မန္တလေးတိုင်းမှာ မနေ့က တရက်တည်း ရွှေဆိုင်ဓားပြမှု နှစ်ကြိမ်ဖြစ်ပွား

ဇန်နဝါရီ ၊ ၂၀ ၊ ၂၀၂၄ SP ( VOM) မန္တလေးတိုင်းမှာ မနေ့ ဇန်နဝါရီ ၁၉ ရက်က တရက်တည်းမှာပဲ ရွှေဆိုင်ဓားပြမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အခြား လူသတ် လုယက်မှုတွေလည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ရွှေလုပ်ငန်းရှင်တယောက်က ” မနေ့ကမနက်ပိုင်းမှာ မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ ၃၉ လမ်း ၈၄ လမ်းနဲ့ ၈၅ လမ်းကြားမှာရှိတဲ့ ‘ဆယ်သန်း’ရွှေဆိုင်မှာ ရွှေထည်နဲ့ ငွေသား သိန်း (၆၀၀၀) ကျော် ဓားပြတိုက်ခံရတယ် ၊ နောက်ပြီး မနေ့ညပိုင်းက မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ် ၊ နွားထိုးကြီး – ပြင်စည်လမ်းပေါ်မှာ ရှိတဲ့ သဇင်ရွာက “ရွှေလွန်းနဒီ” ရွှေဆိုင်ပိုင်ရှင် ဦးမြင့်နဲ့ ဒေါ်သင်းနွယ်တို့…

Read More

ကောလင်းမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ရွှေဘို – မြစ်ကြီးနား ကားလမ်းပိုင်း ပိတ်ထားပြန်

  ဇန်နဝါရီ ၊ ၂၀ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ကောလင်းမြို့နယ် ၊ ကျောက်တန်းကျေးရွာနားမှာ ဒီကနေ့ မနက်ပိုင်းကစလို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ရွှေဘို – မြစ်ကြီးနား ကားလမ်းပိုင်းကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ယာယီ ပိတ်ထားလိုက်တယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” ရွှေဘို – မြစ်ကြီးနား ကားလမ်းပိုင်းမှာ ၊ ရွှေဘိုကနေ အင်းတော်မြို့အထိ ကြားမှာ ၊ မိုင် နှစ်ရာကျော်လောက်အထိ လမ်းမှာ ဘယ်မြို့မှ မရှိဘူး ၊ ရွှေဘိုမြို့ကနေ မိုင် ၁၂၅ လောက်မှာ ကောလင်းမြို့ဆီ လမ်းခွဲတခုရှိတယ် ၊ အဲ့ဒီနေရာက ကားတွေရပ်နားရာ နေရာဖြစ်တယ် ၊ အဲ့ဒီနေရာကို ကျောက်တန်းရွာ လမ်းခွဲလို့လည်း ခေါ်တယ်…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၂၀ ရက်၊ ညနေ ၄ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၉၈၀၀၀ ကျပ် ဝယ်ဈေး ၃၇၅၈၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၉၈၀၀၀ ကျပ် ဝယ်ဈေး ၃၅၅၈၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

“ခိုကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ကာကွယ်ဖို့ ခိုစာကျွေးခြင်း ရပ်တန့်ပါ

    သွေး (စစ်ကိုင်း)   ရန်ကုန်မြို့လယ်ကောင်လို နေရာတွေမှာ ခိုစာရောင်းသူတွေ, ခိုစာကျွေးသူတွေကို တွေ့မြင်နေရပါတယ်။ လူအများစုက အဲဒီလို ခိုစာကျွေးတာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို မသိကြဘဲ အစဉ်အလာတစ်ခုကို ကျင့်သုံးနေသလို ဖြစ်နေပါတယ်။ တကယ်တမ်းမှာ ခိုတွေက လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ရောဂါပိုးမွှား အများအပြားကို သယ်ဆောင်ထားတယ် ဆိုတာ မမေ့သင့်ပါဘူး။   မြို့ပြအင်္ဂါရပ်နဲ့အညီ သန့်ရှင်းလှပနေရမယ့် နေရာတွေမှာ ခိုချေးတွေပြန့်ကြဲ ညစ်ပေနေတာ, အနီးဝန်းကျင်အတွက် အနံ့အသက် မကောင်းတာက တော်တော်လေး မသင့်လျော်ဘူး လို့ ဆိုရမှာပါ။ ရန်ကုန်မြို့ပြ အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဝန်ကြီးများရုံးရှေ့ ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့် ပလက်ဖောင်းမှာ ခိုစာရောင်းသူ, ခိုစာကျွေးသူတွေကို နေ့စဉ်တွေ့ရပါတယ်။ ခိုတွေက အုပ်လိုက်လာရောက် စားသောက်ကြလို့ သူတို့ တောင်ပံခတ်လိုက်တိုင်း အနီးပတ်ဝန်းကျင်ဆီ အမှုန်အမွှားတွေ ပျံ့လွင့်နေပါတယ်။…

Read More

ေတာင်ကိုရီးယားကားကြည့်မိတဲ့ မြောက်ကိုရီးယားလူငယ်နှစ်ယောက် ထောင် ၁၂ နှစ်ကျ

  ပြုံးယမ်း၊ ဇန်နဝါရီက-၂၀-၂၀၂၄ မျိုးဆက်(VOM) မြောက်ကိုရီးယား အာဏာပိုင်တွေဟာ တောင်ကိုရီးယားဇာတ်လမ်းတွေကြည့်ခဲ့တဲ့ ဆယ်ကျော်သက် လူငယ်နှစ်ယောက်ကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၂ ခုနှစ်အတွင်းက ရိုက်ယူထားတဲ့ ရုပ်သံမှတ်တမ်းမှာတော့ ကျောင်းသားတွေရာချီရှိနေတဲ့ ပြင်ပအားကစားကွင်းတခုမှာ လက်ထိပ်ခတ်ထားတဲ့အသက် ၁၆ နှစ်အရွယ် ယောက်ကျားလေးနှစ်ယောက်ကို ပြသထားပါတယ်။ သူတို့အမှားကို လေးလေးနက်နက် မတွေးတောဘဲ လုပ်ခဲ့တဲ့ကိစ္စအပေါ် မြောက်ကိုရီးယား ယူနီဖောင်းဝတ်အရာရှိတွေက ပြစ်တင်ပြောဆို နေတာကိုလည်း ရုပ်သံမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒီရုပ်သံမှတ်တမ်းကို မြောက်ကိုရီးယားက ဘက်ပြောင်းခိုလှုံလာသူတွေကို ကူညီပေးနေတဲ့ South and North Development (Sand) အဖွဲ့က ရရှိခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားရဲ့ ဖျော်ဖြေရေးတွေကို မကြာဖို့ မြောက်ကိုရီးယားမှာ တင်းတင်းကြပ်ကြပ် ပိတ်ပင်ထားပါတယ်။ ဒါပေမယ့် အချို့သော လူငယ်တွေဟာ ကမ္ဘာလုံးဆိုင်ရာ ပရိတ်သတ်တွေ အခိုင်အမာရရှိထားတဲ့ ကိုရီးယားဇာတ်လမ်းနဲ့ ဖျော်ဖြေရေးတွေကို ကြည့်ရှုဖို့အတွက်…

Read More

မိုးမိတ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး မြို့မဈေးကြီး မီးလောင်

ဇန်နဝါရီ ၊ ၂၀ ၊ ၂၀၂၄ SP ( VOM) ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ကချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ မိုးမိတ်ခရိုင် ၊ မိုးမိတ်မြို့မှာ ဒီကနေ့မနက်ထိ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး မနေ့ညက မြို့မဈေးကြီး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး မိုးမိတ်မြို့ခံတယောက်က ” ပစ်ခတ်မှုတွေက ဆက်လက်ရှိနေတုန်းပဲ ၊ မြို့မရဲစခန်းဘက်မှာတော့ ပြင်းထန်နေတယ် ၊ ညက မြို့မဈေးကြီး မီးလောင်ပျက်စီးတယ် ၊ ဆိုင်ခန်းတွေ အားလုံးနဲ့ ကုန်ပစ္စည်းတွေ အားလုံး ပျက်စီးသွားတယ် ၊ ဆုံးရှုံးမှုတန်ဖိုး သိန်းထောင်ချီရှိနိုင်တယ် ၊ သက်ဆိုင်ရာက ပျက်စီးဆုံးရှုံးမှုတန်ဖိုး အခုထိ ထွက်ပေါ်လာတာ မရှိသေးဘူး ၊ မိုးမိတ်မှာက အရပ်ဘက်ရုံးဌာနတွေ အကုန်လုံးနီးပါးက ပိတ်ထားရတယ် ၊ အဲ့ဒီ…

Read More

မျှော်လင့်စရာမရှိသေးတဲ့ မြန်မာ့ခရီးသွားကဏ္ဍ

၂၀-၁-၂၀၂၄ SN (VOM) မြန်မာနိုင်ငံရဲ့ ခရီးသွားကဏ္ဍမှာ ပြည်ပခရီးသွား ဝင်ရောက်မှုဟာ ၂၀၀၃ ခုနှစ်မှ စတင်ကာ ၂၀၀၆ ခုနှစ်အထိ အားကောင်းခဲ့ပါတယ်။ ၂၀၀၇ မှ ၂၀၁၁ ခုနှစ်အတွင်းမှာတော့ ခရီးသွားကဏ္ဍ တိုးတက်မှုနှုန်း ပြန်ကျသွားခဲ့ပေမယ့် ၂၀၁၂ ခုနှစ်မှစတင်ကာ ၂၀၁၉ ခုနှစ်အထိ ပြန်လည်ပြီး အားအလွန်ကောင်းခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် တနှစ်တည်းမှာတင် ပြည်ပခရီးသွား ဝင်ရောက်မှု ၄ ဒသမ ၄ သန်းလောက်အထိ ရှိခဲ့တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်နဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် လက်ရှိအချိန်အထိ မြန်မာ့ခရီးသွားကဏ္ဍရဲ့ ပြည်ပခရီးသွား ဝင်ရောက်မှုအခြေအနေဟာ ဆက်လက် ကျဆင်းနေဆဲ ဖြစ်ပါတယ်။ ပြည်ပခရီးသွားနဲ့ ပြည်တွင်းခရီးသွားကဏ္ဍဆိုပြီး နှစ်မျိုး ရှိတဲ့အထဲကမှ ပြည်ပ ခရီးသွားကဏ္ဍကတော့ ကိုဗစ်-၁၉ ကာလ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၂၀ ရက်) Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၄၅၅ ကျပ် ဝယ်ဈေး – ၃၄၀၅ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၅ ကျပ် ဝယ်ဈေး – ၂၅၅၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၂၆ ကျပ် ဝယ်ဈေး – ၃၇၅၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၅၀ ကျပ် ဝယ်ဈေး – ၉၇.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၇ ကျပ် ဝယ်ဈေး – ၇၃၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၈၃ ကျပ် ဝယ်ဈေး –…

Read More

ပြည်တွင်းရွှေစျေး ၃၈ သိန်းဝန်းကျင်ထိ မြင့်တက်လာ

ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၂၀ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၉၂၀၀၀ ကျပ် ဝယ်ဈေး ၃၇၅၂၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၉၂၀၀၀ ကျပ် ဝယ်ဈေး ၃၅၅၂၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မိုးရေးမြို့မှာ အိန္ဒိယ စစ်တပ်နဲ့ ကူကီး လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်လို့ တမူး – မိုးရေး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပိတ်

ဇန်နဝါရီ ၊ ၂၀ ၊ ၂၀၂၄ SP (VOM) မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေတည်ရှိရာ အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ တင်နိုပယ်ခရိုင် ၊ မိုးရေးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက် မနက်အစောပိုင်းကစလို့ ဒီကနေ့အထိ ဒေသတွင်း လက်နက်ကိုင် ကူကီးအဖွဲ့တွေနဲ့ အိန္ဒိယ စစ်တပ်အကြား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် တမူး – မိုးရေး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပိတ်ထားရတယ်လို့ နယ်စပ်ကုန်သည်ကြီးတွေဆီက သိရပါတယ်။ အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး မိုးရေးမြို့ခံ နယ်စပ်ကုန်သည် ဦးဂျမားက ” မြန်မာ နယ်စပ်က မိုးရေးမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ် ၊ နှစ်ဘက်ထိခိုက် သေဆုံးမှုတွေရှိတယ် ၊ မနေ့ကတိုက်ပွဲမှာ အသက် ၃၅-နှစ်နဲ့ ၃၈-နှစ်အရွယ် ကျဆုံး…

Read More
VOM News

FREE
VIEW