သာယာဝတီမှာ ဆန်စက် မိုင်းခွဲခံရပြီး ကားနှစ်စီးပျက်စီး

မေ ၂၃-၂၀၂၂ GG(VOM) ပဲခူးတိုင်း၊ သာယာဝတီမြို့၊ ဂုံမင်းမြောင်ကျေးရွာက ဦးမြင့်သိန်းဆိုသူပိုင်တဲ့ ဆန်စက် ဒီကနေ့ မေလ ၂၃ ရက်နေ့ မနက်ပိုင်းက မိုင်းခွဲခံခဲ့ရတယ်လို့ သိရပါတယ်။ ဆန်စက်မိုင်းခွဲခံရမှုမှာ အိမ်စီးကား ၁စီးနဲ့ကုန်တင်ကား၁စီး ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ်။ ” ဒီနေ့မနက်အစော ၃ နာရီလောက်မှာ ဖြစ်တာပါ။ အိမ်စီးကားက ဖင်ပိုင်းအတော်ပျက်စီးတယ်၊ဦးမြင့်သိန်းက စစ်တပ်ကိုဆန်တွေပို့ပေးလို့ဆိုပြီး ဗုံးခွဲခံရတာလို့သိရတယ်၊ မနက်မိုးလင်းတော့စစ်တပ်က ရောက်လာတယ်။အဲ့ဒီမှာ မိုင်းထပ်ပေါက်တယ် “လို့ ဒေသခံတဦးက ပြောပါတယ် ။ ဆန်စက်မိုင်းခွဲခံရပြီးနောက် ဖြစ်စဉ်ကိုစစ်ဆေးဖို့လာရောက်တဲ့ စစ်သားတွေလည်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ ဒဏ်ရာရသူတချို့ရှိခဲ့တယ်လို့လည်း ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ အံဒီတိုက်ခိုက်မှုကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ နဲ့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈ဝ၂ နှစ်ခုက တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ပဲခူးတိုင်းရဲ့ “နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးလှုပ်ရှားမှု”အဖြစ် ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့…

Read More

မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတ၀န်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ သန်း ၁၀၀ ကျော်ရှိလာ

ကုလသမဂ္ဂ၊ မေ-၂၃-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်မှုရဲ့တွန်းအားပေးမှုကြောင့် ကမ္ဘာပေါ်မှာ နေရပ်စွန့်ခွာရသူအရေအတွက်ဟာ ပထမဆုံးအကြိမ်အဖြစ် သန်း ၁၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။ ပဋိပက္ခ၊ အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ နှိပ်စက်ညှဉ်းပမ်းမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ အရေအတွက်ဟာ လက်ရှိချိန်မှာ အံ့မခန်းမှတ်တိုင်တခုကို ဖြတ်ကျော်သွားပြီလို့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ပါတယ်။ အာဖဂန်နစ္စတန်၊ မြန်မာနဲ့ အီသီယိုးပီးယားတို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ နေရပ်စွန့်ခွာရသူတွေဟာ သန်း ၉၀ နီးပါးထိရှိခဲ့တယ်လို့ ဆိုပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော်မှုကြောင့် နေရပ်စွန့်ခွာရသူအရေအတွက်ဟာ ထပ်တိုးလာခဲ့ပြီး လူ ခြောက်သန်းလောက်ဟာ ယူကရိန်းကနေ အခြားနိုင်ငံတွေကို ထွက်ပြေးခဲ့ရပြီး ရှစ်သန်းလောက်ကတော့ နိုင်ငံတွင်းမှာ အိုးမဲ့အိမ်မဲ့ ဖြစ်ပွားနေပါတယ်။ ယူကရိန်းစစ်ပွဲကနေ ထွက်ပြေးလာသူတွေအပေါ် နိုင်ငံတကာရဲ့တုံ့ပြန်မှုတွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးFilippo Grandiက ချီးကျူးပြောဆိုလိုက်ပြီး…

Read More

ထိုင်၀မ်ကို တရုတ်ကတိုက်ခိုက်လာရင် အမေရိကန်က စစ်ရေးအရ ကာကွယ်ပေးသွားမယ်လို့ ဂျိုးဘိုင်ဒင်ပြော

တိုကျို၊ မေ-၂၃-၂၀၂၂ မျိုးဆက်(VOM) ထိုင်၀မ်အရေးမှာ တရုတ်နိုင်ငံဟာ အန္တရာယ်နဲ့ကစားနေတာဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးပြောဆိုလိုက်ပြီး ထိုင်၀မ်ကျွန်း တိုက်ခိုက်ခံရပါက ကာကွယ်ပေးဖို့အတွက် စစ်ရေးအရ ၀င်ရောက်စွက်ဖက်သွားမယ်လို့ ကတိပြုပြောဆိုလိုက်ပါတယ်။ ထိုင်၀မ်မူဝါဒနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ကာလရှည်ကြာမူဝါဒဟာ ပြောင်းလဲခြင်းမရှိဘူးလို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပေမယ့်လည်း ဂျပန်နိုင်ငံမှာရောက်ရှိနေတဲ့ သမ္မတဂျိုးဘိုင်ဒင်ရဲ့ ပြောဆိုမှုဟာ အဲဒီမူဝါဒနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ မစ္စတာဘိုင်ဒင်ဟာ သမ္မတတာဝန်ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဒေသတွင်းမဟာမိတ်တွေဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံ ခရီးစဉ်ကို သွားရောက်နေတာဖြစ်ပါတယ်။ ယူကရိန်းကို ရုရှားကကျူးကျော်မှုလိုမျိုး ထိုင်၀မ်ကို တရုတ်က ကျူးကျော်လာခဲ့မယ်ဆိုရင် အမေရိကန်က စစ်ရေးအရ ကာကွယ်ပေးမလားဆိုပြီး သတင်းထောက်တဦးရဲ့ မေးမြန်းမှုအပေါ် ဘိုင်ဒင်က “ ဟုတ်ပါတယ် ဒါဟာ ငါတို့ရဲ့ ကတိက၀တ်ပဲ”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။ အင်အားသုံး သိမ်းယူနိုင်တယ်ဆိုတဲ့အယူအဆဟာ မသင့်တော်ပါဘူး။ ဒါဟာ ဒေသတခုလုံးရဲ့ အခြေအနေပြောင်းလဲသွားစေနိုင်မယ့် ယူကရိန်းမှာဖြစ်ပွားခဲ့တဲ့ အလားတူ လုပ်ဆောင်မှုမျိုးဖြစ်လိမ့်မယ်လို့ အမေရိကန်သမ္မတက…

Read More

မုန်တိုင်းမိပြီး ရေမျောလာသူတွေနဲ့ ရုပ်အလောင်းတွေကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်ထား

မေ ၊ ၂၃-၂၀၂၂ SP(VOM) ဧရာဝတီတိုင်း ၊ ပုသိမ်မြို့နယ် ၊ ရွှေသောင်ယံမြို့၊ဝက်သေကမ်းခြေမှာ မနေ့ မေ ၂၂ ရက် နေ့လယ်ပိုင်းက ပင်လယ်ပြင်မှာ မုန်တိုင်းမိပြီး ရေမျောလာတဲ့ ရုပ်အလောင်း ၁၇ လောင်းကို ကယ်ဆယ်ပေးခဲ့ရတယ်လို့ ပုသိမ်မြို့ခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” ရေမျောလာတဲ့သူ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တာ လူ အယောက် ၃၀ ၊ သေဆုံးနေတဲ့ ရုပ်အလောင်းကယ်ဆယ်ပေးနိုင်ခဲ့တာက ၁၇ လောင်း ဖြစ်တယ်”လို့ ကူညီကယ်ဆယ်ပေးခဲ့တဲ့ ပရဟိတသမားတစ်ယောက်က ပြောပါတယ်။ ပုသိမ်ခရိုင် ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တဦးက ” ဝက်သေကမ်းခြေမှာ ကယ်ဆယ်ပေးနိုင်ခဲ့တဲ့ရေမျောတွေဟာ နိုင်ငံသားအထောက်အထားမဲ့ လူမျိုးတွေဖြစ်တယ် ၊ အခုလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ ရေလမ်းကြောင်းအတိုင်း ထွက်လာကြတာဖြစ်ပြီး ဧရာဝတီတိုင်း နယ်နိမိတ်ထဲအရောက်…

Read More

ပြည်ပနိုင်ငံတွေကို စားအုန်းဆီတင်ပို့မှု တားမြစ်ချက် အင်ဒိုနီးရှားရုပ်သိမ်း

ဂျကာတာ၊ မေ-၂၃-၂၀၂၂ မျိုးဆက်(VOM) အင်ဒိုနီးရှားနိုင်ငံဟာ ပြည်ပနိုင်ငံတွေကို စားအုန်ဆီတင်ပို့မှု ပိတ်ပင်ထားတဲ့ တားမြစ်ချက်ကို မေ ၂၃ ရက်မှာ ရုပ်သိမ်းလိုက်ပါတယ်။ အင်ဒိုနီးရှားဟာ ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှုရဲ့ ၆၀ ရာခိုင်နှုန်းရှိပြီး ပြည်တွင်းစားသုံးမှုဖူလုံဖို့အတွက် ဧပြီနှောင်းပိုင်းကစပြီး ပြည်ပတင်ပို့မှုကို ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ ယူကရိန်းကို ရုရှားကကျူးကျော်ပြီးနောက် နေကြာဆီ ပြတ်လပ်မှုအပေါ် စိုးရိမ်မှုတွေကြောင့် စားအုန်းဆီနဲ့ အခြား ဟင်းသီးဟင်းရွက်ဆီတွေ စျေးတက်ခဲ့ပါတယ်။ ယူကရိန်းဟာ နေကြာဆီအဓိက ထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပါတယ်။ စားအုန်းဆီ ပြည်ပတင်ပို့မှုပိတ်ပင်မှုကို ရုပ်သိမ်းလိုက်ပြီးနောက် ရောင်းလိုအားတည်ငြိမ်ဖို့နဲ့ စျေးနှုန်းကျဆင်းဖို့ မျှော်လင့်ကြောင်း အင်ဒိုနီးရှားနိုင်ငံက ပြောပါတယ်။ စားအုန်းဆီလုပ်ငန်းမှာ အလုပ်အကိုင် ၁၇ သန်းရပ်ဆိုင်းထားရတာရဲ့ဆိုးကျိုးတွေကို တားဆီးလိုကြောင်း အင်ဒိုနီးရှားတာ၀န်ရှိသူတွေက ပြောပါတယ်။ စားအုန်းဆီကို အစားအသောက်တွေမှာသာမက အလှကုန်တွေနဲ့ အခြားထုတ်ကုန်တွေမှာလည်း အသုံးပြုနေကြပါတယ်။ အင်ဒိုနီးရှားရဲ့ လက်ရှိလုပ်ဆောင်မှုဟာ ကမ္ဘာတ၀န်းမှာ စားအုန်းဆီနဲ့ အခြားဟင်းချက်ဆီစျေးနှုန်းတွေ ကြီးမြင့်မှုတွေ လျော့ပါးသွားမလားဆိုတာကို…

Read More

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ကားလုယူခံရတဲ့ အကြိမ်ရေ ၁ ဒါဇင်ကျော်အထိရှိနေ

မေ ၊ ၂၃-၂၀၂၂ SP(VOM) ပြီးခဲ့တဲ့ရက်ပိုင်းတွေကစလို့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေနဲ့ မကွေးတိုင်းထဲက မြို့နယ်တွေမှာ ဌာနဆိုင်ရာနဲ့ ပုဂ္ဂလိကပိုင်ကားတွေ လုယူခံရတာ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။ မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် ၊ မဲကျေးရွာနဲ့ လယ်မကျေးရွာ အကြား မုံရွာ – ပုလဲ – ဂန့်ဂေါ ကားလမ်းမှာ မနေ့ မေ ၂၂ ရက် နေ့လယ်ပိုင်းမှာ ဂန့်ဂေါခရိုင် လျှပ်စစ်မဟာဓာတ်အားလိုင်းဌာနက ရုံးသုံး ကား ၁ စီးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က လုယူသွားတယ်လို့ ဂန့်ဂေါခရိုင် လျှပ်စစ်ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ကောင်းတုံ ၊ မဲ ၊ လယ်မ ရွာတွေအကြားက မဟာဓာတ်အားလိုင်းကို ဆားဗစ်လုပ်ဖို့သွားတဲ့ ကားကို လုယူသွားတာပါ ၊ လုယူခံရတဲ့ ကားအမျိုးအစားက HILUX VIGO…

