ဝါရှင်တန်၊ မေ-၂၅-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တောင်ပိုင်းရှိ မူလတန်းကျောင်းတစ်ကျောင်းမှာ မေ ၂၄ ရက်ကဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုကြောင့် ကလေးငယ် ၁၉ ဦးနဲ့ လူကြီးနှစ်ဦးသေဆုံးသွားပါတယ်။ အသက် ၁၈ နှစ်အရွယ် သေနတ်သမားဟာ ယူဗယ်လ်ဒီမြို့ရှိ ရော့ဘ်မူလတန်းကျောင်းမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး သူ့ကိုလည်းလုံခြုံရေးတပ်ဖွဲ့၀င်တွေက ပစ်သတ်ခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ သံသယရှိသူ သေနတ်သမားဟာ အေအာ-၁၅ ဆီမီးအော်တိုမစ်တစ်ရိုင်ဖယ်တစ်လက်နဲ့ စွမ်းရည်မြင့် ကျည်ကပ်တွေကိုင်ဆောင်ထားကြောင်း စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ အဲဒီ ရမ်းကားပစ်ခတ်မှုအစမှာ ဆယ်ကျော်သက်အရွယ် သေနတ်သမားဟာ သူ့ရဲ့အဖွားဖြစ်သူကို ပစ်သတ်ခဲ့ပြီး သူဟာအဲဒီဒေသက အထက်တန်းကျောင်းသားတစ်ဦး ဖြစ်နိုင်ကြောင်း ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ပစ်ခတ်မှုဟာ မေ ၂၄ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၃၂ မိနစ်မှာ စတင်ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်မှုကို တစ်ဦးတည်းကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုပါတယ်။…
Read MoreYear: 2022
ဟားခါးမှာ ပြည်နယ်ပညာရေးဦးစီးမှူးနဲ့ ပြည်တွင်းအခွန် ဒု-ဦးစီးမှူး တို့ ၂ ဦး ဖမ်းဆီးခံရ
မေ ၊ ၂၅-၂၀၂၂ SP(VOM) ချင်းပြည်နယ် ၊ ဟာခါးမြို့နယ်မှာ ပြည်နယ်ပညာရေးမှူးရုံး ဦးစီးမှူး ဖြစ်သူနဲ့ ချင်းပြည်နယ် ပြည်တွင်းအခွန်များဦးစီးဌာနက ဒု-ဦးစီးမှူး ဖြစ်သူ ၂ ဦးတို့ကို မနေ့ မေ ၂၄ ရက် မနက်ပိုင်းက ရုံးချိန်အတွင်းမှာပဲ စစ်သားနဲ့ရဲတွေ လာရောက်ဖမ်းဆီးသွားတယ်လို့ ဟားခါးမြို့ခံ ပြည်နယ်ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” အဖမ်းခံရတဲ့သူ ၂ ယောက်ကတော့ ပြည်နယ်ပညာရေးမှူး ဒေါ်ဝုန်းဟွဲ့နဲ့ ပြည်တွင်းအခွန်ဦးစီးဌာနက ဒု-ဦးစီးမှူး ဒေါ်အေးအေးမော် တို့ဖြစ်တယ် ၊ ဘာကြောင့်ဖမ်းသွားတယ်ဆိုတာ မသိရသေးဘူး ၊ အခုထိလည်း အဆက်အသွယ်မရဘူး”လို့ ပြည်နယ်အဆင့် ဝန်ထမ်းတယောက်က ပြောပါတယ်။ အခုလို အဖမ်းခံရတာနဲ့ပတ်သက်ပြီး ချင်းပြည်နယ် လုံခြုံရေးအဖွဲ့ ၊ တာဝန်ရှိသူတဦးက “သူတို့က နိုင်ငံ့ဝန်ထမ်း လိုက်နာရမယ့်ကျင့်ဝတ်ကို ကျော်လွန်ပြီး အကြမ်းဖက် အဖွဲ့တွေနဲ့ ဆက်သွယ်တဲ့ အထောက်အထားတွေ့ရတယ်…
Read Moreမုံရွာမှာ အသတ်ခံရသူများလာလို့ ဈေးမထွက်ရဲသူတွေများလာ
မေ ၊ ၂၅-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်မှာ ၊ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ အရေအတွက်များလာလို့ စျေးမထွက်ရဲတဲ့ ဈေးသည်အရေအတွက် များပြားလာတယ်လို့ မုံရွာမြို့ခံတွေဆီက သိရပါတယ် ။ မုံရွာမြို့ရဲ့ တခုတည်းသော မီးခွက်စျေးလို့ ပြောလို့ရတဲ့ ကန်သာယာ ပျံကျစျေးဟာ အရင်က မနက်စောစောဆိုရင် စျေးသည်၊စျေးဝယ်တွေနဲ့ အထူးစည်ကားနေပေမယ့် စျေးသည်အမျိုးသမီးတချို့ သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက်ပိုင်း ဈေးမထွက်ရဲတဲ့သူများလာတာဖြစ်တယ်လို့ သိရပါတယ်။ ” အမျိုးသမီးတွေ သေနတ်နဲ့ ပစ်သတ်ခံရတာ ၂ ရက်ဆက်တိုက်ရှိပြီ ၊ သလ္လာအမှတ် ၁ ရပ်က ဒေါ်အေးအေးမာ ပစ်သတ်ခံရတယ် ၊ မနေ့က မနက်အစောပိုင်းက ကန်သာယာစျေးမှာ ဘီးစတင်းစောင့်တဲ့ ထန်းတောရပ်ထဲက အစ်မကြီး ဒေါ်ခင်လှဦး ပစ်သတ်ခံရပြန်တယ် ၊ အဲ့ဒီ ဖြစ်စဥ်တွေ မဖြစ်ခင် ၊ အရင်ကလည်း…
Read Moreဒဂုံဆိပ်ကမ်းမှာ ၁သောင်းတန်နဲ့ ၅ထောင်တန် ငွေစက္ကူအတုတွေ ဖမ်းမိ
မေ ၂၅-၂၀၂၂ KK(VOM) ဒဂုံဆိပ်ကမ်းမြို့နယ်မှာ မနေ့ မေလ ၂၄ရက် ညနေပိုင်းက အမျိုးသားတဦးဆီကနေ ၁သောင်းတန်နဲ့၅ထောင်တန် ငွေစက္ကူအတုတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်၊ ဒုဌဝတီလမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးမှာ မနေ့ မေလ ၂၄ရက် ညနေ ၅နာရီခွဲက စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဆိုက်ကားတစ်စီးကို ရှာဖွေစစ်ဆေးရာကနေ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးကပြောပါတယ်။ “ဆိုက်ကားစီးလာတဲ့ လူသုံးဦးကို စစ်ဆေးတာ နှစ်ဦးက ထွက်ပြေးသွားတယ်၊ တစ်ဦးကို ငွေစက္ကူတွေနဲ့မိတယ်”လို့ သူကပြောပါတယ်။ ဖမ်းဆီးရမိသူဟာ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာနေထိုင်တဲ့ မင်းမင်း (ခေါ်) မင်းခန့်ဖြစ်ပြီး သူကိုင်ဆောင်ထားတဲ့ ကြွပ်ကြွပ်အိတ်အတွင်းက ၁သောင်းတန်စက္ကူအတု ၁၈၇ရွက်၊ ၅ထောင်တန်ငွေစက္ကူအတု ၆၃၉ ရွက်သိမ်းဆည်းရမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။ “သူနဲ့နောက်ထပ်ကွင်းဆက်တွေမိဖို့ ရဲတပ်ဖွဲ့ကလိုက်နေပါတယ်၊ သူကိုတော့ အမှုဖွင့်ပြီး စစ်ဆေးနေပါတယ်”လို့ သူကပြောပါတယ်။ ရန်ကုန်မှာ မေလအတွင်း ငွေစက္ကူအတုဖမ်းဆီးရမိခဲ့တာဟာ…
Read Moreစဥ့်ကူးမြို့နယ်မှာ မိုးကြိုးပစ်ခံရလို့ အမျိုးသမီး ၂ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ
မေ ၂၄-၂၀၂၂ KK(VOM) စဥ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးအုပ်စု ၊ နွယ်ရုံကျေးရွှာ မှာ မနေ့ မေလ ၂၃ရက် ညပိုင်းက မိုးကြိုးပစ်ရာကနေ စက်ကွင်းမလွတ်တဲ့အတွက် အမျိုးသမီး ၂ ဦး သေဆုံးကာ၊ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မနေ့ ညခြောက်နာရီကျော်က စိုက်ခင်းမှာ ပျိုးကျဲရာကနေပြန်လာချိန် နွယ်ရုံကျေးရွာအရောက်မှာ မိုးကြိုးပစ်ခံရလို့ ၂ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ “ကျနော်က ရွာမှာမရှိတော့ သိပ်မသိဘူး၊ အချို့က ပျိုးကျဲပြီး ပြန်လာတာလည်းပြောတယ်၊ အချို့က မွေးနေ့မှာ သွားဝိုင်းကူရင်းပြန်လာတာ ရွာအနီးမှာ မိုးကြိုးပစ်ခံရတယ်ပြောတယ်၊ နှစ်ဦးသေတယ် နှစ်ဦးက ဒဏ်ရာရတယ်”လို့ သူကပြောပါတယ်။ သေဆုံးသူတွေဟာ ဒေါ်မြင့်ဌေးနဲ့ မသဲသဲနွယ် ဆိုသူတို့ဖြစ်ပြီး ဒဏ်ရာရရှိသူနှစ်ဦးကတော့ မစန်းယုကြည်နဲ့မသူဇာခိုင် တို့ဖြစ်တယ်လို့ ဒေသခံတဦးကပြောပါတယ်။ သေဆုံးသူနှစ်ဦးကို စဥ့်ကူးမြို့နယ်ပြည်သူဆေးရုံရှိ ရင်ခွဲရုံပို့ဆောင်ထားပြီး ဒဏ်ရာရရှိသူနှစ်ဦးကိုတော့…
Read MoreNLD လက်ထက်က သမ္မတရုံးညွန်ချုပ် ဦးဇော်ဌေး ရဲ့ စျာပနအခမ်းအနား.
မေ ၂၄ -၂၀၂၂ KT(VOM) NLD လက်ထက်က သမ္မတရုံးညွန်ချုပ် ဦးဇော်ဌေး ရဲ့စျာပနအခမ်းအနားကို နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံမှာ ဒီကနေ့ နေ့လယ် ၂ နာရီက ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားကို ဦးဇော်ဌေး နဲ့ စစ်တက္ကသိုလ်အပတ်စဥ်တူ သူငယ်ချင်းလည်းဖြစ် လက်ရှိ နစက ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း လာရောက်ဂါရဝပြုတာကိုလည်း တွေ့ရပါတယ်။ ဦးဇော်ဌေးနဲ့ပတ်သက်ပြီးဗိုလ်ချူပ်ဇော်မင်းက.”ဦး ဇော်ဌေးဟာ အခုချိန်ထိ ဗိုလ်ချုပ်ကြီးရာပြည့်တို့ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီရဲ့ငြိမ်းချမ်းဆိုင်ရာလုပ်ငန်းစဥ်တွေမှာအထောက်အကူပြုလုပ်ပေးနေပါတယ်၊သူ့အနေနဲ့ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဥ်တွေမှာ သူ့ရဲ့အတွေ့အကြုံတွေကို ဗိုလ်ချုပ်ကြီးရာပြည့်အဖွဲ့နဲ့ ညှိနှိုင်းမှုတွေ၊စာတမ်းတင်တာတွေလုပ်နေပါတယ်၊ နောက်ဆုံးအချိန်ထိ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေမှာ ကျရာကဏ္ဍကနေပြီး တာဝန်ထမ်းဆောင်ပေးခဲ့ပါတယ်၊ သူရဲ့ငြိမ်းချမ်းရေးခရီးဖြတ်သန်းမှုက အတွေ့အကြုံတွေကို လက်ဆင့်ကမ်းတဲ့သဘောလုပ်ဆောင်ခဲ့ပါတယ်”လို့ ပြောပါတယ်။ ဦးဇော်ဌေးရဲ့ ဈာပနအခမ်းအနားကို အပတ်စဉ်တူ ကျောင်းဆင်းဘက်သူငယ်ချင်းတွေ လာရောက်ပြီး ကွေ့ကြီးသုဿန်မှာ နောက်ဆုံးဂါရဝပြုတာတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ ဦးဇော်ဌေးဟာ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရပြီး၂၀၂၁ခုနှစ် ဇွန်လမှာ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်သလို လက်ရှိ…
Read Moreပြည်တွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် မလေးရှားက ပြည်ပသို့ ကြက်တင်ပို့မှုရပ်ဆိုင်း
ကွာလာလမ်ပူ၊ မေ-၂၄-၂၀၂၂ မျိုးဆက်(VOM) မလေးရှားနိုင်ငံတွင်းမှာ ကြက်သားဖူလုံရေးအတွက် ပြည်ပသို့ကြက်တင်ပို့မှုကို ဇွန်လကစပြီး ပိတ်ပင်သွားမယ်လို့ မလေးရှား၀န်ကြီးချုပ်ကပြောပါတယ်။ အာရှဒေသမှာ အိန္ဒိယနိုင်ငံကလည်း ပြည်ပသို့ဂျုံတင်ပို့မှုတွေကို ပိတ်ပင်ထားပြီး အင်ဒိုနီးရှားနိုင်ငံကလည်း စားအုန်းဆီတင်ပို့မှုတွေကို ပိတ်ပင်ထားခဲ့ပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော်ပြီးနောက် ဆယ်စုနှစ်တွေအတွင်း ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး စားနပ်ရိက္ခာ အကြပ်အတည်းနဲ့ ကြုံတွေ့နေရပါတယ်။ ဒေသတွင်းအစိုးရဟာတွေဟာ စားနပ်ရိက္ခာအကြပ်အတည်းနဲ့ပတ်သက်ပြီး ပြည်တွင်းဖူလုံရေးမူဝါဒကို ကိုင်စွဲလာတာနဲ့ပတ်သက်ပြီး စိုက်ပျိုးရေးပညာရှင်တဦးက သတိပေးပြောဆိုထားပါတယ်။ မလေးရှာနိုင်ငံမှာ မကြာသေးမီအတွင်း ကြက်သားစျေးနှုန်းကြီးမြင့်လာတဲ့အပေါ် ပြည်သူတွေအကြား မကျေမနပ်ဖြစ်နေကြပြီး လက်လီရောင်းချသူတွေဟာလည်း ရောင်းချဖို့အတွက်ကို ခွဲတမ်းစနစ်နဲ့သာ ရရှိနေပါတယ်။ ပြည်တွင်းမှာ စျေးနှုန်းနဲ့ ထုတ်လုပ်မှုတည်ငြိမ်တဲ့အထိ ပြည်ပနိုင်ငံတွေကို လစဉ်ကြက်ကောင်ရေ ၃ ဒသမ ၆ သန်း တင်ပို့နေတာကို ရပ်ဆိုင်းသွားမယ်လို့ မလေးရှား၀န်ကြီးချုပ် အစ္စမေးလ်ဆာဘရီယာကော့က ထုတ်ဖော်ပြောဆိုပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM…
Read Moreဒီနှစ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ထူးကဲများပြားနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရ
မေ ၂၄-၂၀၂၂ VOM (GG) မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါ နှစ်စဉ်ဖြစ်ပွားမှု သုံးသပ်ချက်တွေအရ ဒီနှစ်(၂၀၂၂)ဟာ ရောဂါဖြစ်ပွားမှုထူးကဲများပြားလို့ Outbreak အသွင် ဖြစ်ပွားနိုင်ခြေများတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပါမောက္ခေ ဒေါက်တာသက်ခိုင်ဝင်းက ပြောဆိုလိုက်ပါတယ်။ လက်ရှိ တနိုင်ငံလုံးမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအနေနဲ့ ဒီနှစ် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ့ မေလ၂၀ ရက်နေ့အထိကို သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၅၁၆ ဦးရှိပြီး သေဆုံးသူ ၂ ဦးရှိထားတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ ဖြစ်ပွားမှုအများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။ ” အခုနှစ် အစထဲက သွေးလွန်တုပ်ကွေးရောဂါနဲ့ဆေးရုံ တက်ရတဲ့ကလေးတွေ အမြဲရှိတယ် ၊ ရန်ကင်း နဲ့ ရန်ကုန် ကလေးဆေးရုံကြီးတွေမှာလည်းရှိတယ်လို့ သိရပါတယ် ၊သွေးလန့်တဲ့ကလေးတွေ သွေးရည်ကြည်အထိ သွင်းရတဲ့ ကလေးတွေလည်း ရှိပါတယ် ၊ အရေးအကြီးဆုံးကတော့ သွေးလွန်တုပ်ကွေးကို…
Read Moreရုရှားတပ်ဖွဲ့၀င်တဦးကို စစ်ရာဇ၀တ်မှုနဲ့ ယူကရိန်းတရားရုံးက တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချ
ကိယက်ဗ်၊ မေ-၂၄-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းကို ရုရှားကကျူးကျော်မှုပြုပြီးနောက် ပထမဆုံးစစ်ရာဇ၀တ်မှုအဖြစ် ယူကရိန်းအရပ်သားတဦးကို သတ်ဖြတ်မှုနဲ့ ရုရှားတင့်ကားတပ်မှူးတဦးကို ယူကရိန်းတရားရုံးက တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ ဖမ်းဆီးခံရတဲ့ ရုရှားတင့်ကားတပ်မှူး Vadim Shishimarin ဟာ ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း Chupakhivka ရွာမှာ အသက် ၆၂ နှစ်အရွယ် Oleksandr Shelipov ဆိုသူကို ဖေဖော်ဝါရီ ၂၈ ရက်က သတ်ဖြတ်ခဲ့တာကြောင့် အခုလို စီရင်ချက် ချလိုက်တာဖြစ်ပါတယ်။ သူဟာ Oleksandr Shelipov ကိုပစ်သတ်ခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့ပေမယ့် ဒါဟာအမိန့်အတိုင်း ဆောင်ရွက်ခဲ့ကြောင်းနဲ့ သူ့ကိုခွင့်လွှတ်ဖို့ သေဆုံးသူရဲ့မိန်းမကို တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ ယူကရိန်းမှာ ရုရှားတပ်တွေရဲ့ အခြားသော စစ်ရာဇ၀တ်မှုကျူးလွန်တာတွေကို ယူကရိန်းက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ပဋိပက္ခတွေအတွင်း အရပ်သားတွေကို တမင်ပစ်မှတ်ထားတာဟာ စစ်ရာဇ၀တ်မှုကျူးလွန်တဲ့ အချက်တွေထဲမှာ ပါ၀င်နေပြီး မေ ၂၃…
Read Moreမျောက်ကျောက်ရောဂါက မြန်မာနိုင်ငံမှာ ဖြစ်ပွားနိုင်ခြေနည်းပါးတယ်လို့ ကျန်းမာရေးဝန်ကြီးပြော
မေ ၂၃-၂၀၂၂ VOM (GG) ကမ္ဘာ့နိုင်ငံအချို့မှာဖြစ်ပွားနေတဲ့ မျောက်ကျောက် Monkeypoxရောဂါဟာ သဘောသဘာဝအရ မြန်မာနိုင်ငံမှာ ဖြစ်ပွားနိုင်ခြေ နည်းပါးတယ်လို့ ကျန်းမာရေးဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောဆိုလိုက်ပါတယ်။ အကယ်၍ မျောက်ကျောက်ရောဂါသံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနတွေမှာ လာရောက်ပြသနိုင်ရေး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးနိုင်ရေးနဲ့ ဆေးကုသရေးလုပ်ငန်းကိုတော့ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမှာဖြစ်တယ်လို့ လည်း ပြောပါတယ်။ ” မျောက်ကျောက်ရောဂါက မြန်မာနိုင်ငံမှာဖြစ်ပွားနိုင်ခြေနည်းတယ်ဆိုပေမယ့် ကျောက်ရောဂါတွေနဲ့ပတ်သက်ပြီးဖြစ်စေ ရှိရင်းစွဲကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီးဖြစ်စေ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းတွေကတော့အရှိန်အဟုန်မြှင့်တင်ပြီး ဆောင် ရွက်ဖို့ လိုအပ်ပါတယ်၊ ပြည်သူတွေ စိုးရိမ်ထိတ်လန့်မှု မဖြစ်အောင်လည်း ကလေးတွေမှာဖြစ်တတ်တဲ့ရေကျောက်ရောဂါနဲ့ monkeypox ရောဂါဖြစ်ပွားတဲ့အခါ တွေ့ရတဲ့ ရောဂါလက္ခဏာတွေ ကွာခြားမှု၊ဖြစ်နိုင်ခြေ ကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်သိအောင် ကျန်းမာရေးအသိပညာပေးရမယ်၊” လို့ ကျန်းမာရေးဝန်ကြီးက မေလ၂၃ ရက်နေ့ အစည်းအဝေးမှာပြောခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မြန်မာနိုင်ငံက ကလေးငယ်တွေမှာ ဖြစ်ပွားတတ်တဲ့ ရေကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှုတွေအတွက် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ထိန်းချုပ်ခြင်းနဲ့ ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းလုပ်ငန်းတွေကို…
Read More