ဂါဇာစစ်ပွဲ အဆုံးသတ်ရေး အမေရိကန်ရဲ့ နောက်ဆုံးအဆိုပြုချက် ဟားမတ်စ် ပယ်ချ

ဂါဇာစီးတီး၊ မေ-၃၀-၂၀၂၅ မျိုးဆက်(VOM) ဂါဇာစစ်ပွဲအဆုံးသတ်ရေးနဲ့ ဓါးစာခံတွေပြန်လွှတ်ရေး သဘောတူညီချက်သစ်အတွက် အမေရိကန်ရဲ့ နောက်ဆုံးအဆိုပြုချက်ကို ပယ်ချကြောင်း ဟားမတ်စ်ထိပ်တန်းတာဝန်ရှိသူက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အမေရိကန်သံတမန် စတိဗ်ဝစ်အော့ဖ်ရဲ့ အပစ်ရပ်ရေးအစီအစဉ်ကို အစ္စရေးက လက်မှတ်ထိုး သဘောတူခဲ့ပြီး ဟားမတ်စ်ဘက်က တုံ့ပြန်မှုကို စောင့်ဆိုင်းနေတယ်လို့ အိမ်ဖြူတော်က ပြီးခဲ့တဲ့နေ့မှာ ပြောဆိုထားပါတယ်။ အဆိုပါပြုချက်မှာတော့ ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲရေး၊ ပါလက်စတိုင်းအကျဉ်းသားတွေကို လွှတ်ပေးရေးအတွက် ဂါဇာမှာ ကျန်ရှိနေတဲ့ ဓါစားခံ ၁၈ ယောက်နဲ့ သေဆုံးဓါးစာခံ ၁၈ ယောက်တို့ကို အဆင့်နှစ်ဆင့်နဲ့ လွှဲပြောင်းပေးဖို့တွေ ပါဝင်တယ်လို့ အစ္စရေးသတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဒီအဆိုပြုချက်ဟာ စစ်ပွဲအဆုံးသတ်ခြင်းအပါအဝင် အဓိကတောင်းချက်တွေနဲ့ မကိုက်ညီကြောင်းနဲ့ ဒါကို အချိန်မီတုံ့ပြန်သွားမယ်လို့ ဟားမတ်စ် တာဝန်ရှိသူက ပြောပါတယ်။ အစ္စရေးအစိုးရကတော့ ဒီကိစ္စကို မှတ်ချက်မပေးသေးပါဘူး။ အမေရိကန်၊ ကာတာနဲ့ အီဂျစ်တို့ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ရရှိခဲ့တဲ့ နှစ်လကြာအပစ်အခတ်ရပ်စဲရေး…

Read More

ပဲ့ထိန်းဒုံးကျည် အစင်း ၁၀၀ ထက်မနည်း ရုရှားကို မြောက်ကိုရီးယား လွှဲပြောင်းပေးခဲ့

နယူးယောက်၊ မေ-၃၀ ရတီ(VOM) မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နှစ်အတွင်း ရုရှားအတွက် ပဲ့ထိန်းဒုံးကျည် အစင်း ၁၀၀ ထက်မနည်း လွှဲပြောင်းပေးပို့ခဲ့ကြောင်း မြောက်ကိုရီးယားအပေါ် ကုလသဂ္ဂ၏ အရေးယူပိတ်ဆို့မှုများ စောင့်ကြည့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အရေးယူပိတ်ဆို့မှု စောင့်ကြည့်ရေးအဖွဲ့မှာ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ပါဝင်ပြီး မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ အကောင်အထည်ဖော်မှု စောင့်ကြည့်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကျွမ်းကျင်သူများအဖွဲ့ကို ပြီးခဲ့တဲ့နှစ်က ရပ်ဆိုင်းလိုက်ပြီးနောက် လက်ရှိအဖွဲ့ကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါဟာ ကျွမ်းကျင်သူအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ရုရှားက ဗီတိုအာဏာအသုံးပြု ပိတ်ဆို့ခဲ့တာကြောင့် ဖြစ်ပါတယ်။ လက်ရှိအဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ မြောက်ကိုရီးယားဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်ပြီး ရုရှားအတွက် တင့်ကားဖျက်ဒုံးကျည်တွေနဲ့ အခြားလက်နက်တွေ ပံ့ပိုးပေးခဲ့တယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နှစ်အတွင်း ရုရှားကို တပ်ဖွဲ့ဝင် ၁၁၀၀၀ ကျော်စေလွှတ်ခဲ့ပြီး…

