ပါတီမိတ်ဆက်(လူ့ဘောင်သစ်ပါတီ-N.S.P. )

ပါတီမိတ်ဆက်(လူ့ဘောင်သစ်ပါတီ-N.S.P. )

မန္တလေး၊စက်တင်ဘာ၂၆-၂၀၂၀
လဲ့လဲ့ဝင်း(VOM)

လာမယ့်၂၀၂၀ နိုဝင်ဘာလ၈ရက်နေ့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့်ပါတီတွေထဲကနေ နိုင်ငံရေးပါတီမိတ်ဆက်အစီအစဉ်အဖြစ်လူ့ဘောင်သစ်ပါတီနဲ့ မိတ်ဆက်ပေးပါရစေ။
လူ့ဘောင်သစ်ပါတီအကြောင်းသိနိုင်ဖို့ လူ့ဘောင်သစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးဇေယျ ကို VOMသတင်းထောက်လဲ့လဲ့ဝင်းကမေးမြန်းထားတာဖြစ်ပါတယ်။

VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ဘယ်လောက်အရေအတွက်ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။
ဦးဇေယျ -ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း၆ယောက်ရှိပါတယ်။

VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။
ဦးဇေယျ – ပြည်သူလူထုအကျိုးစီးပွားအတွက် ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး။ တမျိုးသားလုံးကို ကိုယ်စားပြုတဲ့ အမျိုးသားရေးဒီမိုကရေစီတပ်ပေါင်းစုပေါ်ထွန်းရေး။ ဒီမိုကရေစီကိုအခြေခံထားတဲ့ ခိုင်မာတောင့်တင်းတဲ့ ဖွဲစည်းပုံအခြေခံဥပဒေကိုပေါ်ပေါက်ရေး။ ပြည်တွင်းငြိမ်းချမ်းရေး ၂၀၀၈ဖွဲစည်းပုံအခြေခံဥပဒေပြင်ဆင်ပြောင်းလဲရေး အမျိုးသားပြန်လည်သင့်မြတ်ရေးတို့မှာ ဆက်စပ်နေတဲ့တွက် တဆက်တစပ်တည်း ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တဲ့အတွက် မလွဲမသွေဆောင်ရွက်သွားမယ်ကိစ္စဖြစ်တယ်လို့ ကျနော်တို့အနေနဲ့ယုံကြည်တယ်။ ဒီမိုကရေစီစနစ်အရ အတိုက်ခံပုံစံကိုလွှတ်တော်အတွင်း လွှတ်တော်ပြင်ပမှာ တရားဝင်ပေါ်ပေါက်ရေးကိုကျနော်တို့ ဦးတည်ဆောင်ရွက်သွားမှာဖြစ်တယ်။ အဲဒါတွေကို ချုံ့လိုက်ရင်တော့ဒီမိုကရေစီရေး၊လူ့အခွင့်ရေး၊ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး နဲ့ ကျနော်တို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်။

VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုးစတဲ့ပါတီကြီးတွေကိုဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။
ဦးဇေယျ – ကျနော်တို့လက်ရှိအနေထားမှာ ဘဏ္ဍာရေး အခက်ခဲနဲ့ COVID-19အဆုပ်ရောင်ရောဂါကပ်ကြီးရှိနေတဲ့အတွက် ဒီလိုအခြေအနေမျိုးတွေရှိလာလျှင် အကျပ်အတည်းတွေဖြစ်လာလျှင် ကျနော်တို့အနေနဲ့အခက်အခဲရှိနိုင်တာတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ရော အစိုးရအနေနဲ့ရော ဒီနေ့ကြုံတွေရတဲ့အခြေအနေနဲ့ပတ်သက်ပြီး
တိကျကျထုတ်ပြန်ထားခြင်းမရှိဘူး။ နောက်တစ်ချက်ကလည်းခန်မှန်းတွက်ချက်ပြီးတော့ ၂၀၂၀ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ဘာဖြစ်ရင်ဘာလုပ်မှာလဲ ဘာဖြစ်ရင်ဘာမလုပ်ဘူးဆိုတာ သူတို့ကသတ်မှတ်ကြေငြာအသိပေးအကြောင်းကြားထားခြင်းလည်းမရှိသေးဘူး။ ကျနော်တို့က COVID-19အကြပ်အတည်း အခက်အခဲကြားကျနော်တို့လူဘောင်သစ်ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့ရွေးချယ်ခန့်တဲ့အခါမှာကျစ်ကျစ်လစ်လစ်နဲ့ရွေးချယ်ထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် COVID-19အခက်ခဲတွေခန့်မှန်းလို့မရတဲ့အတွက် ကျနော်တို့ကိုယ်စားလှယ်လောင်းကိုအများကြီးရွေးချယ်ထားခြင်းမရှိဘူး။အစိုရဖွဲ့နိုင်လောက်အောင်ရွေးချယ်ထားခြင်းမရှိဘူး။ ဒီမိုကရေစီစနစ်အရအတိုက်အခံပုံစံအရလွှတ်တော်အတွင်းလွှတ်တော်အပ မှ ထွန်းကားရေးအတွက်အကောင်းဆုံးဆောင်ရွက်သွားဖို့ ကျနော်တို့ကိုယ်စာလှယ်လောင်းများရွေးချယ်ထားခြင်းဖြစ်ပါတယ်။ အဲ့ဒါကြောင့်နည်းနည်းနဲ့ကျစ်ကျစ် ဝိုင်းတာပါ။

VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာရောဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။
ဦးဇေကျ – ၂၀၁၅ရွေးကောက်ပွဲမှာမနိုင်ဘူး။

VOM -ပါတီရဲ့ကိုယ်စားလှယ်လောင်းကိုဘယ်လိုရွေးလဲ။
ဦးဇေကျ – ကျနော်တို့ကကြေညာချက်ထုတ်ပြီးမှ ကျနော်တို့အနေနဲ့ ဖိတ်ကြားခဲ့ပြီးတော့ကိုယ်စားလှယ်လောင်းကိုရွေးချယ်တာပါ။ နိုင်ငံရေးအတွေ့ကြုံရှိသူ၊ ပြည်သူရယ်အမျိုးသမီးရယ်စသဖြင့် ကျနော်တို့ကအဆင့်လိုက်လျာထားတယ်။ ဒီထဲမှာ ဒီမိုကရေစီလုပ်ရှားမှုမှာပါဝင်ခဲ့ကြတဲ့ကျနော်တို့ အစဉ်အလာရှိတဲ့ နိုင်ငံရေးမျိုး ဆက်တွေကို အထူးသဖြင့်ဖိတ်ခေါ်ပြီးတော့ ကျနော်တို့တွေနဲ့ရွေးချယ်ခဲ့ပါတယ်။ ဒီထဲမှာ ၆၂,၇၄,၇၅,၇၆,၁၉၈၈,၈လေးလုံးဒီမိုကရေစီအရေးတော်ပုံပါဝင်လှုပ်ရှားခဲ့သူတွေ ကောက်ပွဲမှာပါဝင်လုပ်ရှားခဲ့တဲ့လူတွေ။ နောက်ပြီးတော့ ၉၆စသဖြင့် ဒီမိုကရေစီရေးမှာကျနော်တို့လှုပ်ရှားဆောင်ရွက်ခဲ့တဲ့လူတွေကိုဦးစားပေးပြီးရွေးချယ်တာ။ ဒီထဲမှာမှနိုင်ငံရေးအတွေ့ကြုံရှိသူတွေ၊ လူငယ်တွေ၊ အမျိုးသမီးတွေစသဖြင့်ကျနော်တို့ကဦးစားပေးပြီးရွေးချယ်ပါတယ်။

VOM- ပါတီဝင်အင်အားဘယ်လောက်ရှိပါသလဲ။
ဦးဇေယျ – ၂သောင်းကျော်ရှိတယ်။ ၁၉၈၈ကတော့ ၁သန်းကျော်၂သန်းနီးပါးလောက်ရှိတယ်။ ကြားထဲမှာကျနော်တို့က ၁၉၉၁ဒီဇင်ဘာလ၆ရက်ပါတီနဲ့ ဒီမိုကရေစီအထွေထွေရွေကောက်ပွဲကော်မရှင်ကနေပြီး ကျနော်တို့ပါတီကို ပယ်ဖျက်ခြင်းခံလိုက်ရတဲ့အတွက် ကျနော်တို့၂၀၁၅မှ ထောင်တဲကလွှတ်လာသူတွေ နိုင်ငံရေးလှုပ်ရှားသူတွေ နောက်ပါတီဝင်ဟောင်းတွေပြန်စုပြီး ပြန်လည်စုဆောင်းခဲ့ရတာပါ။

VOM – ပါတီရဲ့ဆောင်ပုဒ်ကဘာဖြစ်မလဲ။
ဦးဇေယျ – လူထုဘဝတိုးတက်ဖို့ လူ့ဘောင်သစ်ကိုမဲပေးစို့။

#voiceofmyanmar #VOM #နိုင်ငံရေးပါတီမိတ်ဆက် #လူ့ဘောင်သစ်ပါတီ

Zawgyi


လဲ့လဲ့ဝင်း(VOM)










Related posts

Leave a Comment

VOM News

FREE
VIEW