မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ ထုတ်ပြန်ကြေညာချက် တရုတ်နဲ့ရုရှား ပိတ်ပင်ကန့်ကွက်

နယူးယောက်၊ မေ ၂၈-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ဆိုးရွားတဲ့လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေအပေါ် စိုးရိမ်ပူပန်ကြောင်းနဲ့ ပြသနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ တိုက်တွန်းမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ထုတ်ပြန်ချက်ကို တရုတ်နဲ့ ရုရှားတို့က ပိတ်ပင်ကန့်ကွက်လိုက်တယ်လို့ သံတမန်သတင်းရပ်ကွက်က ပြောပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်အစည်းအဝေးကို မနေ့က ကျင်းပခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နဲ့မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် Noeleen Heyzer တို့က မြန်မာ့အရေးဖြေရှင်းဖို့နည်းလမ်းတွေကို အကျဥ်းချုပ် တင်ပြခဲ့ပါတယ်။ လက်ရှိမှာ မြန်စစ်တပ်အပေါ် ကျယ်ကျယ်ပြန့်ပြန့် ခုခံမှုတွေဆက်လက်ဖြစ်ပေါ်နေတာဟာ စစ်တပ်ရဲ့ အုပ်ချုပ်နိုင်စွမ်းကို စိန်ခေါ်နေတဲ့ ပြည်တွင်းစစ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူအချို့က ရှုမြင်နေကြပါတယ်။ ဗြိတိန်နိုင်ငံမှ အဆိုပြုထားတဲ့ မြန်မာအရေး ထုတ်ပြန်ချက်မှာ “အကျပ်အတည်းကို ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာရာမှာ…

Read More

ရွှေပြည်အေးမြို့ ထွေ / အုပ်ရုံးမှာ ပစ်ခတ်တာတွေဖြစ်ပြီး ရဲ ၁ ဦး အပါအဝင် လူ ၂ ဦးသေဆုံး ၊ ၁ ဦး ဒဏ်ရာရ

မေ ၊ ၂၈ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ် ၊ ရွှေပြည်အေးမြို့က ထွေ / အုပ် ရုံးကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုက မေ ၂၇ ရက် ၊ မနေ့က နေ့လယ် ၁၂ နာရီ ဝန်းကျင်မှာ ဝင်ရောက်ပစ်ခတ်ခံရလို့ ရဲ ၁ ဦး အပါအဝင် လူ ၂ ယောက်သေဆုံးခဲ့တယ်လို့ ရွှေပြည်အေး မြို့ခံတွေဆီက သိရပါတယ်။ ” အခုတလော ရွှေမျှောတွေဖမ်းတာ ၊ မီးရှို့တာ ၊ ပစ္စည်းတွေသိမ်းတာရှိတယ် ၊ ဒီမနက် မှာကို ဖမ်းတာတွေရှိတယ် ၊ ဖမ်းဆီးရေးအဖွဲ့တွေ မနက်စာ ထမင်းစားနားတဲ့အချိန် ပစ်ခံရတာ ဖြစ်တယ် ၊ အဲ့ဒီ ပစ်ခတ်တာတွေကြောင့် ရဲ ၁…

