မိဘတွေမရှိချိန် မောင်နှမသုံးဦး သေတ္တာထဲ ဝင်ဆော့ရာကနေ အသက်ရှုကြပ်သေဆုံး

ဒီဇင်ဘာ၂၈-၂၀၂၀ ကောင်းလက်ျာ(VOM) ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်( မော်လမြိုင်ကျွန်း) ဖိုးခမှီဒေါင့်ကျေးရွာမှာ မနေ့ ဒီဇင်ဘာလ၂၇ ရက်နေ့မနက်ပိုင်းက အသက် ၁ နှစ်နဲ့ ၈ လအရွယ်ကနေ ၈ နှစ်အရွယ်ကြား မောင်နှမ ၃ ဦး မိဘတွေမရှိချိန် သေတ္တာထဲဝင်ကစားရာ အသက်ရှုကြပ်သေဆုံးခဲ့တယ်လို့ မော်လမြိုင်ကျွန်းနာရေးကူညီမှုအသင်းကနေ သိရပါတယ်။ ” ကလေးငယ်တွေကို အိမ်မှာထားပြီး မိဘ‌တွေက လယ်ထဲဆင်းကြချိန်ဖြစ်ကုန်တာလို့ သိရတယ်။ သားကြီးဖြစ်သူက မိဘတွေနဲ့ပါသွားတယ်။ နောက်ပိုင်းက အခုလိုဖြစ်ကုန်တာလို့ သိရတယ်။ မိဘပြန်လာချိန် မွန်းလွဲပိုင်းလောက် ဖြစ်တော့ အလောင်းတွေသယ်တော့ ညနေ ၃ နာရီပါ”လို့ မော်လမြိုင်ကျွန်းနာရေးကူညီမှုအသင်းမှ ဦးအောင်မျိုးသန့်ကပြောပါတယ်။ သေဆုံသွားသူတွေဟာ အသက် (၈နှစ်)အရွယ် ယောကျာၤးလေး ၊ အသက် (၆ နှစ်)အရွယ် ယောကျာၤးလေး နဲ့ အသက် (၁ နှစ် ၈ လ)အရွယ်…

Read More

ဗန်းမောက်မြို့က ပြစ်ဒဏ်ကျ အချုပ်သား ၁ ဦးမှာ ကိုဗစ်ပိုးတွေ့

ဒီဇင်ဘာ၂၈-၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့၊ ဗန်းမောက်မြို့မရဲစခန်းမှာ ချုပ်နှောင်ထားတဲ့ အချုပ်သားတွေထဲက ပြစ်ဒဏ်ကျ အချုပ်သား ၂၈ ယောက်ကို မနေ့ ဒီဇင်ဘာ ၂၇ ရက်က ကသာအကျဉ်းထောင်ကို ပို့တဲ့အချိန် ကိုဗစ်ပိုး ရှိ၊မရှိ စစ်ဆေးတဲ့အခါ ကိုဗစ်-၁၉ ရောဂါရှိနေတဲ့ တရားခံ ၁ ဦးကိုတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” ပိုးတွေ့အတည်ပြု တရားခံ လူနာက အသက် (၂၈)နှစ်အရွယ် အမျိုးသား ဖြစ်တယ်၊ ကျန် တရားခံ ၂၇ ယောက်က ပိုးမတွေ့ရဘူး”လို့ ကသာခရိုင် ကိုဗစ်-၁၉ ရောဂါ အရေးပေါ် တုန့်ပြန် ထိန်းချုပ်ရေး အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။ အဲ့ဒါကြောင့် ပိုးတွေ့တရားခံ လူနာနဲ့ ထိစပ်ခဲ့တဲ့ ဗန်းမောက်မြို့မရဲစခန်းက အချုပ်တရားခံ အမျိုးသား (၆၄) ဦး၊ အမျိုးသမီး (၈)ဦးတို့ကို ဗန်းမောက်မြို့နယ်…

