“လုယက်၊ အနုကြမ်းစီးမှုတွေကြားက မလုံခြုံတော့တဲ့ ပြည်သူ့ ဘဝတွေ”

သွေး (စစ်ကိုင်း) တစ်နေ့တခြား ပိုမိုများပြားလာနေတဲ့ လုယက်မှု၊ အနုကြမ်းစီးမှု၊ ပစ္စည်းယူလူသတ်မှုတွေကြောင့်ပြည်သူတွေကြားမှာ မလုံခြုံမှုတွေလည်း ခံစားလာရပါတယ်။ ဒီလို လုယက်မှု၊ အနုကြမ်းစီးမှုတွေဟာ ရန်ကုန်, မန္တလေးလို မြို့ကြီးတွေမှာသာမက နယ်မြို့တွေမှာပါ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ရာဇဝတ်မှုတွေ များပြားလာရတာဟာ တရားဥပဒေ စိုးမိုးမှု ချည့်နဲ့, အားနည်းတာကို ဖော်ညွှန်းနေတယ်ဆိုပြီး ဝေဖန်သံတွေလည်း ထွက်ပေါ်လာနေတာပါ။ အရင်ခေတ်ကာလတွေတုန်းက ဖြစ်ပွားခဲ့တဲ့ လုယက်မှုတွေမှာ ပစ္စည်းကိုပဲ လုယူတာ အများစု ဖြစ်ပြီးအသက် သေတဲ့အထိ သတ်ဖြတ်တာ နည်းပါးပါတယ်။ ဒါပေမယ့် လက်ရှိကာလ လုယက်,အနုကြမ်းစီးမှုတွေမှာတော့ ပစ္စည်းကို ယူရုံသာမက အသက်ကိုပါ ရက်ရက်စက်စက် သတ်ဖြတ်သွားကြတယ်ဆိုတဲ့ သတင်းတွေကို စိတ်မကောင်းစရာ ကြားနေရပါတယ်။ လုသတ်မှုတွေဟာ လမ်းပေါ်မှာ ဖြစ်ပွားတာ ရှိသလို အိမ်ထဲအထိ ဝင်ပြီး လူယက်တာ, ဆိုင်တွေထဲထိဝင်ပြီး အနုကြမ်းစီး လုယက်တာတွေလည်း ရှိပါတယ်။ လမ်းပေါ်သွားလာ…

Read More

တောင်ဆူဒန်ပြည်သူ သုံးပုံနှစ်ပုံ အငတ်ဘေးဆိုက်ဖွယ်ရှိကြောင်း ကုလသတိပေး

ဂျူဘား ၊ နို၀င်ဘာ-၅-၂၀၂၂ မျိုးဆက်(VOM) တောင်ဆူဒန်လူဦးရေရဲ့ သုံးပုံနှစ်ပုံဖြစ်တဲ့ ပြည်သူ ၇ ဒသမ ၇ သန်းဟာ လာမယ့်နှစ် ဧပြီလနဲ့ ဇူလိုင်လအကြားမှာ အစာရေစာပြတ်လပ်မှုနဲ့ ရင်ဆိုင်ရဖွယ်ရှိကြောင်း ကုသလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီတွေက နို၀င်ဘာ ၄ ရက်မှာ သတိပေးလိုက်ပါတယ်။ တောင်ဆူဒန်မှာ အစာရေစာမလုံလောက်မှုနဲ့ အာဟာရချို့တဲ့မှု ကြုံတွေ့နေရသူအရေအတွက်ဟာ ယခင်ကထက် အမြင့်အဆုံးအခြေအနေထိ ဖြစ်ပေါ်နေကြောင်း ယူနီဆက်ဖ်နဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်တို့ရဲ့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေ မတည်မငြိမ်ဖြစ်ခြင်းနဲ့ ရာသီဥတုနဲ့ လိုက်လျောညီထွေတဲ့ အစီအမံများချဲ့ထွင်ခြင်းမပြုပါက ငတ်မွတ်ခေါင်းပါးမှုဘေးအန္တရာယ် ကြုံတွေ့နိုင်ခြေမြင့်မားကြောင်း ကုလသမဂ္ဂ အေဂျင်စီတွေက သတိပေးထားပါတယ်။ နိုင်ငံတွင်းမှာ ရာသီဥတုအခြေအနေကလည်း ဆိုးရွားနေပြိး ပြင်းထန်တဲ့ ရာသီဥတုကြောင့် လယ်သမားတွေဟာ စိုက်ပျိုးထုတ်လုပ်ရေး မျှော်လင့်ချက်ဆုံးရှုံးနေကြောင်း တောင်ဆူဒန်ရှိကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ တာ၀န်ရှိသူတဦးက ပြောပါတယ်။ ဒါ့အပြင် ပဋိပက္ခတွေ စားနပ်ရိက္ခာနဲ့…

Read More

ဒေလီမှာ လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားမှုကြောင့် မူလတန်းကျောင်းအားလုံး ပိတ်ထားရ

ဒေလီ၊ အောက်တိုဘာ-၅-၂၀၂၂ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံ မြို့တော်ဒေလီမှာ လေထုညစ်ညမ်းမှုအခြေအနေ ပိုမိုဆိုးရွားလာတောကြောင့် မူလတန်းကျောင်းအားလုံးကို နို၀င်ဘာ ၅ ရက်မှစပြီး အာဏာပိုင်တွေက ပိတ်ပစ်လိုက်ပါတယ်။ လေထုထဲမှာ ကျန်းမာရေးကို ထိခိုက်စေတဲ့ အမှုန်အမွှားတွေပါ၀င်မှုဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ ပမာဏထက် အဆ ၃၀ ထိမြင့်တက်လာကြောင်း လေထုအရည်အသွေးတိုင်းတာရေး ကိရိယာတွေမှာ နို၀င်ဘာ ၄ ရက်က မှတ်တမ်းတင်ထားပါတယ်။ လေထုညစ်ညမ်းမှုကို လျှော့ချဖို့အတွက် နေ့ဘက်မှာ မော်တော်ယာဉ်တွေမောင်းနှင်မှုကို ကန့်သတ်ဖို့ အာဏာပိုင်တွေက စဉ်းစားနေပြီး မြို့တော်ဒေလီအနီးတစ်ဝိုက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းတွေကိုလည်း ယာယီရပ်ဆိုင်းဖို့ တိုက်တွန်းထားပါတယ်။ ဒီပါ၀လီပွဲတော်ကာလအတွင်း မီးရှူးမီးပန်းပစ်ဖောက်ခြင်းအပါအ၀င် လူအများအပြားဟာ ပျှော်ပွဲရွှုင်ပွဲတွေ ဆင်နွှဲပြီးနောက် ဒေလီရှိဆေးရုံမှာ လည်ချောင်းနာခြင်းနဲ့ ချောင်းဆိုးရောဂါဝေဒနာရှင် အများအပြား ဆေးရုံတက်နေရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ နယူးဒေလီရဲ့ လေထုညစ်ညမ်းမှုအခြေအနေဟာ ယခုနှစ်မှာ အလွန်ဆိုးရွားနေပြီး လယ်သမားတွေက လယ်ယာမြေတွေမီးရှိြု့ုခင်း`၊ မီးရှူးမီးပန်း ပစ်ဖောက်ခြင်းနှဲ့…

Read More

နွားထိုးကြီးမြို့နယ်မှာ ပစ်သတ်ခံထားရတဲ့ ရုပ်အလောင်း ၄ လောင်းတွေ့

နိဝင်ဘာ ၊ ၅ ၊ ၂၀၂၂ SP (VOM) မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့နယ် ၊ ဇေဒိတ်ရွာနဲ့ ထန်းတောရွာအကြား ကျေးရွာချင်းဆက်လမ်းပေါ်မှာ မနေ့ နိုဝင်ဘာ ၄ ရက် မနက်ပိုင်းက ပစ်သတ် စွန့်ပစ်ခံထားရတဲ့ ရုပ်အလောင်း ၄ လောင်းတွေ့ခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” သေဆုံးသူ ၃ ယောက်ဟာ ၊ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး တယောက်ဖြစ်တယ် ၊ ဦးခေါင်း ကျည်ဆံဖောက်ဝင် ၊ ပွင့်ထွက် ဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်တယ် “လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့ဝင် ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ၃ လောင်းပြိုင် စွန့်ပစ်ထားတာနဲ့ ပတ်သက်ပြီး နွားထိုးကြီးမြို့နယ် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က ”…

Read More

လွိုင်ကော်မှာ လက်နက်ကြီးကျလို့ နေအိမ် တလုံး မီးလောင်၊ မိသားစုဝင် ၄ ဦး ထိခိုက် ဒဏ်ရာရရှိ

နိုဝင်ဘာ ၅- ၂၀၂၂ Shy V(VOM) ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ပိန်းချစ် ကျေးရွာအုပ်စုက ကုန်းဆွတ်ရွာမှာ မနေ့ နိုဝင်ဘာ ၄ ရက် နေ့လယ်ပိုင်းက နေအိမ် တအိမ်ပေါ် လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် နေအိမ် မီးလောင်သွားတဲ့အပြင် ကလေးငယ် အပါအဝင် မိသားစုဝင် ၄ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။ “နောက်ဆုံး ကျည်တလုံးက အဲဒီ အိမခပေါ် တည့်တည့်ကျတာ။ အိမ်မီးလောင်သွားတယ်။ အဲဒီ လောင်သွားတဲ့ အိမ်က မိသားစုဝင်တွေပဲ ထိသွားတာ။ ၄ ယောက်ထိတယ်။”လို့ မျက်မြင် ဒေသခံတဦးက ပြောပါတယ်။ နေ့လယ် ၁၂ နာရီ ဝန်းကျင်မှာ ဖြစ်ပွားတာဖြစ်ပြီး လက်နက်ကြီး ၅ လုံး အဲဒီရွာမှာ ကျခဲ့တာ နောက်ဆုံး…

Read More

မန္တလေးမြို့ ကံရွာ(ဂန်ရွာ)မီးလောင်မှု နေအိမ် ၄၂လုံးနဲ့ သိန်း ၇၀၀ကျော် မီးလောင်ဆုံးရှုံး

နိုဝင်ဘာ ၃-၂၀၂၂ Voice Of Myanmar(VOM) မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည် တောင်ရပ်ကွက်၊ ကံရွာ(ဂန်ရွာ)မှာ ဒီကနေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပွါးခဲ့ပါတယ်။ “မီးလောင်တာက ၅နာရီခန့်က စလောင်တယ် ၆နာရီကျော်မှာ မီးငြိမ်းပါတယ်၊ အိမ် ၄၂လုံး နဲ့ ၇၁၄ သိန်းကျော် မီးလောင်ဆုံးရှုံးပါတယ်၊”လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနနဲ့နီးစပ်သူတဦးကပြောပါတယ်။ မီးလောင်မှုကို မီးလောင်မှုအဆင့် level-2နဲ့ မီးငြိမ်းသတ်ခဲ့ရပြီး အသက် ၇၅နှစ်အရွယ် အမျိုးသား တဦးနဲ့ အသက် ၆၃နှစ်အရွယ် အမျိုးသမီး တဦး မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုအကြောင်းအရင်း နဲ့ မီးစလောင်တဲ့အိမ်ကိုတော့ အခုည ၁၀နာရီအချိန်ထိ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး အမှတ် ၁၁နယ်မြေရဲစခန်းမှာတော့ မီးလောင်မှုနဲ့ပတ်သက်ပြီး အမှုဖွင့်အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #မန္တလေး #မီးလောင်မှု

Read More

မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးပျံပစ်ခတ်မှု ဂျပန်မှာ အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့ရ

ဆိုးလ်၊ နို၀င်ဘာ-၃-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ နို၀င်ဘာ ၃ရက်မှာ တိုက်ချင်းပစ်ဒုံးကျည်(ICBM) ကိုစမ်းသပ်ပစ်ခတ်ခဲ့ပြီး စမ်းသပ်မှု မအောင်မြင်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်ကပြောပါတယ်။ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှုဟာ ယခုနှစ်အတွင်း မြောက်ကိုရီးယားရဲ့ ခုနှစ်ကြိမ်မြောက် စမ်းသပ်ခြင်းလည်းဖြစ်ပြီး နျူကလီးယားလက်နက်စမ်းသပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ စိုးရိမ်မှုတွေရှိနေချိန်မှာ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ ဒုံးကျည်ဟာ အမြင့် ကီလိုမီတာ ၁၉၂၀ ကနေ ၄၇၂ မိုင်ထိ ခရီးရောက်ခဲ့ပေမယ့် စမ်းသပ်မှုဟာ မအောင်မြင်ခဲ့ဘူးလို့ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ထားပါတယ်။ မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်မှုကြောင့် ဂျပန်နိုင်ငံမြောက်ပိုင်း ဒေသအချို့မှာ ရှားရှားပါးပါး သတိပေးချက်ထုတ်ပြန်ခဲ့ရပြီး ဒေသခံတွေကို ဘေးကင်းရာကို ရွှေ့ပြောင်းကြဖို့ ညွှန်ကြားခဲ့ရပါတယ်။ အဲဒီတိုက်ချင်းပစ်ဒုံးပျံဟာ ဂျပန်နိုင်ငံဘက်ကို ပျံတက်ခဲ့ပြီး အဲဒီနောက်မှာတော့ ကျွန်းပေါ်ကိုမဖြတ်တော့ဘဲ ဂျပန်ပင်လယ်ပင်မှာ ပျောက်ကွယ်သွားခဲ့တယ်လို့ ဂျပန်ကာကွယ်ရေး၀န်ကြီး ယာဆူကာဇူဟာမာဒါက ပြောပါတယ်။ ကိုရီးယားနှစ်နိုင်ငံအကြား ရေပိုင်နက်တွေကိုဖြတ်ကျော်ပြီး ဒုံးကျည်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားပြီး တင်းမာမှုတွေမြင့်တက်နေပါတယ်။ မနေ့ကဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်စဉ်မှာ မြောက်ကိုရီးယားဘက်က ဒုံးကျည်…

Read More

ရန်ကုန်မြို့လယ် အနုကြမ်းစီးမှုမှာ အတွင်းလူ ပါဝင်နေ

နိုဝင်ဘာ ၃ – ၂၀၂၂ SN (VOM) ရန်ကုန်မြို့လယ်၊ ပန်းဘဲတန်းမြို့နယ်၊ ၂၆ လမ်းနှင့် ကုန်သည်လမ်းထိပ်ရှိ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးအရောင်းဆိုင်တစ်ဆိုင်မှာ မနေ့ နိုဝင်ဘာ ၂ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က အနုကြမ်းစီးခံရမှု ဖြစ်ပွားခဲ့ပါတယ်။ ဓားနဲ့အထိုးခံရသူ ကိုမောင်မောင်ထွန်းက “ကျွန်တော်ရယ် ကျွန်တော့်ညီ ကိုမြင့်ကြည်ရယ် စာရင်းသိမ်းပြီး ပြန်ဖို့လုပ်နေတဲ့အချိန်မှာ ရုတ်တရက် လူ ၃ ယောက်ဝင်လာပြီး ကျွန်တော်တို့ကိုဓားနဲ့ရန်ပြုတာ။ ကျွန်တော့်ကို ချုပ်ပြီးဓားနဲ့ထိုး၊ ကျွန်တော့်ညီကိုလည်း နောက်ဖေးမှာ ရိုက်နှက်လုပ်တာ။ နောက်တော့ မီးခံသေတ္တာဖွင့်ခိုင်းပြီး အထဲမှာရှိတဲ့ ပိုက်ဆံ သိန်း ၂၈၀ လုံးယူသွားတယ်။ ပိုက်ဆံထုတ်ပေးရင်း ကြည့်လိုက်တဲ့အချိန်မှာ ကျွန်တော့်ဆီမှာ ၃ လလောက် အလုပ် လုပ်သွားတဲ့ ကားဆရာပါလာတာကို တွေ့လိုက်ရတယ်။ သူရယ်၊ နောက် ဘယ်ကလူမိုက်တွေ ခေါ်လာလဲမသိဘူး။ သူတို့တွေကလုပ်သွားတာပါ။…

Read More

သီရိလင်္ကာမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ တကျော့ပြန်ဖြစ်ပွားနေ

ကိုလံဘို၊ နို၀င်ဘာ-၃-၂၀၂၂ မျိုးဆက်(VOM) သီရိလင်္ကာနိုင်ငံမှာ ငွေကြေးဖောင်းပွမှု၊ အခွန်အခတွေမြင့်မားမှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ တကျော့ပြန်ဖြစ်ပွားနေပြီး မြို့တော်ကိုလံဘိုမှာ နို၀င်ဘာ ၂ ရက်က ဆန္ဒပြမှုအတွင် ရဲတွေနဲ့ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ အတိုက်အခံနိုင်ငံရေးပါတီတွေ၊ အလုပ်သမားသမဂ္ဂတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းစီစဉ်တဲ့ အဲဒီဆန္ဒပြပွဲမှာ သမ္မတအိမ်တော်နဲ့ အခြား၀န်ကြီးဌာနတွေတည်ရှိရာ မြိ့လယ်ကောင်ကို ချီတက်ဖို့ကြိုးစားတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ပိတ်ဆို့တားဆီးခဲ့ပါတယ်။ ပြည်သူတွေက တနေ့ထမင်းသုံးနပ်တောင်မစားနိုင်ဖြစ်နေချိန်မှာ အစိုးရကကူညီဖို့မလုပ်ဘဲ အခွန်အခတွေတိုးကောက်နေပြီး ဒါတွေကိုဖြေရှင်းဖို့ ဆက်လက်တိုက်ပွဲ၀င်သွာမယ်လို့ ဆရာများသမဂ္ဂတာ၀န်ရှိသူတဦးကပြောပါတယ်။ လောင်စာဆီ၊ အစားအစာ၊ မီးဖိုချောင်သုံးဓါတ်ငွေ့နဲ့ ဆေးဝါးများအပါအ၀င် မရှိမဖြစ်လိုအပ်တဲ့ သွင်းကုန်တွေအတွက် ပေးချေဖို့ ရုန်းကန်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာ ယခုနှစ်အတွင်း ဆိုးရွားလှတဲ့ ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ ဇူလိုင်လမှာ ဆန္ဒပြပွဲတွေအကြီးအကျယ်ဖြစ်ပွားပြီးနောက် သမ္မတဂိုတာဘာယာရာဇပက်ဆာဟာ နိုင်ငံကနေ ထွက်ပြေးခဲ့ရပြီး လက်ရှိမှာတော့ သမ္မတသစ် ရာနေးလ်၀စ်ခရီမီဆင်းဟာ နိုင်ငံစီးပွားရေးအကျပ်အတည်းကို ကိုင်တွယ်ဖို့ ရုန်းကန်နေရပါတယ်။ Ref:Reuters…

Read More

ဆော်ဒီကို အီရန်ကတိုက်ဖို့ ကြံစည်နေကြောင်း ထောက်လှမ်းသတင်းတွေ ဖော်ပြ

ဝါရှင်တန်၊ နို၀င်ဘာ-၃-၂၀၂၂ မျိုးဆက်(VOM) အီရန်ဟာ ဆော်ဒီအာရေဗျကို တိုက်ခိုက်ဖို့ကြံစည်နေကြောင်း ထောက်လှမ်းရေး သတင်းတွေထွက်ပေါ်လာပြီးနောက် အမေရိကန်နဲ့ ဆ်ာဒီတာ၀န်ရှိသူတွေက အမြင့်ဆုံးတပ်လှန့်ထားကြောင်း ထောက်လှမ်းရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ အီရန်အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို အာရုံလွှဲမှုအဖြစ် အီရတ်ရှိအမေရိကန်တပ်ဖွဲ့၀င်တွေနဲ့ ဆော်ဒီကို တိုက်ခိုက်ဖို့အပါအ၀င် အီရန်ရဲ့ ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံတာ၀န်ရှိသူတွေက စိုးရိမ်မကင်းဖြစ်နေကြောင်း ဝေါလ်စရိဂျာနယ်က ဖော်ပြထားပါတယ်။ အီရန်ရဲ့ခြိမ်းခြောက်မှုပုံစံအပေါ် မိမိတို့စိုးရိမ်ပူပန်ကြောင်း၊ စစ်ဘက်နဲ့ ထောက်လှမ်းရေး လမ်းကြောင်းတွေကတဆင့် ဆော်ဒီတာ၀န်ရှိသူတွေနဲ့ အဆက်မပြတ် ဆက်သွယ်ဆောင်ရွက်နေကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီက ထုတ်ပြန်ထားပါတယ်။ `ဒေသတွင်းရှိ အမေရိကန်ရဲ့အကျိုးစီးပွားတွေနဲ့ မိတ်ဖက်တွေကို ကာကွယ်ရေးအတွက်လုပ်ဆောင်ရာမှာ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အီရန်ဟာ အမေရိကန်တပ်ဖွဲ့၀င်တွေ တပ်စွဲထားရာ အီရတ်နိုင်ငံမြောက်ပိုင်းမှာ ပိတ်ဆို့တိုက်ခိုက်မှုတွေကို စက်တင်ဘာနှောင်းပိုင်းကတည်းက လုပ်ဆောင်နေခဲ့ပါတယ်။ Ref:Anadolu Photo:Reuters #voiceofmyanmar #VOM #ဝါရှင်တန်

Read More
VOM News

FREE
VIEW