သီရိလင်္ကာအာဏာပိုင်တွေရဲ့အိမ်တွေကို ဆန္ဒပြသူတွေ မီးရှို့၊ ၀န်ကြီးချုပ်ဖြစ်သူ ရာထူးမှနှုတ်ထွက်

ကိုလံဘို၊ မေ-၁၀-၂၀၂၂ မျိုးဆက်(VOM) သီရိလင်္ကာနိုင်ငံမှာ ပိုမိုဆိုးရွားလာတဲ့ စီးပွားရေးအကြပ်အတည်းကို အစိုးရရကိုင်တွယ်မှုများအပေါ် ဆန္ဒပြမှုတွေအကြီးအကျယ်ဖြစ်ပွားနေချိန်မှာ ၀န်ကြီးချုပ် မဟင်ဒါရာဂျာပက်ဆာဟာ မေ ၉ ရက်မှာ ရာထူးကနေ နှုတ်ထွက်သွားပါတယ်။ အသက် ၇၆ နှစ်အရွယ် ၀န်ကြီးချုပ် မဟင်ဒါရာဂျာပက်ဆာဟာ သူနဲ့ညီအကိုတော်စပ်သူ သမ္မတဂိုတာဘာ ရာဂျာပက်ဆာထံ နှုတ်ထွက်စာကို ပေးပို့ခဲ့ပါတယ်။ ဒီမတိုင်မီ ဒေါသထွက်နေတဲ့ လူအုပ်ကြီးဟာ သမ္မတ၊ ၀န်ကြီးချုပ်နဲ့ လွှတ်တော်အမတ်တွေပိုင်ဆိုင်တဲ့ အိမ်အများအပြားကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ မြို့တော်ကိုလံဘိုမှာတော့ ရာဂျာပက်ဆာကို ထောက်ခံသူတွေနဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများအကြား အကြမ်းဖက်အဓိကရုဏ်းတွေ ဖြစ်ပွားပြီးနောက် ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ခဲ့ရပါတယ်။ အဲဒီအကြမ်းဖက်မှုများကြောင့် အာဏာရပါတီမှ လွှတ်တော်အမတ်တစ်ဦးအပါအ၀င် လူငါးဦးသေဆုံးခဲ့ပြီး လူ ၁၉၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံမှာ ကုန်စျေးနှုန်းတွေကြီးမြင့်နေခြင်းနဲ့ လျှပ်စစ်ဓါတ်အားပြတ်တောက်မှု ဖြစ်ပွားနေခြင်းတို့အပေါ် ပြီးခဲ့တဲ့လကတည်းက ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ ဗြိတိန်ထံမှ…

Read More

စစ်ကိုင်းမြို့က သုခသစ္စာ အထွေထွေရောဂါကုဆေးရုံ ချိတ်ပိတ် သိမ်းဆည်းခံရ

မေ ၊ ၁၀-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့ ၊ နန္ဒဝန်ရပ်ကွက်မှာရှိတဲ့ ” သုခသစ္စာ ” အထွေထွေရောဂါကု ပုဂ္ဂလိကဆေးရုံကို မနေ့ မေ ၉ ရက် နေ့လယ်ပိုင်းမှာ ရဲနဲ့ စစ်သားတွေက နိုင်ငံတော်ပိုင်အဖြစ် လာရောက်ချိတ်ပိတ်သိမ်းဆည်းသွားတယ်လို့ စစ်ကိုင်းမြို့ခံတွေဆီက သိရပါတယ်။ ” မနေ့က နေ့လယ် ၁ နာရီဝန်းကျင်မှာ လာရောက် ချိတ်ပိတ်သွားတာဖြစ်တယ် ၊ သုခသစ္စာဆေးရုံအဆောက်အဦးနဲ့ မြေနေရာအပြင် ပိုးတန်းရပ်ကွက် ၊ နန်းတော်ရာရပ်က ကိုကျော်နောင်နောင်ဝင်းရဲ့အဆောက်အဦးနဲ့ မြေနေရာတွေကိုပါ ချိတ်ပိတ်သိမ်းဆည်းတာ ” လို့ စစ်ကိုင်းမြို့ခံ ကျန်းမာရေးဝန်ထမ်းအသိုင်းအဝိုင်းက ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း မေ ၇ ရက်က စစ်ကိုင်းမြို့ရှိ ဒေါက်တာ အေးသီခိုင် အပါအဝင် လူ ၅ ဦးထက်မနည်း ဖမ်းဆီးခံရပြီးနောက်ပိုင်း အကြမ်းဖက်အဖွဲ့တွေနဲ့ဆက်သွယ်တယ်ဆိုကာ…

