ငရုတ်စိုက်ဖို့သွားတဲ့ အမျိုးသမီး ၅ ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

မေ ၂၄-၂၀၂၂ GG(VOM) ပျော်ဘွယ်မြို့၊ ကျောက်ချပ်ရွာမှာ ငရုတ်စိုက်ဖို့သွားတဲ့ အမျိုးသမီး ၅ ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးမှု ဒီကနေ့ညနေပိုင်းကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ငရုတ်စိုက်ဖို့ ယာထဲရောက်ချိန် လျှပ်စီးလက်ပြီးမိုးကြိုးပစ်နေတာကြောင့် ယာကန်သင်းပေါ် ထိုင်နေချိန် မိုးကြိုးစက်ကွင်းမိကာ အမျိုးသမီး ၅ ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” ဟုတ်တယ် ၃ နာရီလောက်မှာဖြစ်တာ၊ ၅ယောက်ဆုံးသွားတယ်၊ ငရုတ်က မစိုက်ရသေးဘူး။ကန်သင်းပေါ်မှာထိုင်နေတာ၊ထိုင်နေတာတော့ အများကြီးပဲ ၈ ယောက်လောက် စက်ကွင်းမိတာ ၊ အခု၅ယောက်သေတာ၊ကျန်တဲ့ ၃ ယောက်ကတော့ ဖြစ်ပြီးသတိတန်းရလာပြီး ရှင်တယ်ပေါ့၊သူတို့ဖြစ်တဲ့နေရာနဲ့ ဆေးရုံကဝေးတယ်လေ၊ ဆေးရုံရောက်တဲ့အထိ သူတို့အသက်တွေပါသေးတယ်”လို့ ကျောက်ချပ်ရွာဒေသခံတဦးကပြောပါတယ်။ မိုးကြိုးပစ်ခံရပြီးသေဆုံးသူ ၅ ဦးဟာ အသက် ၅၀ ကျော် ၂ယောက်ပါဝင်ပြီး အသက် ၃၀ ဝန်းကျင် တယောက်၊အသက် ၄၀ တယောက်၊အသက် ၁၇နှစ်အရွယ်ကောင်မလေးတယောက်တို့ဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသူတွေကို…

Read More

ပေါင်မြို့နယ် အလှပ်ကျေးရွာမှာ လေဆင်နှာမောင်းတိုက်လို့ အိမ်ခြေ ၁၀၀ခန့်ပျက်စီး၊ လူ ၃ဦး ဒဏ်ရာရရှိ

မေ ၂၄-၂၀၂၂ KK(VOM) ပေါင်မြို့နယ် အလှပ်ကျေးရွာမှာ ဒီကနေ့ နေ့လယ်ပိုင်းက လေဆင်နှာမောင်းတိုက်ခတ်သွားလို့ နေအိမ် တစ်ရာခန့် ပျက်စီးသွားပြီး ကလေးငယ်တဦးနဲ့အဘွားအိုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လေဆင်နှာမောင်းတိုက်ခတ်ခဲ့လို့ နေအိမ်အလုံးတစ်ရာပျက်စီခဲ့ပြီး နေအိမ်သုံးလုံးမှာ လုံးဝပြိုကျပျက်စီးခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ “လေဆင်နှာမောင်းတိုက်တဲ့အချိန်က လေးဆယ်ငါးမိနစ်လောက်ကြာတယ်၊ တစ်ရွာလုံးနီးပါး အိမ်တွေ ပျက်စီးကုန်တာ၊ နေအိမ်သုံးလုံးကတော့ပြိုကျသွားတယ်”လို့ သူကပြောပါတယ်။ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တွေ အမိုးလန်ပြီးအကာတွေပျက်စီးခဲ့သလို ယိုင်နဲ့သွားတာအပြင် ဘုန်းတော်ကြီးကျောင်းအဝင်မုဒ်ဦးတွေလည်း ယိုင်နဲ့သွားတာရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လေနှာမောင်းတိုက်လို့ နေအိမ်ပျက်စီးမှုအများဆုံးဟာ ကံသာယာလမ်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃ဦးရှိတယ်လို့ အဲ့ဒီလမ်းမှာနေထိုင်သူတဦးက ပြောပါတယ်။ “အဘွားတစ်ယောက်ဆို ၁၄ ချက်ချုပ်ရတယ်၊ နော က်ထပ် အသက်၆၇ လောက်ရှိတဲ့အဘွားက သွပ်ပြားထိတာ ရှစ်ချက်ချုပ်ရတယ်၊ ကလေးတဦးက ခြေထောက်ထိတယ်”လို့ ပြောပါတယ်။ လက်တလော ထိခိုက်ဒဏ်ရာရရှိသူ ၃ဦးထဲက အဘွားအိုနှစ်ဦးဟာ အလှပ်ကျေးရွာတိုင်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့…

Read More

ခင်ဦးမြို့နယ်မှာ ၄လောင်းပြိုင် လူသတ်မှုဖြစ်ပွား

မေ ၊ ၂၂-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် သီဟတောကျေးရွာနားမှာ မနေ့ မေ ၂၁ ရက် ည ၇ နာရီဝန်းကျင်က ၄ လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ” ဒီမနက်မှာ အသတ်ခံထားရလို့ သေဆုံးနေတဲ့ ရုပ်အလောင်း ၄ လောင်းတွေ့ရတယ် ၊ သေဆုံးနေသူတွေကတော့ သီဟတောရွာက ကိုမောင်နိုင် ၊ ကိုဖိုးရှမ်း ၊ ကိုသန်းဇော်ဦးနဲ့ ကိုအီးတီ တို့ဖြစ်တယ်”လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ သေဆုံးသူ လူ ၄ ယောက်ဟာ မနေ့က ညနေပိုင်းမှာ သီဟတောရွာထဲကို လက်နက်ကိုင် အဖွဲ့အစည်းတခုက ဝင်ရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲ့ဒီ ၄ လောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်ပြီး…

Read More

ပိတောက်သားတွေ သယ်လာတဲ့ မြန်မာကုန်တင်သင်္ဘောနှစ်စင်းကို ပီနန်ရေပိုင်နက်မှာ မလေးရှားအာဏာပိုင်တွေ ဖမ်းဆီး

ကွာလာလမ်ပူ၊ မေ-၂၂-၂၀၂၂ မျိးဆက်(VOM) မ လေးရှားနိုင်ငံ ပီနန်ရေပိုင်နက်အတွင်း စစ်ဆေးမှုပြုလုပ်ရာမှာ သက်ဆိုင်ရာ စာရွက်စာတမ်းတွေ တင်ပြနိုင်ခြင်း မရှိတာကြောင့် မြန်မာကုန်တင်သင်္ဘောနှစ်စင်းကို မလေးရှား ရေကြောင်းထိန်းသိမ်းရေး အေဂျင်စီ (MMEA)က မေ ၂၀ ရက်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ ရန်ကုန်မြို့မှာ မှတ်ပုံတင်ထားတဲ့သင်္ဘောနှစ်စင်းကို ညနေ ၆ နာရီ ၅၀ မိနစ်နဲ့ ညနေ ၆ နာရီ ၅၅ မိနစ်တို့မှာ ပီနန်ဆိပ်ကမ်း အနောက်မြောက်ဘက် ရေမိုင် ၀.၈ မိုင်မှာ အသီးသီး ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပီနန် MMEA ဒါရိုက်တာ ရေကြောင်းကပ္ပတိန် Abd Razak Mohamed က ပြောပါတယ်။ ဖမ်းဆီးခဲ့တဲ့ “THITDI AUNG 3 အမည်ရှိ သင်္ဘောမှာ ကပ္ပတိန် အပါအဝင် အမှုထမ်း ကိုးဦးပါဝင်ပြီး DANA THIDI…

Read More

ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယမှာ လူသန်းပေါင်းများစွာ ရေဘေးသင့်နေ၊ လူ ၆၀ နီးပါး သေဆုံး

ဒါကာ၊ မေ ၂၂-၂၀၂၂ မျိုးဆက်(VOM) မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတို့မှာ နေရာအနှံ့ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူသန်းပေါင်းများစွာ ရေဘေးသင့်နေကာ အနည်းဆုံး ၅၇ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာတော့ ဆယ်စုနှစ် နှစ်ခုနီးပါးအတွင်း နိုင်ငံအရှေ့မြောက်ပိုင်းမှာ အဆိုးရွားဆုံး ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၂ သန်းကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှ ဘားရက်မြစ်ပေါ်ရှိ အဓိက တာတမံတစ်ခု ကျိုးပေါက်ပြီးနောက် ဘင်္ဂလားဒေ့ရှ် Zakiganj ရှိ ရွာပေါင်း ၁၀၀ ထက်မနည်း ရေနစ်မြုပ်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ရေကြီးခြင်း၊ မြေပြိုခြင်းနဲ့ မိုးကြိုးမုန်တိုင်းတွေ ကျရောက်တဲ့ ရက်သတ္တပတ်တွေအတွင်း လူဒါဇင်နဲ့ချီ သေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအာဏာပိုင်တွေက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ အာသံပြည်နယ်မှာတော့ ရေကြီးရေလျှံမှုနဲ့…

