ဝါရှင်တန်၊ မေ-၁၁-၂၀၂၂ မျိုးဆက်(VOM) ရုရှားရဲ့တိုက်ခိုက်မှုကို တွန်းလှန်နေရတဲ့ ယူကရိန်းအတွက် ဒေါ်လာ ၄၀ ဘီလီယံတန်ဖိုးရှိ အကူအညီပေးရေး အစီအစဉ်သစ်ကို အမေရိကန်အောက်လွှတ်တော်က မေ ၁၀ ရက်မှာ အတည်ပြုလိုက်ပါတယ်။ အဲဒီအစီအစဉ်နဲ့ပတ်သက်ပြီး အောက်လွှတ်တော်မှာ မဲခွဲရာမှာ ထောက်ခံမဲ ၃၆၈ မဲ၊ ကန့်ကွက်မဲ ၅၇ မဲနဲ့ အတည်ပြုခဲ့တာဖြစ်ပြီး ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကန်နေတွေပါ ထောက်ခံခဲ့ကြတာဖြစ်ပါတယ်။ အတည်ပြုလိုက်တဲ့ အကူအညီပေးရေးအစီအစဉ်ဟာ သမ္မတဂျိုးဘိုင်ဒင် မူလကတောင်းဆိုထားတဲ့့ ဒေါ်လာ ၃၃ ဘီလီယံထက် ခုနှစ်ဘီလီယံကျော် ပိုမိုများပြားနေပြီး အထက်လွှတ်တော်ကလည်း မကြာခင် အတည်ပြုဖို့ရှိနေပါတယ်။ အကူအညီပေးရေးအစီအစဉ်သစ်အရ ယူကရိန်းတပ်ဖွဲ့၀င်တွေအတွက် လက်နက်တွေပိုမိုပေးအပ်နိုင်မှာဖြစ်သလို ယူကရိန်းအစိုးရကို စီးပွားရေးအကူအညီတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့မှုတွေ ပိုမိုပေးအပ်နိုင်မှာဖြစ်ပါတယ်။ မတ်လအစောပိုင်းကလည်း ယူကရိန်းအတွက် အရေးပေါ်အကူအညီ ဒေါ်လာ ၁၃ ဒသမ ၆ ဘီလီယံကို အမေရိကန် ကွန်ဂရက်က ခွင့်ပြုခဲ့ပါတယ်။…
Read MoreMonth: May 2022
ပခုက္ကူမြို့နယ်မှာ ဘုန်းကြီးကျောင်း ဓားပြတိုက်ခံရပြီး ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ
မေ ၊ ၁၁-၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူမြို့နယ် ၊ ပန်းတိုင်းခြုံကျေးရွာအုပ်စု ၊ မြောက်လူးကန်ကျေးရွာမှာရှိတဲ့ ပစ္ဆိမာရုံ ဘုန်းကျောင်းဟာ ဒီမနက်အစောပိုင်း ၁ နာရီမထိုးခင်အချိန်က ဓားပြအတိုက်ခံရပြီး၊ ကျောင်းထိုင်ဘုန်းကြီးမှာ ကျည်ဆံဖောက်ဝင်ဒဏ်ရာနဲ့ ပျံလွန်တော်မူသွားခဲ့တယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။ ” ညက သေနတ်သံတွေတော့ ကြားရတယ် ၊ ထွက်မကြည့်ရဲဘူး ၊ ဒီမနက်မှ သိရတာက ဘုန်းကြီးကျောင်း ဓားပြအတိုက်ခံရတာလို့ သိရတယ် ၊ ကျောင်းထိုင်ဆရာတော် ဥူးကောဝိဒ သက်တော် ၇၈ နှစ် ၊ ဝါတော် ၅၈ ဝါကတော့ ဦးခေါင်းပိုင်း ကျည်ဆံဖောက်ဝင်ဒဏ်ရာနဲ့ ကျောင်းထဲမှာ ပျံလွန်တော်မူနေတာ ” လို့ မြောက်လူးကန်ရွာခံတယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး နယ်ခံ (ဂေါသဂံ)ဘုန်းကြီးတစ်ပါးက ” ဆရာတော် ဥူးကောဝိဒရဲ့ ကျောင်းပိုင်းကား…
Read Moreသီရိလင်္ကာမှာ ဥပဒေချိုးဖောက်သူတွေကို တွေ့တာနဲ့ပစ်ဖို့ လုံခြုံရေးတပ်ဖွဲ့၀င်တွေကို အမိန့်ပေး
ကိုလံဘို၊ မေ-၁၁-၂၀၂၂ မျိုးဆက်(VOM) သီရိလင်္ကာနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေကို ဖြိုခွင်းဖို့ အားထုတ်မှုအဖြစ် ဥပဒေချိုး ဖောက်သူတွေကို လုံခြုံရေးတပ်ဖွဲ့၀င်တွေက တွေ့တာနဲ့ပစ်ခတ်နိုင်တဲ့အမိန့်ကို အာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။ သီရိလင်္ကာသမိုင်းမှာ အဆိုးရွားဆုံးစီးပွားရေးအကြပ်အတည်းကြောင့် သမ္မတ ဂိုတာဘာယာရာဂျာပက်ဆာ ရာထူးမှနှုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။ လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွားနေစဉ် မေ ၉ ရက်မှာ သမ္မတနဲ့ညီအကိုတော်စပ်သူ ၀န်ကြီးချုပ် မဟင်ဒါရာဂျာပက်ဆာဟာ ရာထူးကနေနှုတ်ထွက်သွားပါတယ်။ ဒါပေမယ့် သူ့ရဲ့နှုတ်ထွက်မှုက ဆန္ဒပြမှုတွေကို ငြိမ်သက်ခြင်းမရှိခဲ့ဘဲ ညပိုင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီလိုမငြိမ်မသက်ဖြစ်ပေါ်နေချိန်မှာ အများပြည်သူပိုင်ပစ္စည်းတွေကို လုယက်ခြင်း သို့မဟုတ် အသက်အန္တရာယ်ဖြစ်စေတဲ့ အကြမ်းဖက်မှုကျူးလွန်တဲ့ ဘယ်သူကိုမဆို အစိုးရက မေ ၁၀ ရက်မှာ ပစ်မိန့်ပေးလိုက်ပါတယ်။ ဒါ့အပြင် မြို့တော်ကိုလံဘိုရဲ့ လမ်းတွေပေါ်မှာလည်း ကင်းလှည့်ဖို့ ကြည်းတပ်၊ ရေတပ်နဲ့ လေတပ်မှ တပ်ဖွဲ့၀င်ထောင်ပေါင်းများစွာကို ဖြန့်ကြက်ထားပါတယ်။ မေ ၉ ရက်နောက်ပိုင်း…
Read Moreမရမ်းကုန်း (၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရပြီး ရာအိမ်မှူး(၁)ဦးသေ၊ (၂)ဦးဒဏ်ရာရ
မေ ၁၁-၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံခဲ့ရပြီး (၁)ဦးသေဆုံးကာ (၂)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ ဒီကနေ့ မနက်ပိုင်းက ကျိုက်ဝိုင်းဘုရားလမ်းမှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထဲကို အမည်မသိအမျိုးသားနှစ်ဦး ဝင်ရောက်ပစ်ခတ်ခဲ့လို့ ရာအိမ်မှူးတဦးသေဆုံးပြီး အုပ်ချုပ်ရေးမှူးနဲ့အရန်မီးသတ်တပ်ဖွဲ့ဝင်တဦး ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါရပ်ကွက်နေသူတဦးက VOM ကို ပြောပါတယ်။ “ရာအိမ်မှူး အမျိုးသမီးသေတယ်၊ အုပ်ချုပ်ရေးမှူးနဲ့ အရန်မီးသတ်က ဒဏ်ရာရတယ်၊ အဲ့ဒီနှစ်ယောက်လုံး အခုဆေးရုံမှာ”လို့ သူကပြောပါတယ်။ သေဆုံးသူဟာ ရာအိမ်မှူး ဒေါ်ကြည်ခိုင်ဝင်းဖြစ်ပြီး ဒဏ်ရာရရှိသူမှာ အုပ်ချုပ်ရေးမှူးဦးနေဝင်းနဲ့အရန်မီးသတ်တပ်ဖွဲ့ဝင်ဦးမြသန်းတို့ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။ လက်တလောမှာ စစ်တပ်နဲ့ရဲတွေဟာ စစ်ဆေးမှုရှိနေပြီး ကျိုက်ဝိုင်းဘုရားလမ်းနဲ့သမိုင်းလမ်းဆုံကို ပိတ်ဆို့စစ်ဆေးမှုတွေလုပ်နေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ ဒီကနေ့ ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးရုံးဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်ဇူလိုင်လ ၂၅ ရက်ကလည်း ဆယ်အိမ်မှူး ဦးမိုးကျော်စိုးကို…
Read Moreဘုန်းကြီးကျောင်းဝန်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ လူ ၁ ဦး သေ ၊ ဘုန်းကြီး ၁ ပါး ဒဏ်ရာရ
မေ ၊ ၁၁-၂၀၂၂ SP (VOM) တနင်္သာရီတိုင်း ၊ ထားဝယ်မြို့နယ် ၊ ကျောက်မဲတောင်ကျေးရွာ ၊ တောင်သုံးလုံး ဘုန်းကြီးကျောင်းဝန်းထဲကို မနေ့ မေလ ၁၀ရက် ညနေ ၄ နာရီဝန်းကျင်က လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲတဲ့အတွက် လူ ၁ ဦးသေဆုံးကာ ၊ ဘုန်းကြီး ၁ ပါး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” ကျောင်းဝန်းထဲမှာ ရွာကလူတွေနဲ့ သန့်ရှင်းရေးလုပ်နေတဲ့အချိန် လက်နက်ကြီး ဗုံးသီး ကျရောက်ပေါက်ကွဲတာပါ “လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ပေါက်ကွဲမှုကြောင့် တောင်သုံးလုံးကျောင်းက ဘုန်းကြီး ၁ ပါးဟာ ဝမ်းဗိုက်နဲ့ ဝမ်းဗိုက်အောက်နေရာတွေမှာ ပေါက်ကွဲစ ထိမှန်ဒဏ်ရာရခဲ့ပြီး လူလတ်ပိုင်း အမျိုးသား ၁ ယောက်ကတော့ နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီ လက်နက်ကြီးကျည်ဟာ ဘယ်အဖွဲ့အစည်းက…
Read Moreမူဆယ်မြို့မှာ ဖုန်းဆိုင်တဆိုင် ဓားပြတိုက်ခံရပြီး သိန်း ၁ ထောင်ဖိုး ပစ္စည်းတွေ ပါသွား
မေ ၁၁-၂၀၂၂ VOM (GG) ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မူဆယ်မြို့က ဖုန်းဆိုင်တဆိုင်ဟာ မနေ့မေလ ၁၀ ရက် ညနေပိုင်းမှာ ဓားပြတိုက်ခံခဲ့ရပြီး ငွေသိန်း ၁၀၀၀ တန်ဖိုးရှိတဲ့ပစ္စည်းတွေ ပါသွားတယ်လို့ သိရပါတယ်။ ” ကောင်တာထဲက ဖုန်းအသစ်တွေရော second တွေရော၊ 12 promax တွေရော အားလုံးပေါင်း သိန်း ၁၀၀၀ ဖိုးလောက်ပါသွားတယ် “လို့ ဖုန်းဆိုင်ပိုင်ရှင် ကိုစိုင်းညီကပြောပါတယ်။ ဓားပြတိုက်ခံရတာက Sai Nyee Second- hand mobile & laptop ဆိုင်ဖြစ်ပြီး ၊ ညနေ ၄ နာရီလောက်မှာ အမည်အသိ အမျိုးသား ၆ ယောက်က သေနတ်တွေနဲ့ရောက်လာပြီး ကောင်တာထဲကဖုန်းတွေကိုယူဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။ ” ဟုတ်တယ်ဗျ ညနေ ၄ နာရီမတ်တင်းလောက်ဖြစ်မယ်။မိုးတွေသည်းနေချိန် လူကလည်းပြတ်တော့ ဖြစ်သွားတာ။…