Read More

ရန်ကုန်မြို့မှာ ယိုးဒယားကြက်အူချောင်းတွေစားမိလို့ လူ(၅၀)ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား

မေ ၁၀၊၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေပိုင်းမြို့နယ်၊ ရွာသာကြီးရပ်ကွက်၊ ဘူတာစုအပိုင်းက ကျူးကျော်တဲမှာ နေထိုင်တဲ့ လူငါးဆယ်ကျော်ဟာ မနေ့ မေလ ၉ရက် ညနေပိုင်းက ယိုးဒယားကြက်အူချောင်းတွေဝယ်စားမိလို့ အစာဆိပ်သင့်ပြီး ဆေးရုံနှစ်ခုမှာ တင်ထားရတယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။ ရွာသာကြီးဘူတာအနီးက ကျူးကျော်တဲမှာနေထိုင်တဲ့ မိသားစုဝင်(၅၀)ကျော်ဟာ မနေ့ညနေ ၅နာရီက ရပ်ကွက်အတွင်း ဈေးပေါပေါနဲ့လာရောက်ရောင်းချတဲ့ ယိုးဒယားကြက်သားလုံး၊ကြက်သားချောင်းတွေကို ဝယ်စားမိလို့ အစာဆိပ်ဖြစ်ကာ ဆေးရုံတင်ခဲ့ရတယ်လို့ မေတ္တာသင်္ဂဟနာရေးကူညီမှုအသင်းမှ ကိုမင်းဒင်က VOM ကို ပြောပါတယ်။ “စျေးပေါပေါနဲ့လာရောင်းတာ ဝယ်စားကြတယ်၊ ပြီးတော့ မူးတယ် အန်တယ် အသားတွေပြာလာတယ်၊ လူဦးရေငါးဆယ်လောက်ဆေးရုံတင်လိုက်ရတယ်”လို့ သူကရှင်းပြပါတယ်။ အစာအဆိပ်သင့်တဲ့လူဦးရေငါးဆယ်ကျော်ထဲက ကလေးတွေကို မနေ့ည ၈နာရီက ရန်ကင်းကလေးဆေးရုံကို ပို့ဆောင်ခဲ့ပြီး လူကြီးတွေကို စံပြဆေးရုံကြီးမှာ ပို့ဆောင်ထားရတယ်လို့ မေတ္တာသင်္ဂဟနာရေးကူညီမှုအသင်းမှ ကိုမင်းဒင်က VOM ကို ပြောပါတယ်။ လက်ရှိမှာတော့ အစာအဆိပ်သင့်တဲ့…

Read More

လမ်းဆုံ

ဆူးငှက် တကယ်တော့ ထိုနေရာသည် အမရပူရကောင်းစားစဉ်အခါက သာသနာ့အောင်မြေကြီးဖြစ်ခဲ့၏။ တောင်ဘက် တံခွန်တိုင်ရပ်တွင် အမရပူရခေတ်က ပရိယတ္တိ၊ ပဋိပတ္တိသာသနာ ရောင်ဝါနေလိုထွန်းခဲ့သော ပြည်တိုက်၊ ပုဂံတိုက်၊ မဟာဘုံကျော်တိုက် အစရှိသည်ဖြင့် သာသနာ့မြေဧက တစ်ရာကျော်ဝယ် ဘုရား၊စတီ၊ ပုထိုး။ ဘုန်းကြီးကျာင်းတိုက်ကြီးများဖြင့် ကြေးစည်သံ၊ ဆည်းလည်းသံများနှင့်အတူ တရားစည်ကြီး ဟည်းဟည်းကျော် ညံခဲ့သောနေရာဖြစ်ခဲ့ပါသည်။ တကယ့် သာသနာ့အောင်မြေပင်တည်း။ မြို့ဟောင်းဘူတာမှ မီးရထားလမ်းအတိုင်း တောင်ဘက်သို့အနည်းငယ်သွား၍ အရှေ့ဖက်သို့ ရှုမျှော်ကြည့်လိုက်လျှင် အုတ်တံတိုင်းမုခ်ပျက်အချို့သာ ကျန်တော့သော ကျောင်းတိုက်ဟောင်းကြီး(၂)တိုက်ကို တောင်မြောက်ယှဉ်လျှက် တွေ့ရပေမည်။ ထိုကျောင်းတိုက်ကြီးနှစ်တိုက်ကား အရပ်အခေါ်အားဖြင့် “တောင်မှန်ကျောင်း”၊ “မြောက်မှန်ကျောင်း”ဖြစ်သော်ငြား မူလအမည်က မဟာအဘယာရာမတိုက်နှင့် မဟာဝိဇိတာရာမတိုက် တို့ဖြစ်ကြောင်း သိသူနည်းလှပါသည်။ မဟာအဘယာရာမတိုက်တွင် ‘မဟာတုလွတ်ဘုံကျော်ကျောင်း’ကြီးရှိခဲ့ဖူးပြီး၊ မဟာဝိဇိတာရာမ တိုက်တွင် ‘မဟာအောင်မြေဗိမာန်’ ကျောင်းရှိခဲ့ဖူးပါသည်။ မဟာအဘယာရာမတိုက်မှာ မင်းတုန်းမင်းကြီး၏ ခမည်းတော်ဖြစ်သော ရွှေဘိုမင်း၏ မိဖုရားကြီးကောင်းမှုဖြစ်သည်။ ‘မဟာဝိဇိတာရာမတိုက်’သည်ကား နောင်အခါ မင်းတုန်းမင်းကြီး၏…