Read More

အုပ်ချုပ်ရေးမှုး ပစ်သတ်ခံရပြီးနောက် ဒလမြို့နယ်မှာ ဆိုင်ကယ်စီးခွင့်ပိတ်

ရန်ကုန်၊မေ ၂၈၊၂၀၂၂ KK(VOM) ဒလမြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှုးတယောက်ကို သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် မနေ့က စပြီး ဆိုင်ကယ်စီးခွင့်ပိတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဒလမြို့နယ်မှာ မေလ ၂၆ ရက် နေ့လယ်ပိုင်း ရေကန်တူးဖော်ရာမှာ ကြီးကြပ်ပေးနေတဲ့ ကမာကဆစ်ရပ်ကွက် အုပ်ချုပ်ရေးမှုးဦးဝင်းအောင်ကို ဆိုင်ကယ်စီးလာတဲ့အမည်မသိအမျိုးသားနှစ်ဦးက သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးခဲ့ပြီး ဆိုင်ကယ်စီးခွင့်ကို ပိတ်လိုက်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပြတာက “အုပ်ချုပ်ရေးမှုးအသတ်ခံရပြီးတာနဲ့ လိုက်ပြီး ကြေညာတာ အရင်က ၃၁ ရက်နေ့အထိလို့ကြေညာ နောက်ပြန်ကြေညာတာ အကန့်အသတ်မရှိလို့လည်းကြားတယ်”လို့ သူကပြောပါတယ်။ ဒီလိုအမိန့်ထုတ်ပြန်မှု့ကြောင့် ဒလမြို့နယ်မှာ ဆိုင်ကယ်ကယ်ရီသမားအများစု စားဝတ်နေရေးခက်ခဲမှုတွေဖြစ်သွားတယ်လို့ သမ္မာန်ဆိပ်မှာ ကယ်ရီမောင်းနေသူတဦးက ပြောပါတယ်။ ” ဒီလိုလုပ်တာ မဆိုင်ဘူးလို့ထင်တယ်ဗျာ လုပ်တဲ့သူကိုမိအောင်ဖမ်းရအောင် သူတို့တာဝန်လေ မဆီမဆိုင်ကျနော်တို့ ကြားထဲကဒုက္ခရောက်တာပေါ့”လို့ ပြောပါတယ်။ အမိန့်ထုတ်ပြန်မှုမှာ ရပ်ကွက်ကျေးရွာမှာနေထိုင်သူအပြင် ဌာနဆိုင်ရာဝန်ထမ်းတွေကိုပါ ဆိုင်ကယ်ပေးမစီးဘူးလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် အခြေခံလူတန်းစားအများစုနေထိုင်ရာ ဒလမြို့နယ်မှာ…

Read More

ရေစကြိုမြို့နယ် ဇယမရွာ ကျောင်းထိုင်ဘုန်းကြီးကိုသတ်ပြီး ပစ္စည်းတွေ လုယူခံရ

မေ ၊ ၂၈ ၊ ၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုနယ်နဲ့ ပခုက္ကူနယ်အစပ် ဇယမ(ကျွန်းလှယဉ်)ရွာ မြောက်ကျောင်း သာဿနာ့ ဇောတိပါလ ကျောင်းတိုက် ဆရာတော်ဟာ မေ ၂၇ ရက် ၊ မနေ့က ညနေပိုင်းမှာ အသတ်ခံရပြီး ကျောင်းပိုင်ပစ္စည်းတွေ လုယူခံရတဲ့ ဖြစ်စဥ်တခု ဖြစ်ပွားခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းကို ဇယမရွာခံတယောက် ပြောတာက ” ညနေ ၅ နာရီခွဲဝန်းကျင်မှာဖြစ်တာပါ ၊ သာဿနာ့ ဇောတိပါလကျောင်းက သက်တော် ၆၁ နှစ် ၊ ဝါတော် ၄၀ ရ ၊ ဆရာတော် ဦးသောမလောက ရဲ့ ဦးခေါင်းကို လက်လုပ်သေနတ်နဲ့ ပစ်သတ်ပြီး ကျောင်းပိုင် ပစ္စည်းတွေ လုယူသွားတာ ”…

Read More

ဘားအံမြို့ရှိ Hpa-an Boutiqe Innမှာ ပစ်ခတ်မှုဖြစ်ပြီး ပိုင်ရှင်အပါအဝင် လူ(၄)ဦးသေဆုံး