Read Moreငြိမ်းချမ်းရေးဆွေးနွေးဖို့ အဖွဲ့ ၉ ဖွဲ့ စာရင်းအတည်ပြု
နေပြည်တော် မေ ၉ -၂၀၂၂ Voice Of Myanmar တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ထားတဲ့ ဖိတ်ခေါ်ချက် နောက်ဆုံးသတ်မှတ်ရက်ဟာ ဒီနေ့ မေလ ၉ ရက် ဖြစ်ပါတယ်။ ခုညနေအချိန်ထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက အပစ်ရပ်သဘောတူညီမှု NCA ထိုးပြီးသားအဖွဲ့ထဲက ၆ ဖွဲ့နဲ့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ ၃ ဖွဲ့ တက်ရောက်မယ်လို့ အတည်ပြုထားတယ်လို့ နစကဘက်က သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ နစကပြောရေဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောပြတာက “ ထိုးပြီးသားတွေထဲက၊ DKBA၊ KNU(KNLA)PC၊ MNSP၊ RCSS(SSA)၊ ALP၊ PNLO တို့ တက်မှာဖြစ်သလို ၊ လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့ကတော့ UWSA ဝ အဖွဲ့၊ NDAA…
Read Moreမလေးရှားကို တရားမ၀င်သွားမယ့် မြန်မာ ၈၉ ဦး ထိုင်းတောင်ပိုင်းမှာ အဖမ်းခံရ
ဘန်ကောက်၊ မေ-၉-၂၀၂၂ မျိုးဆက်(VOM) ထိုင်းနိုင်ငံတောင်ပိုင်း Narathiwat ပြည်နယ်ရှိ Tak Bai မှာ မြန်မာနိုင်ငံသား ၈၉ ဦးကို ထိုင်းရဲတွေက မေ ၇ ရက်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ မလေးရှားကို တရားမ၀င်သွားဖို့ စောင့်ဆိုင်းနေကြသူတွေဖြစ်ပြီး Tak Bai မှာရှိတဲ့ အငှားအိမ်နှစ်လုံးကို စီးနင်းရှာဖွေမှုအတွင်း ဖမ်းဆီးခဲ့တာလို့ Narathiwat ပြည်နယ် ဒုတိယရဲမှူးကြီး Thawatchai Duksukkaew ကပြောပါတယ်။ မြန်မာနိုင်ငံသားကို ခေါ်ဆောင်လာတဲ့ ပစ်ကပ်ကားသုံးစီးကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ပါတယ်။ ကနဦးစုံစမ်းစစ်ဆေးချက်တွေအရ မြန်မာနိုင်ငံသားတွေဟာ မလေးရှားနိုင်ငံကို သွားဖို့စောင့်ဆိုင်းနေကြတာလို့ ဆိုပါတယ်။ ရဲတွေစီးနင်းမှုအတွင်း ထွက်ပြေးလွတ်မြောက်သွားတဲ့ ကားသမားတွေနဲ့အခြားသူတွေကို ဆက်လက်ရှာဖွေနေတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ရဲတပ်ဖွဲ့ကပြောပါတယ်။ နိုင်ငံတွင်းမှာ လူမှောင်ခိုကူးမှုတွေကို တားဆီးဖို့အတွက် ထိုင်းအာဏာပိုင်တွေဟာ နယ်ခြားကင်းလှည့်မှုတွေကို တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်ကြောင်း Narathiwat ပြည်နယ်ဆိုင်ရာ ထိုင်းစစ်တပ်အကြီးအကဲ Chalermporn…