Read More

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေကို ပင်လယ်ထဲက ကျွန်းပေါ်သို့ ဒုတိယအသုတ်ပို့ဦးမယ်

ဒါကာ၊ ဒီဇင်ဘာ ၂၇-၂၀၂၀ မျိုးဆက် (VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားပင်လယ်အော်ရှိ ဝေးလံခေါင်သီတဲ့ ဘာဆန်ရှာကျွန်းပေါ်ကို ယခုလအတွင်းမှာ ဒုတိယအသုတ်အဖြစ် ပို့ဆောင်သွားမယ်လို့ တာဝန်ရှိသူတွေက ဒီဇင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။ ရိုဟင်ဂျာတွေကို ဒီလိုရွှေ့ပြောင်းတာနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်မှုတွေရှိနေပါတယ်။ ယခုလအတွင်းကလည်း အဲ့ဒီကျွန်းပေါ်ကို ဒုက္ခသည် ၁၆၀၀ ကျော် ပို့ဆောင်ထားပြီးဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒုတိယအသုတ်အနေနဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀၀၀ ကျော်ကို ပို့ဆောင်သွားမယ်လို့ တာဝန်ရှိသူနှစ်ဦးကပြောပါတယ်။ ဒုက္ခသည်တွေကို စစ်တကောင်းဆိပ်ကမ်းသို့ အရင်ပို့ပြီး အဲ့ဒီနောက် ဘာဆန်ချာကျွန်းကို ပို့သွားမယ်လို့ သူတို့က ပြောပါတယ်။ ဒီလိုပြောင်းရွှေ့တာဟာ ဒုက္ခသည်တွေရဲ့ သဘောဆန္ဒဖြစ်ပြီး သွားဖို့ဆန္ဒမရှိသူတွေရဲ့သဘောကို ဆန့်ကျင်ပြီး ပြောင်းရွှေ့တာတွေမလုပ်ဘူးလို့ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတစ်ဦးဖြစ်သူ Mohammed Shamsud Douza ကပြောပါတယ်။ ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ရေကြီးရေလျှံလေ့ရှိတဲ့ ဘာဆန်ချာကျွန်းပေါ်မှာ နည်းပညာနဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာတွေ…

Read More

Pen Myanmar ရဲ့ လွတ်လပ်စွာ‌ရေးသားထုတ်‌ဖော်ပြောဆိုခွင့်ဆုကို Myanmar Nowရရှိ

ဒီဇင်ဘာ၂၇-၂၀၂၀ ကောင်းလက်ျာ(VOM) Pen Myanmar က ချီးမြှင့်တဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ဆုကို ပြည်တွင်းသတင်းမီဒီယာတစ်ခုဖြစ်တဲ့ Myanmar Now အဖွဲ့က ရရှိခဲ့တယ်လို့ ဒီကနေ့ နေ့လယ် အွန်လိုင်းကနေပြုလုပ်တဲ့ ဆုပေးပွဲမှာ Pen Myanmarအဖွဲ့ကကြေညာခဲ့တာဖြစ်ပါတယ်။ ” ပထမအကြိမ်က ဒု-ရဲမှူးဟောင်း ကိုမိုးရန်နိုင် ဆွတ်ခူးရရှိခဲ့ပြီး ဒုတိယအကြိမ်မှာ ကချင်က ဆိုင်းလုပန်နဲ့ပေါလ်လုစ်တို့ဆွတ်ခူးခဲ့ပါတယ်။ ဒီတစ်ခေါက်မှာ ဒါရိုက်တာအဖွဲ့ဝင် ၉ ဦးလုံး တစ်ညီတစ်ညွတ်တည်းနဲ့ရွေးချယ်ခဲ့တယ်လို့ဆိုပေမယ့် အဖွဲ့ဝင်အားလုံးရွေးချယ်တာလို့ပဲဆိုရမှာပါ”လို့ Pen Myanmarအဖွဲ့မှ ဒါရိုက်တာ ဦးစောဝေက ပြော ပါတယ်။ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ပြောဆိုခွင့်အတွက် လုပ်ဆောင်နေတဲ့ Pen Myanmar အဖွဲ့ဟာ သက်တမ်းကာလ ၈ နှစ်နီးပါးရှိလာချိန် အခုလို ဆုတံဆိပ်ချီးမြှင့်ခဲ့တာ ၃ ကြိမ်မြောက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။ ” မီဒီယာ‌တွေရဲ့အခန်းကဏ္ဍလည်း အားတက်စေပါတယ်။ သက်တမ်း ၅နှစ်ကျော်လာချိန် အမျှတဆုံး…

Read More

ကပ်ရောဂါကြောင့် တရုတ်နိုင်ငံစီးပွားရေး အမေရိကန်ကိုကျော်ဖြတ်ပြီး ထိပ်ဆုံးရောက်ဖွယ်ရှိ

လန်ဒန်၊ ဒီဇင်ဘာ-၂၇-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံဟာ အမေရိကန်ကိုကျော်လွန်ပြီး ၂၀၂၈ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာမယ်လို့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပြီး ဒါဟာ ယခင်ခန့်မှန်းထားတက်ထက် ငါးနှစ်စောနေပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါအပေါ် တရုတ်နိုင်ငံရဲ့ စီမံခန့်ခွဲမှု ပိုင်နိုင်မှုကြောင့် လာမယ့်နှစ်တွေအတွင်း အမေရိကန်နဲ့ ဥရောပကုမ္ပဏီတွေနဲ့ နှိုင်းယှဉ်ရင် တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု မြင့်တက်လာလိမ့်မယ့် ဗြိတိန်အခြေစိုက် စီးပွားရေးနဲ့ ကုမ္ပဏီဆိုင်ရာသုတေသနအဖွဲ့က ပြောပါတယ်။ ဒီအတောအတွင်း အိန္ဒိယနိုင်ငံဟာ ၂၀၃၀ ခုနှစ်မှာ ကမ္ဘာစီးပွားရေးအင်အားကြီး နိုင်ငံအဖြစ် အဆင့်သုံးမှာ ရပ်တည်နေမယ်လို့ အဲဒီသုတေသနအဖွဲ့က ဒီဇင်ဘာ ၂၆ ရက်မှာ နှစ်စဉ်ထုတ်ပြန်တဲ့ စီးပွားရေးဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဒဏ်ကို ပထမဆုံးခံခဲ့ရပေမယ့် အလွန်တင်းကြပ်တဲ့ ကန့်သတ်မှုတွေနဲ့အတူ ရောဂါကို လျှင်မြန်စွာထိန်းချုပ်နိုင်ခဲ့တာကြောင့် ဥရောပနိုင်ငံတွေလိုမျိုး စီးပွားရေး ထိခိုက်တာတွေ၊ ပြန်လည်ထူထောင်ရတာတွေ မဖြစ်ခဲ့ပါဘူး။ ရလဒ်အနေနဲ့…

Read More

ကျိုက်ထီးရိုးစေတီကို အမှီပြု လုပ်ကိုင်နေသူအချို့ စားဝတ်နေရေး ကြပ်တည်းလာ

ဒီဇင်ဘာ၂၇-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ အထင်ကရစေတီတစ်ဆူဖြစ်တဲ့ ကျိုက်ထီးရိုးစေတီကိုအမှီပြုပြီး အခြေချနေထိုင်‌ကာ လုပ်ကိုင်စားသောက်နေတဲ့ မိသားစုတွေအနေနဲ့ စေတီတော်ဖူးမျှော်ခွင့် ပိတ်ရက်ရှည်လာတာနဲ့အမျှ စားဝတ်နေရေး အခက်ခဲတွေကြုံတွေ့လာတယ်လို့ သိရပါတယ်။ ” ပိတ်ထားရတာလည်း ကိုးလကျော်လာပြီ။ အရင်က ပြင်ပအလှူရှင်အချို့ ဆန်၊ ဆီ စားသောက်စရာလှူတာ ရှိပေမယ့် အခု မလာတာကြာပြီ။ထွက်ပြီးအလုပ်လုပ်မယ်ဆိုတော့ အလုပ်ပေးနိုင်သူက အနီးမှာမရှိဘူး”လို့ ကျိုက်ထီး‌ရိုးတောင်ပေါ်နေသူ ဦးကျော်မင်းဦးကပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကျိုက်ထိုမြို့နယ်အတွင်းက ဟိုတယ်၊မိုတယ်၊အင်းနဲ့တည်းခိုခန်းတွေ ပြန်လည်ဖွင့်ခွင့်ပြုမယ်ဆိုပြီး ကျိုက်ထိုမြို့ဟိုတယ်နဲ့ခရီးသွားလာမှုညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီညွန်ကြားစာဟာ ပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုချက်မရှိသေးတဲ့အတွက် အထက်ပါစာကိုပြန်လည်လွှမ်းမိုးပယ်ဖျက်ပါကြောင်း မွန်ပြည်နယ်၊ ဟိုတယ်နဲ့ခရီးသွားလာမှု ညွန်ကြားမှုဦးစီးဌာနရုံးက ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။ ” အခုတလော ကျိုက်ထီးရိုးပြန်ဖွင့်မယ်ဆိုပြီး ဖွနေကြတာလည်း ခဏခဏပဲ။ ပြန်ဖွင့်မယ်ဆိုလည်းကြေညာပါမယ်။ လက်တလော လုပ်ပေးနိုင်တဲ့ ဆိုင်ခန်းအခွန်ခတွေ ကိုဗစ်ကာလ လုံးဝမကောက်ထားဘူး”လို့ ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့ဝင် ဦးစိုးလှိုင်ကပြောပါတယ်။ ကျိုက်ထီးရိုးစေတီတော်ကို အခုနှစ်မတ်လ၂၁ ရက်နေ့က စတင်ပြီး…

Read More

ကိုရိုနာဗိုင်းရပ်စ်ဟာ နောက်ဆုံးကပ်ရောဂါမဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲသတိပေး

ဂျီနီဗာ၊ ဒီဇင်ဘာ ၂၇-၂၀၂၀ မျိုးဆက် (VOM) ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာ ကမ္ဘာပေါ်မှာ နောက်ဆုံးကပ်ရောဂါမဟုတ်ဘဲ ရာသီဥတုပြောင်းလဲမှုနဲ့ တောရိုင်းတိရိစ္ဆာန်တွေအရေး ကိုင်တွယ်ဖြေရှင်းမှုမပြုနိုင်ဘူးဆိုရင် လူသားတွေရဲ့ ကျန်းမာရေးဆိုင်ရာ တိုးတက်ကောင်းမွန်ဖို့ အားထုတ်မှုတွေဟာ ပျက်စီးလိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရို့က သတိပေးပြောဆိုလိုက်ပါတယ်။ နောက်ထပ်ကူးစက်တတ်တဲ့ ကပ်ရောဂါတွေအတွက် ကြိုတင်ပြင်ဆင်တာမျိုးမလုပ်ဘဲ ဖြစ်လာမှ ငွေကုန်ခံကုသဖို့လုပ်တာနဲ့ အန္တရာယ်များတဲ့ ရေတိုလုပ်ဆောင်လုပ်ဆောင်မှုတွေကိုလည်း သူကပြစ်တင်ပြောဆိုလိုက်ပါတယ်။ လက်ရှိအချိန်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါမှတစ်ဆင့် သင်ခန်းစာတွေရယူရမယ့် အချိန်ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ပြောပါတယ်။ ကမ္ဘာကြီးဟာ အထိတ်တလန့်နဲ့ လျှစ်လျူရှုထားခံရတဲ့ သံသရာကြောမှာ အချိန်အတော်ကြာ ဖြတ်သန်း လည်ပတ်နေခဲ့ရတယ်လို့ တက်ဒရို့ကပြောပါတယ်။ ကူးစက်ရောဂါတစ်ခုခုဖြစ်ပွားရင် မိမိတို့ဟာ ငွေကြေးပုံအောအသုံးပြုကာ ပြီးသွားရင် အဲဒီကိစ္စကိုမေ့သွားကြပြီး နောက်ထပ်ကပ်ရောဂါဖြစ်ပွားလာမှာကို ကာကွယ်မှုမပြုလုပ်ကြတာဟာ အန္တရယ်များတဲ့ တွေးခေါ်မှုဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ထောက်ပြပြောဆိုပါတယ်။ Ref: CNA Photo: AFP…

