စတော့ဟုမ်း၊ ဇွန်-၈-၂၀၂၃ မျိုးဆက်(VOM) ဆွီဒင်နိုင်ငံရဲ့ နေတိုးအဖွဲ့ကို၀င်ရောက်ဖို့ လျှောက်ထားမှုကို ဇူလိုင်လမှာ ပြုလုပ်မယ့် နေတိုးအဖွဲ့ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အတည်ပြုနိုင်မယ်လို့ မျှော်လင့်ကြောင်း ဆွီဒင်တာ၀န်ရှိသူတွေက ပြောပါတယ်။ ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်ပြီးနောက် ဆွီဒင်ဟာ နေတိုးအဖွဲ့၀င်အဖြစ် လွန်ခဲ့တဲ့နှစ် မေလက လျှောက်ထားခဲ့ပြီး လက်ရှိမှာတော့ တူရကီရဲ့ ကန့်ကွက်မှုနဲ့ ကြုံနေရပါတယ်။ တူရကီကနေ ခွဲထွက်ဖို့ကြိုးပမ်းနေတဲ့ ကာ့ဒ်စစ်သွေးကြွတွေကို ဆွီဒင်က ကျောထောက်နောက်ခံပြုနေကြောင်း တူရကီက စွပ်စွဲထားပြီး အဖွဲ့၀င်နိုင်ငံဖြစ်လာရေးအတွက် အကြမ်းဖက်တိုက်ဖျက်ရေးအစီအမံတွေကို အကောင်အထည်ဖော်ဖို့ တောင်းဆိုထားပါတယ်။ ဆွီဒင်ဟာ မကြာသေးမီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေသစ်ကို အကောင်အထည်ဖော်ခဲ့ကြောင်း ဆွီဒင်ကာကွယ်ရေး၀န်ကြီး ပါလ်ဂျွန်ဆင်က ပြောပါတယ်။ တူရကနဲ့ နောက်ထပ်ဆွေးနွေးမှုတွေကို လာမယ့် သီတင်းပတ်အစောပိုင်းမှာ ပြုလုပ်ဖို့ မျှော်လင့်ထားပြီး ဇူလိုင်လ ၁၁ ရက်မှာ လစ်သူယေးနီးယားမှာလုပ်မယ့် နေတိုးအဖွဲ့ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အဖွဲ့၀င်အဖြစ် ခွင့်ပြုပေးဖို့ မျှော်လင့်ကြောင်း ဆွီဒင်ကာကွယ်ရေး၀န်ကြီးက ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: NHK…
Read MoreMonth: June 2023
ဝင်ငွေ မမျှတမှုနဲ့ ကုန်ဈေးနှုန်းအခြေအနေ
SN (VOM) မြန်မာတစ်နိုင်ငံလုံးက ပြည်သူလူထုတွေအားလုံးဟာ လက်ရှိအချိန်မှာ အခြေခံလုပ်အားခ၊ လစာ၊ ဝင်ငွေနဲ့စားသောက်ကုန်ဈေးနှုန်း မမျှတမှုကို အလူးအလဲခံနေကြရတာ ဖြစ်ပါတယ်။ လုပ်ခ၊ လစာဝင်ငွေ နည်းပါးမှုကြောင့် အခြေခံပြည်သူတွေနဲ့ ဝန်ထမ်းတွေဟာ နေ့စဉ် မိသားစုစားသောက်စရိတ်ကို အလျဉ်မီအောင် မဖြေရှင်းနိုင်တဲ့အပြင် အခြား အိမ်မှုကိစ္စ၊ နေအိမ်ငှားရမ်းခ၊ သားသမီးပညာရေး၊ မိသားစုကျန်းမာရေး စတာတွေကို ဖြေရှင်းနိုင်ဖို့ အခက်အခဲများစွာရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ကုန်ဈေးနှုန်းတွေဟာ ပုံမှန်ဈေးထက် ၃ ဆကနေ ၅ ဆခန့်အထိ မြင့်တက်လာနေတာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ တစ်ရက်စာအသုံးစရိတ်ဟာ တစ်နေ့လုံးစာဝင်ငွေထက် ပိုများနေပြီး စားသောက်နေထိုင်ရေးအတွက် တစ်နေ့ထက်တစ်နေ့ အဆင်မပြေမှုများစွာကို ရင်ဆိုင်နေကြရသလို အလုပ်အကိုင်လည်း ရှားပါးလာနေတယ်လို့ အခြေခံလက်လုပ်လက်စား လုပ်ကိုင်သူတွေက ပြောပါတယ်။ “ကျွန်မ အရင်အလုပ်လုပ်တဲ့ အထည်ချုပ်စက်ရုံက အော်ဒါတွေမရလို့တဲ့ ပိတ်လိုက်ရတယ်လေ။ နောက်စက်ရုံတစ်ခု ထပ်ပြောင်းတယ်။ အဲ့ဒီစက်ရုံကလည်း ထပ်ပိတ်ပြန်တော့ အလုပ်ကမရှိတော့ဘူး။…
Read Moreရွှေဘိုမြို့နယ်မှာ လက်နက်ကြီးတွေကျရောက်ပေါက်ကွဲလို့ ၊ လူ ၅ ဦးသေဆုံး ၊ ၉ ဦး ဒဏ်ရာရ
ဇွန် ၊ ၇၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာနားမှာ မနေ့ ဇွန် ၆ ရက် ၊ မနက် ၄ နာရီ ၅၀ မိနစ်အချိန်က လက်နက်ကြီး ကျည်တွေပေါက်ရောက်ကွဲလို့ သေဆုံး ၊ ဒဏ်ရာရတာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီ သိရပါတယ်။ ” တည်သီးတော ကျေးရွာတွေကို လက်နက်ကြီး ကျည်တွေကျရောက် ပေါက်ကွဲတယ် ၊ အိမ်တွေပေါ်ကို ကျရောက်ပေါက်ကွဲလို့ သေကျရတာဖြစ်တယ် ၊ သေဆုံးသူတွေကတော့ ဦးချို (၅၅) နှစ်၊ ဦးစိုးသူ (၂၇) နှစ်၊ ဦးဖိုးထောင် (၃၅) နှစ်၊ ဦးဇော်ထိုက် (၃၅) နှစ်နဲ့ ဒေါ်ဌေးရင် (၆၀) နှစ်တို့ ၅ ယောက်ကတော့ နေရာမှာ…
Read Moreမအူပင်မြို့မှာ ငလျင်လှုပ်တဲ့ဒဏ်ကြောင့် အဆောက်အဦပြိုကျပြီး သီလရှင်(၁)ပါးနဲ့ ယောဂီ(၁)ဦး သေဆုံး
ဇွန်၊၇-၂၀၂၃ MM + GG (VOM) ဧရာဝတီတိုင်း ၊ မအူပင်မြို့မှာ ဒီနေ့ ဇွန်လ ၇ ရက် ညနေပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ ၄၄ က စလပ်ပြားပြိုကျလို့ သီလရှင် ဆရာကြီး ၁ ပါးနဲ့ ယောဂီအမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ “ဒီနေ့ ညနေ ၄ နာရီကျော်ကျော်က ငလျင်က လှုပ်တာ အချိန်တော်တော်ကြာတယ်၊ ပြင်းလည်း ပြင်းတယ်၊ လတ်တလောအနေနဲ့ သိရတာကတော့ မအူပင် မိုးကုပ်ဝိပသာနာ တရားပြတဲ့ ကျောင်းဆောင်အဆောက်အဦပြိုကျမှုဖြစ်တယ် ၊ အသက် (၆၀)လောက်ရှိတဲ့ သီလရှင်ဆရာလေး ၁ပါးနဲ့ ယောဂီအမျိုးသမီး ၁ ဦး အဆောက်အဦ ပိပြီး သေဆုံးသွားတယ်၊ အခြား အပျက်စီးတွေလည်း ရှိတယ်လို့သိရတယ် ။”လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ နောက်ထပ်…
Read Moreမကွေးက NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ဦးရဲ့ဈာပနကို ရေဝေးသုဿန်မှာ ပြုလုပ်မယ်
ဇွန် ၇ – ၂၀၂၃ SN (VOM) မကွေးမြို့နယ်က NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးရဲ့ ဈာပနအခမ်းအနားကို မနက်ဖြန် ဇွန် ၈ ရက်၊ ညနေ ၃ နာရီ၊ ရေဝေးသုဿန်ခန်းမ ၁-ခ မှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။ “ရိုးတွင်းခြင်ဆီကင်ဆာရောဂါနဲ့ ဇွန် ၆ ရက်က ရန်ကုန်မြို့မှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။ ရေဝေးသုဿန်မှာ မီးသင်္ဂြိုဟ်မှာပါ”လို့ ဦးမြင့်ဦးရဲ့ဇနီးဖြစ်သူက လူမှုကွန်ရက်ကတစ်ဆင့် အသိပေးထားပါတယ်။ ရွေးကောက်ခံ မကွေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးဟာ ၂၀၂၁ ခုနှစ်၊ မေ ၂၈ ရက်မှာ ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရသူဖြစ်ပြီး အဲ့ဒီ့နှစ် အောက်တိုဘာလမှာပဲ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူ ဖြစ်ပါတယ်။ ဦးမြင့်ဦးဟာ ၂၀၂၀ ရွေးကောက်ပွဲနဲ့…
Read Moreပုဂံမြို့ဟောင်းက ဗူးဘုရားစေတီတော် မိုးကြိုးခ
ဇွန်၊ ၇ -၂၀၂၃ SP + SN ( VOM) မန္တလေးတိုင်း ၊ ညောင်ဦးခရိုင် ၊ ပုဂံရှေးဟောင်းမြို့နယ် ၊ တောင်ဘီကျေးရွာမှာ မနေ့ ဇွန် ၆ ရက် မနက် ၉ နာရီဝန်းကျင်က မိုးရွာသွန်းပြီး လျှပ်စီး မိုးကြိုးတွေ ပစ်ခဲ့တာကြောင့် ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ဗူးဘုရားဟာ မိုးကြိုးထိမှန်ခဲ့တယ်လို့ ရှေးဟောင်းသုတေသနအဖွဲ့ဆီက သိရပါတယ်။ ” AD ၃ ရာစုခန့်က ပျူစောထီးမင်း တည်ထားတဲ့ ဧရာဝတီမြစ်ကမ်းဘေးက ဗူးဘုရားစေတီမှာ မိုးကြိုးခပြီး လျှပ်စီးဝင်တာ ဖြစ်တယ် ၊ အဲ့ဒီ စေတီ ဝန်းကျင်ဘေးမှာ မီးပွားတွေ လွှင့်စင်ပြီး မြစ်ထဲကို စီးဝင်သွားတယ် ဖြစ်တယ်”လို့ မျက်မြင်တွေ့လိုက်ရတဲ့သူ ရေလုပ်သားတစ်ဦးက ပြောပါတယ်။ ရှေးဟောင်းသုတေသနဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက“မိုးသည်းထန်ထန် မိနစ်(၂၀)ခန့် ရွာခဲ့တဲ့ချိန်မှာ…
Read Moreနှစ်နိုင်ငံတင်းမာနေစဉ် အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင် တရုတ်သွားမယ်
၀ါရှင်တန်၊ ဇွန်-၇-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်ဟာ လာမယ့်သီတင်းပတ်အနည်းငယ်အတွင်း တရုတ်နိုင်ငံကို သွားရောက်ဖို့ စီစဉ်နေကြောင်း အမေရိကန်သတင်းဌာနတွေက ဇွန် ၆ ရက်မှာ ဖော်ပြထားပါတယ်။ ဘလင်ကင်ဟာ တရုတ်သမ္မတရှီကျင်းပင်အပါအ၀င် ထိပ်တန်းတာ၀န်ရှိသူတွေနဲ့ တွေ့ဆုံသွားဖို့ အစီအစဉ်ရှိကြောင်း အဲဒီကိစ္စနဲ့ နီးစပ်သူတွေကိုကိုးကားပြီး ဘလွန်းဘာ့ဂ်သတင်းဌာနက ဖော်ပြထားပါတယ်။ များမကြာမီကာလမှာ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ထိပ်တန်းအဆင့် ခရီးစဉ်တွေကို ကြေညာသွားမယ်လို့ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ဇွန် ၆ မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဘလင်ကင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ကို ယခုနှစ်ဖေဖော်ဝါရီလအတွင်းသွားရောက်ဖို့ မူလက စီစဉ်ထားခဲ့ပေမယ့် အမေရိကန်နိုင်ငံအပေါ် တရုတ်သူလျှိုဘောလုံးတွေပျံသန်းမှုကြောင့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးဆိုးရွားခဲ့ပါတယ်။ ဒါပေမယ့် နှစ်ဘက်အကြား သံတမန်ဆက်ဆံရေးတွေ တဖြည်းဖြည်းပြန်လည်စတင်နေပြီး အမေရိကန်ရဲ့ အာရှ-ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေး၀န်ကြီးနဲ့ တရုတ်ဒုတိယနိုင်ငံခြားရေး၀န်ကြီးတို့ ဇွန် ၅…
Read Moreယူကရိန်းဆည်ကျိုးပေါက်မှု ဒေသခံတွေအတွက် ဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်လာမယ်လို့ ကုလသတိပေး
ကိယက်ဗ်၊ ဇွန်-၇-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းရှိ အဓိကဆည်ကြီးတခု ကျိုးပေါက်သွားခြင်းဟာ လူထောင်ပေါင်းများစွာအတွက် ဆိုးရွားပြီး ကြီးမားတဲ့အကျိုးဆက်တွေ ရှိလာလိမ့်မယ်လို့ ကုလသမဂ္ဂက သတိပေးပြောဆိုလိုက်ပါတယ်။ စစ်ဖြစ်ပွားနေတဲ့ ယူကရိန်းတောင်ပိုင်းမှာ အဲဒီဆည်ကျိုးပေါက်မှုကြောင့် လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး လက်ရှိအခြေအနေထက်ပိုပြီး ရေကြီးရေလျှံဖြစ်ပွားနိုင်ကြောင်း ကုလသမဂ္ဂကဆိုပါတယ်။ အဲဒီဆည်ကို ဖောက်ခွဲဖျက်ဆီးခဲ့ကြတယ်လို့ ယူကရိန်းနဲ့ ရုရှားတို့က အပြန်အလှန်စွပ်စွဲထားကြပေမယ့် တိကျစွာ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ဇွန် ၇ ရက်ထိ ဒေသ ၂၃ ခု ရေမြုပ်နေကြောင်း ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။ ခါဆန်ဒေသမှာဖြစ်ပွားနေတဲ့ ရေလွှမ်းမိုးမှုဟာ နောက်ထပ် နာရီ ၂၀အတွင်း အထွတ်အထိပ်ကို ရောက်နိုင်ဖွယ်မရှိသေးကြောင်း ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။ လက်ရှိအချိန်ထိ လူပေါင်း လေးသောင်းကျော်ကို ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးထားရကြောင်း ယူကရိန်းဘက်ကပြောပါတယ်။ ခါဆန်ဒေသက ရုရှားခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကတော့ သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အရေးပေါ်အခြေအနေကြေညာထားပါတယ်။ အဲဒီဆည်ဟာ ရုရှားထိန်းချုပ်ထားတဲ့…
Read Moreပင်လောင်းက စစ်ရှောင် ၄၀၀၀ ကျော် စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ အရေးပေါ် လိုအပ်နေ
ဇွန်၊၇-၂၀၂၃ MM(VOM) ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်က ဒေသခံ စစ်ဘေးရှောင် အယောက် ၄၀၀၀ ကျော်မှာ စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့သူတွေဆီကနေ သိရပါတယ်။ ”ပင်လောင်းမြို့နယ်ရဲ့ တောင်ဘက်မှာ တပ်နဲ့ လက်နက်ကိုင် အဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေတယ်၊ တိုက်ပွဲဖြစ်တဲ့ရက်ရှည်လာလို့ တိုက်ပွဲဖြစ်တဲ့ ဧရိယာလည်းများလာတဲ့အတွက် စစ်ဘေးရှောင် သူတွေလည်း တစ်နေ့ ထက်တစ်နေ့ ပိုများလာတာ ၊လက်ရှိ အခုတော့ စစ်ရှောင် အယောက် ၄၀၀၀ ကျော် လောက်ရှိတယ်၊ စားစရာဆန် စပြတ်လာပြီ၊ ပုံမှန် ဆေးသောက်နေရတဲ့သူတွေရှိတယ်၊ ဆေးဝါးနဲ့ အဝတ်အထည်တွေလည်း မလုံလောက်တော့ဘူး၊ မိုးတွင်းကာလဆိုတော့ အဝတ်အထည်ကလည်း လိုလာပြီ ၊အရင်ရက်တွေကလို အလှူရှင်တွေလည်း သိပ်မလာတော့ဘူး၊ လက်ရှိ အခြေအနေအတိုင်းဆို ဘယ်စစ်ရှောင်ကမှလည်း နေရပ်ပြန်လို့မရသေးတာ ၊ အလှူရှင် အရေးပေါ်လိုအပ်နေတယ်။”လို့ စစ်ရှောင်အရေး ဆောင်ရွက်ပေးသူတစ်ဦးကပြောပါတယ်။ စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက”…
Read Moreထန်းတပင်မှာ အသတ်ခံရတဲ့ မူကြိုဆရာမ ၂ ယောက်ဟာ အဆိုတော် လီလီနိုင်ကျော်သတ်ခံရမှုကြောင့် ဖမ်းခံထားရသူရဲ့ အမေနဲ့ အမဖြစ်နေ
ဇွန် ၊ ၇ ၊ ၂၀၂၃ SP (VOM) ရန်ကုန်တိုင်း ၊ထန်းတပင်မြို့နယ်၊ တက်သစ်၊ ရခိုင်ရိုးကြီးကျေးရွာ၊ အေးမေတ္တာလမ်း၊ အမှတ် (၉၀/၉၁) နေအိမ်မှာ မနေ့ ဇွန် ၆ ရက် ညနေ ၆ နာရီခွဲ ဝန်းကျင်က မူကြိုကျောင်းဆရာမ ၂ ဦး အသတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” အသတ်ခံရတဲ့သူတွေဟာ မိဘမေတ္တာ ပုဂ္ဂလိက မူကြိုကျောင်းဖွင့်တားတဲ့ ဆရာမ ဒေါ်သဲမာလာဝင်း၊ ၄၂ နှစ်၊(ဘ) ဦးရွှေနိုင်၊နဲ့ ဆရာမ မဆောင်းသဇင်ဦး၊ ၂၄ နှစ်၊(ဘ)ဦးမောင်ဦး တို့ ၂ ယောက် အသတ်ခံရတာဖြစ်တယ် ၊ အသတ်ခံရသူတွေဟာ အိမ်ထဲမှာ ရှိနေတဲ့အချိန် လူ ၄ ဦးက အငှားယာဥ် အဖြူရောင် တစီးနဲ့ ရောက်လာပြီး သေနတ်နဲ့…
Read More