Read More

တနင်္သာရီက ထုံခါအကျဉ်းစခန်းမှာ တိုက်ပွဲဖြစ်လို့ နှစ်ဖက်အကျဆုံးရှိ

မေ ၈-၂၀၂၂ VOM (GG) တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စုရှိ ဆင်ဖြူရှင် ၄ ထုံခါအကျဉ်းစခန်းမှာ ဒီကနေ့ မေလ ၈ ရက်နေ့ မနက်အစောပိုင်းက နှစ်ဖက်ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီပစ်ခတ်မှုမှာ အကျဉ်းစခန်းဘက်က ၃ ယောက်သေဆုံးခဲ့သလို ဒဏ်ရာရသူတွေရှိခဲ့ပြီး PDF ဘက်ကလည်း တစ်ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ” မနက် ၅ နာရီလောက်မှာ နှစ်ဖက်ပစ်ခတ်ကြတာ။ PDF ဘက်က အရင်ဝင်စီးပြီးပစ်တာ။ နှစ်ဖက်အထိခိုက်ရှိတယ်လို့ကြားတယ်” လို့ ဒေသခံတဦးက ပြောပါတယ် ။ ထုံခါအကျဉ်းစခန်းကို မြိတ်ခရိုင် PDFတစ်ခုက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန်က မိနစ် ၂၀ လောက်ရှိခဲ့တယ်လို့သိရပါတယ်။ တနင်္သာရီ PDF အဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲ့ မြိတ်ခရိုင် တပ်ရင်း(၂)ရဲ့ တပ်ခွဲတစ်ခုက ဝင်ရောက်စီးနင်းခဲ့တာဖြစ်ကြောင်း၊ ဝင်ရောက်စီးနင်းခဲ့စဉ် မိနစ်(၂၀)ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကျဉ်းစခန်းဘက်က ၃ဦး…

Read More

ဘားအံအကျဉ်းထောင်က နိုင်/ကျဉ်း ၆၀ကျော် ထောင်ပြောင်းရွှေ့ခံရလို့ ထောင်ဆူမှုဖြစ်ပွားခဲ့

မေ ၈-၂၀၂၂ GG + KK (VOM) ကရင်ပြည်နယ် ၊ ဘားအံအကျည်းထောင်က နိုင်ငံရေးအကျဉ်းသား ၆၀ ကျော်ကို ဒ်ီနေ့ မေလ ၈ ရက်နေ့ မနက်ပိုင်းမှာ တာဝန်ရှိသူတွေက ထောင်ပြောင်းရွှေ့မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အကျဉ်းသားတွေဟာ ထောင်ပြောင်းရွှေခံရမှုကို ဆန္ဒပြတဲ့အနေနဲ့ လမ်းတလျှောက်လုံး ကားပေါ်ကနေ သွေးသစ္စာသီချင်းဆိုကာ ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” မနက် ၆ နာရီကျော်လောက်ဖြစ်မယ်၊မနက်ကဆိုင်ရှေ့ကနေ ကားနဲ့ဖြစ်သွားတာတွေ့လိုက်တယ်၊ ဘားအံထောင်ထဲကလည်း အိုးခွက်တီးပြီး ဒို့အရေး ဒို့အရေးဆိုပြီး ဆန္ဒထပ်ပြနေတယ်လို့ သိရတယ် ” လို့ ဘားအံဒေသခံတဦးကပြောပါတယ်။ ဘားအံအကျဥ်းထောင်ဖြစ်စဉ်ဟာ မှန်ကန်ပြီး လက်တလောအခြေအနေမှာ ငြိမ်သက်သွားပြီဖြစ်တယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးစောခင်အောင်မြင့်က VOM ကိုပြောပါတယ်။ “မှန်ပါတယ် မနက် ၈ နာရီလောက်ကဖြစ်တာပါ၊ ဆန္ဒပြတာရယ်လိုတော့မဟုတ်ဘူး၊ သူတို့တွေ ပန်းကန်ပြားတွေခေါက်ပြီး သီချင်းတွေဆိုကြတာ၊ အခုတော့အားလုံးအဆင်ပြေသွားပြီ”လို့…

