မေ ၇-၂၀၂၂ SW(VOM) နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ နိုင်ငံရေးဆွေးနွေးဖို့ဖိတ်ခေါ်ထားချက်အရ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် (၅)ဖွဲ့ဟာ တွေ့ဆုံဆွေးနွေးသွားဖို့အတွက် ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။ NCA-S EAO အဖွဲ့တွေဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA PC)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နဲ့ မွန်ပြည်သစ်ပါတီ(NMSP) တို့က ဆွေးနွေးပွဲကို တက်ရောက်ကြမှာဖြစ်တယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် နန်းယဉ်ယဉ်စိုးက အတည်ပြုပြောပါတယ်။ “ မနေ့ကအထိ ကျမတို့ PPST အထူးအစည်းအဝေးအရ ၅ ဖွဲ့ကတော့ သွားရောက်မှာပေါ့၊ ABSDF ကျောင်းသားတပ်မတော်ကတော့ သူတို့ မိခင်အဖွဲ့အစည်းအတွင်းမှာ ဗဟိုကော်မတီအစည်းအဝေးတစ်ရပ်ရှိနေတော့ အဲဒါပြီးမှပဲ သူတို့သဘောထားသိရမယ်” လို့ ပြောပါတယ်။ တစ်ခြား NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေအနေနဲ့ ဆွေးနွေးပွဲ တက်၊မတက်ကို သူမအနေနဲ့…
Read MoreMonth: May 2022
စီးပွားရေးကြပ်တည်းအပေါ် ဆန္ဒပြမှုတွေ ပိုမိုဆိုးရွားလာတာကြောင့် သီရိလင်္ကာမှာ အရေးပေါ်အခြေအနေ ကြေညာရပြန်
ကိုလံဘို၊ မေ-၇-၂၀၂၂ မျိုးဆက်(VOM) သီရိလင်္ကာမှာ ဖြစ်ပွားနေတဲ့ စီးပွားရေးအကြပ်အတည်းအပေါ် တလကျော်ကြာမြင့်ပြီဖြစ်တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြွပွဲတွေ ပိုမိုဆိုးရွားလာနေတာကြောင့် အာဏာပိုင်တွေက အရေးပေါ်အခြေအနေ ကြေညာလိုက်ပြန်ပါတယ်။ သမ္မတ Gotabaya Rajapaksa ဟာ အများပြည်သူလုံခြုံရေးအတွက် ဆိုကာ သောကြာနေ့မှာ အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီလို အမိန့်ထုတ်ပြန်လိုက်တာကြောင့် ဖမ်းဝရမ်းမပါဘဲ လူတွေကို ဖမ်းဆီးဖို့ အာဏာပိုင်တွေ အခွင့်အာဏာတွေ ပိုမိုရရှိစေပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကလည်း နိုင်ငံအရေးပေါ်အခြေအနေကြေညာခဲ့ရပါသေးတယ်။ သမ္မတကို ရာထူးမှ နုတ်ထွက်ပေးဖို့ လွှတ်တော်အပြင်ဘက်မှာလူစုလူဝေး ပြုလုပ်နေတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အစောပိုင်းမှာ မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းခဲ့ပါတယ်။ ဒီလိုမငြိမ်မသက်ဖြစ်မှုတွေဟာ ကပ်ရောဂါကြောင့်အပြင် ငွေကြေးဖောင်းပွမှုတွေကြောင့် စီးပွားရေကြပ်တည်းလာပြီးနောက် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ အစိုးရဟာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ဆီကနေ အကူအညီရယူဖို့ လုပ်ဆောင်နေပေမယ့် ဆွေးနွေးမှုတွေက အချိန်ကြာဦးမှာ ဖြစ်ပါတယ်။ Ref: NHK Photo:Reuters #voiceofmyanmar #VOM…
Read Moreဟာဗားနားဟိုတယ်မှာ ပေါက်ကွဲကြီးဖြစ် ၂၂ ဦးသေဆုံး ၊ ၆၀ ကျော်ဆေးရုံတင်ထားရ
ဟာဗားနား ၊ မေ ၇ – ၂၀၂၂ မျိုးဆက်(VOM) ကျူးဘားနိုင်ငံ အထူးသီးသန့် ကြယ်ငါးပွင့်ဟိုတယ် တခုမှာ ကြီးမားတဲ့ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂၂ ဦး သေဆုံးပြီး ၆၀ ကျော် ဆေးရုံတင်ထားရပါတယ်။ Saratoga Hotel အပြင်ဘက်မှာ ရပ်ထားတဲ့ ဓာတ်ငွေ့တင်သင်္ဘောတစ်စီး မီးလောင်ပေါက်ကွဲခဲ့ပြီး အဆောက်အဦရဲ့ အထပ်တော်တော်များများ ပျက်စီးသွားခဲ့ပါတယ်။ လက်ရှိမှာတော့ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်လျက်ရှိပါတယ်။ သေဆုံးသူထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးနဲ့ ကလေးတစ်ဦးတို့ ပါဝင်ကြောင်း ကျူးဘားသမ္မတက ပြောပါတယ်။ ဒဏ်ရာရသူတွေကိုတော့ နီးစပ်ရာဆေးရုံတွေမှာ ကုသပေးနေပါတယ်။ အဲဒီဟိုတယ်ဟာ ၁၉ ရာစု ကိုလိုနီခေတ်လက်ရာ ရှေးဟောင်းအဆောက်အဦးဖြစ်ပြီး အနုပညာရှင်တွေအပါအဝင် နာမည်ကျော်တွေ လာရောက်လေ့ရှိပါတယ်။ Ref: BBC Photo: Getty Images #voiceofmyanmar…
Read Moreမြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီပေးဖို့ အာဆီယံဆွေးနွေး၊ အထူးကိုယ်စားလှယ် လာဖို့စီစဥ်နေ
ဖနွမ်းပင်၊ မေ ၇-၂၀၂၂ မျိုးဆက်(VOM) အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟာ လာမယ့်သီတင်းပတ် အနည်းငယ်အတွင်း မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဥ်နေပါတယ်။ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီ ပေးရေးဆိုင်ရာ ဆွေးနွေးပွဲကို သောကြာနေ့မှာ အာဆီယံအဖွဲ့ ကုလသမဂ္ဂနဲ့ဒေသတွင်း အေဂျင်စီတွေ ဆွေးနွေးခဲ့ကြပြီးနောက် အထူးကိုယ်စာလှယ်က မြန်မာနိုင်ငံလာဖို့ စီစဥ်နေတာဖြစ်ပါတယ်။ အဲဒီရီးစဉ်ဟာ မတ်လအတွင်းက ခရီးစဉ်အပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ရဲ့ မြန်မာနိုင်ငံသို့ လာရောက်မယ့် ဒုတိယအကြိမ် ခရီးစဉ်ဖြစ်ပါတယ်။ ဒါပေမယ့် ခရီးစဥ်ရဲ့ နေ့ရက်အတိအကျကိုတော့ မသိရသေးပါဘူး။ လာမယ့် သီတင်းပတ်အနည်းငယ်အတွင်း မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ဖို့ မျှော်လင့်ပါတယ် လို့ အထူးကိုယ်စားလှယ်က ပြောပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ ပြည်သူတွေဟာ ခွဲခြားဆက်ဆံမှုမရှိဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လက်လှမ်းမီနိုင်စေဖို့ ကျွန်တော်တို့ရဲ့…
Read Moreစစ်ကိုင်းမြို့ရှိ ပုဂ္ဂလိက ဆေးရုံက ဆရာဝန်အမျိုးသမီးတဦး ဖမ်းဆီးခံရ
မေ ၊ ၇-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့ ၊ နန္ဒဝန်ရပ်ကွက် ၊ သုခသစ္စာ ပုဂ္ဂလိကအထူးကုဆေးရုံက ဆရာဝန် ဒေါ်အေးသီခိုင်ကို မေ ၅ ရက် နေ့လယ်ပိုင်းမှာ စစ်သားနဲ့ ရဲတွေက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဆရာဝန်အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်မှာ လာဖမ်းသွားတာပါ ၊ အခုထိ ဘယ်မှာထားတယ် ၊ ဘာအတွက် ဖမ်းတယ်ဆိုတာ မသိရသေးဘူး ၊ အဆက်အသွယ် အခုထိ မရတော့ စိတ်ပူရတယ် ” လို့ ဆရာဝန် ဒေါ်အေးသီခိုင် ရဲ့ မိသားစုဝင်တယောက်က ပြောပါတယ်။ စစ်ကိုင်းမြို့နယ် လုံခြုံရေးအဖွဲ့ရုံး နဲ့ နီးစပ်သူတယောက်က” ဒေါက်တာ အေးသီခိုင်က NUG ငွေတိုက်စာချုပ်တွေနဲ့ ပတ်သက်ပြီး ရောင်းချပေးတယ် ၊ ငွေတိုက်စာချုပ်…
Read Moreဒါရိုက်တာမောင်သီ ဖမ်းဆီးခံရ
မေ ၇-၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာနေထိုင်တဲ့ ဒါရိုက်တာမောင်သီဟာ မနေ့ မေလ ၆ရက် နေ့လယ်ပိုင်းက ဖမ်းဆီးခံခဲ့ရတယ်လို့ အနုပညာရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။ ဒါရိုက်တာမောင်သီ အသုံးပြုနေတဲ့ UThi Facebook အကောင့်မှတဆင့် လူမှုကွန်ရက်မှာ အကြမ်းဖက်ဖို့ဖြန့်ဝေနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုသူ သရုပ်ဆောင်တဦးက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ကိစွနဲ့ပတ်သက်ပြီး ရဲအရာရှိတဦးက “ဖမ်းထားတာမှန်ပါတယ်၊ ဘာပုဒ်မနဲ့ဖွင့်မလဲဆိုတာတာတော့ မသိသေးဘူး “လို့ VOM ကို ပြောပါတယ်။ စမ်းချောင်းမြို့နယ်နေ ဦးသန်းလွင်(ခ)ဒါရိုက်တာမောင်သီကို မနေ့နေ့လယ်ပိုင်းက ရန်ကုန်မြို့ကနေရာတစ်ခုမှာ ဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သူကပြောပါတယ်။ လက်တလော ဒါရိုက်တာမောင်သီကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးတဲ့အတွက် မိသားစုဝင်တွေက စိတ်ပူနေတယ်လို့ အနုပညာရှင်တဦးက ပြောပါတယ်။ ရုပ်ရှင်သရုပ်ဆောင်ခိုင်သင်းကြည်ရဲ့ခင်ပွန်းဖြစ်သူ ဦးခန့်နိုင်ကိုလည်း ဧပြီ၂၇ရက် ညပိုင်းက ဖမ်းဆီးခဲ့တာလည်းရှိပါတယ်။ ဒါ့အပြင် သာကေတမြို့နယ်၊ ၈ ရပ်ကွက်၊…
Read Moreယူကရိန်းစစ်ပွဲမှာ ရုရှားစစ်ဗိုလ်ချုပ်တွေကို သုတ်သင်ဖို့ အမေရိကန်ထောက်လှမ်းရေး ကူညီပေးခဲ့
