သီရိလင်္ကာရဲ့ စားနပ်ရိက္ခာအကြပ်အတည်း သြဂုတ်လအတွင်းမှာ ပိုမိုဆိုးရွားဖွယ်ရှိနေ

ကိုလံဘို၊ ဇွန်-၁-၂၀၂၂
မျိုးဆက်(VOM)

သီရိလင်္ကာနိုင်ငံမှာ နှစ်ပေါင်း ၇၀ အတွင်း အဆိုးရွားဆုံးစီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ လယ်သမားတွေအနေနဲ့ ဆန်စပါးပိုမိုစိုက်ပျိုးကြဖို့ သီရိလင်္ကာအစိုးရက မေ ၃၁ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံရဲ့ စားနပ်ရိက္ခာအခြေအနေဟာ ပိုမိုဆိုးရွားလာကြောင်း သီရိလင်္ကာ စိုက်ပျိုးရေး၀န်ကြီးက ထုတ်ဖော်ပြောဆိုပြီးနောက် နောက် ငါးရက်မှ ဆယ်ရက်အတွင်း ဆန်စပါးစိုက်ပျိုးမှုစတင်ကြဖို့ လယ်သမားတွေကို သူကတိုက်တွန်းထားပါတယ်။

လာမယ့်သြဂုတ်လအတွင်း နိုင်ငံတွင်းမှာ စားနပ်ရိက္ခာပြတ်လပ်မှု ပိုမိုဆိုးရွားလာမယ်လို့ သီရိလင်္ကာ၀န်ကြီးချုပ်က သတိပေးပြောဆိုထားပြီး စားနပ်ရိက္ခာတိုးမြှင့်ထုတ်လုပ်ရေးနည်းလမ်းတွေကို တာ၀န်ရှိသူတွေက ရှာဖွေနေကြပါတယ်။

နိုင်ငံတွင်းမှာ စားနပ်ရိက္ခာအပါအ၀င် မရှိမဖြစ်ကုန်ပစ္စည်းတွေ ရှားပါးပြတ်လပ်မှုဖြစ်ပွားနေပြီး ငွေကြေးဖောင်းပွမှုနဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုတို့လည်း စံချိန်တင်ဖြစ်ပွားနေပါတယ်။

နိုင်ငံခြားငွေ ပြတ်လပ်မှုနဲ့ ငွေကြေးဖောင်းပွမှုမြင့်တက်လာခြင်းတို့ကြောင့်လည်း ဆေးဝါး၊ လောင်စာဆီနဲ့ အခြားလိုအပ်တဲ့ ပစ္စည်းတွေ ပြတ်လပ်မှုကို ဖြစ်ပေါ်နေပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW