ရုရှားထိန်းချုုပ်ထားတဲ့ ဒွန်နက်စ်မြို့မှာ တိုက်ခိုက်ခံရမှုကြောင့် ၂၇ ယောက်သေဆုံး

  ကိယက်ဗ်၊ ဇန်နဝါရီ-၂၂-၂၀၂၄ မျိုးဆက်(VOM) ရုရှားထိန်းချုပ်ထားတဲ့ ယူကရိန်းနိုင်ငံ ဒွန်နက်စ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုတခုအတွင်း လူ ၂၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသန္တရတာဝန်ရှိသူတွေက ပြောပါတယ်။ လူစည်ကားရာဈေးတခုမှာဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်စဉ်ဟာ အတော်ကြောက်မက်ဖွယ်ရာဖြစ်တယ်လို့ ဒွန်နက်စ်ဒေသခေါင်းဆောင် ဒန်နစ်ပူရှင်လင်က ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း အဲဒီဒေသမှာ စစ်ရေးလှုပ်ရှားနေတဲ့ ယူကရိန်းစစ်တပ်က ပြောဆိုထားပြီး မစ္စတာပူရှင်လင်ကတော့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ယူကရိန်းကို ပြစ်တင်ထားပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြည်သူတွေအပေါ် အခုလိုရိုင်းစိုင်းတဲ့ အကြမ်းဖက်လုပ်ရပ်ကို အနောက်အုပ်စုတွေက ထောက်ပံ့ထားတဲ့ လက်နက်တွေကို အသုံးပြုထားတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။ ဒွန်နက်စ်မြို့နဲ့ ယူကရိန်းအရှေ့ပိုင်း ပိုမိုကျယ်ပြန့်တဲ့ဒေသတွေကို ၂၀၁၄ ခုနှစ်မှာ ရုရှားကျောထောက်နောက်ခံပြု တပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး ရုရှားဟာ အဲဒီဒေသကို ရုရှားက တစိတ်တပိုင်း ထိန်းချုပ်ထားပါတယ်။` ရုရှားဟာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာ နှစ်နှစ်နီးပါးရှိပြီဖြစ်ပေမယ့် မကြာသေးမီကာလတွေအတွင်း တိုးတက်ဖြစ်ထွန်းမှု အနည်းငယ်သာရှိခဲ့ပါတယ်။…

Read More

နောင်ချိုမှာ (၁၂) ဘီးကားတစီး ဘရိတ်ပေါက်ပြီး ပေ (၂၀၀) အနက်ရှိ ချောက်ထဲထိုးကျ၊ လူနှစ်ယောက် ပွဲချင်းပြီး သေဆုံး

  ဇန်နဝါရီ-၂၂-၂၀၂၄ SN (VOM) ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်မှာ မနေ့ ဇန်နဝါရီ ၂၁ ရက်၊ မနက် ၈ နာရီဝန်းကျင်က ဘိလပ်အိတ်တွေ သယ်ဆောင်လာတဲ့ Fuso (၁၂) ဘီးကားတစီး ဘရိတ်ပေါက်ပြီး ပေ (၂၀၀) အနက်ရှိ ချောက်ထဲ ထိုးကျခဲ့တာကြောင့် လူနှစ်ယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ မေတ္တာရောင်ခြည် လူမှုကူညီရေးအသင်း (ကံကြီး) မှ သိရပါတယ်။ အဲ့ဒီ့ ဖြစ်စဉ်ဟာ နောင်ချို- ရပ်စောက်လမ်းမကြီး၊ ဒုဌ၀တီအဆင်းလမ်း၊ လေးထပ်ကွေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၄၀ ကျော်ဝန်းကျင်အရွယ် ယာဉ်မောင်းနဲ့ အသက် ၃၀ ကျော်ဝန်းကျင်အရွယ် ယာဉ်နောက်လိုက်တို့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “DB (Dead Body) တွေ ကားထဲမှာ ညှပ်နေလို့ ခက်ခက်ခဲခဲနဲ့ ထုတ်ခဲ့ရတယ်။ စပါယ်ယာက…

Read More

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ မြေပြိုမှုကြောင့် လူ ၄၇ ယောက် သေဆုံးဖွယ်ရှိ

  ပေကျင်း၊ ဇန်နဝါရီ-၂၂-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဝေးလံခေါင်သီတဲ့ တောင်ထူထပ်တဲ့ဒေသမှာ ဒီနေ့ဇန်နဝါရီ ၂၂ ရက်က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် လူ ၄၇ ခုနှစ်ယောက်ပျောက်ဆုံးနေကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ မြေပြိုမှုဟာ ယူနန်ပြည်နယ် ရှန်ရှောင်ခရိုင်မှာ ဒေသစံတော်ချိန် နံနက် ၅ နာရီ ၅၁ မိနစ်က ဖြစ်ပွားခဲ့တာဖြစ်ဖြစ်ပြီး အိမ်ထောင်စု ၁၈ စု မြေပြိုမှုမှာ နစ်မြုပ်ခဲ့ပြီး လူ ၅၀၀ ကျော်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ အာဏာပိုင်တွေဟယ ကယ်ဆယ်ရေးလုပ်သား ၂၀၀ ကျော်အပြင် မီးသတ်ကားနဲ့ အခြားစက်ပစ္စည်းကိရိယာတွေအသုံးပြုပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ မြေပြိုမှုကြောင့် လူသေဆုံးမှုနဲ့ပတ်သက်ပြီး လက်ရှိချိန်ထိ အာဏာပိုင်တွေက ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဟိမဝန္တာကုန်းပြင်မြင့်နဲ့ မတ်ဆောက်တဲ့ တောင်တန်းတွေကြားမှာ တည်ရှိတဲ့ ယူနန်ပြည်နယ်မှာ မြေပြိုမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။…

Read More

မိုးမိတ်ခရိုင် တခုလုံးနီးပါး ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေ

ဇန်နဝါရီ ၊ ၂၂ ၊ ၂၀၂၄ SP (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း နဲ့ ကချင်ပြည်နယ် အစပ်က မိုးမိတ်ခရိုင် ၊ မိုးမိတ်မြို့နဲ့ မဘိမ်းမြို့တွေရဲ့ နေရာတော်တော်များကို မနေ့ ဇန်နဝါရီ ၂၁ ရက်ကစလို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားလိုက်ပြီး အဲ့ဒီ နေရာတွေမှာ ဒီကနေ့အထိ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေဆဲလို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာတဲ့ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး မိုးမိတ်ဒေသခံ တယောက်က ” မိုးမိတ်မြို့ရဲ့ အရပ်ဘက် ရုံးဌာနတွေရှိတဲ့ နေရာတွေနဲ့ လူနေရပ်ကွက်တချို့ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားဆဲဖြစ်တယ် ၊ ရဲစခန်းနဲ့ နစက တပ်တွေရှိတဲ့နေရာမှာတော့ နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်နေတုန်းပဲ ၊ နေအိမ် အဆောက်ဦးနဲ့ ဘာသာရေး အဆောက်ဦးတချို့ ပျက်စီးတယ်…

Read More

ရခိုင်စစ်ရှောင် သုံးသိန်းကျော် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီ လိုအပ်နေ

  ဇန်နဝါရီ ၂၂ – ၂၀၂၄ SN (VOM) လက်ရှိ ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေတာဟာ နှစ်လကျော် ကြာမြင့်လာနေပြီဖြစ်ပြီး လူပေါင်း သိန်းနဲ့ချီ စစ်ဘေးရှောင်နေကြရကာ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ လူမှုကူညီရေး အသင်းတွေနဲ ဒေသခံတွေဆီက သိရပါတယ်။ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ တကျော့ပြန်တိုက်ပွဲတွေကြောင့် မြို့ပေါ်နဲ့ ကျေးရွာတွေကပါမကျန် ပြည်သူ သုံးသိန်းကျော်ဝန်းကျင် စစ်ဘေးရှောင်နေကြရတာဖြစ်ပြီး စားဝတ်နေရေး ကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရသလို ကျန်းမာရေးအတွက် ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။ “အခုက ကုန်းလမ်း၊ ရေလမ်းတွေနဲ့ ကုန်စည်စီးဆင်းမှုတွေကိုလည်း ပိတ်ထားခံရတာဆိုတော့ ရိက္ခာက ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းလည်းမရှိဘူး။ ကိုယ့်ရှိတဲ့ ပိုက်ဆံလေးနဲ့ကလည်း အစစအရာရာ ကုန်ဈေးနှုန်းတွေက ကြီးနေတာဆိုတော့ ရေရှည် အဆင်ပြေအောင် မနည်း ခြိုးခြံချွေတာပြီး စားသောက်နေထိုင်ကြရတာပေါ့။…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၂၂ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၅၅ ကျပ် ဝယ်ဈေး – ၃၄၀၅ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၅ ကျပ် ဝယ်ဈေး – ၂၅၅၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၅၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၇ ကျပ် ဝယ်ဈေး – ၇၃၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၃ ကျပ် ဝယ်ဈေး – ၄၇၃ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၂၂ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၉၅၀၀၀ ကျပ် ဝယ်ဈေး ၃၇၅၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၉၅၀၀၀ ကျပ် ဝယ်ဈေး ၃၅၅၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မော်လမြိုင်မှာ မနေ့ညက ပွဲသွားကြည့်တဲ့ဆိုင်ကယ်တွေ ကားတိုက်ခံရလို့ လူတစ်ဦးသေ ၊ ၁၁ ဦး ဒဏ်ရာရ

  ဇန်နဝါရီ ၊ ၂၂ ၊ ၂၀၂၄ SP ( VOM) မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ၊ ဂွေးကုန်းရပ်ကုန်း စမရ ၇၅ အနီး ကျိုက္ခမီလမ်းမကြီးမှာ မနေ့ ဇန်နဝါရီ ၂၁ ရက် ၊ ည ၉ နာရီဝန်းကျင်က သုံးဘီးဆိုင်ကယ်တွေနဲ့ ဆိုင်ကယ်တွေကို ကားတစီးက ဝင်ရောက်တိုက်မိတာကြောင့် သေဆုံးဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင် ပရဟိတသမား တယောက်က ” မော်လမြိုင်ဘက်ကို ဦးတည်မောင်းလာတဲ့ ပရိုဘောက် ကားတစ်စီးက အရှိန်မထိန်းနိုင်ပဲ သုံးဘီးဆိုင်ကယ် တစီးနဲ့ ဆိုင်ကယ်တစီးကို တိုက်မိတယ် ၊ အဲ့ဒီ တိုက်ခံရတဲ့ ဆိုင်ကယ်တွေပေါ်မှာ ဇာတ်ပွဲသွားကြည့်ဖို့ သွားတဲ့…

Read More

အမေရိကန်မှာ ပြင်းထန်တဲ့ ဆောင်းရာသီမုန်တိုင်းတွေကြောင့် လူ ၉၀ နီးပါး သေဆုံး

  ဝါရှင်တန်၊ ဇန်နဝါရီ-၂၂-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်မှာ ပြင်းထန်တဲ့ဆောင်းရာသီမုန်တိုင်းတွေကြောင့် လူအယောက် ၉၀ နီးပါး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးမှုတွေမှာ တင်နက်ဆီပြည်နယ်မှာ ၂၅ ယောက်၊ အော်ရီဂွန်ပြည်နယ်မှာ ၁၆ ပါဝင်ပြီး သေဆုံးသူအများဆုံးဖြစ်ကာ ကန်တပ်ကီနဲ့ အီလီနွိုက်ပြည်နယ်တို့မှာလည်း ပြင်းထန်တဲ့ ရာသီဥတုအခြေအနေ သတိပေးချက်အောက်မှာ ရှိနေဆဲဖြစ်ပါတယ်။ ဆီယက်တဲလ်မှာ အိမ်ခြေမဲ့ ငါးယောက်သေဆုံးခဲ့ပါတယ်။ နှင်းမုန်တိုင်းတွေတိုက်ခတ်မှုဟာ လာမယ့် ရသတ္တပတ်ထိ ဆက်လက်ဖြစ်ပေါ်နေဖွယ်ရှိတယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေကြောင့် အော်ရီဂွန်မှာ လူတသောင်းနီးပါး၊ မြောက်ကယ်ရိုလိုင်းနားမှာ ၈၀၀၀ ၊ ကယ်လီဖိုးနီးယားမှာ ၇၀၀၀ နဲ့ ကင်တပ်ကီမှာ ၄၃၀၀ နီးပါးအပါအဝင် လူသိန်းချီပြီး လျှပ်စစ်ဓါတ်အား ပြတ်တောက်နေပါတယ်။ မစ္စစ္စပီမှာတော့ ရာသီဥတုကြောင့် လိုအပ်မှသာ ယာဉ်တွေမောင်းနှင်သွားလာဖို့နဲ့ ပြည်နယ်ရဲ့လမ်းတွေမှာ ရေခဲမှုတွေကို သတိထားကြဖို့ အာဏာပိုင်တွေက သတိပေးထားပြီး…

Read More

This Day in History

Voice of Myanmar ဒစ်စကာဗာရီ အာကာသလွန်းပျံယာဉ်ပေါ်တွင် ကျွမ်းကျင်သူတယောက်အဖြစ် ၁၉၉၂ ခုနှစ် ဇန်နဝါရီ ၂၂ ရက်၌ လိုက်ပါတာဝန်ထမ်းဆောင်ခဲ့သည့် ရောဘတ်တာဘွန်ဒါသည် အာကာသသို့ ပထမဆုံးသွားရောက်ခဲ့သည့် ကနေဒါအမျိုးသမီးနှင့် ပထမဆုံး အာရုံကြော ပညာရှင်ဖြစ်လာခဲ့သည်။

Read More
VOM News

FREE
VIEW