မေ ၂၇-၂၀၂၂ KK(VOM) ဘားအံမြို့က Hpa-an Boutiqe Innမှာ မနေ့ မေ ၂၆ နေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ခဲ့ပြီး ပိုင်ရှင်အပါအဝင် လူ(၄)ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ် (၉) ရပ်ကွက်၊ မဟော်ဂနီလမ်းမပေါ်မှာရှိတဲ့ Hpa-an Boutiqe Inn မှာ မနေ့နေ့လယ်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ခဲ့တာဖြစ်ပြီး ပိုင်ရှင်ဖြစ်သူ ဦးတင်အောင်မိုးအပါအဝင် (၄)ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတဦးကပြောပါတယ်။ “ဘာကြောင့်ဖြစ်လဲတော့မသိဘူး လူမှုရေးကိစ္စလား စီးပွားရေးကိစွလားမသိဘူး၊ BGF တွေနဲ့တော့သူက အဆက်အသွယ်ရှိလည်းရှိတယ်”လို့ သူကပြောပါတယ်။ Hpa-an Boutiqe Innမှာ မနေ့က ဦးတင်အောင်မိုးနဲ့ မိတ်ဆွေတွေ တွေ့ဆုံပြီးနောက် နာရီဝက်အကြာမှာ သေနတ်ပစ်ခတ်သံတွေကြားရလို့ သွားရောက်ကြည့်ရှုရာ ဦးတင်အောင်မိုးအပါအဝင် (၃)ဦးသေဆုံးပြီး တဦးမှာ ဒဏ်ရာပြင်းထန်စွာရနေတာတွေ့ရတယ်လို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။ “သုံးယောက်အရင်သေတယ်၊ တယောက်က ဆေးရုံရောက်မှ သေတာဖြစ်မယ် “လို့…

Read More

သရုပ်ဆောင်ရဲတိုက် အလုပ်ကြမ်းနဲ့ထောင်ဒဏ် (၁၀)နှစ်ချမှတ်ခံရ

မေ ၂၇-၂၀၂၂ KK(VOM) ရုပ်ရှင်သရုပ်ဆောင်ရဲတိုက်ကို ဒီကနေ့ နေ့လယ်ပိုင်းက အနောက်ပိုင်းခရိုင်တရားရုံးကနေ မူးယစ်ဆေးဝါးအမှုနဲ့အလုပ်ကြမ်းနဲ့ထောင်ဒဏ်(၁၀)နှစ်ချမှတ်လိုက်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။ သရုပ်ဆောင်ရဲတိုက်ကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၆(ဂ)/၂၃ နဲ့ ဒီကနေ့မှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ်(၁၀)နှစ်ချမှတ်ခဲ့တာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။ “သတင်းကမှန်ပါတယ် သူကိုဒီကနေ့ နေ့လယ်ကပဲ အလုပ်ကြမ်းနဲ့ထောင် ဆယ်နှစ်ချလိုက်တာပါ”လို့ သူက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ရက်နေ့က ရဲတိုက်ကို အင်းစိန်ထောင်ရှိ အထူးတရားရုံးက ပုဒ်မ ၅၀၅-ကနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာလည်းရှိပါတယ်။ လက်တလော ရုပ်ရှင်သရုပ်ဆောင်ရဲတိုက်အနေနဲ့ စုစုပေါင်းအလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၃ နှစ်ကိုစုပေါင်းကျခံရမှာဖြစ်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်ရဲတိုက်ကို ဧပြီလ ၃ ရက်နေ့ညပိုင်းက မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိချိန်မှာ မူးယစ်ဆေးဝါးတွေပါတွေ့ရှိခဲ့တယ်လို့ နစကကောင်စီက ဧပြီလ ၄ ရက်နေ့မှာ…

Read More

ယူကရိန်း လူဟန့်ခ်ဒေသ ၉၅ ရာခိုင်နှုန်းကို သိမ်းပိုက်နိုင်ပြီလို့ ရုရှားပြော

မော်စကို၊ မေ-၂၇-၂၀၂၂ မျိုးဆက်(VOM) ရုရှားတပ်တွေဟာ ယူကရိန်းအရှေ့ပိုင်းက အမာခံနယ်မြေတွေကို အဆက်မပြတ်ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိပါတယ်။ လက်ရှိချိန်ထိ လူဟန့်ခ်ဒေသရဲ့ ၉၅ ရာခိုင်နှုန်းကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ ရုရှားက အခိုင်အမာပြောဆိုပါတယ်။ ဒီဒေသရဲ့ အဓိကပစ်မှတ်ကတော့ ယူကရိန်းရဲ့ထိန်းချုပ်မှုအောက်မှာရှိနေဆဲဖြစ်တဲ့ Severodonetsk မြို့ဖြစ်ပါတယ်။ ရုရှားတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် လမ်းတွေပေါ်မှာ ကျည်တွေကျနေပြီး Severodonetsk မြို့ဟာ တချိန်လုံး တိုက်ခိုက်ခံနေရတယ်လို့ လူဟန့်ခ်ဒေသ အုပ်ချုပ်ရေးမှူး Serhiy Haidai ကပြောပါတယ်။ ရုရှားဟာ ယူကရိန်းစစ်ပွဲအတွက် ထပ်မံပြင်ဆင်နေပုံရပြီး ရှေ့တန်းမှာ တပ်ဖွဲ့၀င်တွေ ကျဆုံးမှု ပိုမိုများပြာလာတာကြောင့် စစ်မှုထမ်းအသက်အရွယ်ကန့်သတ်ချက်ကို ရုရှားပါလီမန်က ပယ်ဖျက်လိုက်ပါတယ်။ ယူကရိန်းတောင်ပိုင်း ထိန်းချုပ်နယ်မြေတွေမှာလည်း ရုရှားရဲ့ သြဇာလွှမ်းမိုးမှုကြီးထွားလာဖို့ လှုပ်ရှားမှုတွေရှိနေပြီး ရုရှားရူဘယ်ငွေကို တရား၀င်ငွေကြေးအဖြစ် ဖန်တီးထားတယ်လို့ ရုရှားလိုလားတဲ့ ခွဲထွက်ရေး ခေါင်းဆောင်တွေက ဆိုပါတယ်။ ရုရှားသမ္မတ ပူတင်ကလည်း ထိန်းချုပ်နယ်မြေတွေထဲက ယူကရိန်းနိုင်ငံသားတွေကို ရုရှားနိုင်ငံသားဖြစ်ဖို့…

Read More

မြစ်ကြီးနားမှာ ဖုန်းဆိုင်တဆိုင် ဓားပြတိုက်ခံရပြီး သိန်း ၃၀၀ ဝန်းကျင်တန်ဖိုးရှိတဲ့ ဖုန်းတွေပါသွား

မေ ၂၇-၂၀၂၂ VOM (GG) မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်မှာရှိတဲ့ I Center Second မိုဘိုင်းဖုန်းဆိုင်မှာ ဒီနေ့မေလ ၂၇ ရက်နေ့မနက်ပိုင်းက ဓားပြတိုက်ခံရပြီး I phone ၁၈ လုံးနဲ့ဝန်ထမ်းတွေရဲ့ဖုန်းတွေ ပါသွားတယ်လို့ ဆိုင်ပိုင်ရှင်ကပြောပါတယ်။ မနက် ၉ နာရီခွဲလောက်မှာ အမည်မသိလူနှစ်ယောက် ဖုန်းဆိုင်ကိုရောက်လာပြီး သေနတ်နဲ့ထောက်ကာ ဆိုင်ဝန်ထမ်းကို တိတ်နဲ့တုပ်ထားပြီး တန်ဖိုးကြီးဖုန်းတွေကို ယူဆောင်သွားတာဖြစ်ကြောင်း၊ကာလတန်ဖိုး သိန်း၃၀၀ ဝန်းကျင်ခန့် ရှိတယ်လို့သိရပါတယ် ။ ” မနက်၉နာရီလောက် ဆိုင်စဖွင့်တော့ ဝန်ထမ်းတစ်ယောက်နဲ့ကျနော်ပဲရှိတယ်၊၉နာရီလောက် ဆိုင်ဖွင့်ပြီးကျနော်အခြားကိစ္စရှိလို့ အပြင်ခနထွက်သွားချိန်လူ၂ယောက်က 125 ဆိုင်ကယ် နဲ့ ဦးထုပ် ၊ မက်စ်၊ ဝတ်စုံအပြည့်နဲ့ဆိုင်ကိုဝင်ပြီးတော့ ကျနော်နာမည်အရင်ဆုံးမေးတယ်၊ ကိုဝတုတ်လေးရှိလား တွေ့ချင်တယ် ပြောတော့ ကျနော့တပည့်က မရှိဘူးပြောတော့ ခနထိုင်နေပြီး တစ်ယောက်က သေနတ်ထုတ်ပြီး သူတို့မှာပါလာတဲ့ တိတ်နဲ့ ကျနော့်တပည့်ကို ကြိုးချည်ပြီး…

