မေ ၉-၂၀၂၂ VOM (GG) တရားစွဲဆိုခံထားရလို့ တိမ်းရှောင်နေရတဲ့ ပဲခူးတိုင်း အနောက်ပိုင်း၊ အုတ်ဖိုမြို့နယ်က NLD ကိုယ်စားပြုတိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ဟာ မနေ့ မေလ ၈ရက်နေ့မှာ ရောဂါနဲ့ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ ဦးမောင်မြင့်ဟာ သူတိမ်းရှောင်နေတဲ့ နေရာမှာပဲ ရောဂါနဲ့သေဆုံးသွားတာဖြစ်ပြီး အဓိကကတော့ ကုသဖို့ဆေးဝါးအလုံအလောက်မရှိတာကြောင့် သေဆုံးတာဖြစ် တယ်လို့ သိရပါတယ်။ ” သူက အမှုဖွင့်တရားစွဲခံထားရတော့ ရှောင်နေတာကြာပြီ၊ သေတာတော့ မနေ့က ညနေကလို့ကြားတယ်။ အခုသူ ရောက်နေတဲ့နေရာက ရောဂါကုဖို့ဆေးမလုံလောက်ပေမယ့် ဆေးရုံကို သွားပြီးကုသဖို့ကြလည်း ဝရမ်းထုတ်ခံထားရတော့ အဆင်မပြေတော့ နောက်ဆုံးအသက်ပေးလိုက်ရတာလို့တော့ သိရတယ်။ ” လို့ အုတ်ဖိုမြို့နယ်ပရဟိလုပ်ကိုင်နေသူတဦးကပြောပါတယ်။ ဦးအောင်မြင့်ဟာ ကျောင်းဆရာအဖြစ်ကနေ နူတ်ထွက်ပြီး ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ NLD ပါတီကိုယ်စားပြုအမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပါတယ်။ လက်ရှိမှာ ဦးမောင်မြင့်ကို ပုဒ်မ…
Read MoreMonth: May 2022
ယူကရိန်းရှိ စာသင်ကျောင်းကို ရုရှားဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၆၀ နီးပါးသေဆုံး
ကိယက်ဗ်၊ မေ-၉-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းအရှေ့ပိုင်းရှိ စာသင်ကျောင်းကို ရုရှားက ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၆၀ ၀န်းကျင်သေဆုံးသွားကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ ဘီလိုဟိုရစ်ကာရှိ စာသင်ကျောင်းတွင် လူ ၉၀ ဦးခိုလှုံနေကြပြီး ၃၀ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း လူဟန့်ခ်ဒေသ အုပ်ချုပ်ရေးမှူး Serhiy Haidai ကအစောပိုင်းမှာ ပြောပါတယ်။ အဲဒီစာသင်ကျောင်းကို ရုရှားစစ်လေယာဉ်တစင်းက မေ ၇ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပေမယ့် ဒီကိစ္စအပေါ် ရုရှားဘက်က မှတ်ချက်ပြုပြောဆိုတာမရှိသေးပါဘူး။ ရုရှားတပ်ဖွဲ့တွေနဲ့ ခွဲထွက်ရေးသမားတွေဟာ ယူကရိန်းအစိုးရတပ်တွေကို ဝိုင်းရံဖို့ကြိုးပမ်းနေချိန်မှာ လူဟန့်ခ်ဒေသမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ အဲဒီဒေသရဲ့ နေရာအများစုဟာ လွန်ခဲ့တဲ့ ရှစ်နှစ်ကတည်းက ရုရှားကျောထောက်နောက်ခံပြုတဲ့ ခွဲထွက်ရေးသမားတွေက ထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။ ဘီလိုဟိုရစ်ကာ ဟာ စနေ့နေ့က တိုက်ပွဲတွေအကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ အစိုးရထိန်းချုပ်ထားတဲ့ ဆီဗာရိုဒွန်နက်စ်ခ်မြို့ အနီးမှာတည်ရှိပါတယ်။ Ref:…
Read Moreလယ်ယာသုံးပစ္စည်းတွေ မရှိတော့တာကြောင့် မိုးကြိုသီးနှံ စိုက်ပျိုးဖို့ မီးဘေးသင့် တောင်သူတွေ အခက်ကြုံနေ
မေ ၊ ၉-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်းက ကျေးရွာပေါင်း ၅၀ ကျော်ဟာ ရွာလုံးကျွတ်နီးပါး မီးလောင်ခဲ့တာကြောင့် လယ်ယာလုပ်ငန်းခွင်သုံးပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့ရပြီး အခုနှစ် မိုးကြိုကာလမှာ ကောက်ပဲသီးနှံတွေ စိုက်ပျိုးနိုင်ဖို့ အခက်တွေ့နေရတယ်လို့ မီးဘေးသင့်တောင်သူတွေဆီက သိရပါတယ်။ ” ရွာက မီးရှို့ခံရတာပါ ၊ ဘယ်သူတွေရှို့တယ်ဆိုတာ မပြောရဲပါဘူး ၊ ကြောက်နေရပါတယ်၊ တရွာလုံး မီးလောင်ပြီး လယ်ယာလုပ်ငန်းသုံး နွားတွေ ၊ ထွန်စက်တွေ ၊ ရိတ်သိမ်း ချွေလေ့စက်တွေ မီးလောင်ကုန်တယ် ၊ မျိုးစေ့ကမှအစ ဘာမှ မရလိုက်ဘူး ၊ အဲ့ဒါကြောင့် အခုနှစ် မိုးကြိုသီးနှံ စိုက်ပျိုးဖို့ အခက်အခဲဖြစ်နေရတာပါ ” လို့ မင်းကင်းမြို့နယ် ၊ ဇင်းကလင်းရွာခံ တောင်သူတယောက်က ပြောပါတယ်။ အဲ့ဒီလို လယ်ယာလုပ်ငန်းသုံးပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့တဲ့အတွက် အခုနှစ် မိုးကြိုသီးနှံ…
Read Moreကျောက်တော် မဟာမုနိစစ်ရှောင်စခန်းမှာ မီးလောင်မှုဖြစ်ခဲ့ပြီး အိမ်ခြေ ၂၆၀ ကျော် မီးထဲပါသွား
မေ ၉-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က မဟာမုနိစစ်ဘေးရှောင်စခန်းမှာ ဒီကနေ့မနက်အစော ၁ နာရီလောက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၂၆၀ ကျော် မီးထဲပါသွားတယ်လို့ စခန်းတာဝန်ခံဆီက သိရပါတယ်။ ” မီးလောင်တာကတော့ ဟုတ်ပါတယ်။ နေအိမ်တွေအကုန်ပြာကျသွားတယ်။ မီးကိုမတားဆီးနိုင်လိုက်ဘူး။ မီးသတ်ကားတွေကလည်း အချိန်မီရောက်မလာဘူး။ ဒီအတိုင်းရွာသားတွေနဲ့ ဝိုင်းငြိမ်းသတ်ကြရတာ မနိုင်လိုက်ဘူး” လို့ စစ်ရှောင်စခန်းတာဝန်ခံတဦးက ပြောပါတယ်။ ကျောက်တော်မြို့ပေါ်က မီးသတ်ကားတွေဟာ မီးစတင်လောင်ကျွမ်းပြီး ၂ နာရီကျော်လောက်မှာမှ ရောက်ရှိလာတာဖြစ်တယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျောက်တော်မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူးကိုဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။ မီးလောင်ကျွမ်းမှုကြောင့် မီးဘေးဒုက္ခသည် ရာနဲ့ချီရှိနေပြီး မိုးရွာနေတဲ့အတွက် စားနပ်ရိက္ခာနဲ့ အမိုးအကာစတဲ့ အကူအညီတွေလိုအပ်နေကြောင်း စစ်ဘေးရှောင်တယောက်က ပြောပါတယ်။ “အခုက မိုးရွာနေတယ်ဆိုတော့ စစ်ဘေရှောင်တွေအတွက် စားရေး သောက်ရေး နေရေးထိုင်ရေး အခက်အခဲရှိတယ်။ စားနပ်ရိက္ခာအကူအညီတွေပေးဖို့ တာဝန်ရှိသူတွေကို…
Read Moreပို့ကုန်ရငွေ ဝင်ရောက်ဖို့ကျန်တဲ့ ကုမ္ပဏီ ၁၅၈ ခုကို ထပ်မံအရေးယူ၊ ဒါရိုက်တာအဖွဲ့ဝင်တွေကို အမည်မည်းစာရင်းထည့်သွင်း
မေ ၁၀-၂၀၂၂ VOM (GG) ပြည်ပကို ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ဖို့ကျန်တဲ့ ကုမ္ပဏီ ၁၅၈ ခုကို ထပ်မံအရေးယူလိုက်ပြီး ဒါရိုက်တာအဖွဲ့ဝင်တွေကိုပါ အမည်မည်းစာရင်းထည့်သွင်းလိုက်တယ်လို့ ဗဟိုဘဏ်ကအသိပေးလိုက်ပါတယ်။ အခုဆိုရင် အရေးယူထားတဲ့ ကုမ္ပဏီပေါင်း ၆၈၁ ခုရှိနေပြီး ဒါရိုက်တာအဖွဲ့ဝင် အမည်မည်းသွင်းတာကိုတော့ အခုမှ စတင်လုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။ ” ဒါရိုက်တာတွေကိုပါ အမည်မည်းစာရင်း စပြီးသွင်းလာတယ် ပြီးခဲ့တဲ့လတုန်းကတော့၊ မှတ်ပုံတင်သိမ်းတာ ပဲရှိတာပေါ့၊ အရင်က ကိုဗစ်ပေါ့၊ အခုကနိုင်ငံရေးအခြေအနေဆိုတော့ လုပ်ငန်းရှင်တွေကလည်း လုပ်ငန်း တွေကအဆင်မပြေတော့ သူတို့ပြောသလို ဘဏ်စာရင်းထဲငွေတွေထည့်ဖို့က တော်တော်အဆင်မပြေတဲ့အခြေအနေကိုရင်ဆိုင်နေကြရတယ် ၊ ပြီးခဲ့တဲ့ ရက်ကလည်း တခုထုတ်တာတွေ့တယ်၊ အာရှကို ပို့ကုန်ပို့ရင် ၄၅ ရက်အတွင်း ပို့ကုန်ရငွေ ပြန်ရရမယ်တဲ့ “လို့ ပို့ကုန်လုပ်ငန်းရှင်တဦးကပြောပါတယ်။ ထပ်ပြီးအရေးယူလိုက်တဲ့ ကုမ္ပဏီ ၁၅၈ ခုကတော့၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈…
Read Moreပခုက္ကူ – မြိုင် ကားလမ်းပေါ်က မြတ်နိုးသူ တိုးလ်ဂိတ် မီးရှို့ခံရပြီး ပစ္စည်းတွေလုယူခံရ
မေ ၊ ၁၀-၂၀၂၂ SP (VOM) မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ ပခုက္ကူ – မြိုင်ကားလမ်းပေါ်က မြတ်နိုးသူ ဆောက်လုပ်ရေး ကုမ္မဏီပိုင် တိုးလ်ဂိတ်ဟာ မနေ့ မေ ၉ ရက် ည ၉ နာရီဝန်းကျင်က ပစ္စည်းတွေလုယူခံရပြီး မီးရှို့ဖျက်စီးခံသွားရတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။ ” တိုးလ်ဂိတ်မှာရှိတဲ့ ကုန်တင်ကား ၂ စီး ၊ နောက်ပြီး ကောင်တာငွေ ပိုက်ဆံတွေ ပါသွားတယ် ၊ ဓားပြတွေက တိုးလ်ဂိတ်ကို မီးရှို့ဖျက်စီးခဲ့တာကြောင့် ကောင်တာငွေ ဘယ်လောက်ပါသွားတယ်ဆိုတာ အခုထိ စီစစ်နေဆဲဖြစ်တယ် ” လို့ မြတ်နိုးသူကုမ္မဏီနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ဒါ့အပြင် လက်နက်တွေကိုင်ဆောင်ထားတဲ့ လူတွေဟာ ဆိုင်ကယ်တွေ ကားတွေနဲ့ တိုးလ်ဂိတ်ကို ရောက်လာပြီး ဓားပြတိုက် ၊…
Read Moreယူကရိန်း အိုဒီဆာဆိပ်ကမ်းကို ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေ
ကိယက်ဗ်၊ မေ-၁၀-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံ အိုဒီဆာဆိပ်ကမ်းကို ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး စျေး၀ယ်စင်တာတခုနဲ့ သိုလှောင်ရုံတခုကို ထိမှန်မှုကြောင့် လူတဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းစစ်ဘက်က ပြောပါတယ်။ ယူကရိန်းနိုင်ငံထဲက ပင်လယ်နက်ဆိပ်ကမ်းတွေကို