ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇန်နဝါရီ- ၂၅ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၂၅ ကျပ် ဝယ်ဈေး – ၃၄၇၅ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၄၀ ကျပ် ဝယ်ဈေး – ၂၅၉၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၄၆ ကျပ် ဝယ်ဈေး – ၃၇၆၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၀၀ ကျပ် ဝယ်ဈေး – ၉၈.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၂ ကျပ် ဝယ်ဈေး – ၄၈၂ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ- ၂၅ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၁၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၄၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၀၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၄၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၀၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ငါန်းဇွန်မြို့နယ် မင်းနေကုန်းရဲကင်းစခန်းက ရဲတပ်ဖွဲ့ဝင် သုံးဦးနဲ့ အရပ်သား တစ်ဦး ပစ်သတ်ခံရ

ဇန်နဝါရီ ၊ ၂၅ ၊ ၂၀၂၄ SP ( VOM) မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ ငါန်းဇွန်မြို့နယ် ၊ မင်းနေကုန်း ရဲကင်းစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲသုံးယောက်ဟာ မနေ့ ဇန်နဝါရီ ၂၄ ရက် ၊ နေ့လယ်ပိုင်းက စျေးဝယ်သွားရင်း လမ်းမှာ ပစ်သတ်ခံလိုက်ရတယ်လို့ ငါန်းဇွန်ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဒေသခံတယောက်က ” မြင်းခြံမြို့နယ် ၊ သက္ကယ်ကျင်းကျေးရွာအဝင် ၊ မြို့သာ – နဘူးအိုင် – မြင်းခြံ ကားလမ်းပေါ်မှာ ပစ်သတ်ခံရတာဖြစ်တယ် ၊ နေ့လယ် ၁ နာရီ ဝန်းကျင်ဖြစ်တယ် ၊ နဘူးအိုင်ရွာကို ဆိုင်ကယ်နဲ့ လက်နက်မဲ့ စျေးဝယ်လာတယ်လို့ ကနဦးသိရတယ် ၊ အဲ့ဒီ ပစ်သတ်ခံရတဲ့အထဲမှာ ရဲသုံးယောက်နဲ့…

Read More

တရုတ်အလယ်ပိုင်းမှာ မီးလောင်မှုကြောင့် လူ ၃၉ ယောက်သေဆုံး

  ပေကျင်း၊ ဇန်နဝါရီ-၂၅-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံ အလယ်ပိုင်း ယန်ရှီပြည်နယ်မှာ ဈေးဆိုင်တဆိုင်မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် လူ ၃၉ ယောက်သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ မီးလောင်မှုဟာ ဇန်နဝါရီ ၂၄ ရက်က ရှင်ယူမြို့ရှိ ဈေးဆိုင်တဆိုင်ရဲ့ မြေအောက်ထပ် မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ဒါဇင်နဲ့ချီတဲ့ ကယ်ဆယ်ရေးသမားတွေ စေလွှတ်ဖြန့်ကြက်ခဲ့ရပါတယ်။ မီးလောင်မှုကြောင့် လူအများအပြားဒဏ်ရာရရှိခဲ့ပြီး မီးလောင်ရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့နဲ့ နိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ လူအသေအပျောက်များတဲ့ မတော်တဆမှုတွေနဲ့ပတ်သက်ပြီး တားဆီးနိုင်ရေးအတွက် သမ္မတရှီကျင်းပင်က တာဝန်ရှိသူတွေကို ညွှန်ကြားထားပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး ဆိုင်ဝန်ထမ်းခုနှစ်ယောက်ကို ရဲတပ်ဖွဲ့က နောက်ပိုင်းမှာ ဖမ်းဆီးခဲ့ပါတယ်။ မကြာသေးမီရက်ပိုင်းအတွင်းကလည်း ဟီနန်ပြည်နယ်ရှိ စာသင်ကျောင်းတကျောင်းရဲ့ အဆောင်မှာ မီးလောင်မှုကြောင့် ကလေးငယ် ၁၃ ယောက်သေဆုံးခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ အဆောက်အအုံတည်ဆောက်မှုနဲ့ ဘေးကင်းရေးအစီအမံတွေ လျော့ရဲမှုကြောင့် လူသေဆုံးစေတဲ့ မီးလောင်မှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။ ဧပြီလအတွင်းကလည်း ပေကျင်းရှိ ဆေးရုံမီးလောင်မှုကြောင့် လူ…

Read More

ထိတွေ့တိုက်ပွဲတွေ အရှိန်မြင့်လာတာကြောင့် ဆီဆိုင်ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်

  ဇန်နဝါရီ ၊ ၂၅ ၊ ၂၀၂၄ SP (VOM) ရှမ်းပြည်နယ် တောင်ပိုင်း ၊ တောင်ကြီးခရိုင် ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဆီဆိုင်မြို့မှာ ထိတွေ့တိုက်ပွဲတွေ အရှိန်မြင့်လာတာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ဆီဆိုင်မြို့ခံတယောက်က ” မနေ့က မနက်ပိုင်းက နောင်ထော်ကျေးရွာနားမှာ ထိတွေ့တိုက်ပွဲတွေဖြစ်တယ် ၊ ကြားရတာက နစက လုံခြုံရေးတပ်စခန်း အပါအဝင် PNO ပြည်သူ့စစ် စခန်းတွေနဲ့ PNLA တိုက်ကြတာလို့ သိရတယ် ၊ နေ့လယ်ပိုင်းမှာ ဆီဆိုင် မြို့မစျေးနားမှာ မိနစ်ပိုင်းလောက် ထိတွေ့မှု ထပ်ဖြစ်တယ် ၊ ဆီဆိုင်မြို့ကို တက်သိမ်းမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးကြတာဖြစ်တယ် ၊ မြို့ပေါ်လူနေရပ်ကွက်တွေမှာ လူမရှိတော့ဘူး…

Read More

This Day in History

Voice of Myanmar ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်၏ချုပ်ကိုင်လွှမ်းမိုးခံထားရသော ထိုင်းနိုင်ငံသည် အမေရိကန်၊ ဗြိတိန်နှင့် မဟာမိတ်များကို ၁၉၄၂ ဇန်နဝါရီ ၂၅ ရက်တွင် စစ်ကြေညာခဲ့သည်။

Read More

ရုရှားစစ်လေယာဉ်တစင်း ယူကရိန်းနယ်စပ်မှာ ပျက်ကျ၊ လိုက်ပါသူ ၇၀ ကျော်သေဆုံး

  မော်စကို၊ ဇန်နဝါရီ-၂၄-၂၀၂၄ မျိုးဆက်(VOM) ရရှားစစ်လေယာဉ်တစင်းဟာ ယူကရိန်းနယ်စပ်အနီး ဘယ်လ်ဂိုရော့မှာ ပျက်ကျခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဒီနေ့ ဇန်နဝါရီ ၂၄ ရက်မှာ အတည်ပြုထုတ်ပြန်ပါတယ်။ လေယာဉ်ပေါ်မှာတော့ ဖမ်းမိထားတဲ့ ယူကရိန်းစစ်သုံ့ပန်း ၆၅ ယောက်ကို အကျဉ်းသားချင်းလဲလှယ်ဖို့ဖြစ်ပြီး လေယာဉ်အမှုထမ်း ခြောက်ယောက်နဲ့ အစောင့်သုံးယောက်တို့လည်း ပါဝင်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ လေယာဉ်ပျက်ကျမှုအတွင်း လိုက်ပါသူအားလုံး အသက်ရှင်သူမရှိကြောင်း ဒေသန္တရတာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိချိန်ထိ လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းနဲ့ လိုက်ပါသူတွေအကြောင်း ဘီဘီစီက အတည်ပြုလို့မရသေးပါဘူး။ စစ်လေယာဉ်ဟာ ဘယ်လ်ဂိုရော့ရဲ့ အရှေ့မြောက်ဘက် ၄၄ မိုင်အကွာ ယက်ဘ်လိုနိုဗိုရွာအနီးမှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။ လေယာဉ်ကို ယူကရိန်းက ပစ်ချခဲ့တယ်လို့ စွပ်စွဲထားပေမယ့် သက်သေအထောက်အထားတွေ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ လေယာဉ်ဟာ မော်စကိုမြို့အနီးရှိ ချာကာလော့စကီး လေတပ်စခန်းကနေ ဘယ်လ်ဂိုရော့ကို ပျံသန်းစဉ် ပျက်ကျခဲ့တာလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။…

Read More

ယနေ့ ရွှေဈေး (ဇန်နဝါရီ – ၂၄ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၈၁၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၁၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ပြည်တွင်းရွှေဈေး ကျပ် ၃၈ သိန်းကျော် ရောက်ရှိလာ

  ဇန်နဝါရီ ၂၄ – ၂၀၂၄ SN (VOM) ပြည်တွင်း အခေါက်ရွှေဈေးနှုန်းဟာ မနေ့ ဇန်နဝါရီ ၂၃ ရက်၊ နေ့လယ်ပိုင်းကစပြီး ၃၈ သိန်းကျော်ကို ရောက်ရှိလာတယ်လို့ ရွှေလုပ်ငန်းတွေဆီကက သိရပါတယ်။ ပြည်တွင်း ရွှေဈေးဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာနဲ့ နိုဝင်ဘာလပိုင်းလောက်က ၃၄ သိန်း၊ ၃၅ သိန်း ဝန်းကျင်မှာ အချိန်အတော်ကြာ ငြိမ်သက်နေခဲ့ရာက တဖြည်းဖြည်းချင်း ဈေးပြန်လည် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ “ဒေါ်လာဈေးတွေ တက်တယ်၊ ကမ္ဘာ့ရွှေဈေးကလည်း မကျဘူးပေါ့လေ။ အဲ့ဒါကြောင့် ရွှေဈေးက တက်လာတာပါ။ တက်သွားတာက မနေ့ကမှ တက်သွားတာပေါ့နော်။ ဖြည်းဖြည်းချင်း တက်လာပြီးတော့ ၃၈ သိန်း ကျော်သွားတယ်။ အဲ့လိုပဲ ဒေါ်လာဈေးကလည်း ဖြည်းဖြည်းချင်း တက်လာတယ်။ ရွှေဈေးက ဆက်တက်မလား၊ ပြန်ကျမလား ဆိုတာကတော့…

Read More

နေတိုးအဖွဲ့ထဲ ဆွီဒင်ဝင်ရောက်ရေး တူရကီ သဘောတူ

အန်ကာရာ၊ ဇန်နဝါရီ-၂၄-၂၀၂၄ မျိုးဆက်(VOM) နေတိုးအဖွဲ့ထဲကို ဆွီဒင်နိုင်ငံ ဝင်ရောက်ရေးနဲ့ပတ်သက်ပြီး တူရကီလွှတ်တော်က သဘောတူအတည်ပြုလိုက်ပြီး ဒီဆုံးဖြတ်ချက်ကြောင့် ဆွီဒင်အနေနဲ့ နေတိုးအဖွဲ့ထဲကို ဝင်ရောက်ရေး ပိုမိုနီးစပ်လာပြီဖြစ်ပါတယ်။ ဆွီဒင်နေတိုးအဖွဲ့ကို ဝင်ရောက်မှုဟာ တူရကီရဲ့အကျိုးစီးပွားနဲ့ ကိုက်ညီကြောင်း အာဏာရပါတီ လွှတ်တော်အမတ်တွေက ပြောဆိုထားပြီး တူရကီရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ဆွီဒင်ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။ ဆွီဒင်အနေနဲ့ နေတိုးအဖွဲ့ဝင် အပြည့်အဝဖြစ်လာရေး ခြေတလှမ်း ပိုမိုနီးစပ်လာပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက် ဖင်လန်နဲ့အိမ်နီးချင်း ဆွီဒင်တို့ဟာ နေတိုးအဖွဲ့ထဲဝင်ရောက်ဖို့ ၂၀၂၂ ခုနှစ် မေလမှာ အတူတကွလျှောက်ထားခဲ့ပါတယ်။ ရုရှားနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ဖင်လန်နိုင်ငံဟာ ယမန်နှစ်ဧပြီလမှာ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပေမယ့် ဆွီဒင်ရဲ့ လျှောက်ထားမှုကိုမူ ဟန်ဂေရီနဲ့ တူရကီတို့က ကန့်ကွက်ခဲ့ကြပါတယ်။ ဆွီဒင်ဟာ ကာ့ဒ်စစ်သွေးကြွတွေနဲ့ အခြားလက်နက်ကိုင်တွေကို နိုင်ငံမှာ လက်ခံထားခြင်းအတွက် တူရကီက ဝေဖန်မှုများပြုလုပ်ခဲ့ပြီး လက်ရှိမှာတော့ ဆွီဒင်၏ လျှောက်ထားမှုကို…

Read More
VOM News

FREE
VIEW