မှတ်ပုံတင်မပါဘဲ ခရီးသွားသူတွေကို အရေးယူတော့မယ်လို့ ပေါင်းတည် ထွေ/အုပ်က သတိပေး

မေ ၂၇-၂၀၂၂ VOM (GG) မှတ်ပုံတင်ယူဆောင်ခြင်းမရှိဘဲ ခရီးသွားလာသူတွေကို လာမယ့် ဇွန်လ ၁ ရက်နေ့ကစပြီး ဥပဒေအရ အရေးယူတော့မယ်လို့ ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သတိပေးပြောဆိုလိုက်ပါတယ်။ ဒါကြောင့် ပေါင်းတည်မြို့အတွင်း ပြည်သူတွေအနေနဲ့ ခရီးသွားလာမယ်ဆိုရင် နိုင်ငံသားစစ်ဆေးရေးကဒ်ကိုယူဆောင်သွားလာရမှာဖြစ်ပြီး စစ်ဆေးချိန်မှာ ကိုင်ဆောင်ထားချင်းမရှိပါက မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရင်းနည်းဥပဒေပုဒ်မ၆(၂)/၆(၃)နဲ့အရေးယူမှာဖြစ်တယ်လို့ သိရပါတယ်။ ” အရင်ကကြေညာတာကတော့ မှတ်ပုံတင်ပါမှ ခရီးသွားရမယ်ဆိုတာသိတယ်၊အရေးယူတာမျိုးတော့ မရှိခဲ့ဘူး။ အခုကတော့ ဥပဒေနဲ့အရေးယူမယ်လို့ အသိပေးလိုက်တာပေါ့။ “လို့ ပေါင်းတည်ဒေသခံတဦးကပြောပါတယ်။ လက်ရှိမှာ သက်ဆိုင်ရာဌာနကလည်း ပန်းခင်းစီမံချက်အဖြစ် မှတ်ပုံတင်ကဒ်တွေ လုပ်ဆောင်ပေးနေတာကြောင့် အသက်(၁၈)နှစ်ပြည့်သူတိုင်း မှတ်ပုံတင်လုပ်ဆောင်ထားဖို့ ပေါင်းတည်ထွေအုပ်က ပြောဆိုထားပါတယ်။ ပေါင်းတည်မြို့မှာတော့ စစ်ဆေးရေးဂိတ်တွေကို မြို့အဝင်တွေမှာဖွင့်လှစ်ကာ နေ့တိုင်းစစ်ဆေးတာတွေလုပ်နေပြီး မြို့ထဲမှာတော့ ထူးခြားမှုတစုံတရာရှိမှသာ ရှောင်တခင်စစ်ဆေးတာတွေလုပ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။ ” မြို့အဝင်မှာပဲ အဓိကစစ်မယ်ထင်တယ်။ မြို့ထဲအဝင်အထွက် လူတွေကိုပေါ့။မြို့ထဲသွားနေသူတွေကိုတော့ ပေါက်ကွဲမှုဖြစ်တာတို့၊အနီးရွာတွေမှာတခုခုဖြစ်တာတို့မှ…

Read More

ဆိပ်ဖြူမြို့နယ်မှာ လင်မယား၂ဦး အသတ်ခံရပြီး အိမ်အတွင်းပစ္စည်းတွေ ပျောက်ဆုံးနေ

မေ ၊ ၂၇-၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ဆိပ်ဖြူမြို့နယ်၊ အလယ်စုကျေးရွာမှာ မနေ့ မေ ၂၆ ရက် မနက်အစောပိုင်းမှာ အိမ်ရှင်လင်မယား အသတ်ခံရပြီး အိမ်အတွင်းကပစ္စည်းတွေ ပျောက်ဆုံးသွားတယ်လို့ ဆိပ်ဖြူမြို့ခံတွေဆီက သိရပါတယ်။ ” မနေ့က မနက် ၃ နာရီဝန်းကျင်မှာ ဓားပြတိုက်ခံရတာပါ ၊ ရွှေထည် လက်ဝတ်လက်စားတွေပါသွားတဲ့အပြင် ကားနဲ့ ဆိုင်ကယ်ပါ ၊ ပါသွားတယ် ၊ အိမ်ရှင် လင်မယား ၂ ယောက်စလုံး သတ်ခံရတယ် “လို့ သေဆုံးသူရဲ့ မိတ်ဆွေ အလယ်စုရွာခံတယောက်က ပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဆိပ်ဖြူမြို့နယ် လုံခြုံရေး အဖွဲ့ ၊ တာဝန်ရှိသူတယောက်က ” အလယ်စုရွာမှာနေထိုင်တဲ့ ဦးညိုမြင့် ၊ ဒေါ်သီတာမိုးရဲ့နေအိမ်မှာ အကြမ်းဖက် လူသတ် လုယက် ဓားပြမှု…

Read More

ကားတိုက်လို့ ပျံလွန်တော်မူတဲ့ဘုန်းကြီးကို လိုက်ပို့တဲ့ ပရဟိတကား ယာဥ်တိုက်မှုထပ်ဖြစ်လို့ ယာဉ်မောင်းသေဆုံး

မေ ၂၇-၂၀၂၂ KK(VOM) ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာ မနေ့ မေ ၂၆ရက် နေ့လယ်ပိုင်းက လမ်းဘေးသစ်ပင်ဝင်တိုက်လို့ ပျံလွန်တော်မူသွားတဲ့ ဘုန်းကြီးကို လိုက်ပို့တဲ့ ပရဟိတယာဥ်တစီး ထပ်မံယာဥ်တိုက်မှုဖြစ်လို့ ယာဥ်မောင်းသေဆုံးသွားတယ်လို့ ရွှေမေတ္တာသာရေးနာရေးကူညီမှုအသင်းကနေ သိရပါတယ်။ “သွားပို့နေတဲ့အချိန်မှာ ယာဥ်တစ်စီးနဲ့တိုက်မိတယ်လို့ ပြောတယ်၊ အဲ့ဒီမှာပဲဆုံးသွားတာ၊ ကိုထက်နိူင်ကျော် သူက ပရဟိတအဖွဲ့မှာ အားကိုးရတဲ့သူပါ”လို့ ရွှေမေတ္တာသာရေးနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ ကျောင်းကုန်းမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းမိုင်တိုင်အမှတ် ၂/၅ နဲ့ ၂/၆ ကြား ဆိပ်ဖူးနီလေးကျေးရွာအနီးမှာ မနေ့နေ့လယ်ပိုင်းက ယာဉ်တစီးလမ်းဘေးသစ်ပင် ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ရာ သံဃာတစ်ပါး ပျံလွန်တော်မူပြီး တစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။ ပဲခူးကနေ ပုသိမ်ကို မောင်းလာတဲ့ သံဃာတော်ငါးပါးလိုက်ပါလာတဲ့ယာဥ်ဟာ ဆိပ်ဖူးနီလေးကျေးရွာအနီးမှာ မိုးသည်းထန်စွာရွာသွန်းလို့ အရှိန်လွန်ကာ လမ်းဘေးသစ်ပင်ကို ဝင်ရောက်တိုက်မိခဲ့တာဖြစ်တယ်လို့ သူကရှင်းပြပါတယ်။ ယာဥ်တိမ်းမှောက်လို့ ပျံလွန်တော်မူတဲ့ဆရာတော်ဟာ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ စမ်းဝကျေးရွာ၊ မဏိဇောတိကာရုံကျောင်းတိုက်မှ…

Read More

ပိုင်ရှင်စွန့်လွှတ်ခဲ့တဲ့ ကား ၂၉ စီးနဲ့ သိန်း ၄ထောင်ကျော် တရားမဝင်သစ်တွေကို ပဲခူးနဲ့ရန်ကုန်ဆိပ်ကမ်းမှာဖမ်းမိ

မေ ၂၇-၂၀၂၂ VOM (GG) ရန်ကုန်မြို့၊ သီလဝါ နဲ့ထီးတန်းဆိပ်ကမ်းမှာ ပိုင်ရှင်က စွန့်လွှတ်ခဲ့တဲ့ မော်တော်ယာဉ် ၂၉ စီး အပါအဝင် ကျပ်သိန်းပေါင်း ၄၃၀၀ ကျော်တန်ဖိုးရှိ တရားမဝင်သစ်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီကနေ သိရပါတယ်။ ရန်ကုန်မှာ ကားတွေဖမ်းဆီးရမိပြီး ပဲခူးတိုင်းမှာ တရားမဝင်သစ်တွေ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း၊ ပိုင်ရှင်ကစွန့်လွှတ်တဲ့ ကားတွေကို အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူဆောင်ရွက်နေသလို တရားမဝင်သစ်ဖမ်းဆီးရမိမှုကိုလည်း သစ်တောဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ” ပိုင်ရှင်မဲ့နဲ့ ပိုင်ရှင်ကစွန့်လွှတ်တယ်ဆိုတာက မတူဘူး။ ပိုင်ရှင်မဲ့ဆိုတာ ပိုင်ရှင်က ရှိကိုမရှိတာ၊ပိုင်ရှင်ကစွန့်လွှတ်တယ်ဆိုတာကျ သူကဒီဟာကိုသွင်းလာတယ် ဒါပေမယ့် ဆက်ပြီးတော့ မထုတ်နိုင်တဲ့ဟာပေါ့ ၊ပရောဆက်လည်းမတူဘူး၊ပရိုစီဂျာလည်းမတူဘူး “လို့ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အဖွဲ့ဝင် တဦးကပြောပါတယ် ။ မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း(သီလဝါ)ကုန်သေတ္တာစစ်ဆေးရေးစခန်းမှာ တာဝန်ကျအကောက်ခွန်စစ်ဆေးရေးအဖွဲ့ရဲ့ မေလ ၂၄ ရက်နေ့က စစ်ဆေးမှုအရ…

Read More

COVID-19 ရောဂါ ကာကွယ်ဆေးတွေ အကြောင်း သိကောင်းစရာ

၂၇၊ မေ၊ ၂၀၂၂ VOM ကမ္ဘာ့ ကပ်ရောဂါ ဆိုးကြီးတခု ဖြစ်တဲ့ COVID-19 ရောဂါဟာ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကူးစက်ပြန့်ပွားနှုန်းက တဖြည်းဖြည်း လျော့နည်းလာနေပေမယ့် တဖက်မှာလည်း မျိုးကွဲမျိုးစုံ ဆင့်ကဲပြောင်းလဲ ကူးစက်မှုတွေကလည်း ရှိနေဆဲ ဖြစ်ပါတယ်။ COVID-19 ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ ကာကွယ်ဆေးတွေကို နိုင်ငံအသီးသီး၊ ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီ အသီးသီးက ထုတ်လုပ်လာကြပြီး၊ နိုင်ငံအတော်များများကို လွှမ်းခြုံဖြန့်ဝေလာနေတာလည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း COVID-19 ရောဂါ ကာကွယ်ဆေးထိုးတာတွေ အများအပြားလုပ်လာနေတာလည်း ရှိနေပါတယ်။ ဒီတော့၊ ဒီကာကွယ်ဆေးတွေနဲ့ ပတ်သက်ပြီး ဘာတွေ သိထားသင့်သလဲ၊ ကာကွယ်ဆေးထိုးသင့် မသင့် ဆိုတာတွေနဲ့ ပတ်သက်လို့၊ အမေရိကန်နိုင်ငံမှာ နေထိုင်ပြီး ကျန်းမာရေးဆိုင်ရာ စာပေ၊ ဆောင်းပါးတွေ ရေးသားပညာပေးနေတဲ့ ဒေါက်တာတင့်ဆွေကို VOM က ဆက်သွယ်မေးမြန်းထားပါတယ်။ VOM ။…

Read More

သည်မိုး..သည်လေကူတော့

ဆူးငှက် မှိုင်းအုံ့လို့ရီ…၊ တိမ်ခိုးမြူမှောင်နှင့် ဘယ်တောင်ကို ဘယ်လိုလွမ်းပါရ၊ညွှန်းဆိုတတ်ပြီ…။ နတ်တံပိုး မုရိုးကခတ်သံသည်…၊ဟန်ချီလို့အုံ့တုန်း….။ ရွာဘဲနှင့်ကျူ…၊သည်မိုးသည်လေကူတော့ ပူသူမှာ ဖြေမသင်နိုင်ဘူး၊ တွေးချင့်ပါဦး(အုံး)။ မြန်မာပြည်အောက်ပိုင်းအနှံ့ ကိုရွှေမိုးက ရွာသွန်းမဆုံး တအုန်းအုန်းဖြစ်နေသော်လည်း မြန်မာပြည်အလယ်ပိုင်းမှာ မိုးက ဟန်ရေးတပြပြနှင့် မာယာများနေသေး၏။ အုံ့ကားအုံ့၏။ အုံ့သလောက် မိုးမဆင်..။ မိုးလုံးပြည့်မှိုင်း ညို့မျှဆင်သည်။ ဆင်သလောက်မရွာ။ ရုတ်ချည်း ဒေါသတကြီးရွာ၏။ ရွာသလောက်ရေမပါ..။ ထိုအခါ ထင်သာထင်၊ မဝင်ဘူးကျောင်းအစ်မရေဟုပဲ ပြောရမလိုဖြစ်၏။ မည်သို့ဆိုစေ…အားလုံးသည် သဘာဝတရားအရ သီးခြား ကင်းလွတ်နေသည်ချည်းဖြစ်သည်။ ကိုယ့်ဆီမှာ မိုးလေမကြီးသဖြင့် စိုးရိမ်ဖွယ်မရှိဟု ပြောလို့မရ..။ ရခိုင်ရိုးမကို ဖြတ်သန်းကျော်လွှားနိုင်စွမ်းသည့် မုန်တိုင်းလက်တံများက ကိုယ်နှင့်အလှမ်းဝေးလှချည့်ဟု ဥပေက္ခာပြုလို့မရ…။ သည်ရေ သည်မြေ သည်တောင်၊သည်ယာသည် ကျောသားရင်သားခွဲခြားမရ။တစ်ဆက်စပ်တည်းပင် မဟုတ်ပါလော…။ လက်သည်း ဆိတ်လျှင် လက်ထိပ်နာရမည်။ ဟောကြည့် မြန်မာပြည်မြောက်ဘက် တောင်ကုန်းဒေသ၏ ကောင်းကင်ထိပ် ဟိမဝန္တာတောင်တန်းတွေပေါ်မှာ ရေခဲအရည်ပျော်တာတွေ…၊ သဘာဝမဟုတ်သော…