ရုရှားကပိတ်ဆို့ထားတာကြောင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာထောက်ပံ့မှုကို ခြိမ်းခြောက်နေတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက သတိပေးပြောဆိုပါတယ်။ ယူကရိန်းပြည်သူတွေအတွက် လိုအပ်တဲ့ အထောက်အပံ့တွေဟာ ဆိုးရွားစွာပိတ်မိနေကြောင်း အိုဒီဆာဆိပ်ကမ်းကို သွားရောက်စဉ် ဒုံးကျည်ပစ်ခတ်မှုတွေနဲ့ ကြုံခဲ့ရတဲ့ ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel ကပြောပါတယ်။ တချိန်တည်းမှာ တင့်ကားတွေကျောထောက်နောက်ခံပြုထားတဲ့ ရုရှားတပ်ဖွဲ့တွေဟာ မာရီယူပိုလ်မြို့မှာရှိတဲ့ အဇော့စတယ် စက်ရုံကို အကြီးအကျယ် တိုက်ခိုက်နေတယ်လို့ ယူကရိန်းကာကွယ်ရေး၀န်ကြီးဌာနက ပြောပါတယ်။ အဲဒီစက်ရုံမှာ ဒဏ်ရာရထားတဲ့ ယူကရိန်းစစ်သား ၇၀၀ ပိတ်မိနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကတော့ ယူကရိန်းကို လက်နက်တွေပိုမိုပေးအပ်ဖို့ အစီအမံတွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။ Ref:…
Read Moreကိုဗစ်ကြောင့်ပိတ်ထားရတဲ့ ထိုင်း-မြန်မာနယ်စပ်ဂိတ်ကနေ မြန်မာMOUလုပ်သား ၂၀၀ကျော် စတင်ဝင်ခွင့်ရ
မေ ၁၀-၂၀၂၂ KK(VOM) ကိုဗစ်-၁၉ ရောဂါကြောင့် ၂နှစ်ကျော်ကြာပိတ်ထားရတဲ့ ထိုင်း-မြန်မာနယ်စပ်ဂိတ်တစ်ခုဖြစ်တဲ့ မဲဆောက်-မြဝတီ အမှတ်( ၂ )တံတားကို ဒီနေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာMOU လုပ်သား ၂၈၈ ယောက်ကို စတင်ဝင်ရောက်ခွင့်ပြုခဲ့တယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေဆီက သိရပါတယ်။ ဒီလိုဝင်ရောက်ခွင့်ပေးတဲ့နေရာမှာ လုပ်သားတွေအနေနဲ့ ကိုဗစ်စစ်ဆေးမှုပြုလုပ်ပြီးပါက ကွာရန်တင်းဝင်ဖို့မလိုဘဲ အလုပ်လုပ်ရမယ့်နေရာကို တိုက်ရိုက်သွားရောက်နိုင်တယ်လို့ ထိုင်းအလုပ်သမားအရေးဆောင်ရွက်သူတဦးက ပြောပါတယ်။ “ချစ်ကြည်ရေးတံတားမှာ တာ့ချ်ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ မြန်မာအလုပ်သမားသံအရာရှိတို့ လာကြိုကြတယ်၊ ကိုဗစ်စစ်ထားတဲ့လက်မှတ်ပါရင် လုပ်ငန်းခွင်ကို တန်းသွားယုံပဲ”လို့ သူကပြောပါတယ်။ MOU လုပ်သားတွေအနေနဲ့ ထိုင်းနယ်စပ်ဂိတ်ရောက်ရှိလာပါက ပထမဆုံးအနေနဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့(တော်မော်)က ပထမဦးဆုံးစစ်ဆေးမှုပြုလုပ်မှာဖြစ်ပြီး အလုပ်လုပ်ကိုင်လက်မှတ် (work permit) ထုတ်ပေးဖို့တွက် ထိုင်းအလုပ်အကိုင်ရှာဖွေရေးဌာနမှတာဝန်ရှိသူတွေဆီမှာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ရမှာဖြစ်တယ်လို့ ထိုင်းအထည်ချုပ်စက်ရုံမှာ လုပ်နေတဲ့ ကိုရှိုင်းက VOMကို ပြောပါတယ်။ “ပထမ မဲဆောက်ဆေးရုံမှာ ATK စက်နဲ့ ကိုဗစ်စစ်ဆေးမယ်၊ ပြီးရင် နာမည်စာရင်းသွင်းမယ်၊…