Read More

စစ်ကိုင်းတိုင်းမှာ မနေ့က ၁ ရက်ထဲ လူသတ်မှု ၄ ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၉ ဦးအထိရှိ

မေ ၊ ၂၂-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ်၊အလ္လကပ္ပကျေးရွာ နဲ့ မုံရွာမြို့နယ် ၊ ပေါက်ပင်ကျေးရွာနားမှာ မနေ့ မေ ၂၁ ရက် ညနေပိုင်းက ၂ လောင်းပြိုင်လူသတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ နယ်ခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ အဲ့ဒီလူသတ်မှုတွေနဲ့ ပတ်သက်ပြီး ၊ မြင်းမူမြို့ခံ လူမှုကူညီရေးအဖွဲ့ ပရဟိတသမားတယောက်က ” မနေ့က နေခင်းပိုင်းမှာ အလ္လကပ္ပကျေးရွာ မန္တလေး-မုံရွာကားလမ်း ဘုန်းပြည့်စံကွမ်းယာဆိုင်ရှေ့မှာ လူ ၂ ဦးသတ်ခံရတယ် ၊ သေဆုံးသူတွေကတော့ ဦးလှဦးနဲ့ ဦးမောင်ခိုင် တို့ဖြစ်တယ် ၊ အလောင်းတွေကို မြင်းမူဆေးရုံ ပို့လိုက်တာ”လို့ ပြောပါတယ်။ အဲ့ဒီ လူသတ်မှုကို မြင်းမူမြို့နယ်ရဲတပ်ဖွဲ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေရ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မနေ့က ညနေပိုင်းမှာ မုံရွာမြို့နယ် ၊…

Read More

မွန်ပြည်သစ်ပါတီတာဝန်ရှိသူတွေ နဲ့ နစက ဥက္ကဋ္ဌ တွေ့ဖို့ နေပြည်တော်မှာ အသင့်ဖြစ်

နေပြည်တော်-မေ-၂၂-၂၀၂၂ KT(VOM) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်းလှမ်းချက်အရ ငြိမ်းချမ်းရေးဆွေးနွေးဖို့ မွန်ပြည်သစ်ပါတီ (NMSP)ဒုတိယဥက္ကဋ္ဌ နိုင်အောင်မငေး ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ကို ရောက်ရှိနေပါတယ်။ အရင်ရက်က RCSS/SSA ဥက္ကဋ္ဌနဲ့ အဖွဲ့ဟာ တွေ့ဆုံပြီးပြီဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်ဖို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) မှာ လက်မှတ် ရေးထိုး ထားတဲ့ ALP ၊ DKBA ၊ KNU/ KNLA-PC ၊ PNLO ၊ NMSP ၊ LDU ၊ RCSS အဖွဲ့ (၇) ဖွဲ့ တို့ဖြစ်ပြီး NCA မှာ လက်မှတ် မထိုးထားတဲ့ UWSA၊ NDAA ၊ SSPP အဖွဲ့…

Read More

လယ်ကွင်းထဲ ဗုံးပေါက်လို့ အမျိုးသား ၁ ဦးသေပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရ

မေ ၂၂-၂၀၂၂ VOM ( GG) ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ လယ်တီကျေးရွာအနီးက လယ်ကွင်းထဲမှာ ဗုံးပေါက်ကွဲခဲ့လို့ အမျိုးသား ၁ ဦးသေပြီး ၂ ယောက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့သိရပါတယ်။ သေဆုံးသူကတော့ ဦးခင်မောင်ဝင်း အသက် ၅၀ နှစ် ဖြစ်ပြီး ဒဏ်ရာအပြင်းအထန်ရရှိသူနှစ်ဦးကတော့ သက်နောင် ၂၈ နှစ် နဲ့ ဦးတင်စိုး ၆၈ နှစ် ဒေသခံတွေ ဖြစ်တယ်လို့ သိရပါတယ်။ “ဖြစ်တာက မနေ့က မနက်ပိုင်းကပါ ၊ သေတဲ့သူက အပိုင်းပိုင်းပြတ်ပြီးသေတာ။ကျန်တဲ့ နှစ်ယောက်ကလည်း အခြေအနေစိုးရိမ်ရတယ်လို့သိရတယ် ၊ သူတို့ဘာသာ လုပ်ရင်းကနေပေါက်တာလို့ကြားတယ်။အတိကျတော့မသိဘူး”လို့ ကြို့ပင်ကောက်ဒေသခံတဦးကပြောပါတယ်။ လက်ရှိမှာ ဒဏ်ရာရသူတွေကို ဆေးရုံကိုပို့ဆောင်ကာ ဆေးကုသပေးနေပေမယ့် အခြေအနေကစိုးရိမ်ရတယ်လို့သိရပါတယ်။ အဲ့ဒီ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး နစကဘက်ကလည်းထုတ်ပြန်တာမျိုးမရှိသေးသလို ကျန်တဲ့အဖွဲ့တွေကလည်း ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ #voiceofmyanmar #VOM #ကြို့ပင်ကောက် #လယ်ကွင်းထဲပေါက်ကွဲမှု #လူတဦးသေဆုံး

Read More

NLD လက်ထက်က သမ္မတရုံးညွန်ချုပ် ဦးဇော်ဌေး ကွယ်လွန်

နေပြည်တော် ၊ မေ ၂၃-၂၀၂၂ KT+KK(VOM) အငြိမ်းစားပေးခံထားရတဲ့ NLD လက်ထက်ကသမ္မတရုံး ညွှန်ကြား​ရေးမှူးချုပ် ဦး​ဇော်​ဌေးဟာ ဒီနေ့ မေလ ၂၃ ရက်မနက်က နှလုံးရောဂါနဲ့ နေပြည်​တော်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ ဦးဇော်ဌေး ကွယ်လွန်တဲ့ကိစ္စ နစက ပြောရေးဆိုခွင့်ရှိသူလည်း DSA အပတ်စဉ်တူ သူငယ်ချင်းဖြစ်တဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောပြတာက “ဒီနေ့မနက် ၈ နာရီ ၂၀ လောက်မှာ heart attack နှလုံးရောဂါ ပုံစံမျိုး ရောဂါပြတဲ့ ပုံစံမျိုးရှိတယ်။ အဲ့ဒါ အိမ်ကနေ ဆေးရုံသွားတာ လမ်းမှာ ဆုံးသွားတဲ့ သဘောရှိတယ်။ မနက် ၉ နာရီလောက်မှာ ဆုံးသွားတယ်ပေါ့.။ နစက အဖွဲ့ကလည်း သူ့အိမ်ကို ရောက်နေပြီး လိုအပ်တာတွေ လုပ်ပေးနေတယ်ပေါ့။ သူ့မိတ်ဆွေတွေလည်း ရောက်နေကြပြီ” ဦးဇော်ဌေးဟာ DSA အပတ်စဉ် ၃၇ ဆင်းဖြစ်ပြီး…

Read More

မုံရွာမြို့နယ် ကြာပိုင်လမ်းမှာ ၂ လောင်းပြိုင် လူသတ်မှုတွေ ၂ ရက်ဆက်တိုက်ဖြစ်ပွား

မေ ၊ ၂၃-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ တောပုကျေးရွာ ၊ တောပု ကြာပိုင် မုံရွာလမ်းမှာ မေလ ၂၁ ရက်နဲ့ ၂၂ ရက် နေ့တွေမှာ ၂ လောင်းပြိုင် လူသတ်မှုတွေ ၂ ရက်ဆက်တိုက်ဖြစ်ပွားခဲ့အတွက် နယ်ခံလူမှုကူညီရေး အသင်းတွေက သွားရောက်ကူညီပေးခဲ့ရတယ်လို့ ပရဟိတသမားတွေဆီက သိရပါတယ်။ “တောပု – ကြာပိုင် – ပေါက်ပင် – မုံရွာလမ်းမှာ လူသတ်မှုတွေ မကြာခဏဖြစ်တယ် ၊ အခုလ ၂၁ ရက် ညနေပိုင်းက ၁ ကြိမ်နဲ့ မေ ၂၂ ရက် မနေ့က ညနေပိုင်းမှာ နောက် ၁ ကြိမ် ထပ်ဖြစ်တယ် ၊ ၂ ကြိမ်စလုံးက ၂ လောင်းပြိုင်…

Read More
VOM News

FREE
VIEW