ရခိုင်မှာ မုန်တိုင်းကြောင့် ရပ်နားခဲ့တဲ့ ရေယာဉ်ခရီးစဉ်အားလုံး ပြန်လည်ပြေးဆွဲမယ်

မေ၊၁၉-၂၀၂၃
MM(VOM)

`မိုခါ´မုန်တိုင်းကြောင့် ယာယီရပ်ထားခဲ့တဲ့ရခိုင်ပြည်နယ်အတွင်းက ပြေးဆွဲနေတဲ့ ရေယာဉ်တွေ လာမယ့် မေလ ၂၂ ရက်က စတင်ပြီး ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ အားပြင်း ဆိုင်ကလုန်မုန်တိုင်း`မိုခါ´ဝင်ရောက်တိုက်ခတ်ချိန် ရခိုင်ပြည်နယ်အတွင်းကနေ ဒေသသီးသီးကိုပြေးဆွဲနေတဲ့ ရေယာဉ်တွေ သွားလာပြေးဆွဲခြင်းမလုပ်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ညွှန်ကြားချက်ထုတ်ပြန်ခဲ့တာကြောင့် မေ ၁၂ ရက်ကစတင်ကာ ရွှေပြည်တန်ရေယာဉ်လိုင်းတွေ အပါအဝင် ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေတဲ့ခရီးစဉ်အားလုံး ရပ်ဆိုင်းခဲ့တာလို့ သိရပါတယ်။

”ရခိုင်ပြည်နယ်အတွင်းက ခရီးစဉ်အားလုံးအားလုံးကို မေလ ၂၂ ရက်ကစတင်ပြီး ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲမှာပါ၊ လိုအပ်တာတွေ အားလုံးပြင်ဆင်ထားပါတယ်၊ ပြေးဆွဲနေတဲ့ ရေယာဉ်တွေ အကုန် မေလ ၁၂ ရက်ကနေ စတင်ရပ်နားခဲ့တာပါ ၊လက်ရှိ ရာသီဥတုအခြေအနေတွေ ပြန်လည်ကောင်းမွန်လာပြီဖြစ်လို့ ဒေသခံတွေ သွားလာရ အဆင်ပြေ လွယ်ကူစေဖို့ ရွှေပြည်တန် ရေယာဉ်လိုင်း အပါအဝင် ရခိုင်ပြည်နယ်အတွင်း ခရီးစဉ်အားလုံးပြန် လည်ပြေးဆွဲမှာ။”လို့ ပုဂ္ဂလိကရေယာဉ်ပြေးဆွဲတဲ့လုပ်ငန်း လုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

ရေယာဉ်တွေ ပြေးဆွဲမယ့် အခြေအနေနဲ့ ပတ်သက်လို့ တာဝန်ရှိသူတစ်ဦးကလည်း”အခု ခရီးစဉ်တွေက ရွှေပြည်တန်ရေယာဉ်လိုင်းက ခရီးစဉ်တွေပါ ၊အခြားရေယာဉ်တွေလည်း ပြေးဆွဲမှာပါ ၊ပြန်လည်ပြေးဆွဲမယ့် ခရီးစဉ်တွေက စစ်တွေ-ကျောက်ဖြူ -ရမ်းဗြဲ-ကျောက်နီမော်-တောင်ကုတ် -မာန်အောင် ခရီးစဉ်က တနင်္ဂနွေ ၊အင်္ဂါ ၊သောကြာနေ့ မနက် ၆ နာရီ ၊ တောင်ကုတ်-ကျောက်နီမော် -ရမ်ဗြဲ-ကျောက်ဖြူ-စစ်တွေ ခရီးစဉ်အား တနင်္လာ၊ဗုဒ္ဓဟူး၊ စနေ မနက် ၆ နာရီ၊ တောင်ကုတ် -မာန်အောင် ခရီးစဉ်ကို နေ့စဉ် မနက် ၅ နာရီနဲ့ မာန်အောင်-တောင်ကုတ် ခရီးစဉ်ကို နေ့စဉ် မနက် ၈ နာရီအထိ ပြေးဆွဲပေးမှာပါ၊ ဒါ့အပြင် စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် ခရီးစဉ်ကို နေ့စဉ် မနက် ၇ နာရီမှာ ၊ ဘူးသီးတောင် -ရသေ့တောင်-စစ်တွေ ခရီးစဉ်ကို မနက် ၆ နာရီ၊ စစ်တွေ-ပေါက်တော၊မင်းပြား (မင်းပြား မြေပုံကို ကားနဲ့ )ခရီးစဉ်ကို နေ့စဉ် မနက် ၇ နာရီနဲ့ နေ့လည် ၁ နာရီ ၃၀ မိနစ်မှာ တရက်(၂)ကြိမ်၊(မြေပုံမှ မင်းပြားကို ကားနဲ့)မင်းပြား-ပေါက်တော -စစ်တွေ ခရီးစဉ်ကို နေ့စဉ် မနက် ၆ နာရီ ၃၀ မိနစ်နဲ့ နေ့လည် ၁၁ နာရီတို့မှာ တရက်(၂)ကြိမ် ပေါက်တော-စစ်တွေ ခရီးစဉ်ကို နေ့စဉ် မနက် ၈ နာရီနဲ့ နေ့လည် ၁၂ နာရီတို့မှာတရက်(၂)ကြိမ်၊ စစ်တွေ-မြောက်ဦး ခရီးစဉ်ကို နေ့စဉ် နေ့လည် ၁ နာရီ ၃၀ မိနစ်၊ မြောက်ဦး-စစ်တွေ ခရီးစဉ်ကို နေ့စဉ် နံနက် ၇ နာရီ၊ ပြေးဆွဲပေးမှာဖြစ်ပါတယ်။”လို့ပြောပါတယ်။

မိုခါ မုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း လမ်းပိုင်းတွေ ပျက်စီးသွားတာကြောင့်ကုန်းလမ်းသွားလာမှုလည်း ခက်ခဲနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တွေလေဆိပ်လည်း ပျက်စီးသွားတဲ့အတွက် လေကြောင်းလိုင်းတွေကိုလည်း ရပ်နားထားခဲ့ရတာကြောင့် ဒေသခံတွေသွားလာရေးအတွက် ရေကြောင်းခရီးကိုသာ အဓိကအသုံးပြုနေရတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရခိုင်

Related posts

Leave a Comment

VOM News

FREE
VIEW