ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၂၆ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၁၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၄၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၀၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၄၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၀၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါတို့ ထိပ်သီးဆွေးနွေးမယ်

ဝါရှင်တန်၊ ဇန်နဝါရီ-၂၆-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါတို့ဟာ လာမယ့်ဧပြီလအတွင်း ဝါရှင်တန်မှာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ ဒါဟာ သမ္မတ အိုဘားမားလက်ထက် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနဲ့ ထိပ်သီးဆွေးနွေးပွဲကျင်းပခဲ့တဲ့ ၂၀၁၅ ခုနှစ်နောက်ပိုင်း ဂျပန်ဝန်ကြီးချုပ်တယောက်ရဲ့ ပထမဆုံးသော အမေရိကန်တရားဝင်ခရီးစဉ်ဖြစ်ပါတယ်။ ဂျပန်ဟာ အမေရိကန်နဲ့ အနီးကပ်ဆုံးမဟာမိတ်ဖြစ်ပြီး အင်ဒို-ပစိဖိတ်ဒေသမှာ နှစ်နိုင်ငံမဟာမိတ်ဖွဲ့မှုဟာ အလွန်အရေးကြီးကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ပြောပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် အင်ဒို-ပစိဖိတ်ဒေသမှာ ခြိမ်းခြောက်မှုနဲ့ စိန်ခေါ်မှုတွေကို ဖြတ်ကျော်ကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ရေးအပါအဝင် အခြားသော ကိစ္စရပ်များကို ဆွေးနွေးသွားဖွယ်ရှိတယ်လို့ ဂျွန်ခရီဘီက ဆိုပါတယ်။ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါကို အမေရိကန်သို့ နိုင်ငံတော်ခရီးစဉ်လာရောက်ရန် သမ္မတဂျိုးဘိုင်ဒင်က နိုဝင်ဘာလအတွင်းက ဖိတ်ကြားခဲ့ပါတယ်။။ ဂျပန်ဝန်ကြီးချုပ်ရဲ့ အမေရိကန်ခရီးစဉ်ဟာ နှစ်နိုင်ငံအကြား မဟာမိတ်ဆက်ဆံရေးခိုင်မာမှုကို မီးမောင်းထိုးပြခြင်းဖြစ်ကြောင်း အကဲခတ်တွေက…

Read More

This Day in History

Voice of Myanamr အိန္ဒိယနိုင်ငံ ဂူဂျာရက်ပြည်နယ် ဘုဂျ်မြို့အနီးတွင် ၂၀၀၁ ခုနှစ် ဇန်နဝါရီ ၂၆ ရက်က ဖြစ်ပွားခဲ့သော အင်အားပြင်း မြေငလျင်လှုပ်ခတ်မှုကြောင့် လူနှစ်သောင်းကျော်သေဆုံးပြီး ပျက်စီးမှုများ ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့သည်။

Read More

ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ် အများစုမှာ အခုရက်ပိုင်း မိုးရွာမယ်

  ဇန်နဝါရီ ၂၅ – ၂၀၂၄ SN (VOM) ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ် အများစုမှာ အခုရက်ပိုင်းအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ “ရန်ကုန်ကတော့ ရွာနိုင်ခြေနည်းတယ်ပေါ့။ တိမ်ဖြစ်ထွန်းတာတွေဘာတွေတော့ ရှိနေတာပေါ့လေ။ ရန်ကုန်က ရွာလည်း တခြားဒေသတွေလောက်တော့ ရာခိုင်နှုန်း သိပ်မများဘူးပေါ့။ မိုးရွာနိုင်တဲ့နေရာတွေကတော့ လေနွေးထုနဲ့ လေအေးထု တွေ့ဆုံမှုအားကောင်းတဲ့ နေရာတွေမှာ မိုးရွာတာပေါ့။ မြန်မာနိုင်ငံ (အထက်ပိုင်း) ကျတဲ့နေရာတွေဖြစ်တဲ့ ချင်း၊ မန္တလေး၊ စစ်ကိုင်း၊ ကချင်၊ ရှမ်းပြည်နယ် အဲ့ဒီ့နေရာတွေ မိုးရွာနိုင်သလို မြန်မာနိုင်ငံ (တောင်ပိုင်း) မွန်၊ ကရင်၊ တနင်္သာရီပေါ့နော်။ အဲ့ဒီ့နေရာတွေမှာလည်း မိုးရွာနိုင်တယ်” လို့ ဦးလှထွန်းက ပြောပါတယ်။ အရင်နှစ်တွေကလည်း အခုလို ဆောင်းရာသီကာလမျိုးမှာ မိုးရွာသွန်းလေ့ရှိပြီး အဲ့ဒီ့လို မိုးရွာသွန်းမှု ဖြစ်ပေါ်တာဟာ…

Read More

ရေးမြို့နယ်မှာ မွန်ငြိမ်းချမ်းရေး အဖွဲ့က တပ်ဖွဲ့ဝင် သုံးဦး ပစ်သတ်ခံရ

ဇန်နဝါရီ ၊ ၂၅ ၊ ၂၀၂၄ SP ( VOM) မွန်ပြည်နယ် ၊ ရေးမြို့နယ် ၊ စုံနံ့သာကျေးရွာ ၊ ဘောလုံကွင်းနားမှာ မနေ့ ဇန်နဝါရီ ၂၄ ရက် မနက်ပိုင်းက မွန်ငြိမ်းချမ်းရေးတပ်ဖွဲ့က လူ သုံးယောက်ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ဒေသခံတယောက် က ” ခံသင်းတံတားမှာ အခြေပြုနေထိုင်တဲ့ မွန်ငြိမ်းချမ်းရေးအဖွဲ့က နိုင်စိုးသူ၊ နိုင်ရမ်ဘိုနဲ့ ဖြိုးရာဇာ ဆိုသူ သုံးယောက် ပစ်သတ်ခံရတာဖြစ်တယ် ၊ သူတို့ သုံးယောက်ဟာ စျေးဝယ်ဖို့ ထွက်လာတဲ့အချိန် ဘောလုံးကွင်းနားမှာ ပစ်သတ်ခံရတယ် ၊ နောက်ပြီး သူတို့ရဲ့ လက်နက်ခဲယမ်းတွေပါသွားတယ် ” လို့ ပြောပါတယ်။ ဒါ့အပြင် မော်လမြိုင် အခြေစိုက် မွန်နိုင်ငံရေး အသိုင်းအဝိုင်းက…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၂၅ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၁၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို လေလံတင်ရောင်းချဖို့ တရားရုံးဆုံးဖြတ်

  ဇန်နဝါရီ ၂၅ – ၂၀၂၄ SN (VOM) ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံအမှတ် (၅၄) ကို လေလံတင် ထုခွဲရောင်းချဖို့ ရန်ကုန်မြို့၊ ကမာရွတ်ခရိုင်တရားရုံးက ဒီကနေ့ ဇန်နဝါရီ ၂၅ ရက်မှာ အမိန့်ချလိုက်တယ်လို့ အဲ့ဒီ့တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။ နေအိမ်လေလံတန်ဖိုးအနေနဲ့ ကျပ်သိန်းပေါင်း သုံးသန်း တသိန်းငါးသောင်း (အမေရိကန်ဒေါ်လာ သန်း ၉၀ ခန့်) နဲ့ စတင်မှာဖြစ်ပြီး အခု ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်မှာ လေလံဖွင့်မှာဖြစ်တယ်လို့ သိရပါတယ်။ “ဟုတ်ပါတယ်။ လေလံတင်ပွဲကိုလည်း အဲ့ဒီ့နေအိမ်ရှေ့မှာပဲ လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အခုလို အမိန့်ချလိုက်တာနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဘာဆက်လုပ်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး” လို့ တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄/၅၆) နေအိမ်ဟာ…

Read More

ဆော်ဒီအာရေဗျမှာ ပထမဆုံး အရက်ဆိုင်ဖွင့်ဖို့ စီစဉ်နေ

  ရီယတ်၊ ဇန်နဝါရီ-၂၅-၂၀၂၄ မျိုးဆက်(VOM) ဆော်ဒီအာရေဗျဟာ မွတ်ဆလင်မဟုတ်တဲ့ သံတမန်တွေကိုပဲ သီးသန့်ရောင်းချမယ့် ပထမဆုံးအရက်ဆိုင်ကို မြို့တော် ရီယတ်မှာ ဖွင့်လှစ်ဖို့ ပြင်ဆင်နေကြောင်း ဒီကိစ္စနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ဝယ်ယူသူတွေဟာ မိုဘိုင်းအက်ပလီကေးရှင်းကနေ မှတ်ပုံတင်ဖို့၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုချက် ကုဒ်ရယူဖို့နဲ့ ဝယ်ယူနိုင်မယ့် လစဉ်အရက်ခွဲတမ်းနဲ့ပတ်သက်ပြီး လေးစားလိုက်နာရမယ်လို့ ရိုက်တာက ရရှိထားတဲ့ စာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်ဦးဆောင်တဲ့ နိုင်ငံပြုပြင်ပြောင်းလဲရေးကြိုးပမ်းမှုမှာ ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးကို ဖွင့်ပေးဖို့ ကြိုးပမ်းမှုမှာ ဒါဟာ သမိုင်းမှတ်တိုင်တခုလည်းဖြစ်ပါတယ်။ ဒါဟာ ဆော်ဒီအာရေဗျမှာ ရေနံအလွန်စီးပွားရေးကို တည်ဆောက်ဖို့ Vision 2030 လို့လူသိများတဲ့ ပိုမိုကျယ်ပြန့်တဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်းလည်းဖြစ်ပါတယ်။ ယခင်ကတော့ အရက်ကို သံတမန်လမ်းကြောင်း သို့မဟုတ် မှောင်ခိုဈေးကွက်မှာသာရရှိပါတယ်။ အရက်ရောင်းမယ့် စတိုးဆိုင်ကို သံရုံးတွေနဲ့ သံတမန်တွေနေထိုင်ရာ ရီယတ်ရှိ သံတမန်ရပ်ကွက်မှာ တည်ရှိပြီး…

Read More

ရှေ့သို့ပါတီအကြီးအကဲ ပီတာ ရွေးကောက်ပွဲဥပဒေ မချိုးဖောက်ကြောင်း ထိုင်းတရားရုံး ဆုံးဖြတ်

ဘန်ကောက်၊ ဇန်နဝါရီ-၂၅-၂၀၂၄ မျိုးဆက်(VOM) ထိုင်းနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး နိုင်ငံရေးသမားအဖြစ် သတ်မှတ်ခံထားရတဲ့ ရွေးကောက်ပွဲအနိုင်ရ ရှေ့သို့ပါတီအကြီးအကဲ ပီတာလင်ဂျာရိုရက်ဟာ ရွေးကောက်ပွဲဥပဒေချိုးဖောက်ခြင်းမရှိကြောင်း တရားရုံးကဆုံးဖြတ်ပြီးနောက် လွှတ်တော်အမတ်အဖြစ် ပြန်လည်ခန့်အပ်ခံရတော့မှာဖြစ်ပါတယ်။ ဟာဗတ်တက္ကသိုလ်ကျောင်းဆင်းဖြစ်သူ ပီတာနဲ့ သူရဲ့ ရှေ့သို့ပါတီဟာ ယမန်နှစ်ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အကြီးအကျယ်အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ရွေးကောက်ပွဲဥပဒေချိုးဖောက်ခဲ့တယ်ဆိုကာ တရားစွဲဆိုခံရပြီးနောက် လွှတ်တော်အမတ်ဖြစ်ခွင့်ပါ ပိတ်ပင်ခံခဲ့ရပါတယ်။ ထိုင်းဘုရင်စနစ်ကို ဝေဖန်စော်ကားပါက အရေးယူနိုင်တဲ့ဥပဒေကို ဖျက်သိမ်းခြင်းအပါအဝင် စစ်တပ်ရဲ့ သြဇာလွှမ်းမိုးမှုကို ကိုင်တွယ်ဖို့ ကတိပေးထားတဲ့ လူငယ်ခေါင်းဆောင်တယောက်ဖြစ်သူ ပီတာကို ခြိမ်းခြောက်သူအဖြစ်သတ်မှတ်ကာ စစ်တပ်နဲ့ဆက်နွယ်တဲ့ ပါတီတွေက ကန့်ကွက်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲပြီးနောက် ညွှန့်ပေါင်းအစိုးရဖွဲ့ဖို့ စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်နေစဉ်မှာ တရားရုံးနှစ်ခုက သူ့ကို တရားစွဲဆိုခဲ့ပါတယ်။ ထိုင်းတရားရုံးဟာ သူ့အပေါ်ဆိုးစွဲထားတဲ့ ပထမအမှုအတွက် လက်ရှိမှာ တရားသေလွှတ်ပေးခဲ့ပေမယ့် လာမယ့် သီတင်းပတ်မှာ ပါတီအပေါ်စွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်ပြီး ပိုမိုပြင်းထန်တဲ့ တရားရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့…

Read More

စစ်ကိုင်းမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း ပစ်သတ်ဖမ်းဆီးခံရတဲ့သူ ၁၀ ယောက်ဝန်းကျင်ရှိ

  ဇန်နဝါရီ ၊ ၂၅ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း ပစ်သတ်ဖမ်းဆီးခံရလို့ သေဆုံးသူ အနည်းဆုံး ၁၀ ယောက်ဝန်းကျင်ရှိတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံ ပရဟိတသမားတယောက် က ” မနေ့ ဇန်နဝါရီ ၂၄ ရက် ၊ မနက်ပိုင်း ၁၁ နာရီဝန်းကျင်က လယ်ကြီးကျေးရွာနဲ့ ရွာမကျေးရွာနားမှာ လူငယ် လေးယောက် ပစ်သတ်ဖမ်းဆီးခံရတယ် ၊ အဲ့ဒီအပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက် မနက်ပိုင်းကလည်း ထန်းတောကျေးရွာဘက်မှာ ကားတစီးနဲ့ လူငယ် လေးယောက် ပစ်သတ်ဖမ်းဆီးခံရတယ် ၊ ဒီကြားထဲ ပစ်သတ်ဖမ်းဆီးခံရလို့ အနည်ဆုံး လူ လေးငါးယောက်လောက်ရှိတယ် ” လို့…

Read More
VOM News

FREE
VIEW