Read Moreစစ်ကိုင်း – ရွှေဘိုကားလမ်းမှာရှိတဲ့ စွမ်းထက်ကျော် စက်သုံးဆီဆိုင် ဓားပြတိုက်ခံရ
မေ ၊ ၉-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ဆားတောင်မြို့ ၊ ရွာဝေးရပ်ကွက်၊ မန္တလေး – စစ်ကိုင်း – ရွှေဘိုကားလမ်း မှာရှိတဲ့ စွမ်းထက်ကျော် စက်သုံးဆီဆိုင်ဟာ မနေ့ မေလ ၈ရက် ည ၁၁ နာရီဝန်းကျင်က ဓားပြတိုက်ခံခဲ့ရတယ်လို့ ဆားတောင်မြို့ခံတွေဆီက သိရပါတယ်။ ” ဆိုင်ကယ်နဲ့ မျက်နှာဖုံးစွပ်ထားတဲ့သူတွေ ဆိုင်ထဲကိုရောက်လာပြီး ၊ ဆိုင်ရှင်သူဌေးရဲ့နားထင်ကို သေနတ်နဲ့ ထောက်ထားတယ် ၊ ဆီရောင်းကောင်တာထဲက ပိုက်ဆံ သိန်း ၁ ရာကျော်နဲ့ ဖုန်း ၂ လုံး ယူတယ် ၊ နောက်ပြီး ဆိုင်ဝန်ထမ်း မိန်းကလေးတွေရဲ့ နားကပ် ၂ ရံ နဲ့ ဖုန်း ၂ လုံးပါ အတင်းလုယူသွားတာ ”…
Read Moreဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲ အာဏာရှင်မားကို့စ်သားဖြစ်သူ အနိုင်ရဖို့ တစ်ပြေးနေ
မနီလာ၊ မေ-၉-၂၀၂၂ မျိုးဆက်(VOM) ဖိလစ်ပိုင်နိုင်ငံမှာ သန်းပေါင်းများစွာသော ပြည်သူတွေဟာ မေ ၉ ရက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးမှုတွေ စတင်နေပြီဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ သမ္မတသစ်အဖြစ် ရွေးချယ်ခံရဖို့ တစ်ပြေးနေသူကတော့ အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်ရဲ့ သားဖြစ်သူ ဖာဒီနန်မားကို့စ်ဂျူနီယာဖြစ်ပါတယ်။ သူ့ရဲ့ အဓိကပြိုင်ဘက်ကတော့ ၂၀၁၆ ခုနှစ် ဒုတိယသမ္မတရွေးကောက်ပွဲမှာ သူ့ကို ပွတ်ကာသီကာ အနိုင်ယူသွားတဲ့ လစ်ဘရယ်တစ်ဦးဖြစ်သူ လီနီရော်ဘရီဒိုဖြစ်ပါတယ်။ မားကို့ဂျူနီယာဟာ လက်ရှိရွေးကောက်ပွဲမှာ အပြတ်အသတ်အောင်ပွဲခံနိုင်တယ်လို့ စစ်တမ်းတွေက ဖော်ပြထားပြီး လွန်ခဲ့တဲ့ ၃၆ နှစ်က ဖြုတ်ချခံခဲ့ရတဲ့ မားကို့စ်မျိုးနွယ်ဟာ အာဏာပြန်လည်ရရှိနိုင်ခြေရှိနေပါတယ်။ ဖိလစ်ပိုင်မှာ မဲပေးခွင့်ရှိသူ ၆၇ ဒသမ ၅ သန်းရှိပြီး ဆန္ဒမဲပေးမှုရာခိုင်နှုန်း များပြားဖွယ်ရှိကာ မေ ၉ ရက်နံနက်ပိုင်းမှာ စာသင်ကျောင်းတွေနဲ့ အခြားသောမဲရုံတွေမှာ ဆန္ဒမဲပေးမှုတွေ စတင်ခဲ့ပါတယ်။ ရွေးကောက်ပွဲနေ့မတိုင်မီ မေ ၈…
Read More