ယူကရိန်းအရှေ့ပိုင်းရှိ မြို့ပေါင်း ၄၀ ကျော်ကို ရုရှားတပ်တွေ အပြင်းအထန် တိုက်ခိုက်နေ

ကိယက်ဗ်၊ မေ-၂၆-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒွန်နက်ခ်နဲ့ လူဟန့်ခ်ဒေသရှိ မြို့ပေါင်း ၄၀ ကျော်ကို ရုရှားတပ်တွေက တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ယူကရိန်းဘက်ကပြောပါတယ်။ ဒီလိုတိုက်ခိုက်မှုကြောင့် နောက်ထပ်အရပ်သား ၅ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိကာ အရပ်ဘက်အဆောက်အအုံ ၄၇ ခု ပျက်စီးခဲ့တယ်လို့ ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။ ဒွန်ဘက်စ်ရှိ Severodonetsk နဲ့ Lysychansk မြို့တွေဟာလည်း အစောပိုင်းကတည်းက ရုရှားတပ်တွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုကို အပြင်းအထန် ခံခဲ့ရပါတယ်။ ရုရှားတပ်တွေရဲ့ တိုက်ခိုက်မှု ၁၀ ခုကို တွန်းလှန်နိုင်ခဲ့ပြီး ရုရှားတင့်ကားလေးစီးနဲ့ ဒရုန်းလေးစင်းကို ဖျက်ဆီးနိုင်ခဲ့ကာ ရုရှားတပ်ဖွဲ့၀င် ၆၂ ဦးသေဆုံးခဲ့တယ်လို့ ယူကရိန်းစစ်ဘက်က ပြောပါတယ်။ ဒီအတောအတွင်း ရုရှားဟာ စစ်မှုထမ်းဖို့အတွက် အမြင့်ဆုံးအသက်ကန့်သတ်ချက်ကို ရုပ်သိမ်းလိုက်ပါတယ်။ ဒါ့အပြင် ရုရှားသိမ်းပိုက်ထားတဲ့ ဒေသတွေမှာရှိတဲ့ ယူကရိန်းနိုင်ငံသားတွေအတွက် ရုရှားနိုင်ငံသားဖြစ်ဖို့ပိုမိုလွယ်ကူစေမယ့် အမိန့်တရပ်ကို သမ္မတပူတင်က လက်မှတ်ထိုး…

Read More

ပြင်ဦးလွင် မြိုင်ကြီးကွေ့မှာ ကုန်တင်ကားမှောက်ပြီး ယာဉ်မောင်းသေဆုံး၊ယာဉ်နောက်လိုက်ဒဏ်ရာရရှိ

မေ ၂၆-၂၀၂၂ SP+ GG(VOM) ပြင်ဦးလွင်မြို့၊ ရေသရောက်ကုန်းကျေးရွာ၊ မန္တလေး-လားရှိုးလမ်း မိုင်တိုင်အမှတ် ၅၁/၃ နဲ့ (၅၁/၄)ကြား မြိုင်ကြီးကွေ့မှာ ဒီနေ့မေလ ၂၆ ရက် မနက်ပိုင်းက သံပြားတွေတင်လာတဲ့ ကုန်တင်ကားတစီးတိမ်းမှောက်လို့ ယာဉ်မောင်းအမျိုးသားတဦးသေဆုံးပြီး ယာဉ်နောက်လိုက်အမျိုးသားတဦးလည်း ဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရတဲ့ ယာဉ်နောက်လိုက်ကို ကားထဲကနေ အချိန် ၂နာရီကျော်အကြာ ကယ်ထုတ်ခဲ့ရပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေအထားနဲ့ ဆေးရုံကိုပို့ဆောင်ပြီးနောက် လက်ရှိမှာ အသက်ဘေးကနေ လွတ်သွားပြီဖြစ်တယ်လို့ ကယ်ဆယ်ရေးပြုလုပ်ခဲ့တဲ့ သန္တိသုခ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။ ” ယာဉ်မောင်းကတော့နေရာမှာပဲ ပွဲချင်းပြီးသေတယ်။သူက ကားပေါ်ကနေခုန်ချပြီး သေတဲ့အနေအထားလို့ ကျနော်တို့ယူဆတယ်။စပါယ်ယာကတော့ ကားနဲ့ညပ်နေလို့အချိန်၂နာရီလောက်ဆွဲထုတ်ခဲ့ရတယ်။ ကားညပ်လို့ စိုးရိမ်တဲ့ အတွင်းဒဏ်ရာရှိပေမယ့်အခုတော့ အသက်အန္တရာယ်မစိုးရိမ်ရတော့ပါဘူး၊ အသက်ရှင်ကျန်တဲ့သူက ကျောက်ပန်းတောင်းဘက်ကလို့သိရတယ်။အသက်က ၂၆ ပါ” လို့ သန္တိသုခလူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးကပြောပါတယ်။ ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်တယောက်က ” သံပြားတွေတင်ဆောင်လာတဲ့ ကုန်ကားမှောက်တာပါ ၊…

Read More

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်သူများပြားတယ်လို့ ပညာရေးအသိုင်းအဝိုင်းကနေ သိရ

မေ ၂၆-၂၀၂၂ KK+GG(VOM) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းတွေမှာ ဒီကနေ့ ကျောင်းအပ်စတင်လက်ခံရာ လာရောက်အပ်နှံသူများပြားတယ်လို့ ပညာရေးအသိုင်းကနေ သိရပါတယ်။ ဒီကနေ့ကစပြီး ဇွန်လ ၁ ရက်နေ့အထိ အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်လက်ခံမှာဖြစ်ပြီး ရန်ကုန်မြို့နဲ့ အခြားမြို့တွေမှာ လာရောက်အပ်နှံသူများပြားတာကိုလည်း တွေ့ရပါတယ်။ “ဒီနှစ်ကျောင်းသားတွေအပ်နှံမှုဟာ ယခင်နှစ်ကထက်ပိုများတယ်၊ လက်တလောအခြေအနေမှာ ကျောင်းအပ်နှံမှုရာခိုင်နှုန်းကို အတည်ပြုလို့မရသေးဘူး”လို့ ပညာရေးမှူးတစ်ဦးက ပြောပါတယ်။ လာရောက်အပ်နှံတဲ့မိဘတစ်ဦးကလည်း”ညီမတို့က မနှ စ်ကတည်းက ကျောင်းထားတာ၊ ဒီနှစ်လဲ ကျောင်းထားတယ် ပစွည်းဥစ္စာ အမွေမပေးနိူင်တော့ ပညာအမွေပဲ ပေးနိူင်တယ်၊ ဒါကြောင့်ကျောင်းအပ်တာ”လို့ ပြောပါတယ်။ ကျောင်းအပ်သူတွေရှိသလို နစကကောင်စီလက်ထက်မှာ ကျောင်းမအပ်သူတွေလည်းရှိတယ်လို့ ကျောင်းသားမိဘတွေဆီက သိရပါတယ်။ “ကျွန်မတို့က ပညာမတက်ရင်နေပလေ့စေ စစ်ကျွန်ပညာရေးလက်အောက်မှာ သားသမီးတွေကို ကျောင်းမထားနိူင်ဘူး၊ ဘာကြောင့်မှမဟုတ်ဘူး စစ်အုပ်ချုပ်ရေးအောက်မှာ ကျောင်းမထားချင်လို့”လို့ ပြောပါတယ်။ ကျောင်းသားတွေ ကျောင်းအပ်နှံအားလုံး အခမဲ့ဖြစ်သလို သင်ကြားရေးအထောက်အကူပြုစာအပ်တွေကိုလည်း အခမဲ့ပေးတယ်လို့သိရသလို အချိူ့လူမှုကွန်ရက်စာမျက်နှာတွေမှာ…

Read More

ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေးကျဆင်းမှု ဖြစ်ပွားလာနိုင်ကြောင်း သတိပေး

၀ါရှင်တန်၊ မေ-၂၆-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်မှုကြောင့် အစားအသောက်၊ စွမ်းအင်နဲ့ ဓါတ်မြေသြဇာစျေးနှုန်းတွေကြီးမြင့်လာနေတာကြောင့် ကမ္ဘာ့စီးပွားရေးကျဆင်းမှုဖြစ်ပွားလာနိုင်ကြောင်း ကမ္ဘာ့ဘဏ်အကြီးအကဲက သတိပေးပြောဆိုလိုက်ပါတယ်။ ဒီလို စီးပွားရေးကျဆင်းမှုကို ဘယ်လိုရှောင်လွှဲရမယ်ဆိုတာကို သိဖို့ခက်ခဲကြောင်း ကမ္ဘာ့ဘဏ် အကြီးအကဲဖြစ်သူ ဒေးဗစ်မယ်လ်ပက်စ်က မေ ၂၅ ရက်ကပြုလုပ်တဲ့ အမေရိကန်စီးပွားရေးဆိုင်ရာ အစည်းအဝေးတစ်ရပ်မှာ ပြောပါတယ်။ စွမ်းအင်စျေးနှုန်းနှစ်ဆတိုးလာခြင်းက ကမ္ဘာ့စီးပွားရေးကျဆင်းမှုဖြစ်ပေါ်စေအတွက် လုံလောက်တဲ့ တွန်းအားပေးမှုဖြစ်စေတယ်လို့ သူကပြောပါတယ်။ ကမ္ဘာ့ဘဏ်ဟာ ယခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုခန့်မှန်းချက်ကို ၃ ဒသမ ၂ ရာခိုင်နှုန်းထိ ပြီးခဲ့တဲ့လက လျှော့ချခန့်မှန်းခဲ့ပါတယ်။ ရုရှားရဲ့ စွမ်းအင်အပေါ်မှီိခိုအားထားမှုကို လျှော့ချဖို့အစီအစဉ်တွေကို အနောက်နိုင်ငံတွေက တွန်းအားပေးနေပေမယ့်လည်း ဥရောပနိုင်ငံအများအပြားဟာ ရေနံနှင့်သဘာ၀ဓါတ်ငွေ့အတွက် ရုရှားအပေါ် အလွန်အမင်းမှီခိုနေရဆဲဖြစ်ကြောင်း ကမ္ဘာ့ဘဏ်အကြီးအကဲက ဆိုပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေကတော့ အစားအသောက်၊ စွမ်းအင်နဲ့ ဓါတ်မြေသြဇာပြတ်လပ်မှုဒဏ်ကို ခံစားနေရကြောင်း ကမ္ဘာ့ဘဏ်အကြီးအကဲ ဒေးဗစ်မယ်လ်ပက်စ်က သတိပေးပြောဆိုပါတယ်။ Ref: BBC Photo:Getty…

Read More

မုံရွာမှာ ဆိုင်ကယ် ခိုးခံရတာနဲ့ ရိုက်လုခံရတဲ့ ဖြစ်စဥ်တွေ ဆက်တိုက်ဖြစ်ပေါ်နေ

မေ ၊ ၂၆-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း မုံရွာမြို့က လူနေရပ်ကွက်တွေထဲမှာ ညတိုင်းလိုလို ဆိုင်ကယ်ခိုးယူခံရတာတွေ ဖြစ်ပေါ်နေတယ်လို့ နစ်နာသူတွေဆီက သိရပါတယ်။ ” မနေ့ မနက် အစောပိုင်း ၃ နာရီဝန်းကျင်မှာ ဇောတိကလမ်း ၊ လမ်းသွယ် ၅ ထဲက ၊ သော်တာလင်း အမျိုးသမီး အဆောင်မှာ ဆိုင်ကယ်အခိုးခံရတယ် ၊ ခိုးရာပါသွားတဲ့ ဆိုင်ကယ်က ၆ စီးဖြစ်တယ် ၊ သူခိုးက အုပ်စုဖွဲ့ပြီး လိုက်ထရပ်ကားနဲ့ လာခိုးတာကြောင့် ဘေးအိမ်တွေက မြင်လိုက်ရပေမယ့် အော်ဟစ်တာ မလုပ်ရဲဘူး “လို့ ဆိုင်ကယ်ခိုးယူခံရသူတယောက်က ပြောပါတယ်။ ဒါ့အပြင် မုံရွာမြို့၊ ရတနာပုံရပ် (ကျောက်ကျင်း)၊ ဓမ္မပါလရိပ်သာကျောင်း မြောက်ဘက်က နေအိမ် တအိမ်မှာ ဆိုင်ကယ် ၂ စီး ၊ ရတနာပုံ အမှတ် ၇…

Read More

ရန်ကုန်မှာ ငွေစက္ကူအတုတွေ ဆက်တိုက်ဖမ်းဆီးရမိ

မေ၂၅-၂၀၂၂ KK(VOM) ရန်ကုန်က မြို့နယ်အချို့မှာ အခုရက်ပိုင်းအတွင်း ငွေစက္ကူအတုတွေ ဆက်တိုက်ဖမ်းဆီးရမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ဖမ်းဆီးရမိတဲ့မြို့နယ်တွေကတော့ မရမ်းကုန်း၊ဒဂုံဆိပ်ကမ်း၊ရွှေပြည်သာမြို့နယ်တို့ဖြစ်ပြီး မေလ ၅ ရက်ကနေ မေလ ၂၅ ရက်အတွင်း လေးကြိမ်တိုင်ဖမ်းဆီးရမိခဲ့တာပဲ ဖြစ်ပါတယ်။ ရွှေပြည်သာမြို့နယ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက တည်းခိုခန်းတစ်ခုမှာ ငွေအတုပြုလုပ်သူအမျိုးသား ၄ ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တယ်လို့မြို့ခံတွေဆီက သိရပါတယ်။ ရွှေပြည်သာမြို့နယ် ၁၂ ရပ်ကွက် စက်မှုဒေသလမ်းမှာရှိတဲ့ တည်းခိုခန်းတစ်ခုမှာ အမျိုးသား ၄ဦးကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးကပြောပါတယ်။ “ကျနော်ထင်တာ ဒဂုံဆိပ်ကမ်းက ကွင်းဆက်တွေဖြစ်မယ်၊ သတင်းရလို့ ဝင်ဖမ်းတာလို့ကြားတယ်”လို့ ပြောပါတယ်။ တည်းခိုခန်းမှာ အမည်မသိအမျိုးသား၄ဦးရောက်ရှိနေတယ်လို့ သတင်းအရ အခန်းနှစ်ခန်းကို ဝင်ရောက်ရှာဖွေရာကနေ ၁ သောင်းတန်ငွေစက္ကူအတု ၁၄၀ ရွက်၊ငါးထောင်ငွေစက္ကူအတု၁၀ ရွက် ၊ တရွက်ကို ၁သောင်းကျပ်တန် ငွေစက္ကူအတု သုံးရွက်ရိုက်ထားတဲ့ A4 စာရွက်…

Read More

မြန်မာနိုင်ငံကနေ တရားမဝင် သယ်လာတဲ့ ရှားပါးတိရစ္ဆာန် ၄ရာကျော်ကို မီဇိုရမ်း ရဲက ဖမ်းဆီးအရေးယူ

မေ ၊ ၂၅-၂၀၂၂ SP (VOM) မြန်မာနိုင်ငံဘက်ကနေ တရားမဝင်လမ်းကြောင်းအတိုင်း ခိုးဝင်တင်သွင်းလာတဲ့ အန္တရာယ်ရှိ ကမ္ဘာ့ရှားပါး တောရိုင်း တိရစ္ဆာန် ၄၆၈ကောင်ကို မေ ၂၅ ရက် ၊ ဒီကနေ့ မနက်ပိုင်းက မီဇိုရမ်းပြည်နယ် ရဲတပ်ဖွဲ့နဲ့ တောရိုင်း တိရစ္ဆာန် အေဂျင်စီအဖွဲ့တွေက ဖမ်းဆီးလိုက်တယ်လို့ ဒေသဆိုင်ရာသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ” မြန်မာနိုင်ငံက ခိုးထုတ် တင်သွင်းလာတဲ့ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိ တောရိုင်းတိရစ္ဆာန် မျိုးစိတ်မျိုးစုံကို မီဇိုရမ်ပြည်နယ် Chalbawiha Junction Khankawn ရဲစခန်းက ဖမ်းဆီးလိုက်တာ ” လို့ တီးတိန်မြို့ခံ သစ်တောရေးရာ ဝန်ထမ်းတယောက်က ပြောပါတယ် ။ လိပ် (၄) ကောင်၊ မြွေ (၁၁) ကောင်၊ အိမ်မြှောင် (၄၄၂)၊ Toed Sloth (၄)၊…

Read More

သမ္မတဂျိုးဘိုင်ဒင် အမေရိကန်ပြန်ချိန်မှာ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်သုံးစင်း စမ်းသပ်ပစ်ခတ်

ပြုံးယမ်း၊ မေ-၂၅-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ မေ ၂၅ ရက်အစောပိုင်းမှာ တိုက်ချင်းပစ်ဒုံးကျည်တစင်းအပါအ၀င် ပဲ့ထ်ိန်းဒုံးကျည်သုံးစင်း ပစ်ခတ်စမ်းသပ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်က အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ ဒုံးကျည်တွေကို ပြုံးယမ်းရှိ ဆူနန်ဒေသမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မြောက်ကိုရီးယားကို ဟန့်တားဖို့ အစီအမံတွေ တိုးမြှင့်ဆောင်ရွက်မယ်လို့ ကတိပြုခဲ့တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ဒေသတွင်းခရီးစဉ်ပြီးလို့ အမေရိကန်ပြန်ချိန်မှာ အခုလို စမ်းသပ်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ ယခုနှစ်အစောပိုင်းမှစပြီး ပဲ့ထိန်းဒုံးကျည်တွေကို ဆက်တိုက်ဆိုသလို စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ မေ ၂၅ ရက်မှာ မြောက်ကိုရီးယားဟာ ဒုံးကျည်နှစ်စင်းထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံကလည်း အတည်ပြုထားပါတယ်။ ပထမဒုံးကျည်ဟာ အမြင့် ၅၅၀ ကီလိုမီတာမှ အကွာအဝေး ကီလိုမီတာ ၃၀၀ ထိပျံသန်းခဲ့ပြီး ဒုတိယဒုံးကျည်မှာ ၅၀ ကီလိုမီတာအမြင့်မှ ၇၅၀ ကီလိုမီတာထိ ပျံသန်းခဲ့ကြောင်း ဂျပန်ကာကွယ်ရေး၀န်ကြီး နိုဘူအိုကီရှီက ပြောပါတယ်။ အဲဒီလို…

