ဇွန် ၂၇-၂၀၂၂ KK(VOM) မြစ်ကြီးနားမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက မြို့နယ်အ ထောက်အကူပြုအဖွဲ့ဝင်တဦး သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ “ဒီကနေ့ မနက်ကိုးနာရီက မြစ်ကြီးနားမြို့နယ် လယ်ကုန်းရပ်ကွက်က ဆီဆိုင်တစ်ခုမှာ ဆီဖြည့်နေတဲ့အချိန် အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တာ ဖြစ်တယ်၊ စော်ဂျွန်းလမ်းမပေါ်က ဆီဆိုင်ရှေမှာ ပစ်သွားတာ ဒလန်ဆိုပြီးတော့၊ ပစ်တဲ့သူကလည်း ဆိုင်ကယ်နဲ့ပဲ ပွဲချင်းပြီးသေသွားတယ်”လို့ မြို့ခံတဦးက ပြောပါတယ်။ သေဆုံးသူဟာ လယ်ကုန်းရပ်ကွက်၊ နယ်မြေ(၁၃)၊ ရှမ်းရွာ မှာနေထိုင်တဲ့ မြို့နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုအဖွဲ့ဝင်တဦးဖြစ်သူ ဦးညွန့်ဝေဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။ သေနတ်နဲ့ ပစ်ခံရလို့ ဝဲဘက်ကျောဖောက်ဝင်၊ ယာရင်အုံ ဖောက်ထွက်ဒဏ်ရာ၁ ချက်၊ ယာနဖူးဖောက်ဝင် နောက်စေ့ဖောက်ထွက်ဒဏ်ရာ ၁ ချက်ရရှိကာ သေဆုံးခဲ့တာဖြစ်တယ်လို့ သူကရှင်းပြပါတယ်။ လက်တလောမှာ စစ်တပ်နဲ့ရဲတွေက သေနတ်နဲ့ပစ်ခတ်ခဲ့သူတွေကို ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မြစ်ကြီးနားမြို့နယ်မှာ ပြီးခဲ့တဲ့လတွေကလည်း…
Read MoreMonth: June 2022
ငရုတ်ကောင်းမြို့မှာ ဖမ်းဆီးခံထားရတဲ့ အမျိုးသားတဦး စစ်ကြောရေးမှာသေဆုံး
ငပုတော၊ ဇွန် -၂၇ ၂၀၂၂ မင်းမြတ် ဧရာ၀တီတိုင်း၊ငပုတောမြို့နယ်၊ငရုတ်ကောင်းမြို့ရှိ နယ်မြေရဲစခန်းမှာ PDF နဲ့ပတ်သတ်လို့ဆိုပြီး စွပ်စွဲချက်နဲ့ဖမ်းဆီးခံထားရတဲ့ အုန်းပင်တက်လုပ်ငန်းလုပ်ကိုင်တဲ့ အမျိုးသားတဦးဟာ မနေ့ ဇွန် ၂၆ရက်က စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ ငရုတ်ကောင်းမြို့၊ဆင်ငံကျေးရွာအနီးမှာ ဇွန် ၁၃ ရက်မနက်ပိုင်းက ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းဒေသခံ ၁၅ ယောက်ကို စစ်တပ်နဲ့ရဲတွေက ဖမ်းဆီးသွားပြီး အဲ့ဒီအဖမ်းခံရတဲ့သူတွေထဲမှာ မိုးတိမ်ပြင်အုပ်စု၊အလယ်ရွာမှာနေထိုင်ပြီး အုန်းပင်တက်တဲ့အလုပ်လုပ် ကိုင်နေတဲ့ ကိုဝင်းဘိုဟာ စစ်ကြောရေးမှာ သေဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။ ”ဆင်ငံကျေးရွာအနီးမှာ ၁၃ ရက်မနက်ပိုင်းက တပ်နဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဒေသခံ ၁၅ ယောက်ကို တပ်ဘက်ကဖမ်းသွားခဲ့တာ။ ဖမ်းဆီးခံရသူတွေထဲက မိုးတိမ်ပြင်အုပ်စုအလယ်ရွာမှာနေတဲ့ ကိုဝင်းဘိုဆိုသူက တပ်သားတွေနဲ့ရဲတွေရဲ့ရိုက်နှက်စစ်ဆေးခဲ့လို့သေဆုံးသွားခြင်းဖြစ်တယ်။”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်ကပြောပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို မိသားစုဝင်တွေဆီကို ပြန်လည် အပ်နှံခြင်းမရှိဘဲ သင်္ဂြိုဟ်လိုက်တယ်လို့ သိရပြီး…
Read Moreနေပြည်တော်မှာ ကျောင်းဆရာ ၃ ဦး သေနတ်နဲ့ပစ်ခံရပြီး ၁ ဦးသေ ၊ ၁ ဦးဒဏ်ရာရ
ဇွန် ၊ ၂၇-၂၀၂၂ KT+SP(VOM) နေပြည်တော်ကောင်စီနယ်မြေ ၊ ပျဥ်းမနားမြို့နယ် ၊ အလယ်ချောင်း (အောက်)ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းမှာ မနေ့ ဇွန် ၂၆ ရက် မနက်ပိုင်းမှာ ကျောင်းဆရာ၃ဦး သေနတ်နဲ့ပစ်ခံရပြီး ၁ ဦးသေဆုံကာ ၊ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ အလယ်ချောင်းရွာ ကျောင်းသားမိဘတွေဆီက သိရပါတယ်။ ” ဖြစ်တာက ၂၅ ရက်ညအကုန် ၂၆ ရက်အကူး ဝန်းကျင်မှာဖြစ်တာပါ ၊ ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်တာ ၊ ဆရာ ဦးနေဝင်းထွန်း နဲ့ ဆရာဦးလှိုင်မင်းထွန်း တို့ ၃ ဦးဟာ ကျောင်းဝန်းထဲက ဝန်ထမ်းအိမ်ယာ လိုင်းခန်းမှာ ထမင်းစားနေတဲ့အချိန် သေနတ်သမား လူ ၂ ယောက်က ဝင်ရောက် ပစ်ခတ်တာဖြစ်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုကြောင့် ဆရာ…
Read Moreတမူးမြို့က ရာအိမ်မှူးဟောင်းအိမ် သိန်း နှစ်ရာကျော် ဓားပြတိုက်ခံရ
ဇွန် ၊ ၂၇ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ တမူးမြို့ ၊ စန္ဒကူးရပ်ကွက်က ရာအိမ်မှူးဟောင်း ဖြစ်တဲ့သူရဲ့အိမ်ကို မနေ့ ဇွန် ၂၆ ရက်ညပိုင်းက ဓားပြတိုက်ခံရတယ်လို့ တမူးမြို့ခံတွေဆီက သိရပါတယ်။ ” စန္ဒကူးရပ်ကွက်က ရာအိမ်မှူးဟောင်း ဦးနာဒါရမ်း ရဲ့ အိမ်မှာဖြစ်တာပါ ၊ ရွှေထည် ပစ္စည်းတွေနဲ့ ပိုက်ဆံတွေပါသွားတာ ” လို့ စန္ဒကူးရက်ကွက်နေ ဒေသခံ တယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး တမူးမြို့နယ် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတစ်ဦး ပြောတာက ” အရပ်ဝတ်နဲ့ လူ ၇ ယောက်က ည ၈ နာရီဝန်းကျင်မှာ လက်နက်တွေကိုင်ဆောင်ပြီး ရာအိမ်မှူးဟောင်းရဲ့ အိမ်ကို ဓားပြဝင်တိုက်တယ် ၊ ရွှေထည်ပစ္စည်း လက်ကောက်တွေနဲ…
Read Moreမုံရွာမြို့ပေါ်ကို တိုက်ပွဲရှောင်လာတဲ့ လက်ပံတောင်းတောင်ဒေသခံ သောင်းနဲ့ချီပြီးရှိလာ
ဇွန် ၊ ၂၇ ၊ ၂၀၂၂ SP(VOM) ဇွန်၂၀ ရက်နေ့ နောက်ပိုင်းကစလို့ ဒီကနေ့အထိ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် မြောက်ပိုင်းဘက်ကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေ ဝင်ရောက်လာတဲ့အတွက် လက်ပံတောင်းတောင် ဘက်က ဒေသခံတွေဟာ မုံရွာကိုရောက်လာတာ သောင်းနဲ့ချီပြီး ရှိနေတယ်လို့ မုံရွာမြို့ခံတွေဆီက သိရပါတယ်။ ” မုံရွာဘက်ကမ်းကို ကူးလာပြီး တိမ်းရှောင်လာတဲ့သူတွေက သက်ကြီးရွယ်အိုတွေ ၊ နာမကျန်းတဲ့သူတွေ ၊ ကလေးသူငယ်တွေနဲ့ ကြေးနီစီမံကိန်းက Non CDM မိသားစုတွေ ပါဝင်တယ် ” လို့ ချင်းတွင်းမြစ်ကူး ၊ ကတို့လုပ်သား တယောက်က ပြောပါတယ်။ ဒါအပြင် ဆားလင်းကြီးမြို့နယ် ၊ လက်ပံတောင်းတောင် ဒေသခံ တစ်ဦးပြောတာက ” ဒီတပတ်ထဲမှာ မိုးကြိုးပြင် မြောက်ရွာနဲ့ လင်းစာကျက်ရွာတွေ မီးရှို့ခံရတယ်…
Read Moreနိဒါန်းသဝဏ်လွှာ
ဆူးငှက် ဆရာမြို့မငြိမ်းမှာ ၁၉၄၂ ခုနှစ်စတင်၍ စစ်ကြီးကြောင့် မတည်မငြိမ်ဖြစ်ကာ အနယ်နယ်အရပ်ရပ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ရာ ၁၉၄၅ ခုနှစ် စစ်ကြီးပြီးသော်လည်း အခြေမကျသေး။ ၁၉၄၉ ၌ပင် မိမိနေအိမ်၌ စိတ်ချလက်ချ နေမည်ကြံကာမှ ရှိသေး။ပြည်တွင်းစစ်မီး တောက်လောင်ပြန်တော့ ပြေးဟယ်လွှားဟယ် ဖြစ်ရပြန်ကာ သည်အထဲ သူအင်မတန် ချစ်သော၊ ခင်မင်လေးစားသော နန်းတော်ရှေ့ဆရာတင်လည်း ကွယ်လွန်ခဲ့လေပြီ။ နန်းတော်ရှေ့ဆရာတင် မကွယ်လွန်မီက သားဖြစ်သူရွှနန်းတင်နှင့် ချွေးမ ခင်စန်းတင်တို့အား ဇာတ်တစ်ဖွဲ့ တည်ထောင်ပေးလိုသော ဆန္ဒပြင်းပြခဲ့သည်ကို ဆရာမြို့မငြိမ်းသိရှိခဲ့ရသည်။ ယခုလေးစား ကြည်ညိုရပါသော နန်းတော်ရှေ့ဆရာတင် ကွယ်လွန်သောအခါ ထိုတာဝန်မှာ မိမိနှင့်သက်ဆိုင်သွားလေပြီဟု စိတ်ထဲတနုံ့နုံ့လည်းဖြစ်နေ၏။ သို့သော် မတတ်နိုင်။ ကိုယ့်ကိုယ်နှိုက်က အဘိုးအဘွားနှင့် ဇနီးမယားအပေါ် မှီခိုနေရသူ။ မိသားစုတာဝန်ပင် ခေါင်းလွှဲနေသည့် အခြေအနေဖြစ်၏။ ထိုဝေဒနာက လူမသိသူမသိ အဖိစီးကြီး ဖိစီးနေရသည်။ နောက်ဆုံး တတ်နိုင်တာလေးတစ်ခုက မင်းသမီးခင်စန်းတင်အတွက် အငြိမ့်သီချင်းလေးတစ်ပုဒ်…
Read Moreကမ္ဘာတ၀န်းမှာ မျောက်ကျောက်ရောဂါကူးစက်မှု ၄၀၀၀ ကျော်ထိရှိလာ၊ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာဖို့ မရှိသေး
ဂျီနီဗာ၊ ဇွန်-၂၆-၂၀၂၂ မျိုးဆက်(VOM) ကမ္ဘာ့နိုင်ငံတွေမှာ ကူးစက်ပျံ့နှံ့နေတဲ့ မျောက်ကျောက်ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာဖို့ မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ကြာသပတေးနေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရေးပေါ်ကော်မတီအစည်းအဝေးပြုလုပ်ခဲ့ပြီး ရောဂါနဲ့ပတ်သက်ပြီး ကမ္ဘာတ၀န်းက ပညာရှင်တွေက ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးအကြံပြုချက်တွေအပေါ် အခြေခံပြီး မျောက်ကျောက်ရောဂါကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေ မကြေညာသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရို့စ်က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် ကူးစက်ပျံ့ပွားမှုတွေ ထပ်မံဖြစ်နိုင်ခြေရှိတာကြောင့် မျောက်ကျောက်ရောဂါကို အနီးကပ်စောင့်ကြည့်ဖို့ အရေးပေါ်ကော်မတီက အကြံပြုထားပါတယ်။ ရောဂါနဲ့ပတ်သက်ပြီး အချက်အလက်တွေ ပိုမိုရရှိလာချိန်မှာ ရက်သတ္တပတ်အနည်းငယ်အတွင်း ဒီကိစ္စကို ပြန်လည်သုံးသပ်သင့်တယ်လို့ ကျန်းမာရေးကျွမ်းကျင်သူတွေက ပြောပါတယ်။ လက်ရှိမှာတော့ ပိုလီယိုရောဂါနဲ့ ကိုဗစ်-၁၉ ရောဂါတို့ကို ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေစာရင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထည့်သွင်းထားပါတယ်။ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနရဲ့အဆိုအရ နိုင်ငံပေါင်း ၄၇ နိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်မှုဟာ ဇွန်…
Read Moreမြိုင်မြို့နယ်မှာ ၂လောင်းပြိုင် လူသတ်မှုဖြစ်ပွား
ဇွန် ၊ ၂၆ ၊ ၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ သင်းပေါင်းကန်ကျေးရွာ တောင်ဘက်က ၊ သမန်းကန်ဆည်ဘောင်နားမှာ မနေ့ ဇွန် ၂၅ ရက် နေ့လယ်ပိုင်းက ၂ လောင်းပြိုင် လူသတ်ဖြစ်ပွားခဲ့တယ်လို့ နယ်ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” နေ့ခင်း ၁ နာရီဝန်းကျင်က ဖြစ်တာပါ ၊ အမျိုးသား ရုပ်အလောင်း ၁ လောင်းနဲ့ အမျိုးသမီး ရုပ်အလောင်း ၁ လောင်းတွေ့ရတာ ဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မြိုင်မြို့နယ် ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတဦးက” သေဆုံးသူတွေက သင်းပေါင်းကန်ရွာမှာနေတဲ့ ဦးသိန်းထွန်း နဲ့ သူ့မိန်းမ ဒေါ်ဌေးလှ…
Read Moreအမေရိကန်နဲ့ အီရန်အကြား နျူကလီးယားဆွေးနွေးပွဲတွေ ပြန်စတော့မယ်
တီဟီရန်၊ ဇွန်-၂၆-၂၀၂၂ မျိုးဆက်(VOM) ၂၀၁၅ အီရန်နျူကလီးယား သဘောတူစာချုပ်ပြန်လည်သက်၀င်ရေးနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ အီရန်တို့အကြား ဆွေးနွေးပွဲများကို လာမယ့်ရက်အနည်းငယ်အတွင်း ပြန်လည်စတင်တော့မှာဖြစ်ကြောင်း အီးယူရဲ့ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဆက်ဘော်ရဲလ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဂျိုးဆက်ဘော်ရဲလ်ဟာ အီရန်နိုင်ငံခြားရေး၀န်ကြီး ဟူစိန်အာမီယာအဗ္ဗဒိုလာဟီရန်နဲ့ စနေနေ့မှာ တွေ့ဆုံပြီးနောက် အခုလိုက်ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။ အမေရိကန်နဲ့ အီရန်တို့အကြား နျူကလီးယားဆွေးနွေးပွဲတွေဟာ မတ်လကတည်းက ဆိုင်းငံ့ထားခဲ့ပြီး ပြန်လည်စတင်နိုင်ရေးအတွက် အီးယူက ကြိုးစားနေတာဖြစ်ပါတယ်။ နျူကလီးယားသဘောတူညီချက်အရ အီရန်ရဲ့စီးပွားရေးအကျိုးအမြတ်တွေကို အပြည့်အ၀ ပြန်လည်ရရှိဖို့ အရေးကြီးကြောင်း၊ သဘောတူညီချက်တခုအပြီးသတ်ရရှိဖို့ ယခုတကြိမ်ဆွေးနွေးပွဲမှာ အမေရိကန်က လက်တွေ့ကျလိမ့်မယ်လို့ မျှော်လင့်ကြောင်း အီရန်နိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။ အဲဒီဆွေးနွေးပွဲတွေပြန်စမယ်ဆိုရင် သဘောတူညီချက်တခု ရရှိနိုင်မလားဆိုတာကတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ အီရန်အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ ဖယ်ရှားပေးရေးကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ အီရန်တို့အကြား ဆွေးနွေးပွဲတွေမှာ သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။ Ref: NHK Photo: Reuters #voiceofmyanmar #VOM #တီဟီရန်
Read More၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါ ဖမ်းဆီးရမိမှု နှစ်ဆမြင့်တက်လာ
မန္တလေး၊ ဇွန် – ၂၆- ၂၀၂၂ (VOM) ၂၀၂၁ ခုနှစ်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ မှုးယစ်ဆေးဝါး တန်ဖိုးနဲ့ ၂၀၂၂ ခုနှစ်အတွင်းဖမ်းဆီးရမိခဲ့တဲ့ ပမာဏကို နှိုင်းယှဥ်ကြည့်မယ်ဆိုရင် ၂၀၂၁ ခုနှစ်ထက် နှစ်ဆ မြင့်တက်လာတာဖြစ်တယ်လို့ ဖမ်းဆီးရမိတဲ့ မှုးယစ်ဆေးဝါတွေကို မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားမှာ အမှတ် ၁ မူးယစ် တပ်ဖွဲ့ခွဲမှာတာဝန်ထမ်းဆောင်နေတဲ့ ဒုတိယရဲမှူးကြီး ဦးအုန်းခိုင်ကပါတယ်။ ၂၀၂၁ ခုနှစ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး ၃၆ မျိုးရှိပြီး တန်ကြေးငွေ ၁၈၆.၀၃၇၇ ဘီလျံကျပ်(အမေရိကန်ဒေါ်လာ ၁၁၆.၂၇၃၅ သန်း)ဖိုး ဖမ်းဆီးရမိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ မူးယစ်ဆေးဝါး ၂၅ မျိုး တန်ကြေးငွေ ၃၁၆.၇၇၈၈ ဘီလျံကျပ်(အမေရိကန်ဒေါ်လာ ၁၇၁.၂၃၁ သန်း)ဖိုး ဖမ်းဆီးရမိတယ်လို့ အမှတ်(၁) မှုးယစ်တပ်ဖွဲ့ခွဲက ဒုတိယရဲမှူးကြီးဦးအုန်းခိုင်က ပြောပါတယ်။ အပြည်ပြည်ဆိုင်ရာ မှုးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရား…
Read More