ပြည်မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ လူငယ်တွေ ထိုင်သပိတ်လုပ်

ဖေဖော်ဝါရီလ ၁၈-၂၀၂၁
သိင်္ဂီထွန်း(VOM)

ပြည်မြို့ကလူငယ်တွေဟာ တပ်နဲ့ရဲတပ်ဖွဲ့လုံခြုံရေးရယူထားတဲ့ မြန်မာ့စီးပွားရေးဘဏ်ရှေ့နဲ့ ကမ်းနားလမ်းပလက်ဖောင်းမှာ ဂစ်တာတီးဖျော်ဖြေပြီး ထိုင်သပိတ်ပြုလုပ်နေကြပါတယ်။

ကျောင်းသားတွေပါတဲ့ အထွေထွေသပိတ်နဲ့ တောင်သူလယ်သမားသပိတ်စစ်ကြောင်း၊ လယ်ထွန်စက်ပိုင်ရှင်တွေကလည်း ပြည်မြို့မြန်မာ့စီးပွားရေးဘဏ်ကိုပိတ်ဆို့ပြိး ဝန်ထမ်းတွေ CDM မှာပါဝင်ပေးဖို့ တောင်းဆိုခဲ့ကြသလို စည်ပင်သာယာရေးရုံးကိုပိတ်ဆို့ပြီးလည်း CDM မှာပါဝင်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒီနေ့ ဆန္ဒပြရာမှာ ဝန်ထမ်းတွေအနေနဲ့ ပြည်သူလူထုမျက်နာကြည့်ပြီး အချိန်မီပူးပေါင်းပေးဖို့ ပြောဆိုနေကြသလို မပါဝင်သူတွေကို သမိုင်းမှာမှတ်တမ်းတင်ထားမှာဖြစ်ကြောင်း၊ စည်ပင်အခွန်အခတွေလေည်း ပေးဆောင်မှာမဟုတ်ကြောင်း၊ အခွန်အခတွေကို ပြည်သူ့အစိုးရတက်မှသာ ပြန်လည်ပေးဆောင်မှာဖြစ်ကြောင်း၊ CDM လုပ်လို့ရာထူးကနေ ရပ်နားခံရသူတွေကိုလည်း လစာပေးဖို့ဆောင်ရွက်နေကြောင်းတွေကို ဟောပြောခဲ့ကြပါတယ်။

CDM မှာမပါဘဲ ရုံးတက်နေတဲ့ဝန်ထမ်းတွေအနေနဲ့ အချိန်မီပူးပေါင်းဖို့ တောင်းဆိုနေပြီး မပူးပေါင်းရင် ပြည်သူ့အစိုးရအာဏာပြန်ရတဲ့အခါမှာ အဲ့ဒီဝန်ထမ်းတွေကိုအလုပ်ကနူတ်ထွက်ဖို့အပြင် အရေးယူမှုတွေပါလုပ်ဖို့ အစိုးရကိုတွန်းအားပေးမှာဖြစ်တယ်လို့လည်း ဆန္ဒပြသူတွေက ပြောဆိုနေကြတာကို တွေ့ရပါတယ်။

#VoiceOfMyanmar #VOM #ပြည်ဆန္ဒပြပွဲ #မြန်မာ့စီးပွားရေးဘဏ် #ထိုင်သပိတ်

ပြည်မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ လူငယ်တွေ ထိုင်သပိတ်လုပ်

Related posts

Leave a Comment

VOM News

FREE
VIEW