Read More

၂၀၂၀ မိုး ချေးငွေကို အခုလ၂၇ ရက်နောက်ဆုံးပြန်မဆပ်ရင် အရေးယူမယ်လို့ ပြည်ခရိုင်ဘဏ်ခွဲက သတိပေး

မေ ၂၃-၂၀၂၂ VOM (GG) စိုက်ပျိုးရေးဘဏ်ကနေ တောင်သူတွေကို စိုက်ပျိုးစရိတ် ထုတ်ချေးပေးထားတဲ့ ၂၀၂၀ မိုးချေးငွေတွေကို အခု မေလ ၂၇ ရက်နေ့ နောက်ဆုံးထားပေးဆပ်ဖို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ပြည်ခရိုင်ဘဏ်ခွဲက သတိပေးစာထုတ်ပြန်လိုက်ပါတယ်။ တကယ်လို့ တောင်သူအနေနဲ့ ငွေပြန်လည်ပေးဆပ်ရမယ့်သတ်မှတ်ရက်မှာ ပေးဆပ်ဖို့ပျက်ကွက်ပါက ဘဏ်တည်ဆဲဥပဒေအရဖြစ်စေ၊မြေခွန်ကျန်ငွေဖြစ်သကဲ့သို့ဖြစ်စေ အရေးယူမှာဖြစ်တယ်လို့သိရပါတယ်။ ” ဒီနေ့ညနေပဲ ဘဏ်က ချေးငွေဆပ်ဖို့ဆိုပြီးစာရွက်တွေ အိမ်အထိလိုက်ပေးနေတယ်။ ၂၇ ရက်နေ့ဆိုတော့ ၄ ရက်ပဲ အချိန်ရှိတော့တယ်။ ဒီကြားထဲ ငွေကဘယ်သွားရှာရမလဲ ။ အခုကာလ အကုန်ကြပ်တည်းနေတာ။ အရင်းမဆပ်ဘဲ အတိုးပဲဆပ်ဆိုရင်တောင် လယ်သမားတွေ အသက်ရှုချောင်အုံးမယ်၊ အခုတော့ ငွေပြန်ဆပ်ဖို့က ဘယ်လိုမှကို အဆင်မပြေဘူး”လို့ ပြည်မြို့နယ်စပါးစိုက်တောင်သူတဦးကပြောပါတယ်။ ပြည်တွင်းမှာ ကိုဗစ်ရောဂါ နဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့် ဇာတိပြင်ပကိုထွက်ပြီး အလုပ်လုပ်ကိုင်နိုင်ခြင်းမရှိသလို၊ စပါးစျေးနူန်းလည်း မကောင်းတဲ့အတွက် အစိုးရက ထုတ်ချေးပေးထားတဲ့ စိုက်ပျိုးစရိတ် ချေးငွေတွေကို ပြည်မြို့နယ်ထဲက…

Read More

စက်သုံးဆီသင်္ဘောတွေ ရောက်ပြီလို့ပြောနေပေမယ့် ဆိုင်အချို့ ဆီပြတ်နေလို့ ပိတ်ထားရ

မေ ၂၃ -၂၀၂၂ VOM (GG) မြန်မာနိုင်ငံကို ဆီတွေတင်လာတဲ့သင်္ဘေနှစ်စီး ဆိုက်ရောက်လို့ ဆီပြတ်စရာမရှိဘူးလို့ ပြောဆိုခဲ့ပေမယ့် ပြည်မြို့ စက်သုံးဆီဆိုင်အချို့ ဆီပြတ်လတ်ပြီး ပိတ်ထားတာကြောင့် 92 တစ်လီတာကို ၃၀၀၀ ကျပ်အထိ ပေးဝယ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စက်သုံးဆီအရောင်းဆိုင်အကြီးတွေမှာပါ ၉၂ နဲ့ ၉၅ တွေပြတ်လတ်နေတာကြောင့် စက်သုံးဆီအကျန်ရှိနေတဲ့ ဆိုင်တွေက ကြိုက်စျေးခေါ်ပြီး ရောင်းချနေတာဖြစ်တယ်လို့သိရပါတယ်။ ” စက်သုံးဆီဆိုင်တချို့မှာ 92 ရော ၊ 95 ရော ပြတ်နေတော့ ဆီဆိုင်ကို မနည်းလိုက်ရှာဖြည့်ရတယ်။ တချို့ဆိုင်ကျ 92ပြတ်တယ်။ new day ဆို မနက်ကတည်းကဆီလာဖြည့်သူတွေကိုပြန်လွှတ်တယ်”လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ပြည်မြို့ဒေသခံတဦးကပြောပါတယ်။ ပြည်မြို့မှာ မနက်ပိုင်းအချိန်က 92 တစ်လီတာကို ၂၂၀၀ကျော်ကနေ ၂၄၀၀ နီးပါးအထိရှိခဲ့ပြီး 95က ၂၃၀၀ ကျော်ကနေ ၂၄၀၀ ကျော်အထိ…