ဝါရှင်တန်၊ မေ-၅-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲမှာ ရုရှားစစ်ဗိုလ်ချုပ်အများအပြားကို ယူကရိန်းက သုတ်သင်ခဲ့ရာမှာ အမေရိကန်ထောက်လှမ်းရေးက ကူညီပေးခဲ့တယ်လို့ အမေရိကန်တာ၀န်ရှိသူတွကို ကိုးကားပြီး နယူးယောက်တိုင်းမ်းသတင်းဌာနက မေ ၄ ရက်မှာ ဖော်ပြထားထားပါတယ်။ အမေရိကန်ဟာ ရုရှားတပ်တွေရဲ့တည်နေရာနဲ့ ရွှေ့ပြောင်းမှုဆိုင်ရာ အသေးစိတ်အချက်အလက်တွေ၊ စစ်ဌာနချုပ်တွေအကြောင်းနဲ့ အခြားအသေးစိတ်အချက်အလက်တွေကို ယူကရိန်းကို ပေးခဲ့ပြီး ယူကရိန်းကလည်း သူ့ရဲ့ ကိုယ်ပိုင်ထောက်လှမ်းရေးအချက်အလက်တွေနဲ့ ပေါင်းစပ်ကာ ရုရှားထိပ်တန်း စစ်ဗိုလ်ချုပ်တွေ ကျဆုံးတဲ့တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ရိုက်တာရဲ့မေးမြန်းမှုကို ပင်တဂွန်နဲ့ အိမ်ဖြူတော်က တုံ့ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။ ယူကရိန်းစစ်မြေပြင်မှာ လက်ရှိချိန်ထိ ရုရှားစစ်ဗိုလ်ချုပ် ၁၂ ဦးထိသေဆုံးခဲ့ပြီဖြစ်ကြောင်း ယူကရိန်းတာ၀န်ရှိသူတွေကို ကိုးကားပြီး နယူးယောက်တိုင်းမ် သတင်းဌာနက ဖော်ပြထားပါတယ်။ အမေရိကန်ထောက်လှမ်းရေးရဲ့ ပံ့ပိုးကူညီမှုကြောင့် သေဆုံးခဲ့တဲ့ ရုရှားစစ်ဗိုလ်ချုပ် ဘယ်လောက်ရှိတယ်ဆိုတာကို အမေရိကန်တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုထားကြောင်း အဲဒီသတင်းဌာနက ဆိုပါတယ်။…
Read MoreWave money ဆိုင် ငွေတုလာလွဲသူတဦးကို ၅ထောင်တန်အတု အရွက် ၁၀၀ကျော်နဲ့ဖမ်းမိ
ဧပြီ ၅-၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်၊ ဗဟိုလမ်းက ဆေးဆိုင်တစ်ဆိုင်မှာ wave money ကို ငွေစက္ကူအတုနဲ့လာလွဲသူ အမျိုးသမီးတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းက မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်၊ ဗဟိုလမ်းက ဆေးဆိုင်တခုမှာ wave mon ey ငွေလာလွဲရာကနေ ဖြစ်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ “ဘယ်လိုဖြစ်လဲတော့ မသိဘူး၊ အဲ့ဒီဆိုင်မှာ ငွေတု တွေလာလွဲလို့ အဖမ်းခံရတာ၊ ငါးထောင်တန် ၁၀၂ရွက်နဲ့ဖမ်းမိတာ”လို့ သူကပြောပါတယ်။ ဖမ်းဆီးခံရသူဟာ တာမွေမြို့နယ်မှာ နေတဲ့ မထွန်းနိူင် ဆွေဖြစ်ပြီး သူငယ်ချင်းဖြစ်သူရှိတဲ့ မုဒိတာအိမ်ယာကို လာလည်ချိန် ဝမ်းကွဲအစ်ကိုဖြစ်သူက ဖုန်းဆက်လို့ လူတစ်ယောက်လာပေးတဲ့ငွေကို တဆင့်ပြန်လည်လွဲပေးရာကနေ ငွေစက္ကူအတုတွေ ဖြစ်နေပြီး ဖမ်းဆီးခံရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။ “သူကိုယ်တိုင် ငွေစက္ကူအတုပါလာတာမဟုတ်ဘူး၊ ဆိုင်ကယ်နဲ့လူတစ်ယောက်လာပေးတဲ့ငွေကို…
Read Moreဂျပန်ပင်လယ်ပြင်ထဲကို ပဲ့ထိန်းဒုံးကျည်တစင်း မြောက်ကိုရီးယား ပစ်ခတ်
မေ ၅-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ ဂျပန်ပင်လယ်ပြင်ကို ဦးတည်ပြီး ပဲ့ထိန်းဒုံးပျံတစင်းကို မေ ၄ ရက်မှာ ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်က ထုတ်ပြန်ပါတယ်။ အဲဒီဒုံးကျည်ကို ပြုံးယမ်းအနီးရှိ ဆူနန်ဒေသ၀န်းကျင်ကနေ မေ ၄ ရက် နေ့လယ်ပိုင်းမှာ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒုံးကျည်ဟာ အမြင့် ၇၈၀ ကီလိုမီတာကနေ ၄၇၀ ကီလိုမီတာထိ ပျံသန်းခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်က ခန့်မှန်ထားပါတယ်။ မြောက်ကိုရီးယားဟာ ဖေဖော်ဝါရီနဲ့ မတ်လအတွင်းကလည်း တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုတွေကို ဆူနန်ဒေသကနေ ပြုလုပ်ခဲ့ပါတယ်။ လက်ရှိစမ်းသပ်မှုနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့က အသေးစိတ်အချက်အလက်တွေကို လေ့လာနေကြပါတယ်။ ဧပြီ ၂၅ ရက်မှာ မြောက်ကိုရီးယားစစ်တပ်တည်ထောင်ခြင်း နှစ် ၉၀ ပြည့်အထိမ်းအမှတ် စစ်ရေးပြပွဲပြုလုပ်ခဲ့ပြီး ဟွာဆောင်-၁၇ တိုက်ချင်းပစ်ဒုံးကျည်အမျိုးအစားသစ်ကို မြောက်ကိုရီးယားက ထုတ်ဖော်ပြသခဲ့ပြီး နိုင်ငံရဲ့ နျူကလီးယားလက်နက်အစီအစဉ်ကို အရှိန်မြှင့်မယ်လို့…
Read Moreမြန်မာအိမ်အကူကို နှိပ်စက်သတ်ဖြတ်လို့ ထောင်နှစ် ၃၀ ချမှတ်ခံရတဲ့ စင်ကာပူအိမ်ရှင်ရဲ့ အယူခံ ပယ်ချခံရ
စင်ကာပူ၊ မေ-၅-၂၀၂၂ မျိုးဆက်(VOM) စင်ကာပူနိုင်ငံမှာ မြန်မာအိမ်အကူမိန်းကလေးကို နှိပ်စက်သတ်ဖြတ်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်က ထောင်နှစ် ၃၀ ချမှတ်ခံလိုက်ရတဲ့ စင်ကာပူနိုင်ငံသူ အိမ်ရှင်အမျိုးသမီး ဂိုင်ယာသီရိမူရှူဂါယန်ဟာ အမှုနဲ့ပတ်သက်ပြီး မေ ၄ ရက်မှာ အယူခံ၀င်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ သူမရဲ့အယူခံမှာ တင်သွင်းခဲ့တဲ့ သက်သေအထားအထားသစ်တွေဟာ အမှုနဲ့ သက်ဆိုင်ခြင်းမရှိဘူးဆိုပြီး အယူခံကို တရားရုံးက ပယ်ချခဲ့တာဖြစ်ပြီး အယူခံကို တရားရုံက ကြားနာခြင်းလည်းမရှိဘူးလို့ သိရပါတယ်။ သူမတင်သွင်းခဲ့တဲ့ အယူခံက သက်သေသစ်တွေမှာ သေဆုံးသူမြန်မာအိမ်အကူမိန်းကလေးရဲ့ ဆွေမျိုးတွေက အမှုနဲ့ပတ်သက်ပြီး ခွင့်လွှတ်ကြောင်း WhatApp ကတဆင့်ပြောဆိုထားတဲ့ မှတ်တမ်းတွေအပြင် သူမနဲ့ပတ်သက်ပြီး စိတ်ရောဂါဆရာ၀န်တယောက်ရဲ့ အစီရင်ခံစာလည်းပါ၀င်ပါတယ်။ မြန်မာအိမ်အကူမိန်းကလေးဟာ ၁၄ လတာကာလအတွင်း အိမ်ရှင်ဖြစ်သူရဲ့ အကြိမ်ကြိမ်နှိပ်စက်မှုတွေကို ခံခဲ့ရပြီး ၂၀၁၆ ခုနှစ် ဇူလိုင် ၂၆ ရက်မှာ သေဆုံးခဲ့တာဖြစ်ပြီး ဒီအမှုဟာ အဆိုးရွားဆုံး လူသတ်မှုတွေထဲက တခုဖြစ်တယ်လို့…
Read More