Read More

ရေငုပ်သင်္ဘောက ပစ်ခတ်နိုင်တဲ့ ဒုံးကျည် မြောက်ကိုရီးယား ပစ်ခတ်၊ နျူကလီးယားစမ်းသပ်ဖို့ ပြင်ဆင်နေ

တိုကျို၊ မေ ၈ – ၂၀၂၂ မျိုးဆက် (VOM) မြောက်ကိုရီးယားဟာ ကိုးရီးယားကျွန်းဆွယ်အရှေ့ဘက်ကမ်းလွန်ပင်လယ်ထဲသို့ ရေငုပ်သင်္ဘောကနေပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနဲ့ဂျပန်တို့က ပြောပါတယ်။ မြောက်ကိုရီးယားနဲ့ ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးထားရှိမယ်လို့ ကတိပြုထားတဲ့ တောင်ကိုရီးယားသမ္မတသစ် Yoon Suk-yeol ရာထူးမတက်ခင် ရက်ပိုင်းအလိုမှာ အခုလို ပစ်လွှတ်စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုစမ်းသပ် ပစ်လွှတ်မှုဟာ နိုင်ငံတကာအသိုက်အဝန်းအတွက် လက်ခံနိုင်ဖွယ်မရှိတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ဂျပန်အနေနဲ့ ကာကွယ်ရေး စွမ်းရည်ကို ဆက်လက် ခိုင်မာအောင် လုပ်ဆောင်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီး Nobuo Kishi က သတင်းထောက်တွေကို ပြောပါတယ်။ မြောက်ကိုရီးယားဟာ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ဖို့ ပြင်ဆင်နေနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက သောကြာနေ့မှာ သတိပေးပြောကြားထားပါတယ်။ Ref: BBC Photo: Reuters #voiceofmyanmar…

Read More

မြန်မာ့အရေး ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်ဖို့ အာဆီယံအဖွဲ့ အလွတ်သဘော ဆွေးနွေးမယ်

ကွာလာလမ်ပူ၊ မေ ၈-၂၀၂၂ မျိုးဆက်(VOM) မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုဖြေရှင်းဖို့ ရည်ရွယ်ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်ငါးချက်ကို အပြည့်အဝအကောင်အထည်ဖော်ရေးနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေဟာ မေ ၁၁ ရက်မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးသွားမယ်လို့ မလေးရှာနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အဲဒီဘုံသဘောတူညီချက်တွေကို မြန်မာအာဏာပိုင်တွေက အကောင်အထည်ဖော်မှုအားနည်းတာကြောင့် အခုလို အလွတ်သဘောတွေ့ဆုံဆွေးနွေးဖို့ စီစဥ်ရတာဖြစ်ကြောင်း Datuk Seri Saifuddin က ပြောပါတယ်။ ဥပမာအားဖြင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဒေါက်တာ Noeleen Heyzer ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ခန့်အပ်ခဲ့ပေမယ့် မြန်မာအာဏာပိုင်တွေက အသိအမှတ်မပြုရသေးကြောင်း သူက ထောက်ပြပြောဆိုပါတယ်။ ဒီလိုအခြေအနေမှာ ဘုံသဘောတူညီချက်တွေကိုအကောင်အထည်ဖော်ဖို့ အဟန့်အတားဖြစ်လာမှာကို မိမိတို့စိုးရိမ်မိကြောင်း မေ၇ ရက်မှာပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်း တခုမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးနဲ့ တည်ငြိမ်မှုပြန်လည်ရရှိရေး…