Read More

နောင်ချိုမြို့နယ်ရှိ TNLA သိမ်းယူထားတဲ့ နေရာတချို့ နစက ပြန်သိမ်း

မေ ၃၀၊ ၂၀၂၅ Shy V (VOM) နောင်ချိုမြို့နယ်ရှိ TNLA တပ်ဖွဲ့ သိမ်းယူထားတဲ့ နေရာတချို့ အခုရက်ပိုင်းအတွင်း နစက တပ်ဖွဲ့ က ပြန်လည် သိမ်းပိုက်ရရှိထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ရွှေမုဌောဘက် သူတို့ နစက တပ်ဖွဲ့ ဘက်က ပြန်ရသွားတာက မှန်တယ်။ သရက်ချို ဘက်ရယ် ပြီးတော့ ယာပြင်ရယ် သူတို့ ပြန်ရထားတယ်လေ။ မတ်လ တုန်းကရော၊ ဧပြီလ တုန်းကရော သူတို့ ပြန်ရထားထားတဲ့ နေရာတွေရှိတယ်။ TNLA ဘက်က တချို့ နေရာတွေ ပြန်ပေးလိုက်ရပြီ။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ နစက တပ်ဖွဲ့ဘက်က ထိုးစစ် ဆင်လာတဲ့ နေရာတွေဘက် ဒရုန်းတွေ ပို အသုံးများလာတယ်လို့ ယူဆရကြောင်း ဒေသခံတွေက ပြောပါတယ်။…

Read More

ပခုက္ကူက အရပ်ဖက်၀န်ထမ်းတွေ အကြောင်းမဲ့ အပြင်မထွက်ကြဖို့ သက်ဆိုင်ရာက အသိပေးညွှန်ကြား

မေ ၊ ၃၀ ၊ ၂၀၂၅ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင်အတွင်းက အရပ်ဘက်ဌာနဆိုင်ရာ ၀န်ထမ်းတွေကို အပြင်ထွက် သွားလာနေတာတွေကို မပြုလုပ်ကြဖို့ ဌာနဆိုင်ရာ အကြီးအကဲတွေက ခေါ်ယူသတိပေးတာတွေ ပြုလုပ်နေတယ်လို့ ၀န်ထမ်းအသိုင်းအ၀ိုင်းဆီက သိရပါတယ်။ ” အရပ်ဘက်ဌာနဆိုင်ရာ ၀န်ထမ်းတွေကို အကြောင်းမရှိပဲ အပြင်ထွက်သွားလာနေတာ မပြုလုပ်ဖို့ သတိပေးတားမြစ်ထားတယ် ၊ ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ၀န်ထမ်းတွေနဲ့ စိုက်ပျိုးရေး ဦးစီဌာနက ၀န်ထမ်းတွေလည်းပါတယ် ၊ အဓိကတော့ ရုံးချိန်အတွင်း အပြင်မထွက်ဖို့ ပြောတာ ၊ နစက ကနေ ညွှန်ကြားထားတာလို့ သိရတယ် ၊ အတိအကျတော့ ကြော်ညာသင်ပုန်းမှာ ထုတ်ပြန်မထားဘူး ၊ အဲ့ဒီ အမိန့်က မေ ၂၆ ရက်ကစတင်တာလို့ သိရတယ် ” လို့ မြို့နယ်ထွေအုပ်…

Read More

ဖျာပုံ ဒေါ်ညိမ်းကျေးရွာမှာ ပင်လယ်ရေ ဝင်ရောက်ပြီး ကမ်းပါးပြိုကျမှု ဖြစ်ပေါ်

မေ ၃၀ – ၂၀၂၅ SS (VOM) မုန်တိုင်းငယ်အရှိန်ကြောင့် ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဒေါ်ညိမ်းကျေးရွာ အုပ်စုအတွင်း ပင်လယ်ရေတွေ ၀င်ရောက်လာပြီး လှိုင်းကြီးနေကာ ကမ်းပါး ပြိုကျမှုတွေလည်း ဖြစ်ပေါ်‌နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လက်ရှိမှာ ပင်လယ်နံဘေးက ဒေါ်ညိမ်းရွာ အပါအဝင် သောင်ခုံပေါ်က ဗန္ဓာပင်ရွာ၊ ခါးပြတ်ရွာနဲ့ သရက်ပင်ဆိပ် ကျေးရွာတွေမှာ ပြီးခဲ့တဲ့ မေ ၂၈ နေ့ကစပြီး ရေဝင်ရောက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ “ဒါက နှစ်တိုင်း ပုံမှန်ဖြစ်နေကျပါ။ ဒါပေမယ့် အခုက မုန်တိုင်းလည်းရှိတော့ နည်းနည်းပိုဆိုးတယ် ပြောရမယ်။ ရွာထဲတွေ ရေဝင်တာ နှစ်ရက်လောက် ရှိနေပြီ။ လှိုင်းရိုက်တာလည်း ကြမ်းတယ်။ ရေတက်ပြီး လှိုင်းတွေရိုက်တာ၊ ဗန္ဓာပင်ရွာသား‌တွေ ကုန်းမြင့်တဲ့ တခြားရွာ သွားနေနေရပြီ။ အဲဒီရွာက ဘုန်းကြီးကျောင်း ဝင်းထဲမှာလည်း ရေတွေဝင်ပြီး…

Read More
VOM News

FREE
VIEW