ပခုက္ကူက အရပ်ဖက်၀န်ထမ်းတွေ အကြောင်းမဲ့ အပြင်မထွက်ကြဖို့ သက်ဆိုင်ရာက အသိပေးညွှန်ကြား

မေ ၊ ၃၀ ၊ ၂၀၂၅
SP (VOM)
မကွေးတိုင်း ၊ ပခုက္ကူခရိုင်အတွင်းက အရပ်ဘက်ဌာနဆိုင်ရာ ၀န်ထမ်းတွေကို အပြင်ထွက် သွားလာနေတာတွေကို မပြုလုပ်ကြဖို့ ဌာနဆိုင်ရာ အကြီးအကဲတွေက ခေါ်ယူသတိပေးတာတွေ ပြုလုပ်နေတယ်လို့ ၀န်ထမ်းအသိုင်းအ၀ိုင်းဆီက သိရပါတယ်။
” အရပ်ဘက်ဌာနဆိုင်ရာ ၀န်ထမ်းတွေကို အကြောင်းမရှိပဲ အပြင်ထွက်သွားလာနေတာ မပြုလုပ်ဖို့ သတိပေးတားမြစ်ထားတယ် ၊ ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ၀န်ထမ်းတွေနဲ့ စိုက်ပျိုးရေး ဦးစီဌာနက ၀န်ထမ်းတွေလည်းပါတယ် ၊ အဓိကတော့ ရုံးချိန်အတွင်း အပြင်မထွက်ဖို့ ပြောတာ ၊ နစက ကနေ ညွှန်ကြားထားတာလို့ သိရတယ် ၊ အတိအကျတော့ ကြော်ညာသင်ပုန်းမှာ ထုတ်ပြန်မထားဘူး ၊ အဲ့ဒီ အမိန့်က မေ ၂၆ ရက်ကစတင်တာလို့ သိရတယ် ” လို့ မြို့နယ်ထွေအုပ် ၀န်ထမ်းတယောက်က ပြောပါတယ်။
ပခုက္ကူဒေသမှာ တာ၀န်ထမ်းဆောင်နေတဲ့ Non CDM အားလုံး လိုက်နာဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
အခြားတဖက်မှာလည်း ပခုက္ကူခရိုင်အတွင်း ပအဖ စိုးမိုးတဲ့ ဒေသတချို့မှာ ရပ်/ ကျေး (ပအဖ) တွေက ပခုက္ကူမြို့ပေါ်ကို သွားလာမယ်ဆိုရင် သက်ဆိုင်ရာ ရပ် / ကျေး (ပအဖ)ဆီက ထောက်ခံချက် ရယူပြီးမှ သွားလာဖို့ အမိန့်ထုတ်ထားတယ်လို့ သိရပါတယ် ။
” ပခုက္ကူမြို့ပေါ်ကို သွားလာမယ်ဆိုရင် (ပအဖ) ဆီ ထောက်ခံချက် ယူရတယ် ၊ ရွာပြန်ရောက်ပြီဆိုရင် ပြန်ရောက်ကြောင်း သူတို့ဆီကို အကြောင်းပြန်ရတယ် ” လို့ မြိုင်မြို့နယ်မှာ ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့လေးနှစ်ကျော်ကာလအတွင်း ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေအပါအ၀င် ပခုက္ကူခရိုင်အတွင်း အရပ်ဖက် ၀န်ထမ်းပေါင်း တရာကျော်နီးပါး လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဖြစ်စဥ်တွေရှိတယ်လို့ သတင်းမှတ်တမ်းေတွအရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW