NLD လက်ထက်က သမ္မတရုံးညွန်ချုပ် ဦးဇော်ဌေး ကွယ်လွန်

နေပြည်တော် ၊ မေ ၂၃-၂၀၂၂
KT+KK(VOM)

အငြိမ်းစားပေးခံထားရတဲ့ NLD လက်ထက်ကသမ္မတရုံး ညွှန်ကြား​ရေးမှူးချုပ် ဦး​ဇော်​ဌေးဟာ ဒီနေ့ မေလ ၂၃ ရက်မနက်က နှလုံးရောဂါနဲ့ နေပြည်​တော်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။

ဦးဇော်ဌေး ကွယ်လွန်တဲ့ကိစ္စ နစက ပြောရေးဆိုခွင့်ရှိသူလည်း DSA အပတ်စဉ်တူ သူငယ်ချင်းဖြစ်တဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောပြတာက
“ဒီနေ့မနက် ၈ နာရီ ၂၀ လောက်မှာ heart attack နှလုံးရောဂါ ပုံစံမျိုး ရောဂါပြတဲ့ ပုံစံမျိုးရှိတယ်။ အဲ့ဒါ အိမ်ကနေ ဆေးရုံသွားတာ လမ်းမှာ ဆုံးသွားတဲ့ သဘောရှိတယ်။ မနက် ၉ နာရီလောက်မှာ ဆုံးသွားတယ်ပေါ့.။ နစက အဖွဲ့ကလည်း သူ့အိမ်ကို ရောက်နေပြီး လိုအပ်တာတွေ လုပ်ပေးနေတယ်ပေါ့။ သူ့မိတ်ဆွေတွေလည်း ရောက်နေကြပြီ”

ဦးဇော်ဌေးဟာ DSA အပတ်စဉ် ၃၇ ဆင်းဖြစ်ပြီး ကျန်းမာရေးကြောင့် အရပ်ဘက်ဝန်ထမ်းအဖြစ် တာဝန်ပြောင်းထမ်းပြီး ဦးသိန်းစိန်လက်ထက် ၂၀၁၁ ကနေ ၂၀၁၆ ထိ သမ္မတရုံးညွန်ကြာရေးမှူးတာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၂၀၁၆ မှာ NLD အစိုးရတက်ပြီးနောက် သမ္မတရုံးနဲ့ အတိုင်ပင်ခံရုံးမှာ ညွန်ကြားရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အစိုးရအဖွဲ့ရဲ့ပြောခွင့်ရှိသူအဖြစ် နိုင်ငံတော်သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲတွေကို ဦးဆောင်ကျင်းပခဲ့သူ ဖြစ်ပါတယ်။

အစိုးရရဲ့ ပြောရေးဆိုခွင့်ရရှိသူအနေနဲ့ ဦးဇော်ဌေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရရဲ့သဘောထား၊ အာဘော်တွေကို လစဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲတွေကျင်းပခဲ့ပြီး ရှေ့ထွက်ပြောဆိုခဲ့ရသူလည်းဖြစ်ပါတယ်။

ရွေးကောက်ပွဲမတိုင်မီကာလတွေနဲ့ ရွေးကောက်ပွဲအပြီးကာလတွေမှာ အစိုးရဘက်မှ ဦးဇော်ဌေးနဲ့ တပ်မတော်ဘက်မှ အပတ်စဉ်တူဖြစ်တဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ဟာ သူတို့ရဲ့သက်ဆိုင်ရာသဘောထားတွေကို သတင်းစာရှင်းလင်းပွဲတွေအတွင်း ပြောကြားရာမှာ မကြာခဏ တင်းမာမှုတွေရှိခဲ့ပါတယ်။

အထင်ရှားဆုံးကတော့၂၀၂၁ခုနှစ် ဇန်နဝါရီလမှာ ပြု
လုပ်ခဲ့တဲ့ သတင်းစာရှင်လင်းပွဲမှာ ဦးဇော်ဌေးက ရွေးကောက်ပွဲရလဒ်ကို ဝေဖန်သူတွေဟာ နိုင်ငံရေးကြိုးဆွဲချခြင်းဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဦးဇော်ဌေးဟာ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရပြီး၂၀၂၁ခုနှစ် ဇွန်လမှာ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်သလို့ လက်ရှိ ကွယ်လွန်ချိန်မှာ အသက်(၄၈)နှစ်ရှိပြီဖြစ်ပါတယ်။

#voiceofmyanmar #VOM #သမ္မတရုံးညွန်ချုပ် #ဦးဇော်ဌေး #ကွယ်လွန်

Related posts

Leave a Comment

VOM News

FREE
VIEW