တိုက်ပွဲတွေကြောင့် ရှမ်းမြောက်ကနေ မန္တလေးကိုလာချင်ရင် ရှမ်းတောင်ကနေ ပတ်နေရတာမို့ အချိန်နဲ့ငွေပိုကုန်နေ

      မန္တလေး၊ နိုဝင်ဘာ- ၅ – ၂၀၂၃ SA(VOM)     ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးကို ပြေးဆွဲနေတဲ့ကားတွေဟာ အရင်က ပြည်ထောင်စုလမ်းမအတိုင်း တိုက်ရိုက်ပြေးဆွဲလို့ရပေမယ့် လက်တလောဖြစ်ပေါ်နေတဲ့ တိုက်ပွဲအခြေအနေတွေကြောင့် ရှမ်းပြည်တောင်ပိုင်းကို ဖြတ်သန်းပြီးမောင်းနှင်နေရတဲ့အတွက် ခရီးကြန့်ကြာမှု ငွေကုန်ကြေးကျများမှုတွေရင်ဆိုင်နေရပါတယ်   ကလော မိတ္ထိလာလမ်းမှာဆို ကားတွေများနေတာအပြင် စစ်ဆေးရေးကြောင့် ကျွဲတပ်ဆုံ နားက X Tray စက်ရှိတဲ့ စစ်ဆေးရေးဂိတ်မှာ ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေတယ်လို့သိရပါတယ်။ လားရှိုးကနေ မန္တလေးကို ပြန်လာတဲ့ ခရီးသည်တဦးက ” အရင်က ခဏစီးရတာ အခုက တောင်ပိုင်းက ပတ်မောင်းရတော့ အချိန်ကြန့်ကြာမှုတွေဖြစ်တာပေါ့။ လမ်းကြောအခြေအနေကတော့ ကောင်းပေမယ့် ကျွဲတပ်ဆုံနားက X Tray စက်နား ရောက်တော့ကားတွေက အစီးရေ ရာနဲ့ချီပြီး ပိတ်မိနေတာ စစ်တာဆေးတာလည်း ကြာတော့ ကိုယ်တွေကားအလှည့်ရောက်ဖို့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၅ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၂၇၀ ကျပ် ဝယ်ဈေး – ၃၂၃၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၃၉၅ ကျပ် ဝယ်ဈေး – ၂၃၄၅ ကျပ် -ယူရို ရောင်းဈေး – ၃၅၁၂ ကျပ် ဝယ်ဈေး – ၃၄၅၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၁.၇၄ ကျပ် ဝယ်ဈေး – ၉၀.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၀၅ ကျပ် ဝယ်ဈေး – ၇၀၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၅၂ ကျပ် ဝယ်ဈေး – ၄၄၂ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၅ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၉၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဆမီးမြို့ပေါ်မှာ ပစ်ခတ်မှုတွေဖြစ်ပွားလို့ လုံခြုံရေးတပ်ဖွဲ့ဝင် လေးဦး သေဆုံး

နိုဝင်ဘာ ၊ ၅ ၊ ၂၀၂၃ SP ( VOM) ချင်းပြည်နယ် (တောင်ပိုင်း)၊ ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ ၊ ပလက်ဝမြို့နယ်ခွဲ ၊ ဆမီးမြို့ ၊ ဘားဝရပ်ကွက်ထဲမှာ မနေ့ နိုဝင်ဘာ ၄ ရက် မနက်ပိုင်းက ပစ်ခတ်မှုတွေဖြစ်ပွားပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က မနက် အစောပိုင်း ၂ နာရီဝန်းကျင်လောက်မှာ ပစ်ခတ်မှုဖြစ်ပွားတယ် ၊ ဘားဝ ရပ်ကွက်ထဲမှာဖြစ်တာပါ ၊ လုံခြုံရေးအဖွဲ့က ဂိတ်ကနေ ကင်းပြီးလို့ ပြန်လာတဲ့အချိန် ဒေသတွင်း လက်နက်ကိုင် (CNA) အဖွဲ့တွေက စောင့်ကြို ပစ်ခတ်တာဖြစ်တယ် ၊ အဲ့ဒါကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် လေးဦး သေဆုံပြီး ၊ ရပ်ကွက်ထဲက ကလေးအမေတယောက် ဒဏ်ရာရသွားတယ် ၊…

Read More

ထားဝယ်အကျဉ်းထောင်မှာ ဒီမနက်ပိုင်းက ဆူပူမှုဖြစ်ပွား

နိုဝင်ဘာ ၊ ၄ ၊ ၂၀၂၃ SP( VOM) တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ ထားဝယ်မြို့မှာရှိတဲ့ ထားဝယ် အကျဥ်းထောင်မှာ ဒီကနေ့ မနက်ပိုင်းက ထောင်တွင်း ဆူပူမှုတွေဖြစ်ပွားခဲ့တယ်လို့ နိုင် / ကျဥ်း မိသားစုတွေဆီက သိရပါတယ်။ ” နိုင်ငံရေး အကျဥ်းသား တယောက်နဲ့ ထောင်ဝန်ထမ်းတယောက် ပြသနာဖြစ်ရာကနေ ဆူပူမှုဖြစ်တာပါ၊ ဒီမနက် ၇ နာရီဝန်းကျင်မှာ မနက်စာ​​ဝေချိန်မှာ စားဖိုဆောင်ထဲ ထမင်းဝင်ယူတဲ့ နိုင်ငံရေးအကျဥ်းသားတစ်ဦးကို အကျဥ်းထောင်ဝန်ထမ်းက ပါးနှစ်ချက်ရိုက်တယ်လို့ သိရတယ် ၊ အဲ့ဒီ ပြဿနာက စပြီး နိုင် / ကျဥ်းတွေနဲ့ ထောင်ဝန်ထမ်းတွေ စကားများကြတာဖြစ်တယ် ” လို့ နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ဒါ့အပြင် ထားဝယ်ထောင်နဲ့ နီးစပ်သူတယောက်က…

Read More

ချောင်းဦးနယ်မှာ ပစ်ခတ်မှုတွေဖြစ်ပွားလို့ လုံခြုံရေးတပ်ဖွဲ့ဝင် သုံး ဦးနဲ့ ဒေသတွင်း လက်နက်ကိုင် ငါးဦးသေဆုံး

နိုဝင်ဘာ ၊ ၄ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ မုံရွာ – မန္တလေး ကားလမ်းမှာရှိတဲ့ လုံခြုံရေး ဂိတ်စခန်းတခုကို ဒီကနေ့ မနက်ပိုင်းက ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဘက် ထိခိုက် သေဆုံးတာတွေရှိတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ချောင်းဦးမြို့နယ်ရဲ့ မြောက်ဘက် ၂ မိုင်လောက်ပဲ ဝေးတယ် ၊ မုံရွာ – ချောင်းဦး ကားလမ်းပိုင်းမှာရှိတဲ့ မြပုလဲ စက်သုံးဆီဆိုင်နားက လမ်းလုံခြုံရေး ဂိတ်စခန်းကို ဒီမနက် ၄ နာရီ ဝန်းကျင်ကနေ စပြီးတိုက်နေတာဖြစ်တယ် ၊ အဲ့ဒီ ဂိတ်စခန်း မီးရှို့ခံရတယ် ၊ နောက်ပြီး စစ်လား ၊…

Read More

မင်းရွာတိုက်ပွဲမှာ ပြည်သူ ၂ယောက် သေဆုံးသလို ရဲတွေအကျအဆုံးများ

နိုဝင်ဘာ ၊ ၅ ၊ ၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ်ရဲ့ တောင်ဘက်ခြမ်း ထီးလင်းမြို့နယ်နဲ့ ကြားမှာရှိတဲ့ မင်းရွာမှာ နိုဝင်ဘာ ၃ ရက် မနက်ပိုင်းက လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး တိုက်ပွဲရှောင် ပြည်သူ နှစ်ယောက် သေဆုံးတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့ကမနက် ၅ နာရီဝန်းကျင်ကတည်းက ရွာထဲမှာ ပစ်ခတ်တာတွေရှိတယ် ၊ အဲ့ဒါကြောင့် ရွာကလူတွေ တိုက်ပွဲရှောင်နေရင်း လူနှစ်ယောက် လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးတယ် ၊ သေဆုံးသူတွေကတော့ ဦးအောင်ဆန်း ၈၀ နှစ် နဲ့ ကိုမျိုးလွင် ၃၉ နှစ်တို့ဖြစ်တယ် ၊ နောက်ပြီး ဒဏ်ရာရသူ ငါးယောက်ထက်မနည်းလည်း ရှိတယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က…

Read More

တက်ခေတ် ဗမာ(မြန်မာ)မယ်… မွေး…

    ဆူးငှက်     “စောစောအိပ်လို့၊ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့…”     ယခုလို ဆောင်းဦးကာလ နှင်းတွေဖြိုင်ဖြိုင်ကျနေချိန်တွင် ငယ်စဉ်က အနှစ်နှစ်ဆယ်နီးပါး နားထဲစွဲနေတဲ့ သီချင်းသံကိုကြားယောင်နေမိတယ်။ အခုလို ဆောင်းဦးပေါက် စနေနေ့လို ညမျိုးမှာ နောက်ရက် မနက်စောစော လမ်းလျှောက်ပွဲ ဆင်နွဲဖို့အတွက် စာရင်းကောက် လှုံ့ဆော်ပြင်ဆင်ကြတယ်။ ရပ်ကွက်ထိပ် ကင်းတဲမှာက ညလုံးပေါက် ဆန်ပြုတ်အိုးကြီး တည်ထားပြီးအလှည့်ကျ ကင်းစောင့်ကြရမယ့် အိမ်ထောင်ဦးစီးတွေ အိမ်ဆန်အိုးထဲက ဆန်တစ်ဆုပ်တစ်ခွက် ယူလာတာပါ။     ထင်းမီးဖိုကြီး အမြဲမပြတ် ဖိုထားပြီး ကျပ်ခိုးတွေ ဂျွတ်တက်နေတဲ့ ဒန်အိုးကြီးတစ်လုံးနဲ့ ဆန်ပြုတ်များ ကျိုထားခြင်းဖြစ်တယ်။သည်တုန်းက ကျွန်တော်တို့က ဘာရှိဦးမလဲ…။ ၁၃ နှစ် ၁၄ နှစ်သားပေါ့…။ ကလေးမဟုတ် လူကြီးမဟုတ် စကအရွယ်…။ကင်းတဲမှာ ရပ်ကွက်ထဲက အိမ်နီးချင်းတွေနှင့်မို့ အိမ်ကလည်း စိတ်ချတယ်။…

Read More

နိုင်ငံရေးအခက် ဝိသမလောဘသားတွေအချက် အသက်ရှူကျပ်နေရတဲ့ ပြည်သူ

    SN (VOM) မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် မြန်မာကျပ်ငွေတန်ဖိုး အဆမတန် ကျဆင်းသွားပြီး ကုန်ဈေးနှုန်းတွေ တဟုန်ထိုးကြီးမြင့်လာတာကြောင့် ပြည်သူတွေ စားဝတ်နေရေးအတွက် ရုန်းကန်နေရပါတယ်။ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး သုံးနှစ်နီးပါးရှိလာချိန်မှာ အရင်က အချိန်မရွေးဝယ်ယူနိုင်တဲ့ ဆန်နဲ့ စားအုန်းဆီ စတဲ့ အခြေခံကုန်စည်တွေကိုတောင် ပြည်သူလူထုအနေနဲ့ တိုးဝှေ့ကာ၊ စကားများရန်ဖြစ်ကာ စီတန်းဝယ်ယူနေရတဲ့အခြေအနေကို ဆိုက်ရောက်နေတာပါ။   စီးပွားရေး လေ့လာသုံးသပ်သူတွေကတော့ ကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းတာတွေအတွက် နစကမှာတာဝန်အရှိဆုံးဖြစ်တယ်လို့ တညီတညွတ်တည်း ပြောဆိုကြပါတယ်။ နစကရဲ့စီမံခန့်ခွဲမှု လိုအပ်ချက်တွေကြောင့် ပြည်သူတွေအကျပ်အတည်းနဲ့ ရင်ဆိုင်ရတာလို့လည်း ထောက်ပြကြပါတယ်။   နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် ကမ္ဘာ့နိုင်ငံများက စီးပွားရေး၊ ဘဏ္ဍာရေးပိတ်ဆို့မှုတွေ ချမှတ်နေတာကြောင့်လည်း အမေရိကန်ဒေါ်လာ လက်ဝယ်ပြတ်လပ်နေတဲ့ နစကဟာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေမှုကို မထိန်းချုပ်နိုင်တဲ့အတွက်ကုန်ဈေးနှုန်းဟာလည်း ကျွဲကူးရေပါ တက်မြဲတက်နေဆဲပါ။   နိုင်ငံရေးအပြောင်းအလဲမဖြစ်ခင်…

Read More
VOM News

FREE
VIEW