ကိုဗစ်ကာလကျူဝင်နေသူများစိတ်ပိုင်းဆိုင်ရာ လိုက်နာသင့်သည်များ

ကိုဗစ် ၁၉ ကပ်‌ရောဂါကာလအတွင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဌာနများက ကိုဗစ်ကပ်ရောဂါကာလ လိုက်နာရမယ့် အချက်များကို သီးသန့်ထုတ်ပြန်ခဲ့ပါတယ်။

ယင်းအနက် ကိုဗစ်ကပ်ရောဂါကာလ ကျူဝင်နေရသူများ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး သိရှိလိုက်နာရမည့် အချက်များကို စိတ်ကျန်းမာရေး စီမံချက်နှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ မေလဆန်းပိုင်းမှ ထုတ်ပြန်ထားတဲ့ အချက်တွေကနေ ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

၁ – ကျူစခန်းဝင်နေ(အသွားအလာကန့်သက်မှုဖြင့်နေ)တဲ့ အချိန်မှာ ဖုန်းနဲ့ဖြစ်စေ၊ အင်တာနက်ဖြင့်ဖြစ်စေ ကိုယ့်ရဲ့မိတ်ဆွေ အသိုင်းအဝိုင်းနှင့် ပုံမှန် ဆက်သွယ်ပါ။

၂ – ကိုယ့်ရဲ့ တစ်ကိုယ်ရေ လိုအပ်ချက်၊ ခံစားချက်တွေကို အာရုံစိုက်ပါ။

၃ – ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပန်းပြေစေတဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို လုပ်ပါ။

၄ – ပုံမှန် လေ့ကျင့်ခန်းတွေလုပ်ပါ။

၅ – အိပ်ချိန်၊ အိပ်ရာထချိန် မှန်ပါစေ။ အိပ်ရေးဝဝအိပ်ဖြစ်ဖို့ သတိရှိပါ။

၆ – ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို စားပါ။

၇ – အကြောင်းကြားချက်တစ်ခုထဲကို ကြည့်ပြီး ကောက်ချက်ချတာမျိုးမဟုတ်ဘဲ ဘက်စုံမြင်နိုင်အောင် အမြင်ကျယ်ကျယ်ထားပါ။

၈ – ကူးဆက်ရောဂါနဲ့ ပတ်သက်တဲ့ သတင်းတွေ အဆက်မပြတ်ထွက်ပေါ်နေတာက ဘယ်သူ့ကိုမဆို စိုးရိမ်မှု၊ စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် နေ့တစ်နေ့တာမှာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတွေက ထုတ်ပြန်တဲ့သတင်းတွေကိုသာ ပုံမှန်ကြည့်ပါ။

၉ – ကောလဟာလသတင်းတွေက စိတ်မသက်မသာဖြစ်စေတဲ့အတွက် ကောလဟာလတွေကို နားထောင်တာ၊ စဉ်းစားသွေးပူနေတာမျိုးကို ရှောင်ကြဉ်ပါ။

၁၀ – ကိုယ်နေစဉ် လုပ်လေ့လုပ်ထရှိတာတွေ (ဥပမာ- လေ့ကျင့်ခန်းလုပ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ သီချင်းဆိုခြင်း၊ ပန်းချီဆွဲခြင်း စသဖြင့်)ကို ပုံမှန်ုလုပ်ပါ။ ပတ်ဝန်းကျင်အသစ်ဆိုလည်း အဲ့ဒီပတ်ဝန်းကျင်နဲ့ ကိုညီတဲံ လုပ်ဆောင်မှုတွေကိုလုပ်ပါ

#VOM #VoiceofMyanmar #COVID-19 #Quarantineဝင်နေရသူများ

zawgy

ကိုဗစ္ ၁၉ ကပ္‌ေရာဂါကာလအတြင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနနဲ႔ သက္ဆိုင္ရာဌာနမ်ားက ကိုဗစ္ကပ္ေရာဂါကာလ လိုက္နာရမယ့္ အခ်က္မ်ားကို သီးသန႔္ထုတ္ျပန္ခဲ့ပါတယ္။

ယင္းအနက္ ကိုဗစ္ကပ္ေရာဂါကာလ က်ဴဝင္ေနရသူမ်ား စိတ္က်န္းမာေရးႏွင့္ စိတ္ပိုင္း၊ လူမႈေရးပိုင္းဆိုင္ရာႏွင့္ ပတ္သက္ၿပီး သိရွိလိုက္နာရမည့္ အခ်က္မ်ားကို စိတ္က်န္းမာေရး စီမံခ်က္ႏွင့္ က်န္းမာေရးအသိပညာ ျမႇင့္တင္ေရးဌာနခြဲမွ ေမလဆန္းပိုင္းမွ ထုတ္ျပန္ထားတဲ့ အခ်က္ေတြကေန ေကာက္ႏုတ္ေဖာ္ျပလိုက္ပါတယ္။

၁ – က်ဴစခန္းဝင္ေန(အသြားအလာကန႔္သက္မႈျဖင့္ေန)တဲ့ အခ်ိန္မွာ ဖုန္းနဲ႔ျဖစ္ေစ၊ အင္တာနက္ျဖင့္ျဖစ္ေစ ကိုယ့္ရဲ႕မိတ္ေဆြ အသိုင္းအဝိုင္းႏွင့္ ပုံမွန္ ဆက္သြယ္ပါ။

၂ – ကိုယ့္ရဲ႕ တစ္ကိုယ္ေရ လိုအပ္ခ်က္၊ ခံစားခ်က္ေတြကို အာ႐ုံစိုက္ပါ။

၃ – က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အပန္းေျပေစတဲ့ လႈပ္ရွားေဆာင္ရါက္မႈေတြကို လုပ္ပါ။

၄ – ပုံမွန္ ေလ့က်င့္ခန္းေတြလုပ္ပါ။

၅ – အိပ္ခ်ိန္၊ အိပ္ရာထခ်ိန္ မွန္ပါေစ။ အိပ္ေရးဝဝအိပ္ျဖစ္ဖို႔ သတိရွိပါ။

၆ – က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစားအစာကို စားပါ။

၇ – အေၾကာင္းၾကားခ်က္တစ္ခုထဲကို ၾကည့္ၿပီး ေကာက္ခ်က္ခ်တာမ်ိဳးမဟုတ္ဘဲ ဘတ္စုံျမင္ႏိုင္ေအာင္ အျမင္က်ယ္က်ယ္ထားပါ။

၈ – ကူးဆက္ေရာဂါနဲ႔ ပတ္သက္တဲ့ သတင္းေတြ အဆက္မျပတ္ထြက္ေပၚေနတာက ဘယ္သူ႔ကိုမဆို စိုးရိမ္မႈ၊ စိတ္ဖိစီးမႈကို ျဖစ္ေပၚေစပါတယ္။ ဒါေၾကာင့္ ေန႔တစ္ေန႔တာမွာ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနေတြက ထုတ္ျပန္တဲ့သတင္းေတြကိုသာပုံမွန္ၾကည့္ပါ။

၉ – ေကာလဟာလသတင္းေတြက စိတ္မသက္အသာ ျဖစ္ေစတဲ့အတြက္ ေကာလဟာလေတြကို နားေထာင္တာ၊ စဥ္းစားေသြးပူေနတာမ်ိဳးကို ေရွာင္ၾကဥ္ပါ။

၁၀ – ကိုယ္ေနစဥ္ လုပ္ေလ့လုပ္ထရွိတာေတြ (ဥပမာ- ေလ့က်င့္ခန္းလုပ္ျခင္း၊ သန႔္ရွင္းေရးလုပ္ျခင္း၊ သီခ်င္းဆိုျခင္း၊ပန္းခ်ီဆြဲျခင္း စသျဖင့္)ကို ပုံမွႏ္ုလုပ္ပါ။ ပတ္ဝန္းက်င္အသစ္ဆိုလည္း အဲ့ဒီပတ္ဝန္းက်င္နဲ႔ ကိုညီတဲံ လုပ္ေဆာင္မႈေတြကိုလုပ္ပါ

#VOM #VoiceofMyanmar #COVID-19 #Quarantineဝင္ေနရသူမ်ား

 

Related posts

Leave a Comment

VOM News

FREE
VIEW