ဇန်နဝါရီ ၁၁ -၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်လက်နက်ကိုင် အေအေအဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်း၊ မတရားအသင်းအဖြစ်ကနေ ပယ်ဖျက်ပေးရေးအဆိုကို ရခိုင်ပြည်နယ်လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ ဒီကနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်တယ်လို့ သိရပါတယ်။ အဲ့ဒီအဆိုကိုတင်သွင်းတဲ့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ဖို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က သတ်မှတ်ကြေညာထားတဲ့ အေအေအဖွဲ့ကို ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပယ်ဖျက်ပေးရေး ပြည်နယ်အစိုးရကနေ ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့အဆို ဒီကနေ့မှာပဲ တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဦးထွန်းသာစိန်ရဲ့အဆိုကို ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ထောက်ခံခဲ့ကာ ကန့်ကွက်သူမရှိပဲ ပြည်နယ်လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ အတည်ပြုနိုင်ခဲ့တဲ့အတွက် ပြည်နယ်လွှတ်တော်မှာ အတည်ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အဆိုရှင် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။ ” ဒီနေ့မှာတော့…
Read MoreMonth: January 2021
တရုတ်နိုင်ငံက မြန်မာယာဉ်မောင်း ၁၁ဦးကို ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးပေး
ဇန်နဝါရီ ၁၁-၂၀၂၁ အေးချမ်းသူ(VOM) တရုတ်အစိုးရကနေ မူဆယ်-မန့်ဝိန်းကားဂိတ်မှာရှိတဲ့ မြန်မာကုန်တင်ယာဉ်မောင်း ၁၁ ဦးကို ဒီကနေ့မနက်ပိုင်းက ကိုဗစ်ကာကွယ်ဆေးထိုးပေးခဲ့တယ်လို့ အဲ့ဒီနယ်စပ်မှာတာဝန်ကျနေတဲ့ အမှတ်(၁၂၅)ယာဉ်ထိန်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။ “ရှန်တိန်ယာဉ်မောင်းတွေကို ကိုဗစ်ကာကွယ်ဆေးထိုးတာပါ၊ ဒီနေ့ဆေးထိုးတာ ၁၁ ဦးပါ ဒုတိယအကြိမ်ပေါ့။ အရင်လကလည်း လေးဆ ယ်ကျော်ထိုးသေးတယ်၊ ဂိတ်ကိုတော့မပိတ်ထားပါဘူး။ သေချာအစီအစဉ်တကျလုပ်နေပါတယ်”လို့ ယာဉ်ထိန်းရဲတပ်ကြပ်မျိုးမင်းသူက VOMကိုပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မူဆယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီမှူး ဦးအယ်လ်စိုးထန်ထူးက “ကျနော်တို့ဘက်က ကိုဗစ်စစ်တာ ဆေးမထိုးဘူး၊ ဆေးကလည်း မူဆယ်ကို တရုတ်ကလှူထားတာ၊ ဒီနေ့မှ ပြန်စစ်ရမှာ။ မစစ်တာသုံးရက်ရှိပြီ၊ ဒါက ပါဆင်နယ်ကိစ္စဖြစ်နေတယ် ကျနော်တို့နဲ့မဆိုင်ဘူး။ တရုတ်ဘက်ကလုပ်တာ ထိုးခွင့်ပြုတယ်၊မပြုဘူး ဆိုတာလည်း ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး”လို့ “လို့ VOMကိုပြောပါတယ်။ တရုတ်ပြည်ဘက်က မြန်မာယာဉ်မောင်းတွေကို ကာကွယ်ဆေး ဒုတိယအကြိမ် ပြန်လည်ထိုးပေးတာနဲ့ပတ်သတ်ပြီး အသိပေးအကြောင်းကြားခြင်းမရှိကြောင်း မူဆယ်ဆေးရုံအုပ်ကြီး ဒေါက်တာဟန်နိူင်စိုးက VOMကို ပြောပါတယ်။ မူဆယ်မြို့နယ်၊ မူဆယ်-မန့်ဝိန်း…