Read More

ရေစကြိုမြို့ပေါ်က ကုန်မာဆိုင်တဆိုင် ဖျက်ဆီးခံရပြီး ငွေသားအချို့ ပျောက်ဆုံးနေ

မေ ၊ ၂၆-၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့ ၊ အမှတ် ၃ ရပ်ကွက်က ကုန်မာဆိုင် ၁ ဆိုင်ဟာ မနေ့ မေ ၂၅ ရက် ၊ မနေ့က ညနေပိုင်းမှာ ဆိုင်ထဲရှိ ပစ္စည်းတချို့ ဖျက်ဆီးခံခဲ့ရပြီး ငွေသားအချို့ပျောက်ဆုံးနေတယ်လို့ ရေစကြိုမြို့ခံတွေဆီက သိရပါတယ်။ ” ညနေ ၄ နာရီဝန်းကျင်မှာပါ ၊ ဆိုင်က အမှတ် ၃ ရပ်ကွက်ထဲက ဒေါ်ဝေမမတင် ကုန်မာဆိုင်ဖြစ်တယ် ၊ စျေးရောင်းရတဲ့ ပိုက်ဆံ သိန်း ၂၀ ကျော်ပါသွားတယ် ၊ ဆိုင်ထဲက ဗီရိုတွေလည်း ဖျက်ဆီးထားခဲ့တာ”လို့ ဆိုင်ရှင်ရဲ့ မိတ်ဆွေတယောက်က ပြောပါတယ်။ အဲ့ဒီလို ဖြစ်ပွားပြီးနောက် အချိန်အနည်းငယ်တွင်းမှာ စစ်သားနဲ့ ရဲတွေ ဆိုင်ကိုရောက်လာပြီး…

Read More

ဒေါက်တာအောင်မိုးညို အလုပ်နဲ့ထောင် ၃နှစ် ထပ်မံချမှတ်ခံရ

မေ ၂၆-၂၀၂၂ GG(VOM) မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညိုကို မကွေးအကျဉ်းထောင်တရားရုံးကနေ မနေ့ မေ ၂၅ရက်က အလုပ်နဲ့ ထောင် ၃ နှစ်ထပ်မံချမှတ်လိုက်တယ်လို့ သိရပါတယ်။ ” ဟုတ်ပါတယ်၊မနေ့က အမိန့်ချလိုက်တယ်လို့ သိရပါတယ်။အလုပ်နဲ့ ထောင်ဒဏ်သုံးနှစ်ပါ ” လို့ တရားလွှတ်တော်ရှေ့နေတဦးကပြောပါတယ်။ NLD အစိုးရလက်ထက်က ကိုဗစ်ကာလ ပွင့်ဖြူမြို့မှာပြုလုပ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အောင်နိုင်ရေးစုရုံးပွဲတစ်ခုကို ဒေါက်တာအောင်မိုးညို တက်ရောက်ခဲ့တယ်ဆိုတဲ့ပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၅ နဲ့ တရားစွဲအမိန့်ချလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ဒေါက်တာအောင်မိုးညိုကို ပြီးခဲ့တဲ့ ၂၀၂၁ ဇွန်လ ၈ရက်နေ့မှာ ၅၀၅ (ခ)နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် ၊ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ တဦးတည်းအပေါ် စွဲဆိုတဲ့ အဂတိလိုက်စားမှု ၃ မှု၊ တခြားတိုင်းဝန်ကြီးတွေနဲ့ ပူးတွဲစွဲဆိုထားတဲ့ အဂတိလိုက်စားမှု…