Read More

ပျိုစိုးရိမ်တဲ့ အညာမိုး

ဆူးငှက် ဇေဋ္ဌစန်းမြိုင် ကြိုင်ထုံမွှေးသည် မုလေးလေဝှေ့ ချပ်ရိုးငုံညှာတံ မေထုန်နယ်ခေတ် ခါဝဿန်မှာ စာမေးစာပြန်ဝါတော်လှမ်းမို့ ရွှေသန်းရံခသီဟာဘုံပြင် လူမှူးရာနန်းရှင် . . . နတ်နှုန်းတမွတ်ညာထွတ်တင်ငယ် သုဓမ္မာခွင်လှူပွဲခံရှင့်လေး။ ။ လေကငြိမ်သည်။ တစ်ခါတစ်ခါမှသာ သွဲ့သွဲ့လေးသွေးသည်။ နဖူးဆံစလေးတစ်စက ကလျလေးသာ လှုပ်သည်။လေကအငြိမ် နေကအပူမို့ ကြွက်ကြွက်သာဆူ ပူပါဘိ၏။ တွင်းရေတွေခမ်း၊ ကန်ရေတွေခာက်ကုန်ကြပြီ။ သစ်ရွက်တို့ အစိမ်းဆုတ်၏။ ရှားစောင်း၊ ဆူးခြုံ၊ ကိုင်းပင်၊ မိုးနှံတို့ ပြိုင်းပြိုင်းထ လာကြသည်။ ပေတစ်ရာလမ်းမှာ ကားတစ်စီးတလေ အပြေးအလွှား ဖြတ်သွားလေတိုင်း ကတ္တရာစေးသံ တဗြန်းဗြန်းမည်၏။ ကိစ္စမရှိ။ ဤအပူမျိုး ၄ရက်၊ ၅ရက်၊ တစ်ပတ်မျှ ကြိတ်မှိတ်၊ ခါးစည်းခံပြီးသော် မြစ်ပြင်တွင် လှိုင်းကြက်ခွပ်ကလေးတွေ ခေါင်းထောင်ထလာကြသည်။ တောင်ဆီက မိုးမည်းမည်းတို့ ညို့တက်လာ၏။ မိုးရနံ့လေးတွေ ရှေ့ပြေးယူဆောင်လာသော လေကလေးက သုန်လာသည်။ ယပ်တဖျပ်ဖျပ်ခပ်ရင်း မိုးဆီမျှော်မိ၏။…

Read More

ဂျပန်ပင်လယ်ထဲမှာ ရေငုပ်သင်္ဘောဖျက်ဒုံးကျည်သစ် စမ်းသပ်အောင်မြင်ခဲ့ကြောင်း ရုရှားထုတ်ပြန်

မော်စကို၊ မေ ၇-၂၀၂၂ မျိးဆက်(VOM) ရုရှားနိုင်ငံဟာ ဂျပန်ပင်လယ်အတွင်း ရေငုပ်သင်္ဘောဖျက် ဒုံးကျည်စနစ်သစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနဟာ ရုရှားပစိဖိတ်ရေယာဉ်စုကနေ ပစ်လွှတ်မှုကို ပြသတဲ့ ဗီဒီယိုကို ထုတ်ပြန်ခဲ့ပါတယ်။ Otvet ရေငုပ်သင်္ဘောဖျက်ဒုံးစနစ်ရဲ့ နောက်ဆုံးဗားရှင်းဟာ ရေအောက်စမ်းသပ်ပစ်မှတ်ကို ထိမှန်တယ်လို့ ဆိုပါတယ်။ Otvet စနစ်မှာ ပစ်ခတ်နိုင်တဲ့ အကွာအဝေး ကီလိုမီတာ ၅၀အထိ ရှိပြီး အ မြန်နှုန်းအသံထက်နှစ်ဆခွဲပျံသန်းနိုင်ကာ ရေအောက်အနက် မီတာ ၈၀၀ အထိ ပစ်ခတ်နိုင်ပါတယ်။ အဲဒီဒုံးကျည်စနစ်ကို ဖရီးဂိတ်သဘော်တွေအပြင် အခြားစစ်သင်္ဘောအမျိုးအစားတွေမှာလည်း တပ်ဆင်ပစ်ခတ်နိုင်တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အခုလိုစမ်းသပ်ပစ်လွှတ်မှုဟာ ယူကရိန်းကို ရုရှားရဲ့ကျူးကျော်မှုနှင့်အတူ ကျယ်ပြန့်လာတဲ့ တင်းမာမှုတွေ ဖြစ်ပေါ်နေတဲ့ ဂျပန်နဲ့ အမေရိကန်တို့လို နိုင်ငံတွေအတွက် သတိပေးချက်အဖြစ် ရုရှာက ရည်ရွယ်ထားကြောင်း လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။…

Read More
✕
VOM News

FREE
VIEW