Read Moreမြေပဲနဲ့နှမ်းကို ပြည်တွင်း စားသုံးဆီ ဖူလုံဖို့ဆိုပြီး ပြည်ပတင်ပို့ခွင့်ယာယီဆိုင်းငံ့
မေ ၁၀-၂၀၂၂ VOM (GG) မြေပဲနဲ့နှမ်းကို နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကနေ ပြည်ပတင်ပို့ခွင်ကို မေလ ၉ ရက်နေ့ကစပြီး ယာယီဆိုင်းငံ့လိုက်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။ အဓိက ပြည်တွင်းမှာ စားသုံးဆီ လုံလောက်မှုရှိစေဖို့အတွက် ရည်ရွယ်ပြီး မြေပဲနဲ့နှမ်းကို ပြည်ပတင်ပို့ခွင့်ယာယီပိတ်ဖို့စီစဉ်ခဲ့တာဖြစ်တယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ် ။ ” နှမ်းတို့မြေပဲတို့ဆိုတာ ကြိတ်ရင် ဆီထွက်တယ်လေ၊ အင်ဒိုနီးရှားကလည်း ဆီပိတ်တယ်ဆိုတာကြားမှာပေါ့။အဲ့တော့ ဆီပြတ်လတ်မှာစိုးလို့ပြည်တွင်းစားသုံးဆီဖူလုံမှုရှိအောင် ပြည်တွင်းကထွက်တဲ့ မြေပဲတို့နှမ်းတို့က ဆီကြိတ်လို့ရတော့ ဒါတွေကိုပြည်ပကို မပို့မှပြည်တွင်းစားသုံးမှုဖူလုံမှာလေ၊ ” လို့ သူကပြောပါတယ်။ မြေပဲ နဲ့နှမ်းကို ပြည်ပတင်သွင်းခွင့် ယာယီပိတ်လိုက်တာကြောင့် တောင်သူတွေ ဆုံးရှုံးမှုမရှိနိုင်ကြောင်း၊ မြေပဲနဲ့နှမ်း ပြည်ပတင်ပို့ရင် ရလာတဲ့အကျိုးအမြတ်နဲ့ ဆီကြိတ်ရင် ရရှိတဲ့အကျိုးအမြတ် ယှဉ်ပါက ပြည်တွင်းမှာပဲ ဆီကြိတ်ရင်ရတဲ့အကျိုးအမြတ်က ပိုတွက်ချေကိုက်တယ်လို့လည်း ပြောပါတယ်။ လက်ရှိမှာတော့ မြေပဲနဲ့နှမ်းကို နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ တင်ပို့မှုဆိုင်းငံ့လိုက်တာကြောင့် အရောင်းအဝယ်ရပ်နေတယ်လို့…
Read Moreမြန်မာစစ်ဘက်နဲ့ဆက်နွယ်နေတဲ့ နောက်ထပ် ကုမ္ပဏီ ၅၆ ခုကို အမည်ပျက်စာရင်းသွင်း
လန်ဒန်၊ မေ-၁၀-၂၀၂၂ မျိုးဆက်(VOM) မြန်မာစစ်ဘက်နဲ့ ဆက်နွယ်နေတဲ့ နောက်ထပ် ကုမ္ပဏီ ၅၆ ခုကို Burma Campaign UK အဖွဲ့က အမည်ပျက်စာရင်း သွင်းလိုက်ပြီး အမည်ပျက်စာရင်းသွင်းခံရတဲ့ ကုမ္ပဏီပေါင်း ၁၇၂ ခုထိ ရှိလာပြီဖြစ်ပါတယ်။ အဲဒီကုမ္ပဏီတွေဟာ မြန်မာစစ်ဘက်နဲ့ ဆက်နွယ်နေတဲ့ အထောက်အထားတွေ၊ လက်နက်သို့မဟုတ် အခြားစစ်ပစ္စည်းကိရိယာတွေ ထောက်ပံ့နေတဲ့အတွက် အခုလိုအမည်ပျက်စာရင်းထဲ ထည့်သွင်းခဲ့တာလို့ Burma Campaign UK ကဆိုပါတယ်။ မြန်မာစစ်ဘက်အတွက် ရန်ပုံငွေ သို့မဟုတ် လက်နက်တပ်ဆင်ဖို့ ကူညီနေတဲ့ နိုင်ငံတကာကုမ္ပဏီတွေကို ဆက်လက်ဖော်ထုတ်နေပြီး လူမျိုးတုန်းသတ်ဖြတ်မှု၊ အာဏာသိမ်းမှုနဲ့ ကလေးငယ်တွေကို မုဒိန်းမှုကျူးလွန်မှုတွေ ပြုနေတဲ့အဖွဲ့အစည်းနဲ့ စီးပွားရေး ကူးလူးဆက်ဆံနေတာဟာ လက်ခံနိုင်စရာမရှိဘူးလို့ Burma Campaign UK အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ လက်ရှိ နာမည်ပျက်စာရင်းသွင်းလိုက်တဲ့ ကုမ္ပဏီတွေထဲမှာ မြန်မာစစ်ဘက်ကို စစ်လက်နက်ပစ္စည်း ကိရိယာတွေ ထောက်ပံ့ဖို့…
Read More