Read More

ပြည်တွင်းမှာ ငွေပေးချေမှုအားလုံးကို မြန်မာကျပ်ငွေသာ သုံးရမယ်လို့ ဗဟိုဘဏ်ထုတ်ပြန်

မေ ၂၆-၂၀၂၂ VOM (GG) မြန်မာပြည်တွင်းမှာ ငွေပေးချေသုံးစွဲမှုအားလုံးကို မြန်မာကျပ်ငွေနဲ့သာ မဖြစ်မနေသုံးစွဲရမယ်လို့ ဗဟိုဘဏ်က မနေ့ မေလ ၂၅ရက်မှာ ထပ်မံ အသိပေးထုတ်ပြန်လိုက်ပါတယ်။ ပြည်တွင်းမှာ ရောင်းချ ဝယ်ယူတဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေအတွက် ကျသင့်ငွေကို နိုင်ငံခြားသုံးငွေနဲ့ ရယူတာ၊ ပေးချေခြင်းတွေကြောင့် နိုင်ငံခြားသုံးငွေ အသုံးပြုမှု ကျယ်ပြန့်လာပြီး နိုင်ငံခြားငွေ လိုအပ်ချက် မြင့်မားလာစေတဲ့အပြင် နိုင်ငံခြားငွေလဲလှယ်နှုန်း (Exchange Rate)ကိုပါ မတည်ငြိမ်မှုကို ဖြစ်ပေါ်စေနိုင်တယ်လို့ ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနတွေ တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့အစည်းတွေ အနေနဲ့ အစိုးရနဲ့ပုဂ္ဂလိကလုပ်ငန်းတွေ၊အဖွဲ့အစည်းတွေအတွင်း ကုန်ပစ္စည်းတွေ ဝယ်ယူရောင်းချခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းအတွက် ပေးချေခြင်း၊ ဈေးနှုန်းဖော်ပြခြင်း ကိစ္စရပ်တွေအားလုံးကို ပြည်တွင်းသုံး ကျပ်ငွေနဲ့သာ ဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ” လေယာဉ်လက်မှတ်ဆိုလည်း ဒေါ်လာနဲ့ပေးရတာရှိတယ်။နိုင်ငံတကာကျောင်းဆိုလည်း ဒေါ်လာနဲ့သွင်းရတာရှိတယ်။သင်တန်းတွေဆိုလည်း အဲ့ဒီလိုပဲ။ ဟိုတယ်တွေဆိုလည်း…

Read More

ရခိုင်၊ ထား၀ယ်ကနေ မလေးရှားသွားမယ့် မြန်မာတွေ ထိုင်းမှာ အဖမ်းခံရ

ဆောင်ခလာ၊ မေ-၂၆-၂၀၂၂ မျိုးဆက်(VOM) မလေးရှားမှာ အလုပ်ရမယ်ဆိုပြီး ပွဲစားတွေကတဆင့် ချိတ်ဆက်ပြီး သွားဖို့ကြိုးစားတဲ့ မြန်မာ၂၆ ဦးဟာ ထိုင်းတောင်ပိုင်း ဆာဒုံးခရိုင်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့တွေ၊ လှည့်ကင်းနဲ့ နယ်မြေခံရဲတပ်ဖွဲ့တွေပူပေါင်းအဖွဲ့ဟာ မေ ၂၆ ရက် နံနက် ၄ နာရီ ၃၀ မိနစ်မှာ ဆာဒုံးအကောက်ခွန်ဂိတ်အနီးကတောအုပ်ထဲမှာ အမျိုးသား၊ အမျိုးသမီးတွေပါတဲ့ အဖွဲ့ကို တွေ့ရှိဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခံရသူ ၂၆ ဦးအနက် အမျိုးသား ၁၇ ဦးပါ၀င်ပြီး အမျိုးသမီး ကိုးဦးပါ၀င်ပြီး အားလုံးဟာ မြန်မာနိုင်ငံကလာခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ သူတို့ကို ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှုပြုဖို့အတွက် ဆားဒုံးရဲသခန်းကို ခေါ်ဆောင်သွားကြပါတယ်။ သူတို့ဟာ ရခိုင်၊ ထား၀ယ်နဲ့ အခြားမြို့နယ်တွေကနေ မလေးရှားကိုသွားဖို့ ထွက်ခွာလာကြတာဖြစ်ပြီး မေ ၁၉ ရက်မှာ ခြေလျင်လျှောက်ပြီး Prachuap Khiri Khan ပြည်နယ်ထဲကို…

Read More
VOM News

FREE
VIEW