ ခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီက နေရာကုန်လူကုန် နေရာ ၇၀လုံးမှာ ပြိုင်ကြမှာပါ။ ပြည်ခိုင်ဖြိုးပါတီကတော့ ၆၇နေရာ ကချင်ပြည်နယ်ပြည်သူ့ပါတီက ၆၆နေရာ ပြိုင်မှာဖြစ်ပါတယ်။ ကျန်ပါတီတွေကတော့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ လီဆူအမျိုးသစားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကချင်အမျိုးသားကွန်ဂရက်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုကရေစီပါတီသစ်(ကချင်)၊ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ဖွံဖြိုးရေးပါတီ၊ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ နာဂအမျိုးသားပါတီ အပါအဝင် ပါတီ ၁၈ ခုက ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၅ ဦး စုစုပေါင်း ကိုယ်စားလှည်လောင်း ၄၈၀ ဝင်ပြိုင်ကြမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ လူဦးရေ ၁၆ သိန်းကျော်ရှိပြီး မဲပေးခွင့်ရှိသူဦးရေးကတော့ ၁၁ သိန်းဝန်းကျင်ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်စာရင်းတွေအရသိရပါတယ်။ #voiceofmyanmar #VOM #ကချင်ပြည်နယ်ကိုယ်စားလှယ်လောင်းများ…
Read Moreပဲခူးတိုင်းအဆင့်ဆေးရုံကြီးမှာ ကိုဗစ်ပိုးတွေ့လူနာတွေ တိုးချဲ့ကုသနိုင်ဖို့ နေရာသုံးခုထပ်တိုးပြင်ဆင်
ပဲခူးတိုင်းအဆင့်ဆေးရုံကြီးမှာ ကိုဗစ်ပိုးတွေ့လူနာတွေ တိုးချဲ့ကုသနိုင်ဖို့ နေရာသုံးခုထပ်တိုးပြင်ဆင် နေပြည်တော်၊ စက်တင်ဘာ ၁၆-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ကလိကျေးရွာအနီး တိုင်းအဆင့်ဆေးရုံကြီးမှာ အခုရက်ပိုင်း ကုသပေးနေရတဲ့ ကိုဗစ်လူနာဦးရေ များပြားလာတာကြောင့် တိုးချဲ့ကုသပေးနိုင်တဲ့ နေရာ ၃ ခုပြင်ဆင်ထားတယ်လို့ ပဲခူးတိုင်းအစိုးရအဖွဲ့သစ်တော၊ သံယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက ပြောပါတယ်။ ” လက်တစ်လော ဆေးရုံအဆင်းအတက်ရှိပေမယ့် ထပ်တိုးလာရင် မလောက်ငမယ့် အနေထားကြောင့် နေရာ ၃ ခုထပ်ပြင်နေတယ်။ ပဲခူးတက္ကသိုလ်ထဲက ခန်းမတစ်ခု၊ တိုင်းရင်းဆေးရုံနဲ့ တိုင်းဆေးရုံထဲမှာ နေရာပြင်ဆင်ထားပါတယ်”လို့ ဒေါက်တာစောညိုဝင်းကပြောပါတယ်။ အခုလက်ရှိ ပဲခူးခရိုင်ထဲက Covid-19 လူနာကို ကြပ်မတ်ကုသပေးနေရတဲ့ ပဲခူးတိုင်းအဆင့် ကလိဆေးရုံကြီးကို ကိုဗစ်ပထမလှိုင်း မြှင့်တက်ချိန်ကတည်းက ကြိုတင်ပြင်ဆင်ခဲ့တာဖြစ်ပြီး ICU အဆောင်မှာ လူနာ ၆၀ နီးပါး တစ်ပြိုင်နက်ကုသပေးနိုင်တယ်လို့လည်း သိရပါတယ်။ လက်တစ်လော ပဲခူးခရိုင်အတွင်း…
Read Moreပါတီမိတ်ဆက် (အင်းအမျိုးသာဖွံ့ဖြိုးတိုးတက်ရေးပါတီ)
ပါတီမိတ်ဆက် (အင်းအမျိုးသာဖွံ့ဖြိုးတိုးတက်ရေးပါတီ) မန္တလေး၊ စက်တင်ဘာ ၁၆-၂၀၂၀ ညီသစ်(VOM) ခြေထောက်နဲ့လှေလျှော် ကမ္ဘာကျော်တဲ့ဒို့အင်းသား ဆိုတဲ့ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့် ကို VOMသတင်းထောက် ညီသစ်က မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက် အရေအတွက် ဝင်ပြိုင်ဖို့ရှိလဲ ဦးဝင်းမြင့်- ၃ ဦးထဲပဲ တင်ထားပါတယ်ခင်ဗျာ။ VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဘယ်လို အရည်အချင်းမျိုး တွေနဲ့ရွေးချယ်ပါသလဲ ဦးဝင်းမြင့်- ကျွန်တော်တို့ ပါတီသက်တမ်းက ၁၀နှစ် ရှိပြီဆိုတော့ အထူးသဖြင့် အတွေ့အကြုံရှိတဲ့သူတွေကို ဦးစားပေးပြီးရွေးထားပါတယ် ခင်ဗျ။ နောက်ပြီး ပါတီအပေါ်မှာယုံကြည်ရတဲ့ သစ္စာရှိတဲ့သူတွေကို ဦးစားပေးပြီးရွေးထားပါတယ်ခင်ဗျ။ နောက်ပြီးတော့မှ သူတို့ရဲ့ နိုင်ငံရေးအတွေးအမြင် ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ စိတ်ထားတွေအပေါ်မှာ ကျတော်တို့အခြေခံပြီး ရွေးချယ်ပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်တွေက ဘာတွေဖြစ်မလဲ ။ ဦးဝင်းမြင့် – ကျွန်တော်တို့က…
Read Moreအနံ့ပျောက်သူနဲ့ ရောဂါလက္ခဏာမပြသူကို ကွာရန်တင်း သီးခြားထားမယ်
အနံ့ပျောက်သူနဲ့ ရောဂါလက္ခဏာမပြသူကို ကွာရန်တင်း သီးခြားထားမယ် ရန်ကုန်၊ စက်တင်ဘာ ၁၆-၂၀၂၀ သိင်္ဂီ(VOM) ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာ အနံ့မရရှိတဲ့ ကိုဗစ်ရောဂါသံသယရှိသူတွေကို သီးခြားခွဲထားဖို့အတွက် နေရာတွေ ပြင်ဆင်နေတယ်လို့ လှိုင်သာယာမြို့နယ် ဖွံ့ဖြိုးရေး instituteကနေ သိရပါတယ်။ လက်ရှိမှာ အနံ့မရရှိတဲ့ လူနာဆက်သွယ်မှုတွေရှိလာတဲ့အတွက် အနံ့ပျောက်တဲ့ လူနာအများစုဟာ ဆေးစစ်ချက်ရယူတဲ့အခါ ကိုဗစ်ရောဂါပိုးတွေ့ရှိရတာကြောင့် ရောဂါလက္ခဏာဘာမှမပြတဲ့ ကိုဗစ်သံသယလူနာတွေနဲ့ ရောနှောပြီး ကွာရန်တင်းမထားတော့ဘဲ သီးသန့်ထားပြီး စောင့်ကြည့်မှာဖြစ်တယ်လို့ သိရပါတယ်။ “အနံ့မရတဲ့သူတွေ များလာတယ်။ အနံ့မရဘူး ပြောတဲ့သူတွေ၊ ကိုယ်ကိုယ်တိုင် အသိတရားရှိရှိနဲ့လာရောက်အကြောင်းကြားတဲ့သူတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး ဆေးရုံကြီးတွေကို တိုက်ရိုက်ပို့ဆောင်ပေးတယ်။ ဆေးရုံကြီးကို ပို့လို့မရသေးတဲ့အခြေအနေကြရင် လက်ရှိ ကွာရန်တင်းစင်တာမှာ သီးခြားနေရာဖန်တီးပေးပြီး တော့ အဲဒီမှာထား ခဏစောင့်ကြည့်ပေးတယ်။ အဲဒီလူတွေထားဖို့ သီးခြားနေရာတွေလိုလာပြီ။ အဲဒီလူတွေကို သီးခြားထားမယ့် နေရာတွေ စပြီး စီစဉ်နေပါပြီ”လို့ လှိုင်သာယာမြို့နယ် ဖွံ့ဖြိုးရေး…
Read Moreနေပြည်တော်မှာ ကိုဗစ်ပိုးတွေ့တဲ့သူတွေကိုထားဖို့ ကုတင် ၃၀၀ ပြည်သူ့ဆေးရုံကြီးမှာ အဆောင်တစ်ခု တိုးချဲ့ပြင်ဆင်ထား
နေပြည်တော်မှာ ကိုဗစ်ပိုးတွေ့တဲ့သူတွေကိုထားဖို့ ကုတင် ၃၀၀ ပြည်သူ့ဆေးရုံကြီးမှာ အဆောင်တစ်ခု တိုးချဲ့ပြင်ဆင်ထား နေပြည်တော်၊ စက်တင်ဘာ ၁၆-၂၀၂၀ စွမ်းရဲထွဋ် (VOM) ကိုဗစ်-၁၉ရောဂါပိုးရှိသူတွေကို ထားဖို့အတွက် နေပြည်တော်၊ ပြည်သူ့ဆေးရုံကြီး ကုတင် ၃၀၀ မှာ အဆောင်တစ်ခု တိုးချဲ့ပြင်ဆင်ထားပြီဖြစ်တယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက VOM ကို ဒီကနေ့ ပြောပါတယ်။ “နေပြည်တော် ပြည်သူ့ဆေးရုံကြီး ကုတင် ၃၀၀၊ လူနာ အခုထက်များလာရင် ကျနော်တို့က မမျှော်ကောင်းပေမယ့် ပြင်တော့ ပြင်ထားရတယ်လေ”လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောပါတယ်။ အခုလက်ရှိ ကုတင်-၁၀၀၀ ဆေးရုံမှာ ကိုဗစ်ပိုးတွေ့လူနာ ၄၆ ယောက်ကို အဆောင်သီးသန့်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ထားပြီး ပုံမှန်လူနာတွေလည်းရှိနေတဲ့အတွက် လူနာကြပ်တည်းမှုဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။ ဒါကြောင့် နောက်ထပ်တွေ့ရှိလာတဲ့ ပိုးတွေ့လူနာတွေကို ကုတင် ၃၀၀ မှာ ထားရှိသွားမှာဖြစ်ပြီး အဲ့ဒီမှာ…
Read Moreမြန်မာနိုင်ငံထဲကို အထောက်အထားမဲ့ခိုးဝင်လာတဲ့ တရုတ်လူမျိုး(၈)ဦးကို ဖမ်းဆီးအရေးယူ
မြန်မာနိုင်ငံထဲကို အထောက်အထားမဲ့ခိုးဝင်လာတဲ့ တရုတ်လူမျိုး(၈)ဦးကို ဖမ်းဆီးအရေးယူ လောက်ကိုင် ၊ စက်တင်ဘာ ၁၆-၂၀၂၀ ကိုတိုးကြီး (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ရဲ့ ဟိုတယ်တစ်ခုမှာ အကြွေးတောင်းဖို့အတွက် အထောက်အထားမဲ့ ခိုးဝင်ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသား အမျိုးသား(၈)ဦးကို လောက်ကိုင်မြို့မရဲစခန်းက မနေ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ အမှုဖွင့်အရေးယူခဲ့တယ်လို့ သိရပါတယ် ။ “ သူတို့ အကြွေးရစရာရှိတဲ့သူကို ဟိုတယ်ထဲမှာ ဖမ်းဆီးချုပ်နှောင်ပြီး ညှင်းပန်း နှိပ်စက် ရိုက်နှက်နေတယ်လို့ သတင်းကြားရလို့ လောက်ကိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ဇော်ဦးလွင် ၊ ကိုးကန့်ရဲတပ်ဖွဲ့က ရဲအရာခံ လီဖူချုံး(ခ) လီဖူဆို နဲ့ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့တာဖြစ်တယ်၊ အထောက်အထားမဲ့ ခိုးဝင်လာတဲ့ တရုတ် (ကျား) ၈ ယောက်ဖြစ်တယ် ၊ လူဝင်မှုကြီးကြပ်ရေး အက်/ဥပဒေ-၁၃(၁)အရ အရေးယူထားတာဖြစ်တယ် ” လို့ လောက်ကိုင်မြို့မရဲစခန်းက…
Read More၀န်ကြီးချုပ်သစ်အဖြစ် ယိုရှီဟီဒီဆူဂါကို ဂျပန်ပါလီမန်အတည်ပြု ခန့်အပ်
၀န်ကြီးချုပ်သစ်အဖြစ် ယိုရှီဟီဒီဆူဂါကို ဂျပန်ပါလီမန်အတည်ပြု ခန့်အပ် တိုကျို၊ စက်တင်ဘာ-၁၆-၂၀၂၀ မျိုးဆက် (VOM) ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအဘေး ရာထူးကနေနှုတ်ထွက်ပြီးနောက် ဝန်ကြီးချုပ်သစ်အဖြစ် ယိုရှီဟီဒီဆူဂါကို ဂျပန်ပါလီမန်က ရွေးချယ်အတည်ပြုလိုက်ပါတယ်။ ဆူဂါဟာ အာဏာရပါတီရဲ့ခေါင်းဆောင်အဖြစ် ယခုသီတင်းပတ်အစောပိုင်မှာ ရွေးချယ်ခံရပြီးနောက် စက်တင်ဘာ ၁၆ ရက်မှာ ပါလီမန်က မဲခွဲဆုံးဖြတ်ပြီး သူ့ကိုဝန်ကြီးချုပ်သစ်အဖြစ် အတည်ပြုလိုက်တာဖြစ်ပါတယ်။ ရှင်ဇိုအဘေးရဲ့အနီးကပ်မဟာမိတ်ဖြစ်သူ ဝန်ကြီးချုပ်သစ်ဟာ ယခင်ကမူဝါဒတွေအတိုင်း ဆက်လက်ကျင့်သုံးမယ်လို့ မျှော်လင့်ရပါတယ်။ ဝန်ကြီးချုပ်ရှင်ဇိုအဘေးကတော့ ကျန်းမာရေးအခြေအနေကြောင့် လွန်ခဲ့တဲ့လမှာ နှုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။ စက်တင်ဘာ ၁၆ ရက်အစောပိုင်းမှ မစ္စတာအာဘေးဟာ သူ့ရဲ့ အစိုးရအဖွဲ့နောက်ဆုံးအစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ပြီး ရှစ်နှစ်ကြာဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း ဆောင်မှုနိုင်မှုတွေအတွက် ဂုဏ်ယူမိကြောင်း သတင်းထောက်တွေကို သူကပြောပါတယ်။ မစ္စတာဆူဂါဟာ ဂျပန်အောက်လွှတ်တော်မှာ ၄၆၂ မဲအနက် ၃၁၄ မဲရရှိခဲ့ပြီး ဝန်ကြီးချုပ်အဖြစ်အတည်ပြုဖို့ မဲခွဲရာမှာ လွယ်လင့်တကူ အနိုင်ရရှိခဲ့ပါတယ်။ သူဟာ အစိုးရအဖွဲ့အတွင်းရေးမှူးအဖြစ်…
Read More