Read More

မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့ရေး အမေရိကန်ရဲ့ဆုံးဖြတ်ချက်မူကြမ်း တရုတ်နဲ့ ရုရှား ဗီတိုအာဏာသုံးပြီး ပယ်ချ

နယူးယောက်၊ မေ-၂၇-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားက ဒုံးကျည်ပစ်ခတ်စမ်းသပ်မှုတွေနဲ့ပတ်သက်ပြီး ပိုမိုတင်းကြပ်တဲ့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမေရိကန်ကတင်သွင်းတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံးပြီး မေ ၂၆ ရက်မှာ ပယ်ချလိုက်ပါတယ်။ မြောက်ကိုရီးယားဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့ အာရှခရီးစဉ်အပြီး နာရီပိုင်းအကြာမှာ ဒုံးကျည်သုံးစင်းပတ်ခတ်ခဲ့ပြီး အဲဒီထဲမှာ တိုက်ချင်းပစ်ဒုံးကျည်တစင်းလည်း ပါ၀င်ဖွယ်ရှိပါတယ်။ လုံခြုံရေးကောင်စီမှာ တင်သွင်းတဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်မူကြမ်းမှာ မြောက်ကိုရီးယားသို့ ရေနံစိမ်းနဲ့ ရေနံထွက်ကုန်တွေ တင်ပို့မှုကို ဖြတ်တောက်ဖို့နဲ့ မြောက်ကိုရီးယား ဟတ်ကာတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းဖို့ အချက်တွေပါ၀င်ပါတယ်။ ဒီလို အရေးယူပိတ်ဆို့တဲ့နည်းလမ်းဟာ ရှေးရိုးစွဲဆန်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်က ပြောဆိုခဲ့ပြီး အမေရိကန်ဟာ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ ပြသနာကိုဖြေရှင်းဖို့ ပျက်ကွက်ခဲ့ကြောင်း တရုတ်သံအမတ်ကလည်း ဝေဖန်ပြောဆိုပါတယ်။ ဒေသတွင်းမှာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့နဲ့ တန်ပြန်ဖို့အတွက်ကို မြှင့်တင်ဆောင်ရွက်သွားမယ်လို့ အမေရိကန်နဲ့ ဂျပန်တို့က…

Read More

ပလက်ဝဒေသခံတွေပြောတဲ့ ထိတွေ့တိုက်ပွဲအကြောင်း

မေ၂၇-၂၀၂၂ SW(VOM) တပ်မတော်နဲ့ အေအေတို့ကြား စစ်ရေးတင်းမာမှုတွေရှိနေတဲ့ကြားထဲမှာပဲ မနေ့ မေလ ၂၆ရက်က ပလက်ဝမြို့နယ်အတွင်းမှာ မိနစ်အတန်ကြာ ထိတွေ့တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ အေအေဖက်ကရော ဒေသခံတွေက ပါ ပြောပါတယ်။ ပလက်ဝမြို့ဒေသခံတဦးက “တိုက်ပွဲဖြစ်တာက ပလက်ဝမြို့နဲ့တော့ဝေးတယ်။ အဘောင်သားရွာနဲ့ စူးပေါင်းတောင်ဘက်မှာဖြစ်တာလို့ ကြားတယ်။ ပလက်ဝမြို့အနောက်ဘက်မှာ ဖြစ်ကြတာ” လို့ ပြောပါတယ်။ အေအေရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုကလည်း ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာအနီးမှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာကို မှန်ကန်တယ်လို့ ပြောကြောင်း BBC ရဲ့သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။ ဒီကနေ့ထိတော့ တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး အေအေဖက်က တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးသလို တပ်မတော်ဖက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။ မနေ့ မေလ ၂၆ ရက်နေ့ မနက်ပိုင်း ၁၀ နာရီလောက်က စပြီးတော့ ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာအနီးမှာ တိုက်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။…

Read More
VOM News

FREE
VIEW