ဇန်နဝါရီ ၂၈ – ၂၀၂၃ SN (VOM) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဒါလီချောင်းကူးတံတား ဒီနေ့ ဇန်နဝါရီလ၂၈ ရက်၊ မနက်၂ နာရီဝန်းကျင်မှာ ဒုတိယအကြိမ် မိုင်းခွဲခံခဲ့ရလို့ ခရီးသွားလာမှု ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ် အဲ့ဒီ့တံတားဟာ ကြာအင်းဆိပ်ကြီး-ချောင်းနှစ်ခွကားလမ်း မိုင်တိုင်အမှတ် 9 KM နဲ့ 10 KM ကြားတွင်တည်ရှိပြီး သံဘောင်အရှည် ၁၈၈ ပေ၊ အကျယ် ၁၆ ပေ၊ အောက်ခံသံကူ ကွန်ကရစ်အမျိုးအစား တံတားဖြစ်ကာ ပြီးခဲ့တဲ့ ဇန်နဝါရီလ၂၆ ရက်နေ့ကလည်း ပထမအကြိမ် မိုင်းခွဲခံခဲ့ရတယ်လို့ သိရပါတယ်။ ”ဒီတံတားကို တပ်ဘက်က အများဆုံးသုံးနေတဲ့ တံတားပါ။ ဒီနေ့မနက် ၂ နာရီကျော်အချိန်လောက်က ပေါက်ကွဲသံတွေကြားလိုက်ရတာ။ မိုင်း ၃ လုံး ပေါက်ကွဲခဲ့တယ်လို့လည်း သိရတယ်။ ပြီးခဲ့တဲ့ ၂၆ ရက်နေ့၊…
Read MoreMonth: January 2023
ချောင်းဦးမြို့နယ် လဝက ရုံးနဲ့ ဝန်ထမ်းအိမ်ယာ မီးလောင်
ဇန်နဝါရီ ၂၈ -၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့၊ မုံရွာ – မန္တလေးကားဘေးမှာရှိတဲ့ မြို့နယ် လဝကရုံးနဲ့ ဝန်ထမ်းအိမ်ယာလိုင်းခန်းဟာ မနေ့ ဇန်နဝါရီ ၂၇ ရက်ညပိုင်းက မီးလောင်ခဲ့တယ်လို့ စစ်ကိုင်းတိုင်း မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ” မနေ့က ည ၈ နာရီဝန်းကျင်မှာ မီးလောင်တယ် ၊ ရှို့မီး အမျိုးအစားဖြစ်တယ် ၊ ရုံး အဆောက်အဦ၁ လုံးနဲ့ ၂ ခန်းတွဲ ဝန်ထမ်းအိမ်ယာ အဆောက်အဦ ၁ လုံး မီးလောင်သွားတယ်”လို့ မီးသတ်တပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက စစ်ကိုင်းတိုင်း ၊ တမူး ၊ဆားလင်းကြီး ၊မြောင် ၊ မြင်းမူ ၊မုံရွာ စတဲ့မြို့တွေက လဝက ရုံးတွေနဲ့…
Read Moreပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ထောင်(၉)နှစ် ထပ်ချခံရ၊ စုစုပေါင်းထောင်ဒဏ်(၃၃)နှစ်ရှိလာ
ဇန်နဝါရီ ၂၈ – ၂၀၂၃ SN (VOM) ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌဖြစ်ပြီး NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်သူ ဦးထွန်းထွန်းဟိန်ကို နောင်ချိုမြို့နယ်တရားရုံးက ရွေးကောက်ပွဲမသမာမှုနဲ့ စွဲဆိုထားတဲ့ ပုဒ်မ ၁၃၀ (က) အမှု ၃ မှုနဲ့ မနေ့ ဇန်နဝါရီလ ၂၇ ရက်က ထောင်ဒဏ် ၉ နှစ် ထပ်မံချမှတ်လိုက်ပြီး စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။ အမှုကို Video Conferencing နဲ့ ကြားနာပြီး ရာဇသတ်ကြီး ပုဒ်မ – ၁၃၀ (က)နဲ့ အမှု ၃ မှုစွဲခဲ့ကာ တမှုကို ၃ နှစ်စီနဲ့ စုစုပေါင်း ၉ နှစ်ချမှတ်လိုက်တာလို့ သိရပါတယ်။ ”လားရှိုးထောင်ထဲမှာပဲ Video Conferencing နဲ့…
Read Moreမြန်မာ့ကမ်းလွန်မှာ ဒေါ်လာ ၂ ဘီလီယံကုန်ကျမယ့် သဘာ၀ဓါတ်ငွေ့စီမံကိန်းရပ်ဆိုင်းဖို့ ထိုင်း PTTEP ကုမ္ပဏီ ဆုံးဖြတ်
ဘန်ကောက်၊ ဇန်နဝါရီ-၂၈-၂၀၂၃ မျိုးဆက်(VOM) မြန်မာ့ကမ်းလွန်မှာ ဒေါ်လာ ၂ ဘီလီယံကုန်ကျမယ့် M3 လုပ်ကွက်ရှိ သဘာ၀ဓါတ်ငွေ့စီမံကိန်းကို ထိုင်းအစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ PTTEP ကုမ္ပဏီက ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မုတ္တမပင်လယ်ကွေ့မှာရှိတဲ့ M3 လုပ်ကွက်ကနေ ထွက်ရှိမယ့် သဘာ၀ဓါတ်ငွေ့ကိုအသုံးပြုပြီး မဂ္ဂါ၀ပ် ၆၀၀ ထွက်ဓါတ်အားပေးစက်ရုံတည်ဆောက်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်းက အကဲဖြတ်ရှာဖွေမှုတွေ လုပ်ခဲ့ပေမယ့် လက်ရှိမှာ ရပ်ဆိုင်းထားဖို့ PTTEP က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီစီမံကိန်းကို ထိုင်း PTTEP ကုမ္ပဏီက ရှယ်ယာ ၈၀ ရာခိုင်နှုန်းနဲ့ ဂျပန်ရေနံကုမ္ပဏီ Mitsui Oil Exploration Company Limited (MOECO)က ၂၀ ရာခိုင်နှုန်းနဲ့ ပူးပေါင်းလုပ်ဆောင်နေတာဖြစ်ပါတယ်။ မိမိတို့ဟာ မြန်မာနိုင်ငံမှာအသုံးပြုနေတဲ့ သဘာ၀ဓါတ်ငွေ့ရဲ့ ထက်၀က်နဲ့ ထိုင်းနိုင်ငံမှာအသုံးပြုတဲ့ သဘာ၀ဓါတ်ငွေ့ ၂၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေတာဖြစ်တဲ့အတွက်…
Read Moreဟိုပင်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ လူ(၁)ဦးသေ၊ (၁)ဦးဒဏ်ရာရရှိ
ဇန်နဝါရီ၊၂၈-၂၀၂၃ MM(VOM) ကချင်ပြည်နယ် ၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ထဲက နန့်ရင်းရွာမှာ မနေ့ ဇန်နဝါရီ ၂၇ ရက်က လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲလို့ လူ (၁)ဦး သေဆုံးကာ (၁)ဦးဒဏ်ရာရရှိသွားခဲ့ရတယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ အသက် ၁၈ နှစ် ကျော်ကျော်ရှိ မောင်စိုင်းစိုင်းဖြစ်ပြီး ဒဏ်ရရှိသူမှာ အသက် ၅၀ ဝန်းကျင်အရွယ် မိခင်ဖြစ်သူ ဒေါ်မိကြည်ဖြစ်တယ်လို့ သိရပါတယ်။ သူတို့ သားအမိ ၂ ယောက်က ဟိုပင်မြို့၊နန့်ယန်းရွာသားတွေဖြစ်ပြီး လယ်ယာလုပ်ဖို့သွားတဲ့အချိန် နန့်ရင်းရွာ တံတားအနီးအရောက်မှာ လက်နက်ကြီးကျည်ထိမှန်ခဲ့တာလို့ ဒေသခံပရဟိတအဖွဲ့ဝင်တယောက်ပြောပါတယ်။ ”တံတားအနီးမှာဖြစ်တာ သူတို့က သားအမိ ၂ ယောက် လာတာပါ ၊ ကောင်လေးက တစ်ခါတည်း သေဆုံးသွားတယ်၊ အမေဖြစ်တဲ့သူကတော့ ဒဏ်ရာရရှိခဲ့တယ် ၊လယ်ထဲကို အလုပ်သွားဖို့ ထွက်လာရင် ဖြစ်သွားတာတဲ့ ၊အခုလို…
Read Moreသြစတြေးလျမှာ အလွန်သေးငယ်တဲ့ ရေဒီယိုသတ္တိကြွပစ္စည်းတခုပျောက်ဆုံးမှု အပူတပြင်းရှာဖွေနေ
ဆစ်ဒနီ၊ ဇန်နဝါရီ-၂၈-၂၀၂၃ မျိုးဆက်(VOM) သြစတြေးလျနိုင်ငံအနောက်ပိုင်းမှာ ရေဒီယိုသတ္တိကြွပစ္စည်းတခု ပျောက်ဆုံးနေတာကြောင့် အပူတပြင်းရှာဖွေမှုတွေ လုပ်ဆောင်နေကြောင်း တာ၀န်ရှိသူတွေက ဇန်နဝါရီ ၂၇ ရက်မှာ ပြောပါတယ်။ ပျောက်ဆုံးနေတဲ့ပစ္စည်းဟာ ထိတွေ့မိပါက ပြင်းထန်သောနာမကျန်းဖြစ်စေတဲ့ စီဆီယမ်-၁၃၇ ပမာဏအနည်းဖြစ်ပြီး ပျှမ်းမျှအားဖြင့် မိုင်ပေါင်း ၈၇၀ ကွာဝေးတဲ့ နယူးမန်းမြို့နဲ့ ပါ့သ်မြို့အကြားမှာ ဇန်နဝါရီ လလယ်ပိုင်းက ပျောက်ဆုံးသွားတာဖြစ်ပါတယ်။ အဲဒီပစ္စည်းကို ပီလ်ဘာရာဒေသရှိ နယူးမန်းမြို့ရဲ့မြောက်ဘက် သတ္တုတွင်း ကနေ ပါ့သ်မြို့အရှေ့မြောက်ပိုင်းအကြားကို ဇန်နဝါရီ ၁၀ ရက်မှ ၁၆ ရက်အတွင်း ထရပ်ကားနဲ့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ ပစ္စည်း လက်နက်တခုပုံစံမျိုးမဟုတ်သော်လည်း ဓါတ်ရောင်ခြည်သင့်မှုကို ဖြစ်စေနိုင်ပြီး ကင်ဆာရောဂါကဲ့သို့သော အခြားရေရှည်အန္တရာယ်တွေဖြစ်ပွားနိုင်ကြောင်း အရေးပေါ်ဌာနက သတိပေးထားပြီး ခြောက်မီလီမီတာမှ ရှစ်မီလီမီတာအရွယ်သာရှိပါတယ်။ မ်ိမိတို့စိုးရိမ်နေတာကတော့ တစုံတဦးက ဘာပစ္စည်းမှန်းမသိဘဲ ကောက်ယူသွားမှာကိုဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ လက်ရှိမှာ အဲဒီပစ္စည်းကို သယ်ယူပို့ဆောင်ရေးစချိနနဲ့ ပြီးဆုံးတဲ့နေရာတွေကို…
Read Moreပြည် နဲ့ ကျောက်တံခါးက ရာအိမ်မှူးနဲ့သတင်းပေးလို့နာမည်ထွက်နေသူ အသတ်ခံရ
ဇန်နဝါရီ ၂၈ -၂၀၂၃ GG(VOM) ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် နဲ့ ကျောက်တံခါးမြို့နယ်က ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ယူတဲ့ ရာအိမ်မှူးနဲ့ ဒေသခံတဦး အသတ်ခံရတယ်လို့ သိရပါတယ်။ ဒီနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်အစောပိုင်းမှာ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာက ဦးလှကြိုင်ဆိုသူ နေအိမ်မှာ သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ပြည်ခရိုင် ၊သဲကုန်းမြို့နယ်ကအသတ်ခံရတဲ့သူကတော့ အိုင်းကုန်းကျေးရွာက ရာအိမ်မှူး ညီဂျော်(ခ)ထွန်းထွန်းနိုင်ဆိုသူဖြစ်ပြီး မနေ့ကဇန်နဝါရီ၂၇ ရက် ညပိုင်း နေအိမ်မှာပဲ အသတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။ ” သူကလောလောဆယ် အိမ်ထောင်စုစာရင်းတွေကောက်နေတာပေါ့ ၊ မနေ့က ညဘက်ကြီး ၁၀ နာရီကျော်လောက်မှာ အသတ်ခံရတာလို့သိရတယ် ။အခုကတော့ သက်ဆိုင်ရာရပ်ကျေးအကုန်လုံး အိမ်ထောင်စုစာရင်းတွေကောက်နေတယ်၊တချို့နေရာဆို ထပ်တိုးလူစာရင်းပဲကောက်တယ်၊တအိမ်တဆင်းကောက်တာမရှိဘူး”လို့ သဲကုန်မြို့နယ်ဒေသခံတဦးကပြောပါတယ်။ ရာအိမ်မှူးနဲ့ ဒေသခံတဦးကို သက်ဆိုင်ရာမြို့နယ်တွေဖြစ်တဲ့ သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ကျောက်တံခါးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ PDF တွေဘက်က…
Read Moreဂျေရုဆလင်ရှိ ဂျူးဘုရားကျောင်းတိုက်ခိုက်ခံရမှု အစ္စရေးနှင့်ပါလက်စတိုင်းကြား တင်းမာမှုမြင့်တက်နေ
ဂျေရုဆလင်၊ ဇန်နဝါရီ-၂၈ -၂၀၂၃ မျိုးဆက်(VOM) အစ္စရေးနိုင်ငံ ဂျေရုဆလင်ရှိ ဂျူးဘုရားကျောင်းတခုမှာ ဇန်နဝါရီ ၂၇ ရက်ကဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကြောင့် လူခုနှစ်ဦးသေဆုံးသွားပြီး သုံးဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှုဟာ နှစ်ပေါင်းများစွာအတွင်း ဘာသာရေးနဲ့သက်ဆိုင်တဲ့နေရာတခုမှာ ဖြစ်ပွားခဲ့တဲ့ အသေအပျောက်အများဆုံး ဖြစ်ရပ်ဖြစ်ပြီး ဂျေရုဆလင်မြို့ နီဗီယာကော့ဗ်ရပ်ကွက်မှာ ဒေသစံတော်ချိန် ည ၈ နာရီ ၁၅ မိနစ်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သေနတ်သမားဟာ အကြမ်းဖက်သမားတဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး သူ့ကိုပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ အရှေ့ဂျေရုဆလင်မှ ပါလက်စတိုင်းအမျိုးသားတဦးဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ တိုက်ခိုက်မှုကို ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့က ချီးကျူးပြောဆိုထားသော်လည်း သူတို့ထဲက အဖွဲ့၀င်တဦးဦးလုပ်ဆောင်ခဲ့ခြင်းဟုတ်မဟုတ် ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းရှိ ဂျီနင်မြို့မှာ အစ္စရေးစစ်တပ်၏ စီးနှင်းမှုအတွင်း ပါလက်စတိုင်းကိုးဦး သေဆုံးပြီးနောက် တင်းမာမှုတွေမြင့်တက်ခဲ့ပြီး ဂါဇာရှိစစ်သွေးကြွတွေက အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့…
Read Moreပုဂံရှေးဟောင်းဇုန်ထဲမှာ လက်နက်တွေနဲ့အတူ လူ၂ယောက်ဖမ်းဆီးခံရ
ဇန်နဝါရီ ၂၈ – ၂၀၂၃ GG(VOM) ပုဂံရှေးဟောင်းဇုန်ထဲမှာ လက်နက်ခဲယမ်းတွေနဲ့အတူ အမျိုးသား ၂ ယောက် ဖမ်းဆီးခံရမှု မနေ့ ဇန်နဝါရီ ၂၇ရက် မနက်အစောပိုင်းက ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။ ဖမ်းမိတဲ့လက်နက်တွေကတော့ MA16 သေနတ် ၁ လက်၊ကျည်အိမ် (၁၁)ခု၊ ၄၀ မမ ဗုံးပစ်လောင်ချာ (၁)လက်၊ ၆၀ မမခွင်းဗုံး ဗုံးသီး (၁၇)လုံး၊ MA7 ဗုံးသီးပစ်လက်လုပ်စိန် ပြောင်း (၂)လက်(နောက်ပိတ်မပါ)၊ ဒေါက် (၁)ခု၊ ပြောင်းလည်စီးကွင်း (၁)ခု၊ ၁၂ ဗို့ကျည် (၇၀၀)တောင့်၊ THAI ARMS 9mm ကျည် (၁၀၅၀)တောင့် Rai 11 Auto 45 ကျည် (၅၀၀)တောင့်၊ 9mm Luger ကျည် (၂၅၀)တောင့်၊ 5.56 mm ကျည်(၃၁၈၀)တောင့်တွေ…
Read Moreမန္တလေးမြို့က ပီနံအိတ်စက်ရုံ စွန့်ပစ်ပစ္စည်းဂိုဒေါင်မီးလောင်မှု သိန်း ၁၆၀ ကျော် ဆုံးရှုံးခဲ့
ဇန်နဝါရီ ၂၇ -၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၉လမ်းနဲ့ လမ်း ၇၀ ကြား ၁၃၈လမ်းနဲ့ ၁၃၉လမ်းကြား၊ (ဈ)ရပ်ကွက်ရှိ ပီနံအိတ်စက်ရုံ စွန်ပစ္စည်းတွေထားတဲ့ ဂိုဒေါင်မီးလောင်မှု ဒီကနေ့မနက်အစောပိုင်းက ဖြစ်ပွါးခဲ့ပါတယ်။ ဆာလာအိတ်ခွံအဟောင်းတွေနဲ့ အဆောက်အဦတချို့ မီးလောင်ခဲ့ပြီး စုစုပေါင်း (၁၆၇)သိန်းခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ “စွန့်ပစ်ပစ္စည်းဂိုဒေါင်က ဆာလာအိတ်ခွံအဟောင်းတွေ စုပုံထားရာကနေ အောင်းအပူဖြစ်ပြီး မီးလောင်မှု စတင်ဖြစ်ပွားခဲ့တယ်၊ မီးလောင်မှု အဆင့် Level-3နဲ့ မီးငြိမ်းသတ်ခဲ့ရပါတယ်။”လို့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။ မီးလောင်မှုကို Level-3အဆင့်သတ်မှတ်ကာ ပြင်ဦးလွင် ဗဟိုမီးသတ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်နိုင် ၊ မန္တလေးတိုင်း မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်ပြီး မီးငြိမ်းသတ်ယာဉ်(၂၅)စီး၊ ရေသယ်ယာဉ်(၄၀)စီး၊ LUF-60 မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၄)စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၁၂၀)ဦး၊ အရန်တပ်ဖွဲ့ဝင်…
Read More