အလယ်ကျောရိုးက ကာလနဂါးကြီး နိုးထခြင်း (၄)

ဆူးငှက် ၂၆ဘီလမ်းကနေ ကျွန်တော်တို့ အိမ်ရှိရာ ၅၇လမ်းဘက်အဝင် မရောက်ခင် လမ်းမောက်ဘက်က ၃ထပ်တိုက်တစ်လုံးက အရှေ့ဘက်ခြမ်း ကျွံကျခေါင်းစိုက်နေတယ်။ ကျွန်တော်က လမ်း၆၀ကလွန်လာပြီး ၅၈လမ်းကျော်သည်အထိ အပျက်အစီး များများစားစားမတွေ့ရတော့ သည်ဘက်က မြေအနေအထားအရ မထိခိုက်လောက်ပေဘူးလို့ လျော့ပေါ့တွေးနေမိတာ။ အခု ကိုယ့်လမ်းထိပ်က ၃ထပ်တိုက်တလုံး ကျွံကျ ပျက်စီးသွားတာ မြင်လိုက်ရတော့ အံ့သြသလို စိုးရိမ်လည်း သွားတယ်။ ပိုဆိုးတာက ကျွန်တော် မနက်စော လမ်းလျောက်ထွက်တိုင်း သည်တိုက်ကို မော့ကြည့်ပြီး သဘောကျနေမိတယ်။ မြေအနေအထားက အကျယ်ကြီးမဟုတ်ဘူး။ ၂၆ဘီလမ်း မျက်နှာစာက အရှေ့အနောက်က ရှည်တယ်။ တောင်မြောက် မှာက အနောက်ခြမ်းက ကျယ်ပြီး အရှေ့ခြမ်းက သံလျက်စွန်းပုံ။ သည်မြေအတွင်းမှာ တိုက်ဆောက် ထားတာ အချိုးကျပြီး လှတယ်။ အပြင်ကကြည့်ရတာကို အခန်းဖွဲ့စည်းပုံတွေ စံနစ်ကျပုံရတယ်။ ဝရံတာတွေလည်းပါတယ်။ တိုက်မြောက်ခြမ်းမှာ ကားဝင်ပေါက် လမ်းနဲ့ ဥယျာဉ်လေးလည်းပါတယ်။အခုတော့…

Read More

ရန်ကုန် – မော်လမြိုင် ကားလမ်းက မိုးကောင်းတံတားထပ်မံဖောက်ခွဲခံရပြီး လမ်းပြတ်တောက်ကာ ကုန်ကားတွေပိတ်မိနေ

မေ- ၄ ၊၂၀၂၅ GG (VOM) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန် – သထုံ – မော်လမြိုင် ပြည်ထောင်စုကားလမ်းမပေါ်က ကျိုက်ကော်အထွက် မိုးကောင်းတံတား မေလ ၃ ရက်နေ့ ညပိုင်းက ဒုတိယအကြိမ် ထပ်မံမိုင်းခွဲခံရပြီး ပြိုကျပျက်စီးသွားတာကြောင့် ကုန်ကားနဲ့ကားကြီးတွေ သွားလာမရတော့ဘဲ ပိတ်မိနေတယ် လို့သိရပါတယ်။ ကားအသေးတွေကတော့ လတ်တလောမှာ မိုးကောင်းတံတား ရှောင်ကွင်းလမ်းဖြစ်တဲ့ ကရင်လေးဆိပ်- ကလိကျွန်း- ကင်းပွန်ခြုံ ရွာခြင်း ဆက်လမ်းကနေ ရှောင်ကွင်းပြီး သွားလာနေရပြီး ကုန်တင်ကားတွေကတော့ လမ်းပိုင်းအဆင်မပြေတာကြောင့် လမ်းမကြီးတလျှောက်မှာပဲ သွားလာခွင့်မရဘဲပိတ်မိနေကြတာဖြစ်တယ်လို့သိရပါတယ်။ ” ည ၁၁ နာရီကျော်လောက်ပေါက်ကွဲတာ။အသံအကျယ်ကြီးပဲ။ ခုမနက်အစောရောက်မှတံတားဖောက်ခွဲခံရတာကိုသိရတာ။ လူထိခိုက်တော့မရှိဘူး။ တံတားကတော့ကျိုးကျပျက်စီးသွားလို့ ကားတွေ သွားမရတော့ဘူး။ ကားကြီးတွေပိတ်မိနေတယ်။ ကားလေးတွေက ရွာတွေကနေပတ်သွားနေကြတယ်။” လို့ သထုံဒေသခံကပြောပါတယ်။ မိုးကောင်းတံတားဖျက်စီးခံလိုက်ရတာကြောင့် ကုန်ကားနဲ့ကားကြီးတွေသွားလာလို့မရတဲ့အတွက် ခရီးသည်တင်လိုင်းအချို့လည်း ကားပြေးဆွဲမှုယာယီရပ်နားကြောင်း အသိပေးမှုရှိလာသလို…

Read More
VOM News

FREE
VIEW