Read Moreသမ္မတသက်တမ်း ရက်ပိုင်းသာရှိတော့ပေမယ့် ဒေါ်နယ်ထရန့်ကို ရာထူးကနေဖယ်ရှားဖို့ ပြင်ဆင်နေ
ဝါရှင်တန်၊ ဇန်နဝါရီ-၁၁-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို စွပ်စွဲပြစ်တင်မှုလုပ်ငန်းစဉ်မစတင်မီ သူ့ကိုရာထူးကနေဖယ်ရှားဖို့ အစီအစဉ်နဲ့ပတ်သက်ပြီး အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုဆီက လွှတ်တော်အမတ်တွေကို အသိပေးခဲ့ပါတယ်။ ဒါကတော့ ထရန့်ကို ရာထူးကနေဖယ်ရှားပေးဖို့ ဒုတိယသမ္မတ မိုက်ပင့်စ်ကိုတောင်းဆိုတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို အောက်လွှတ်တော်အမတ်တွေက မဲခွဲဆုံးဖြတ်ဖို့ဖြစ်ပါတယ်။ တစ်ကယ်လို့ ဒီနည်းလမ်းသာ အထမမြောက်ခဲ့ဘူးဆိုရင် လွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနှင်းခံခဲ့ရတဲ့ ဖြစ်စဉ်မှာ ဆူပူအုံကြွအောင်လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါ်နယ်ထရန့်ကို စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ ဒီမိုကရက်တစ်လွှတ်တော်အမတ်တွေက စီစဉ်နေပါတယ်။ပထမဆုံးမဲပေးမှုကတော့ ဇန်နဝါရီ ၁၁ ရက်မှ စတင်နိုင်ပါတယ်။ အောက်လွှတ်တော်ဥက္ကဋ္ဌ မစ္စပလိုဆီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ ကိုအသုံးပြုပြီး ရာထူးတာဝန်နဲ့ မထိုက်တန်ဘူးဆိုကာ ထရန့်ကို ဖြုတ်ချပေးဖို့ ဒုသမ္မတ မိုက်ပင့်စ်ကို တရားတောင်းဆိုဖို့ ဆုံးဖြတ်ချက်အတွက် အစီအစဉ်တွေကို လွှတ်တော်အမတ်တွေဆီကို ဇန်နဝါရီ ၁၀ ရက်မှာ ပေးပို့ခဲ့ပါတယ်။ ဒီနည်းလမ်းသာ အောင်မြင်ခဲ့မယ်ဆိုရင် ဒေါ်နယ်ထရန့်ရာထူးကနေ…
Read Moreရေကြောင်းကြပ်လို့ ပိတ်မိနေတဲ့ ကုန်တင်မော်တော်တွေကို ရှမ်းနီ လက်နက်ကိုင်အဖွဲ့က ဆက်ကြေးကောက်
ဇန်နဝါရီ ၁၁ -၂၀၂၁ Voice Of Myanmar(VOM) စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ နန်းဖီးလင်းရွာအနီး၊ ချင်းတွင်းမြစ်ကြောင်းထဲမှာ ရေကြောင်းကြပ်လို့ ပိတ်မိနေတဲ့ ကုန်တင်မော်တော်တွေကို ရှမ်းနီ လက်နက်ကိုင်အဖွဲ့က ဇန်နဝါရီ ၉ ရက်နဲ့ ၁၀ ရက်တွေမှာ ဆက်ကြေးလာကောက်နေတယ်လို့ ရေယာဉ်လုပ်ငန်းရှင်တွေကနေ သိရပါတယ်။ “မော်တော် ၁ စီးကို ၆ သိန်းကောက်တယ် ၊ ရေကြောင်းကြပ်လို့ ပိတ်မိနေတဲ့ မော်တော် ၁၅ စီး ပေးလိုက်ရတယ် ၊ ရှမ်းနီအဖွဲ့ကဖြစ်တယ် ၊ ရှမ်းနီအဖွဲ့လို့ ပြောနိုင်တာက ဆက်ကြေး ငွေလက်ခံဖြတ်ပိုင်း သူတို့ပြန်ပေးတယ်”လို့ လုံခြုံရေးအရ အမည်မဖော်လို့တဲ့ ကုန်တင်ရေယာဉ် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် ခရီးသည်တင် ရေယာဉ်တွေ ပြေးဆွဲသွားလာခွင့်ကို ပြီးခဲ့တဲ့ ၂၀၂၀ စက်တင်ဘာက ယာယီပိတ်ထားခဲ့တာဟာ ဒီကနေ့အချိန်ထိ ဖြစ်တာကြောင့် အထက်ချင်းတွင်းဒေသ…
Read Moreကျပ်သန်း ၄၅၀၀ ရင်းနှီးမြုပ်နှံတဲ့ လုပ်ငန်းတစ်ခုကို ကရင်ပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မရှင်က ခွင့်ပြု
ဇန်နဝါရီ ၁၁-၂၀၂၁ ခွန်ခမ်းသူ(VOM) ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ပထမဆုံးအနေနဲ့ ကျပ်သန်း ၄၅၀၀ ရင်းနှီးမြုပ်နှံတဲ့ ဟိုတယ်နဲ့အပန်းဖြေစခန်းတစ်ခုကို ကရင်ပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မရှင်က ခွင့်ပြုလုပ်ကိုင်ခွင့်ပေးခဲ့ပါတယ်။ ဘားအံမြို့နယ်၊ မိဇံကျးရွာ(မိဇံမြေနုကျွန်း)၊ ဦးပိုင်အမှတ်-၁၁၈ ၊ N-၁၁၀ ၊ ကွင်းအမှတ်- ၁၁၀၆ ၊ မိဇံတောင်စွန်းကွင်း၊ မြေဧက ၁၀ ဒသမ ၇၂ ပေါ်မှာခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။ ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ၇၇ နေရာနဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ပြီး UHM(Development Co,Ltd)ကုမ္ပဏီကို နှစ် ၅၀ လုပ်ကိုင်ခွင့် ခွင့်ပြုပေးခဲ့တာလည်းဖြစ်ပါတယ်။ ” စိမ်းလန်းသန့်ရှင့်တဲ့ ပတ်ဝန်းကျင် လေထု၊ ရေထုကိုအခြေပြုတဲ့ မီးခိုးမထွက်တဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးလာရင် ဒေသခံလူထုတွေရဲ့လူမှု စီးပွားရေးတွေတိုးတက်လာမယ်၊ ဒီလိုဖွံ့ဖြိုးတိုးတက်လာမှ မီးခိုးမထွက်တဲ့ စက်ရုံကနေ ဒေသခံလူထုတွေရဲ့ စားဝတ်နေရေးအပြင် လမ်းပန်းဆက်သွယ်ရေးတွေ၊ ပညာရေးတွေအစ တိုးတက်လာမယ်”လို့ ကရင်ပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မရှင်…
Read Moreကုလသမဂ္ဂအကြီးအကဲအဖြစ် ဒုတိယသက်တမ်း တာဝန်ထမ်းဆောင်ဖို့ ဂူတာရက်စ် ဆန္ဒရှိနေ
ကုလသမဂ္ဂ၊ ဇန်နဝါရီ-၁၁-၂၀၂၁ မျိုးဆက် (VOM) ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ဟာ အဖွဲ့ရဲ့ အတွင်းရေးမှူးချုပ်အဖြစ် ဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်လိုတယ်လို့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံကို ပြောကြားခဲ့ကြောင်း ဒီကိစ္စကိုသိရှိထားတဲ့ သံတမန်နှစ်ဦးကို ကိုးကားပြီ ဘလွန်းဘာဂ်သတင်းဌာနက ဇန်နဝါရီ ၁၀ ရက်မှာရေးသား ဖော်ပြထားပါတယ်။ ဂူတာရက်စ်ဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဥက္ကဋ္ဌကို များမကြာမီမှာ အကြောင်းကြားသွားဖွယ်ရှိတယ်လို့ ဘလွန်းဘာဂ်သတင်းဌာနက ဖော်ပြထားပါတယ်။ အသက် ၇၁ နှစ်အရွယ် မစ္စတာဂူတာရက်စ်ဟာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှာ ကုလသမဂ္ဂရဲ့ ၉ ဦးမြောက် အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး သူ့ရဲ့ ၅ နှစ်သက်တမ်းဟာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ သူဟာ ဒုတိယသက်တမ်းတာဝန်ထမ်းဆောင်ဖို့ မဆုံးဖြတ်မီ အမေရိကန်မှာ နိုဝင်ဘာလအတွင်းက ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲကို စောင့်ဆိုင်းနေခဲ့ကာ ဂျိုးဘိုင်ဒင်အနိုင်ရရှိပြီးနောက် အတွင်းရေးမှူးချုပ်အဖြစ် ဒုတိယသက်တမ်း တာဝန်ထမ်းဆောင်ဖို့ လုပ်ဆောင်နေခြင်းဖြစ်တယ်လို့…
Read Moreကရင်ပြည်နယ်မှာ ရွေးကောက်ပွဲကုန်ကျစရိတ်မတင်တဲ့ ကိုယ်စားလှယ်လောင်း တစ်ဦးသာရှိ