Read More

UEC အသစ်ပြန်ဖွဲ့ပေးဖို့ တစ်ကိုယ်တော်ဆန္ဒပြ

ဒီဇင်ဘာ ၂၇-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊(၂၈)ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပြီး အသစ်ပြန်လည်ဖွဲ့စည်းပေးရေးအတွက် ဒီကနေ့မနက်ပိုင်းက တစ်ကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။ “အခုလို ဆန္ဒဖော်ထုတ်ရတဲ့ရည်ရွယ်ချက်ကတော့ မဲမသမာမှုတွေ တရားမဲ့ပြုကျင့်မှုတွေကို နောင်အနာဂတ်မှာ ထပ်မံမဖြစ်စေဖို့ လက်ရှိဖြစ်ပေါ်နေတဲ့ မတရားမှုတွေ မဲမသမာမှုတွေကို တရားမဲ့ပြုကျင့်မှုမှန်သမျှ ဆန့်ကျင်ကြဆိုတဲ့စကားအတိုင်း ပွင့်လင်းမြင်သာမှုအားနည်း တာဝန်ယူမှု တာဝန်ခံမှုအားနည်းတဲ့ ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်ဆန္ဒဖော်ထုတ်ရခြင်းဖြစ်တယ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကာလအတွင်း တရားမဲ့ပြုကျင့်မှု၊မဲသမာမှုတွေကို အခုချိန်ထိ မဖြေရှင်းနိူင်တဲ့အတွက် လက်ရှိရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပြီး အသစ်ပြန်လည်ဖွဲ့စည်းပေးဖို့နဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းပေးစေလိုတယ်”လို့ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်သူ ဦးဇင်မင်းထွန်းက ပြောပါတယ်။ တစ်ကိုယ်ဆန္ဒဖော်ထုတ်သူ ဦးဇင်မင်းထွန်းနဲ့ လာရောက်ဝန်းရံသူတွေက “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အလိုမရှိ၊ မဲလိမ်မဲခိုး UEC အလိုမရှိ”စတာတွေကို ကြွေးကြော်ခဲ့ကြပါတယ်။ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ရာမှာ မြောက်ဒဂုံမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင်တွေနဲ့ ထောက်ခံသူအင်အားတစ်ရာခန့် လာရောက်ဝန်းရံခဲ့ကြပါတယ်။ အခုလိုဆန္ဒပြဖို့အတွက် ဦဇင်မင်းထွန်းဆိုသူဟာ ဒီဇင်ဘာ ၂၅ရက်နေ့က ငြိမ်းစုစီလာရောက်လျှောက်ထားတဲ့အတွက် ခွင့်ပြုခဲ့တာဖြစ်တယ်လို့…

Read More

ဖွင့်ခွင့်မပေးဘဲဖွင့်တဲ့ ကေတီဗီတွေ ဖမ်းခံရပေမယ့် ပုဒ်မတွေကွဲပြား

ဒီဇင်ဘာ ၂၇ သိင်္ဂီထွန်း (VOM) ကားဝယ်ရောင်းလောကမှာ နာမည်ကြီးတဲ့ အရည်ကြို ခေါ် ဦးအောင်ဇော်ဦးအပါအဝင် လူ ၉ ဦးဟာ ရန်ကုန်မြို့၊ ဆရာစံလမ်းက The World Wide KTV မှာ မနေ့ ဒီဇင်ဘာ ၂၆ရက်နေ့ညပိုင်းက ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။ ကိုဗစ်ကာလဖြစ်တာကြောင့် KTV တွေကို ပိတ်ထားဖို့ ညွှန်ကြားချက်ထုတ်ပြန်ထားမှုအပေါ်မလိုက်နာဘဲ KTV ကိုဖွင့်လှစ်ခဲ့တာကြောင့် ဆိုင်မန်နေဂျာကို သဘာဘေးအန္တရာယ် ဆိုင်ရာဥပဒေပုဒ်မ- ၂၅၊ အဲ့ဒီဆိုင်ကို လာရောက်သီချင်းဆိုပြီး ပျော်ပါးကြတဲ့ အရည်ကြိုအပါအဝင် အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၄ ဦးကိုတော့ သဘာဘေးအန္တရာယ် ဆိုင်ရာဥပဒေပုဒ်မ- ၃၀(က) နဲ့ အမှုဖွင့်ဖို့ စီစဉ်နေတယ်လို့ ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်မှုအရသိရပါတယ်။ “အာမခံရနိုင်တဲ့ပုဒ်မဆိုရင်တော့ အာမခံရမယ်။ အာမခံမရနိုင်တဲ့ပုဒ်မဆိုရင်တော့ အာမခံမရဘူး။ သဘာဝဘေးအန္တာရယ်နဲ့ပတ်သက်ပြီး ပုဒ်မ ၃၀(ဃ)ဆိုရင်တော့ အာမခံရနိုင်တယ်၊…

Read More

ပြည်မြို့က ပုဂ္ဂလိကဆေးရုံ နောက်တစ်ခုမှာ ကိုဗစ်လူနာတွေ့လို့ ဆေးရုံကိုပိတ်ထား

ဒီဇင်ဘာ ၂၆-၂၀၂၀ သိင်္ဂီထွန်း(VOM) ပြည်မြို့က ပုဂ္ဂလိကဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ လူနာတစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ရတာကြောင့် အဲ့ဒီဆေးရုံကို မနေ့ ဒီဇင်ဘာ ၂၆ရက်နေ့ကစပြီး ၇ ရက် ပိတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ပိုးတွေ့ လူနာဟာ မြန်အောင်မြို့ကဖြစ်ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ဦးနှောက်သွေးယိုစိမ့်ပြီး လေဖြတ်ရောဂါနဲ့ ပုဂ္ဂလိကဆေးရုံကိုတက်ရောက်လာတာဖြစ်ကြောင်း ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ရန်ကုန်ဆေးရုံကြီး ပြောင်းရွှေ့ကုသဖို့ သွားရောက်ခဲ့ချိန် ကိုဗစ်ရှိ၊မရှိ စစ်ဆေးခဲ့ရာကနေ ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလူနာ ဆေးရုံကို စတင်ရောက်ချိန်ကနေ ပြန်လည်ဆင်းသွားချိန်အထိ ထိတွေ့ခဲ့တဲ့ ဆရာဝန် ၊ သူနာပြု၊ သူနာပြုအကူ၊ အလုပ်သမားတွေကို CCTV က တဆင့် ပြန်လည်စစ်ဆေးခဲ့ပြီး ထိတွေ့ခဲ့တဲ့ (Primary contact ) ၂၅ ဦးကို ကွာရန်တင်းစင်တာ ပို့ဆောင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ “လူနာရောက်လာချိန်မှာ သွေးပေါင်ချိန်…

Read More
VOM News

FREE
VIEW