ဘိုကလေးမှာ အသက် ၁၈ နှစ်အောက် ၄၅ ဦးအပါအဝင် အထောက်အထားမဲ့သူ ၆၀ ဦး ဖမ်းမိ

နိုဝင်ဘာ ၊ ၁ -၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်း၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် ၊အမာမြို့နယ်ခွဲ ၊ ကတုံးလေးရွာအနီးမှာ အသက် ၁၈နှစ် အောက် ၄၅ ယောက် အပါအဝင် အထောက်အထားမဲ့သူ အယောက် ၆၀ ကို ဖမ်းမိထားတယ်လို့ တာဝန်ရှိသူတွေ ဆီကနေသိရပါတယ်။ ဖမ်းမိတဲ့ အထောက်အထားမဲ့သူ အယောက် ၆၀ ဟာ စက်လှေနဲ့လာတာဖြစ်ပြီး အမာမြို့မှာရှိတဲ့ ဒေသခံ ရေလုပ်သားတွေနဲ့တာဝန်ရှိသူတွေက ပင်လယ်ကမ်း စပ်မှာတွေ့ရှိတာကြောင့် ဘိုကလေးမြို့နယ် ရဲစခန်းကို အကြောင်းကြား ဖမ်းဆီးပြီးတော့ ဒီကနေ့ ရဲစခန်းကို အပ်လိုက်တာလို့ သိရပါတယ်။ အဲ့ဒီ့ဖမ်းမိတဲ့ အထောက်အထားမဲ့သူတွေထဲမှာ အသက် ၁၈ အောက် ၄၅ ယောက်အပါအဝင် အမျိုးသား ၅၄ ယောက်၊ အမျိုးသမီး ၆ ယောက် စုစုပေါင်း အယောက် ၆၀…

Read More

စစ်လေယာဉ် ၂၄၀ ပါ၀င်တဲ့ ကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု ချက်ချင်းရပ်ဖို့ မြောက်ကိုရီးယား သတိပေး

ပြုံးယမ်း၊ နို၀င်ဘာ-၁-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်နဲ့တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရပ်တန့်ဖို့ မြောက်ကိုရီးယားနိုင်ငံခြားရေး ၀န်ကြီးဌာနက အောက်တိုဘာ ၃၁ ရက်မှာ ကြေညာချက်ထုတ်ပြန် သတိပေးလိုက်ပါတယ်။ အောက်တိုဘာ ၃၁ ရက်မှာစတင်ပြီး နို၀င်ဘာ ၄ ရက်ထိကျင်းပမယ့် စစ်လေယာဉ် ၂၄၀ ကျော်ပါ၀င်တဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့၂၀၁၇ ခုနှစ်နောက်ပိုင်း အကြီးစား စစ်ရေးလေ့ကျင့်မှုကို ချက်ချင်းရပ်ဖို့ မြောက်ကိုရီးယားရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကိုရီးယားကျွန်းဆွယ်နဲ့ ၀န်းကျင်ဒေသတွေရဲ့ အခြေအနေဟာ သြဇာအာဏာအတွက် ပြင်းထန်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုအခြေအနေတွေ တဖန်ပြန်လည်ရောက်ရှိနေကြောင်း မြောက်ကိုရီးယားက ပြောပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ယင်းကိစ္စအပေါ် လိုအပ်တဲ့တန်ပြန်အစီအမံတွေလုပ်ဆောင်ဖို့ အသင့်ရှိကြောင်းနဲ့ အမေရိကန်က နောက်ထပ်ရန်စမှုတွေ ဆက်လက်လုပ်ဆောင်ပါက ပိုမိုပြင်းထန်တဲ့ အစီအမံတွေလုပ်ဖို့ စဉ်းစားသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ဘယ်လိုအစီအမံမျိုးတွေလည်း ဆိုတာကိုတော့ အသေးစိတ်ထုတ်ပြန်ခြင်းမရှိပါဘူး။ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ မကြာသေးမီက…

Read More

ကျောက်တော်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး မိသားစုတစုလုံးသေဆုံး

နိုဝင်ဘာ ၁- ၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ ညအချိန် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ပိစီကျေးရွာက မိသားစု တစုလုံးဟာ နေရာမှာပဲသေဆုံးလျက်တွေ့ရတယ်လို့ ဆွေမျိုးတွေက ပြောပါတယ်။ အဲဒီ သေဆုံးသွားတဲ့ မိသားစုမှာ မိဘနှစ်ပါးနဲ့ သမီးဖြစ်သူတို့ ၃ ဦးလုံးသေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်စဥ်မှာ မနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ ည ၁၁ နာရီကျော်လောက်မှာ ရုတ်တရက်လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲလာတာဖြစ်တယ်လို့ သေဆုံးသွားတဲ့ မိသားစုနဲ့ ဆွေမျိုးတော်စပ်သူတဦးက VOM ကိုပြောပါတယ်။ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ဆွေမျိုးတော်စပ်သူတစ်ဦးပြောတာက” ကျနော်တို့ရွာဘက်ကို လက်နက်ကြီးကျည် ၄ လုံး လာကျပါတယ်။ အဲဒီမှာ ဒုတိယတစ်လုံးက အခုသေသွားတဲ့ မိသားစုအိမ်မှာကျတာ။ အဲဒီမှာ ကျနော့် တူမလေးရော၊ အမိနဲ့ အဖ ပါသေဆုံးသွားပါတယ်။” လို့ ပြောပါတယ်။ ပိစီကျေးရွာက သေဆုံးသွားတဲ့ မိသားစု ၃ ဦးကတော့…

Read More

ဧရာဝတီတိုင်းက ဂဏန်းအရေပျော့တွေ ပြည်တွင်းဈေးကွက်တခုထဲကို အားထားနေရတာကြောင့် ဈေးကောင်းမရဘဲ အရှုံးပေါ်နေ

နိုဝင်ဘာ ၊ ၂-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်းကနေ ထွက်ရှိတဲ့ ဂဏန်းအရေပျော့တွေကို ပြည်ပဈေးကွက် ပြန်လည်တင်ပို့မရောင်းချနိုင်သေးတဲ့အတွက် ပြည်တွင်း ဈေးကွက်တစ်ခုထဲကို အားထားရောင်းချနေရတာကြောင့် ဈေးကောင်းမရဘဲ အရှုံးပေါ်နေတယ်လို့ ဂဏန်း အရေပျော့မွေးမြူထုတ်လုပ်တင်ပို့ရောင်းချတဲ့ လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။ ဧရာဝတီတိုင်းက ထွက်ရှိတဲ့ဂဏန်းအရေပျော့တွေကို ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ဥရောပနိုင်ငံတွေကို အရင်က တင်ပို့ရောင်းချခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားတာနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် ဂဏန်းအရေပျော့တွေကို ဒီကနေ့အထိ မတင်ပို့နိုင်သေးတာကြောင့် ပြည်တွင်းဈေးကွက်တခုထဲကို အားထားနေရတော့ မွေးမြူရေးလုပ်ငန်းမှာ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ သိရပါတယ်။ ”ဂဏန်းအရေပျော့ လုပ်ငန်းက အရင်ကတည်းက ပြည်ပ ဈေးကွက်ကိုပဲ အားထားရတာ ၊ ကိုဗစ်နဲ့ နိုင်ငံရေး အပြောင်းအလဲတွေကြောင့် ၂ နှစ်နီးပါးရှိလာတဲ့ အချိန်အထိပြည်ပဈေးကွက်နဲ့ ပြန်ပြီး ချိတ်ဆက် အလုပ် မလုပ်နိုင်သေးဘူး ၊လုပ်ငန်းတွေက ပုံစံတကျပြန်မလှည်ပတ်နိုင်သေးဘူး ၊ပြည်တွင်း ဈေးကွက်ကို မှီခိုပြီး…

Read More

မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့ ဒုံးကျည်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား

ဆိုးလ်၊ နို၀င်ဘာ-၂-၂၀၂၂ မျိုးဆက်(VOM) ကိုရီးယားစစ်ပွဲပြီးနောက် ပထမဆုံးအကြိမ်ဖြစ် မြောက်ကိုရီးယားဟာ နှစ်နိုင်ငံရေပိုင်နက်နယ်စပ်ကို ဖြတ်ကျော်ပြီး တောင်ကိုရီးယားဘက်ကို နို၀င်ဘာ ၂ ရက်မှာ ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ အဲဒီ တာတိုပစ်ဒုံးကျည်ဟာ ဆော့ခ်ချိုမြို့တောင်ဘက် ၃၇ မိုင်အကွာကို ကျရောက်ခဲ့ပြီး အော်လ်လန်ဒိုကျွန်းမှာ လေကြောင်းတိုက်ခိုက်မှု အချက်ပေးမှုတွေ ထုတ်ပြန်ခဲ့ရပါတယ်။ မြောက်ကိုရီးယားရဲ့ ဒီလိုပစ်ခတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားကလည်း နောက်ပိုင်းမှာ ဒုံးကျည်သုံးစင်း ပစ်ခတ်ခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့လုပ်ရပ်ဟာ နယ်မြေကျူးကျော်မှုဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးက ဆိုပါတယ်။ မြောက်ကိုရီးယားဟာ နို၀င်ဘာ ၂ ရက်နေ့ နံနက်ပိုင်းတွင် အရှေ့နှင့် အနောက်သို့ ဒုံးကျည် ၁၀ စင်းထက်မနည်း ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ ဒီလိုရန်လိုမှုကို အလျင်အပြန်တုံ့ပြန်ဖို့ တောင်ကိုရီးယား သမ္မတက အမိန့်ပေးခဲ့ပြီး ရေပိုင်နက်မြောက်ဘက်ကို ဦးတည်ပြီး ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည်သုံးစင်းကို တောင်ကိုရီးယားစစ်တပ်က…

Read More

စစ်ကိုင်းတိုင်းမှာ ပဋိပက္ခဖြစ်စဥ်တွေကြောင့် ဌာနဆိုင်ရာဝန်ထမ်း သေဆုံးမှုမှာ ထွေ/အုပ်ဝန်ထမ်း သေဆုံးမှုများခဲ့

နိုဝင်ဘာ ၊ ၂ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်းမှာ ၂၁လအတွင်း ပဋိပက္ခဖြစ်စဥ်တွေကြောင့် ဌာနဆိုင်ရာဝန်ထမ်း သေဆုံးမှုမှာ ထွေ/အုပ်ဝန်ထမ်း သေဆုံးမှုများခဲ့တယ်လို့ သိရပါတယ်။ ” စစ်ကိုင်းတိုင်းမှာ အသတ်ခံရတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေက ရပ်ကျေး ထွေ/အုပ် ဝန်ထမ်းတွေ ၊ ပညာရေးဝန်ထမ်းတွေ ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဖြစ်တယ် ၊ အဲ့ဒီထဲက သေဆုံးသူ အများစုက ရပ်ကျေး ထွေ / အုပ် ဝန်ထမ်းတွေဖြစ်ပြီး ၊ ဒုတိယ အများဆုံးက ရဲနဲ့ ရဲမိသားစုဝင်တွေဖြစ်တယ် ၊ တတိယ အများဆုံးက ပညာရေးဝန်ထမ်းတွေဖြစ်တယ် ” လို့ ဒေသခံ လူမှုကူညီရေး ပရဟိတသမား တယောက်က ပြောပါတယ်။ ပဋိပက္ခတွေကြောင့် အသတ်ခံရတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအနက် ရဲတပ်ဖွဲ့ဝင်တွေ အသတ်ခံရတာဟာ လပေါင်း…

Read More

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ ငွေပေးချေမှု တင်းကျပ်တာကြောင့် ကုန်သည်တွေ အဆင်မပြေဖြစ်နေ

နိုဝင်ဘာ ၂ – ၂၀၂၂ SN (VOM) လက်ရှိ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ ငွေပေးချေမှု တင်းကျပ်လိုက်တာဟာ ကုန်သည်တွေအတွက် အဆင်ပြေမှု မရှိနိုင်‌ဘူးလို့ မြဝတီနယ်စပ်ကုန်သည်တွေက ပြောပါတယ်။ စီးပွား/ကူးသန်း ဝန်ကြီးဌာနရဲ့ကုန်သွယ်ရေးဦးစီးဌာန အနေနဲ့ လက်ရှိမှာ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးက ငွေပေးချေမှုပုံစံတွေကို စတင် ကန့်သတ်လာနေပြီး ဘဏ်စနစ်နဲ့သာ ဆောင်ရွက်ခွင့်ပြုမယ်လို့ ထုတ်ပြန်ပြောဆိုလာပါတယ်။ “သွင်းကုန်၊ ထုတ်ကုန်ကိုပေးထားတဲ့ အခွန်ကို အားမရသေးတော့ ဘဏ်နဲ့ချိတ်ဆက်ပြီးမှ လုပ်ရမယ်ဆိုပြီး တင်းကျပ်တာ။ ဒေါ်လာကို သူတို့သတ်မှတ်ဈေးနဲ့ ပြင်ပစျေး ကွာဟနေတဲ့အခါကျတော့ ရှုံးမှာပဲ” လို့ မြဝတီနယ်စပ် ကုန်သည်တဦးက ပြောပါတယ်။ အဲ့ဒီ့လို ဘဏ်စနစ်နဲ့ ဆောင်ရွက်တဲ့နေရာမှာ သွင်းကုန်တွေအတွက် ငွေပေးချေဖို့ အသုံးပြုရမယ့် နိုင်ငံခြားငွေကို ပို့ကုန်တင်ပို့ခြင်းက ရငွေနဲ့ ပြည်ပရောက် နိုင်ငံသားတွေရဲ့လုပ်ခ/လစာ လွှဲပို့ငွေတွေ အပါအဝင် တခြားဝင်ငွေတွေကိုသာ သုံးစွဲရမယ်လို့ သတ်မှတ်ထားပြီး…

Read More

လေးနှစ်အတွင်း ငါးကြိမ်ကျင်းပတဲ့ အစ္စရေးရွေးကောက်ပွဲ ၀န်ကြီးချုပ်ဟောင်းနေတန်ယာဟု အနိုင်ရဖို့ တစ်ပြေးနေ

ဂျေရုဆလင်၊ နို၀င်ဘာ-၂-၂၀၂၂ မျိုးဆက်(VOM) အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုဟာ နို၀င်ဘာ ၁ ရက်က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ တစ်ပြေးနေကြောင်း ရွေးကောက်ပွဲစစ်တမ်းတွေမှာ ဖော်ပြထားထားပါတယ်။ တရား၀င်ရလဒ်မထွက်ပေါ်မီ စစ်တမ်းတွေရဲ့ ဖော်ပြချက်အရ ၀န်ကြီးချုပ်ဟောင်း နေတန်ယာဟုရဲ့ လက်ယာယိမ်းအဖွဲ့ဟာ ပြိုင်ဘက်တွေထက် အမတ်နေရာ အသာစီးရရှိထားကြောင်း သိရပါတယ်။ ကနဦးခန့်မှန်းချက်တွေဟာ ၁၂ နှစ်ဆက်တိုက်အာဏာရယူပြီးနောက် ယမန်နှစ်က ရာထူးမှပြုတ်ချခဲ့တဲ့ နေတန်ယာဟုအတွက် တကျော့ပြန်အနိုင်ရဖို့ သိသာထင်ရှားတဲ့ အရိပ်လက္ခဏာဖြစ်ပါတယ်။ မိမိတို့အနေနဲ့ ကြီးမားတဲ့ အောင်ပွဲရဖို့ နီးစပ်နေပြီဖြစ်ကြောင်း နေတန်ယာဟုက ထောက်ခံသူတွေကိုပြောပါတယ်။ သူ့ရဲ့အဓိကပြိုင်ဘက် လက်ရှိ၀န်ကြီးချုပ် လာပစ်ကတော့ ရွေးကောက်ပွဲရလဒ်အပေါ် ဘယ်လိုတရား၀င်ရလဒ်မှ မထွက်ပေါ်သေးဘူးလို့ ပြောပါတယ်။ တရား၀င်ရလဒ်တွေမကြေညာမီနာရီပိုင်းအလိုထိ ရွေးကောက်ပွဲရလဒ်တွေ ပြောင်းလဲနိုင်ဆဲဖြစ်ပါတယ်။ လက်ယာယိမ်းနဲ့ အခြားသောနိုင်ငံရေးအင်အားစုတွေအပေါ် အများပြည်သူထောက်ခံမှု ကွာဟမှုမရှိတာနဲ့အတူ ၂၀၁၉ ခုနှစ်ကတည်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ နိုင်ငံရေးမတည်ငြိမ်မှုတွေ လဖြစ်ပေါ်ခဲ့ပြီး ယခုရွေးကောက်ပွဲကတော့…

Read More

လုံဂျာတောင်မှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

နိုဝင်ဘာ ၂၊ ၂၀၂၂ Shy V (VOM) ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့မှ ၂ မိုင်ခန့်အကွာမှာ တပ်နဲ့ ကေအိုင်အေ တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံတွေ ဆီက သိရပါသည်။ “အခု ဒီမနက် ၁၀ နာရီ ၁၅ လောက်ကစ လုံဂျာ တောင်ခြေမှာ တိုက်ပွဲဖြစ်တယ်။” လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။ လုံဂျာ တောင်ခြေ၊ စိမ်ဒူကုန်းမှာ နေရာယူ စခန်းချနေတဲ့ တပ် တွေကို ကေအိုင်အေဘက်က ဒရုန်းနဲ့ ဗုံးလာရောက်ပစ်ခတ်ရာကနေ တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့ ကေအိုင်အေ နဲ့ နီးစပ်သူ ၁ ဦး က ပြောပါတယ်။ မနေ့ နိုဝင်ဘာ ၁ ရက်နေ့ နေ့လယ်ပိုင်းမှာ မိုးမောက်မြို့ထဲမှာ တပ်က နားနေရာကနေ…

Read More

အီရန်အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲ တက္ကသိုလ်ကျောင်းသားတွေ ပါ၀င်လာ

တီဟီရန်၊ နို၀င်ဘာ-၂-၂၀၂၂ မျိုးဆက်(VOM) အီရန်မှာဖြစ်ပွားနေတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက အရှိန်အဟုန်နဲ့ ဖြိုးခွင်းလျှက်ရှိပေမယ့် ဆန္ဒပြမှုတွေမှာ အီရန်တက္ကသိုလ်ကျောင်းသားတွေပါ ပါ၀င်လာကြပြီး နို၀င်ဘာ ၁ ရက်မှာ ထိုင်သပိတ်ဆင်နွှဲခဲ့ကြပါတယ်။ မြို့တော်တီဟီရန်နဲ့ အခြားမြို့တွေရှိ တက္ကသိုလ်ကျောင်းတွေက စင်္ကြန်တွေ၊ စုရပ်တွေနဲ့ လမ်းတွေပေါ်မှာ ကျောင်းသားကျောင်းသူတွေ စုဝေးပြီး ထိုင်သပိတ်ဆင်နွှဲခဲ့ကြတဲ့ ရုပ်သံနဲ့ ဓါတ်ပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ ဆန္ဒပွဲတွေအတွင်း ဖမ်းဆီခံထားရတဲ့ ကျောင်းသားတွေ မလွတ်မချင်း ကျောင်းတက်မှာမဟုတ်ကြောင်း သတိပေးစာတန်းတွေကိုင်ဆောင်ပြီး ကျောင်းသားကျောင်းသူတွေ ဆန္ဒပြခဲ့ကြပါတယ်။ မျက်နှာစည်းပုဝါ၀တ်ဆင်ရမယ့် စည်းမျဉ်းချိုးဖောက်တယ်ဆိုပြီး အမျိုးသမီးတဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီးစဉ် သေဆုံးတာကအစပြုခဲ့တဲ့ လွန်ခဲ့တဲ့ သီတင်းခြောက်ပတ်က မငြိမ်မသက်မှုတွေအတွင်း လူ ၃၀၀ ကျော်ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ အဲဒီလို ဆန္ဒပြမငြိမ်သက်မှုတွေဟာ ၁၉၇၉ ခုနှစ် အစ္စလာမ္မစ်တော်လှန်ရေးနောက်ပိုင်း အီရန်နိုင်ငံရဲ့ အဆိုးရွားဆုံး စိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်လာပါတယ်။ Ref:BBC…

Read More
VOM News

FREE
VIEW