ဇန်နဝါရီ ၁၁-၂၀၂၁ ခွန်းခမ်းသူ(VOM) ကရင်ပြည်နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲကာလ ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းဖို့ ပျက်ကွက်တဲ့ ကိုယ်စားလှယ်လောင်း ၁ ဦးရှိတာကြောင့် အမည်ပျက်စာရင်းထုတ်ပြန်သွားမယ်လို့ မနေ့ဇန်နဝါရီ ၁၀ ရက်နေ့က ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးက ပြောပါတယ်။ ” ရွေးကောက်ပွဲနည်းဥပဒေ(၇၇) အရ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းဖို့ပျက်ကွက်ခဲ့တဲ့ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီက ဗမတိုင်းရင်းသားလူမျိုးရေးရာနေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းနဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားပြီးဖြစ်တယ်”လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးမောင်မောင်နိုင်ကပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ကရင်ပြည်နယ်အတွင်း ဝင်ရောက်ယဉ်ပြိုင်ခဲ့တဲ့ ပါတီ ၁၅ ပါတီနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း အပါအဝင် ၁၉၉ ဦး ရှိပြီး ကိုယ်စားလှယ်လောင်း ၁ ဦးသာ ကုန်ကျစရိတ်တင်သွင်းဖို့ ပျက်ကွက်ခဲ့တယ်လို့ ပြောပါတယ်။ “ကျနော်တို့ပါတီအနေနဲ့ကတော့ ပွင့်ပွင့်လင်းလင်းပြောရင် ဥပဒေအတိုင်းဖြစ်သင့်ပါတယ်။ သူနဲ့ဆက်သွယ်လို့မရတာ။ သူဖုန်းပိတ်ထားတယ်။ မြဝတီမှာလို့ ပြောတယ်။ သူကြောင့် ပါတီပုံရိပ်တော့…
Read Moreတရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ် ဘာတွေထူးလာမလဲ
မျိုးဆက် (VOM) တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီးစဉ်အဖြစ် ဇန်နဝါရီ ၁၁ ရက်မှာ ရောက်ရှိမှာဖြစ်ပါတယ်။ ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံတကာအရေး အပြောင်းအလဲတွေကိုကြည့်ပြီး မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးမှုကို နောက်ထပ်မြှင့်တင်ဖို့ သူ့ရဲ့ ခရီးစဉ်မှာ ရည်ရွယ်ထားပုံရပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံဟာ ဂျပန်နဲ့ အိန္ဒိယတို့နဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေနဲ့တွေအပေါ် တရုတ်အစိုးရက စိုးရိမ်ပူပန်မှုတွေ တိုးပွားလာနေပြီး ဒါဟာသူ့အကျိုးစီးပွား ယုတ်လျော့စေတယ်လို့ ယူဆထားဖွယ်ရှိပါတယ်။ ဝမ်ယီရဲ့ခရီးစဉ်မှာတော့ မြန်မာနိုင်ငံနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်ဖို့၊ ငြိမ်းချမ်ရေးလုပ်ငန်းစဉ်အပေါ် တရုတ်နိုင်ငံရဲ့ထောက်ခံမှုကို ပိုမိုခိုင်မာစေဖို့နဲ့ ကိုဗစ်-၁၉ နဲ့ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံကို ထောက်ပံ့မှုတွေ တိုးမြင့်ဖို့တွေ ပါဝင်လာနိုင်ပါတယ်။ ဝမ်ယီရဲ့ မြန်မာနိုင်ငံခရီးစဉ် အဓိကရည်ရွယ်ချက်ကတော့ အရပ်ဘက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံက အစဉ်တစ်စိုက်ထောက်ခံနေတယ်ဆိုတာနဲ့ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီပါတီက တောင်ပြိုကမ်းပြိုအနိုင်ရရှိတာကို ဂုဏ်ပြုဖို့ဖြစ်ပြီး သူဟာ နိုဝင်ဘာရွေး ကောက်ပွဲပြီးနောက် နေပြည်တော်ကို…
Read Moreပြည်ခိုင်ဖြိုး သမိုင်းမရိုင်းချင်လို့ ဥပဒေဘောင်တွင်းမှလုပ်ဆောင်နေခြင်းဖြစ်
နေပြည်တော်-ဇန်နဝါရီ ၁၀-၂-၂၁ ကိုထွန်း(VOM) နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ပြည်ခိုင်ဖြိုးဌာနချုပ် သင်တန်းခန်းမဆောင်မှာ ဇန်နဝါရီ ၁၀ ရက်နေ့ ဒီနေ့မနက်ပိုင်းက သတင်းစာရှင်းလင်းပွဲလုပ်ပြီး ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားမှုတွေနဲ့ ပတ်သက်လို့ ရှင်းလင်းခဲ့ပါတယ်။ အဲဒီရှင်းလင်းပွဲမှာ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က “ရွေးကောက်ပွဲမှာတရားမဲ့ပြုကျင့်မှုနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲပြီးတဲ့အချိန်မှ ယခုကာလအထိ ရဲစခန်းကို တိုင်ကြားထားတဲ့အမှုပေါင်း (၁၂၇)မှုရှိပါတယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကိုတင်ပြထားတာ (၁၁၆၄)ခုရှိပါတယ်၊ စာချွန်တော်တင်ထားတာလည်း ရှိပါတယ်။ ကန့်ကွက်ပွဲတွေလုပ်တာ၊ သတင်းစာရှင်းလင်းပွဲလုပ်တာ၊ တရားလွှတ်တော်ချုပ်ကို စာချွန်လွှာတင်တာတွေ လုပ်ဆောင်နေတာကတော့ ပြည်ခိုင်ဖြိုးသမိုင်းမရိုင်းချင်လို့ လုပ်ဆောင်တာဖြစ်ကာ နောက်ထပ်လည်းကျွန်တော်တို့ ဥပဒေနဲ့အညီဆောင်ရွက်စရာတွေ ဆက်လုပ်မှာပါ” သမ္မတရုံးညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက စာချွန်တော်လွှာတင်တဲ့ နိုင်ငံရေးပါတီတွေကို ပြောဆိုတာနဲ့ပတ်သက်လို့ လည်း ဒေါက်တာနန္ဒာလှမြင့်က “ နောက်တစ်ခုက ခုလိုလုပ်နေခြင်းဟာ ပေါ်လယ်တီကယ်ဆူဆိုက်လုပ်တယ်၊ ကိုယ့်နိုင်ငံရေးကြိုးကွင်း ကိုယ့်ဟာကိုယ်ပြန်စွပ်နေတယ်လို့ ဝေဖန်ထိုးနှက်မှုဟာလည်း ဦးဇော်ဌေးအနေနဲ့…
Read Moreအိန္ဒိယ အရှေ့မြောက်ခွဲထွက်ရေးလက်နက်ကိုင်အဖွဲ့က ဗိုလ်ကြီးအဆင့်ရှိသူဟာ စစ်ကိုင်းမှာအိမ်ထောင်ပြုထားသူဖြစ်နေ
စစ်ကိုင်း-ဇန္နဝါရီ ၁၀ ၊ ၂၀၂၁ Voice of Myanmar ၂၀၂၀ ဩဂုတ်လက မုံရွာချင်းတွင်းမြစ်ကူးတံတားမှာ ဖမ်းခံရတဲ့သူဟာ စစ်ကိုင်းမြို့ ၊ ဇေယျာတိုးချဲ့ရပ်ကွက်၊ အမှတ် ၅ လမ်းမှာနေထိုင်တဲ့ အိန္ဒိ ယနိုင်ငံသား ကသည်း လူမျိုးတစ်ယောက်ဖြစ်နေတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံက နိုင်ငံသား စီစစ်ရေးကဒ်ပြားကိုင်ဆောင်ပြီးတော့ အိမ်ထောင်ပြု နေထိုင်နေတာကြောင့် စစ်ကိုင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက မနေ့ ဇန္နဝါရီ ၉ ရက်က စစ်ကိုင်းမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူလိုက်တယ်လို့ သိရပါတယ်။ ” အရေးယူခံရသူက အိန္နိယနိုင်ငံ မဏိပူရ်ပြည်နယ် Kak Chin Tokpaching မှာနေတဲ့ အိန္နိယနိုင်ငံသား ကသည်း လူမျိုးတစ်ယောက်ဖြစ်တယ် ၊ နောက်ပြီး သူကPeople Liberratiin Army (PLA) ဒေသအခေါ် ကသည်း ပြည်သူ့ လွတ်မြောက်ရေး…
Read More