Read More

ဂွမြို့နယ်က ပင်လယ်ကမ်းခြေမှာ နိုင်ငံသားအထောက်အထားမဲ့သူတွေရဲ့ အလောင်းတွေတွေ့ ​

မေ ၂၅-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာ မနေ့ မေလ ၂၄ ရက်နေ့က နိုင်ငံသားအထောက်အထားမဲ့ အလောင်း ၄ လောင်းတွေ့ရှိပြီး ဒီကနေ့မှာလည်း နောက်ထပ်အတည်မပြုနိုင်သေးတဲ့ အလောင်း ၃ လောင်းလောက် ထပ်တွေ့ထားတယ်လို့ ဒေသခံတွေနဲ့ မြို့နယ်ရဲတပ်ဖွဲ့က VOM ကို အတည်ပြုပြောပါတယ်။ မနေ့ မေလ ၂၄ ရက်နေ့က ဂွမြို့နယ်၊ မကျည်းငူအုပ်စုနဲ့ တောင်ပေါက်ကျေးရွာအုပ်စုဖက်က ပင်လယ်ကမ်းခြေတွေမှာ အဲ့ဒီအလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဂွမြို့ဒေသခံ ကိုကျော်မြင့်မောင်က “ ဒီမှာ အခုလောလောဆယ် ဒီဖက်မှာ လာမြုပ်ထားတာကတော့ မနေ့က ၄ လောင်း တွေ့ထားတယ်။ ဒီနေ့မနက်လည်း တွေ့တယ်လို့အသံကြားတယ်။ ဧရာဝတီတိုင်းဖက်မှာလည်း လှေမှောက်တာ အလောင်းတွေ ၁၇၊ ၁၈ လောင်းလောက်တွေ့တယ်လို့ကြားတယ်။ ဒီဖက်မှာတော့ အတိအကျမသိသေးဘူး” လို့ ပြောပါတယ်။ လက်ရှိမှာ ရဲတပ်ဖွဲ့နဲ့…

Read More

မျောက်ကျောက်ရောဂါ ကူးစက်တဲ့နိုင်ငံနဲ့ အတည်ပြုလူနာအရေအတွက် မြင့်တက်လာ

အဘူဒါဘီ၊ မေ-၂၅-၂၀၂၂ မျိုးဆက်(VOM) အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)ဟာ မျောက်ကျောက်ရောဂါ ကူးစက်မှုကို ပထမဆုံးတွေ့ရှိရတဲ့ ပင်လယ်ကွေ့နိုင်ငံဖြစ်လာပါတယ်။ ရောဂါဟာ ယူအေအီးအပြင် ချက်သမ္မတနိုင်ငံနဲ့ စလိုဗေးနီးယားနိုင်ငံတို့မှာလည်း ကူးစက်မှုတွေရှိနေကြောင်း အာဏာပိုင်တွေက အတည်ပြုထုတ်ပြန်လိုက်ပြီး အခြားနိုင်ငံ ၁၈ နိုင်ငံနည်းတူ ကူးစက်မှုတွေ ဖြစ်ပွားလျှက်ရှိပါတယ်။ ရောဂါကူးစက်ခံရတဲ့ နိုင်ငံအရေအတွက် ထပ်မံတိုးလာဖွယ်ရှိပေမယ့်လည်း လူသားတွေအတွက် အလုံးစုံအန္တရာယ်ဖြစ်နိုင်ခြေနည်းပါးနေဆဲဖြစ်ကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။ ရောဂါလက္ခဏာတွေဟာ မကြာခဏ အဖျားတက်ခြင်းနဲ့ အဖုအပိန့်တွေ ထွက်ခြင်းတို့ဖြစ်ပြီး ရောဂါကြောင့် ပြင်းထန်စွာခံစားရခြင်းတော့မရှိပါဘူး။ ပုံမှန်အားဖြင့် အာဖရိကဒေသပြင်ပမှာ တွေ့ရခဲတဲ့ မျောက်ကျောက်ရောက်ဂါကို မှန်ကန်သောတုံ့ပြန်မှုနဲ့ ထိန်းချုပ်ထားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားထားပါတယ်။ ရောဂါ ကူးစက်မှုအဆင့်နဲ့ဘယ်ဒေသတွေမှာ ကူးစက်နေတယ်ဆိုတာကို စောင့်ကြည့်ခြင်းတွေ တိုးမြှင့်ဖို့ နိုင်ငံအားလုံးကို တိုက်တွန်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါအန္တရာယ် ကြိုတင်ပြင်ဆင်မှု ညွှန်ကြားရေးမှူး ဆေလ်ဗီဘရီယန်က မေ ၂၄ ရက်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ…

Read More
VOM News

FREE
VIEW