Read More

သံတမန်နည်းလမ်းဖြင့်သာ စစ်ပွဲအဆုံးသတ်နိုင်မယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးပြော

ကိယက်ဗ်၊ မေ ၂၂-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး တခုတည်းသောနည်းလမ်းဟာ သံတမန်နည်းလမ်းသာဖြစ်တယ်လို့ ယူကရိန်း သမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုပါတယ်။ ယူကရိန်းနိုင်ငံဟာ စစ်မြေပြင်မှာ ရုရှားကို အောင်ပွဲခံနိုင်တယ်လို့လည်း သူကပြောပါတယ်။ ဒါပေမယ့် စစ်ပွဲဟာ စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းမှာသာ အပြီးအပြတ် ရပ်တန့်သွားနိုင်ကြောင်း ဇီလန်စကီးက ပြောပါတယ်။ ဒီအတောအတွင်း လူဟန့်ခ်ဒေသတစ်ခုလုံးကို သိမ်းပိုက်ဖို့ ရုရှားတပ်ဖွဲ့တွေက အရှိန်မြှင့်ဆောင်ရွက်နေချိန်မှာ ဆီဗီရိုဒွန်နက်ခ် အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေပါတယ်။ တောင်ပိုင်းဆိပ်ကမ်းမြို့ မာရီယူပိုလ်မြို့မှာ တိုက်ပွဲတွေ ပြီးဆုံးပြီးနောက် ရုရှားတပ်တွေကို အခြားနေရာတွေမှာ ပြန်လည်နေရာချထားပြီး အရှေ့ဘက်မှာ ထိုးစစ်အရှိန်မြှင့်လျှက်ရှိပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #ကိယက်ဗ်

Read More

ရွှေဘို – မန္တလေး ကားလမ်းမှာ ရန်ကုန်-ကလေး ခရီးသည်တင်ကား မိုင်းထိမှန်ပြီး ခရီးသည် ၂ ဦး ဒဏ်ရာရ

မေ ၂၂-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်၊လှတောကျေးရွာအနီး မန္တလေး-ရွှေဘိုကားလမ်းမှာ မနေ့ မေ ၂၁ ရက် မနက်အစောပိုင်း ၅ နာရီဝန်းကျင်မှာ ခရီးသည်တင်ကား ၁ စီး မိုင်းထိမှန်ခဲ့တယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” မိုင်းထိမှန်တဲ့ကားက Hight Class ခရီးသည်တင် မှန်လုံကားဖြစ်တယ် ၊ ကားရဲ့ဘယ်ဘက်ခြမ်း လေကာမှန်တွေ ပျက်စီးတယ်၊ ခရီးသည် ၂ ယောက် ဒဏ်ရာရတယ်” လို့ မြင်တွေ့ခဲ့ရသူ လှတောရွာခံတယောက်က ပြောပါတယ်။ မေလ၂၀ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ကနေ ကလေးမြို့ကို ထွက်ခွာလာပြီး ၂၁ ရက်နေ့ မနက်အစောပိုင်းမှာ မိုင်းထိမှန်ခဲ့တာဖြစ်တယ်လို့ ဂိတ်တာဝန်ရှိသူရဲ့ ပြောပြချက်အရ သိရပါတယ်။ ” အရင်က ကလေးခရီးစဥ်တွေကို မုံရွာ ၊ ဂန့်ဂေါ…

Read More
VOM News

FREE
VIEW