သီရိလင်္ကာမှာ ဥပဒေချိုးဖောက်သူတွေကို တွေ့တာနဲ့ပစ်ဖို့ လုံခြုံရေးတပ်ဖွဲ့၀င်တွေကို အမိန့်ပေး

ကိုလံဘို၊ မေ-၁၁-၂၀၂၂
မျိုးဆက်(VOM)

သီရိလင်္ကာနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေကို ဖြိုခွင်းဖို့ အားထုတ်မှုအဖြစ် ဥပဒေချိုး ဖောက်သူတွေကို လုံခြုံရေးတပ်ဖွဲ့၀င်တွေက တွေ့တာနဲ့ပစ်ခတ်နိုင်တဲ့အမိန့်ကို အာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။

သီရိလင်္ကာသမိုင်းမှာ အဆိုးရွားဆုံးစီးပွားရေးအကြပ်အတည်းကြောင့် သမ္မတ ဂိုတာဘာယာရာဂျာပက်ဆာ ရာထူးမှနှုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။

လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွားနေစဉ် မေ ၉ ရက်မှာ သမ္မတနဲ့ညီအကိုတော်စပ်သူ ၀န်ကြီးချုပ် မဟင်ဒါရာဂျာပက်ဆာဟာ ရာထူးကနေနှုတ်ထွက်သွားပါတယ်။

ဒါပေမယ့် သူ့ရဲ့နှုတ်ထွက်မှုက ဆန္ဒပြမှုတွေကို ငြိမ်သက်ခြင်းမရှိခဲ့ဘဲ ညပိုင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီလိုမငြိမ်မသက်ဖြစ်ပေါ်နေချိန်မှာ အများပြည်သူပိုင်ပစ္စည်းတွေကို လုယက်ခြင်း သို့မဟုတ် အသက်အန္တရာယ်ဖြစ်စေတဲ့ အကြမ်းဖက်မှုကျူးလွန်တဲ့ ဘယ်သူကိုမဆို အစိုးရက မေ ၁၀ ရက်မှာ ပစ်မိန့်ပေးလိုက်ပါတယ်။

ဒါ့အပြင် မြို့တော်ကိုလံဘိုရဲ့ လမ်းတွေပေါ်မှာလည်း ကင်းလှည့်ဖို့ ကြည်းတပ်၊ ရေတပ်နဲ့ လေတပ်မှ တပ်ဖွဲ့၀င်ထောင်ပေါင်းများစွာကို ဖြန့်ကြက်ထားပါတယ်။

မေ ၉ ရက်နောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေကြောင့် လူရှစ်ဦးသေဆုံးခဲ့ပြီး ၂၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW