အင်းစိန်မှာ YBS နဲ့ အောက်ဆိုက်ကား တိုက်လို့ ၁၆ ယောက်ဒဏ်ရာရ

ဇူလိုင် ၁၇ ၊ ၂၀၂၅ GG( VOM) ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊အောင်ဆန်းရပ်ကွက်၊အောက်မင်္ဂလာဒုံလမ်း​မပေါ်၊အောင်ဆန်းစျေးအကျော် မှာ ဇူလိုင် ၁၆ ရက်နေ့ ည ၈ နာရီလောက်က YBS 77 ကားနဲ့ ညဘက်ခရီးသည်ပြေးဆွဲတဲ့ အောက်ဆိုက်ကား တိုက်မိပြီး ၁၆ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ယာဥ်တိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရ ရှိသူတွေထဲမှာ ခရီးသည်က ၁၅ ယောက်၊ ယာဥ်မောင်း ၁ ယောက်ဖြစ်ကြောင်း ၊ အဲဒီထဲမှာ ဒဏ်ရာပြင်းထန်သူ သုံးယောက်လောက်ပါပြီးအားလုံးကို အင်းစိန်ဆေးရုံကိုပို့ဆောင်ခဲ့ တယ်လို့သိရပါတယ်။ ” ဒဏ်ရာရတဲ့အထဲမှာ ကျား၁၄ ၊ မ ၂ ပါ။ယာဥ်မောင်းက Bongo ကားကပါ။ခရီးသည်များပါတယ်။အရမ်းအရေးကြီးတဲ့ ထိခိုက်သူက သုံးယောက်လောက်ပါတယ်။YBS ကို Bongo ကားကဝင်တိုက်တာပါ။” လို့ အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်ကပြောပါတယ်။ ယာဥ်တိုက်မှုနဲ့ပတ်သက်ပြီး ယာဥ်မောင်းကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေမှာ စစ်ဆေးမေးမြန်းမှုတွေလုပ်နေတယ်လို့သိရပါတယ်။…

Read More

နှစ်လကျော်ကြာပိတ်ထားတဲ့ ဖားကန့် – ကားမိုင်းလမ်းပြန်ဖွင့်ပေမယ့် နယ်မြေအခြေအနေအရ သွားလာသူမရှိသေး

ဇူလိုင် ၁၇ ၊ ၂၀၂၅ GG (VOM) နှစ်လကျော်ကြာပိတ်ထားတဲ့ ဖားကန့် – ကားမိုင်းလမ်းပိုင်းကို ဒီနေ့ ဇူလိုင် ၁၆ ရက်မှစပြီး KIA ဘက်က သွားလာခွင့်ပြန်လည်ခွင့်ပြုလိုက်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဖားကန့် – ကားမိုင်းလမ်းကို သွားလာခွင့်ပြန်လည်ခွင့်ပြုလိုက်ပေမယ့်လည်း နယ်မြေအခြေအနေအရ သွားလာရဲသူမရှိသေးတဲ့အတွက် ကား ၊ဆိုင်ကယ် ဖြတ်သန်းသွားလာမှု မရှိသေးဘူးလို့သိရပါတယ်။ ” အခုသူတို့က ဖွင့်ပေးလိုက်ပြီဆိုပေမယ့်လည်း ချက်ခြင်းဘယ်သူမှ ဦးဆောင်မသွားရဲဘူးဖြစ်နေတာ။အခြေအနေကြည့်နေကြတယ်။နောက်ရက်တွေ အခြေအနေကောင်းရင်တော့ သွားကြမှာပါ။ဒီနေ့တော့ဘယ်သူမှအသွားအလာမရှိသေးဘူး။လမ်းအခြေအနေကို နီးစပ်ရာစုဲစမ်းနေကြတုန်းပဲ။စွန့်စားသွားရမှာဆိုတော့လေ။” လို့ ဖားကန့်မှ ကားသမားတစ်ဦးကပြောပါတယ်။ အဆိုပါ ဖားကန့် – ကားမိုင်းလမ်းကိုတော့ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်ကတည်းက KIA နဲ့ နစကလုံခြုံရေးတပ်ဖွဲ့ နှစ်ခုလုံးက သွားလာခွင့်ပိတ်ထားတာဖြစ်ကြောင်း ၊ ယခုနှစ်လကျော်အကြာမှသာ လမ်းပိုင်းသွားလာခွင့်ပြန်လည်ခွင့်ပြုတာဖြစ်ပေမယ့် လမ်းတလျှောက်မှာ နှစ်ဖွဲ့လုံးက နယ်မြေစိုးမိုးမှုရှိတဲ့အခြေအနေကြောင့် ဖြတ်သန်းသွားလာဖို့အတွက် စိုးရိမ်နေကြတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိ ဖားကန့်…

Read More

တရုတ်ရဲ့ တိုက်ခိုက်နိုင်ခြေကြောင့် ထိုင်ဝမ်မှာ အရပ်ဘက်ကာကွယ်ရေး လေ့ကျင့်မှု ပြုလုပ်မယ်

တိုင်ပေ၊ ဇူလိုင်-၁၇-၂၀၂၅ ရတီ(VOM) တရုတ်နိုင်ငံရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ထိုင်ဝမ်မှာ အကြီးဆုံး အရပ်ဘက်ကာကွယ်ရေး လေ့ကျင့်မှုကို ဒီကနေ့ပြုလုပ်မှာ ဖြစ်ပြီး လေ့ကျင့်မှုအတွင်း ပို့ဆောင်ရေးအပါအဝင် လုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ မြို့တော် တိုင်ပေနဲ့ အနီးတဝိုက်ဒေသတွေမှာ နာရီဝက်တကြိမ် လေကြောင်းရန် အချက်ပေးဥဩသံတွေ ထွက်ပေါ်လာမှာဖြစ်ပြီး ဒေသခံတွေအနေနဲ့ အိမ်တွင်းမှာ ခိုလှုံကြရမှာဖြစ်ပြီး ယာဉ်သွားလာမှုတွေကိုလည်း ရပ်တန်ရမှာဖြစ်ကာ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းမှုတွေလည်း လေ့ကျင့်ကြမှာဖြစ်ပါတယ်။ လေ့ကျင့်စဉ်အတွင်း စီးပွားရေးလုပ်ငန်းတွေနဲ့ စျေးဆိုင်တွေအားလုံးပါ ပိတ်သိမ်းရမှာဖြစ်သလို ယာဉ်တွေကိုလည်း ရပ်ပြီး ခိုလှုံရာနေရာတွေကို သွားရောက်ကြရတဲ့ လေ့ကျင့်မှုတွေလည်း ပါဝင်ပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ စျေး၊ ဘုရားကျောင်း၊ မြေအောက်ဘူတာနဲ့ အဝေးပြေးလမ်းမကြီး စတဲ့နေရာတွေက လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးကြမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်မှုဟာ ထိုင်ဝမ်ရဲ့ နှစ်စဉ်အကြီးစား စစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ ဟန်ကောင်းလေ့ကျင့်ခန်းနဲ့အတူ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အာဏာပိုင်တွေဟာ အရပ်ဘက်နဲ့ စစ်ဘက် ကာကွယ်ရေးကို…

Read More

နောင်ချိုမြို့ကို နစက တပ်ဖွဲ့က ပြန်လည်ထိန်းချုပ်လိုက်ကြောင်း ထုတ်ပြန်

ဇူလိုင် ၁၇၊ ၂၀၂‌၅ Shy V(VOM) TNLA တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ဇူလိုင်လ ၁၆ ရက်နေ့မှာ နစက တပ်ဖွဲ့က ပြန်လည်ထိန်းချုပ်လိုက်ကြောင်း MOI ကသတင်း ထုတ်ပြန်ထားပါတယ်။ TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့က နစက စစ်ကြောင်းတွေရဲ့ တန်ပြန်ထိုးစစ်ကို ဆက်လက် မခုခံနိုင်တော့ပဲ ဆုတ်ခွာထွက်ပြေးသွားလို့ ဇူလိုင်လ ၁၆ ရက်နေ့ နေ့လယ် ၁၂ နာရီချိန်ခန့်မှာ နောင်ချိုမြို့ တမြို့လုံးကို နစက တပ်ဖွဲ့က အပြီးသတ် သိမ်းပိုက် နိုင်ခဲ့ကြောင်း ထုတ်ပြန် ထားပါတယ်။ ကျောက်ကြမ်း နေရာတဝိုက်ကို ဇူလိုင်လ ၁၅ ရက်နေ့က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး တောင်ခမ်း – ရွှေသွန်း – ဂုတ်ထိပ် – နောင်ချို လမ်းကြောင်းရှိ ဂုတ်ထိပ် အနီးတဝိုက်ကို ဇူလိုင်လ ၁၂…

Read More

သပိတ်ကျင်း ၄ မိုင်၊ ၅ မိုင်နဲ့ ၆ မိုင်ရွာတွေမှာ တိုက်ပွဲ ပြင်းထန်နေ

ဇူလိုင် ၁၇ – ၂၀၂၅ SN (VOM) မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက ၄ မိုင်၊ ၅ မိုင်နဲ့ ၆ မိုင်ရွာတွေမှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် တပ်တွေကြား တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ သပိတ်ကျင်းမြို့နယ်၊ ၇ မိုင်ကျေးရွာရှိ အမှတ် (၂) စစ်အခြေခံ လေ့ကျင့်ရေးတပ် (စခတ – ၂) အတွင်း တပ်စွဲထားတဲ့ နစကတပ်တွေဟာ ဧရာဝတီမြစ်ကမ်း၊ သပိတ်ကျင်းမြို့ဘက်ကို ဖောက်ထွက်ဖို့ ကြိုးစားနေတဲ့အတွက် အဆိုပါ ကျေးရွာတွေမှာ တိုက်ပွဲ ပြင်းထန်နေတာလို့ သိရပါတယ်။ “သပိတ်ကျင်းကို နစက သိမ်းတယ်ဆိုတာ မဟုတ်ပါဘူး။ ခုချိန်ထိတော့ တိုက်ပွဲ ပြင်းထန်နေတုန်းပါပဲ။ လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ ရွာတွေက လက်နက်ကိုင်တပ်တွေ ပြန်ပေးလိုက်ရတဲ့ ရွာတွေပေါ့။ ဒါတွေကို…

Read More

အီရတ်မှာ ကုန်တိုက်မီးလောင်လို့ လူ ၅၀ ကျော်သေဆုံး

ဘဂ္ဂဒက်၊ ဇူလိုင်-၁၇-၂၀၂၅ ရတီ(VOM) အီရတ်နိုင်ငံ ကပ်မြို့ရှိ စျေးဝယ်ကုန်တိုက်တခုမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် လူဒါဇင်နဲ့ချီ သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ဒီကနေ့မှာ ပြောပါတယ်။ လွန်ခဲ့တဲ့ ငါးရက်ကမှ ဖွင့်လှစ်ခဲ့တဲ့ အဲဒီကုန်တိုက်မှာ ပြီးခဲ့တဲ့ညပိုင်းက မီးလောင်မှု့ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးကိုတော့ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဖြစ်စဉ်အတွင်း သေဆုံးသူ ၅၀ ကျော်ရှိလာပြီလို့ ဒေသန္တရ တာဝန်ရှိသူတွေက ပြောပါတယ်။ မီးလောင်မှုအတွင်း သေဆုံးသူအများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ကြပြီး ကုန်တိုက်ပိုင်ရှင်ကို အရေးယူမယ်လို့ ပြောပါတယ်။ မီးလောင်ခဲ့တဲ့ အလောင်းတွေကို ဆေးရုံပို့ထားပြီး လူနာတင်ယာဉ်တွေကတော့ ကယ်ဆယ်ရေးသမားတွေနဲ့အတူ ရှိနေဆဲပါ။ ဘဂ္ဂဒက်မြို့ကနေ မိုင် ၁၀၀ အကွာရှိ ကပ်မြို့မှာဖြစ်ပွားခဲ့တဲ့ မီးလောင်မှုရဲ့ အကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒဏ်ရာရသူအရေအတွက်ကိုတော့ အာဏာပိုင်တွေက တရားဝင်ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ ကုန်တိုက်ပိုင်ရှင်ကိုတော့ ပြည်နယ်တာဝန်ရှိသူတွေက တရားစွဲဆိုမှာဖြစ်ပြီး…

Read More

ကျောက်ဖြူမြို့နယ်ရှိ နေရာ သုံးခုမှာ တိုက်ပွဲ ပိုမိုပြင်းထန်လာ

ဇူလိုင် ၁၇ – ၂၀၂၅ SS (VOM) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ မလကျွန်း၊ ပြိုင်းစေ့ကေ (အမှတ် (၃၂) ရဲတပ်ရင်းအနီး) နဲ့ ကပ်သပြေ ကျေးရွာအနီးရှိ ကာကင်းစခန်း နေရာသုံးခုမှာ အခု ရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ နစကရဲ့ အဆိုပါ စခန်းတွေကို AA က အခု ဇူလိုင်လ ပထမပတ်ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ “အမှတ် (၃၂) ရဲတပ်ရင်းက ဒီကျောက်ဖြူမြို့မှာ နစကရဲ့ သေနင်္ဂဗျူဟာအရ အရေးပါဆုံး စခန်းလည်း ဖြစ်တယ်။ AA က ဒီ ရဲတပ်ရင်းကို သိမ်းပြီးရင် ခြေမြန်တပ်ရင်း (ခမရ – ၅၄၂၊ ၅၄၃) တပ်ရင်းတွေကို ဆက်သိမ်းမယ့်သဘော ရှိနေတယ်။ ဒါကြောင့်…

Read More

အမေရိကန်က အခွန်တိုးကောက်တဲ့ကိစ္စ မြန်မာကို မှီခိုလုပ်ကိုင်နေတဲ့ တရုတ်လုပ်ငန်းအများစု ထိခိုက်မှုရှိလာနိုင်

ဇူလိုင် ၁၆ – ၂ဝ၂၅ KKO(VOM) အမေရိကန်နိုင်ငံက အခွန်တိုးကောက်တဲ့ ကိစ္စဟာ မြန်မာနိုင်ငံကို မှီခိုလုပ်ကိုင်နေတဲ့ တရုတ်လုပ်ငန်းရှင်အများစုထိခိုက်မှုရှိလာနိုင်တယ်လို့ လေ့လာသူတွေနဲ့ မြန်မာ့စီးပွားရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေက သုံးသပ်ထားကြပါတယ်။ ဒီလိုအမေရိကန်က အခွန်တိုးကောက်တဲ့ ကိစ္စရပ် ဟာ မြန်မာ့အထည်ချုပ်လုပ်ငန်းအချို့အပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်ပြီး မြန်မာကို မှီခိုနေတဲ့ တရုတ်လုပ်ငန်းရှင်အချို့ကတော့ စီးပွား‌ရေးပိုင်းဆိုင်ရာမှာထိခိုက်မှုတွေရှိလာနိုင်မယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ “မြန်မာနိုင်ငံမှာတော့ကျွန်တော်ထင်ပါတယ်။ အထည်ချုပ်လုပ်ငန်းနဲ့ပတ်သက်လို့က မြန်မာပြည်က တိုက်ရိုက်တော့မထိခိုက်နိုင်ဘူး။သို့‌သော်သွယ်ဝိုက်ပြီးတော့လုပ်တဲ့ တရုတ်လုပ်ငန်းအများစုတော့ထိခိုက်လာနိုင်တယ်။ဒါကတရုတ်လုပ်ငန်းရှင်တွေအတွက်တော့တမျိုးတမည်ဖြစ်မယ်”လို့ မြန်မာ့စီးပွားရေးနယ်ပယ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက လုပ်ငန်းရှင်တယောက်က VOM ကို ပြောပါတယ်။ အခုလာမယ့် ဩဂုတ် ၁ ရက်နေ့ကစလို့ မြန်မာအပါအ၀င် နိုင်ငံတော်တော်များများကို အမေရိကန်အစိုးရကအခွန်တိုးမြှင့်ကောက်ခံဖို့ရှိနေတာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက ကုန်သွယ်ခွန်တိုးမြှင့်ခဲ့ခြင်းနဲ့ ပတ်သက်လို့ ယခုအချိန်အထိ နိုင်ငံပေါင်း ၁၄ နိုင်ငံသို့ တရားဝင်အကြောင်းကြားစာများပေးပို့ထားတယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံ နစက ဘက်ကတော့ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ်…

Read More

နောင်ချိုကို နစကတပ်တွေ အလုံးစုံနီးပါး သိမ်းလိုက်ကြောင်း သတင်းထွက်

ဇူလိုင် ၁၆၊ ၂၀၂၅ Shy V (VOM) TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ဒီနေ့ ဇူလိုင်လ ၁၆ ရက်နေ့ မနက် အစောပိုင်း နစက တပ်ဖွဲ့ နစကတပ် အလုံးစုံသိမ်းလိုက်တဲ့ အခြေအနေရှိတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ နောင်ချို တမြို့လုံးကို နစက တပ်ဖွဲ့ကဇူလိုင်လ ၁၆ ရက်နေ့ မနက် လင်းအားကြီး အချိန်မှာ ပြန်လည် သိမ်းပိုက် နိုင်ခဲ့ပြီး နစက တပ်ဖွဲ့က သုံးပတ် ခန့်ကြာ တိုက်ခိုက်ခဲ့ပြီး ဆုတ်ခွာသွားတဲ့ TNLA ပူးပေါင်းတပ်ဖွဲ့တွေကို ရှင်းလင်းနေဆဲဖြစ်တယ်လို့လည်း နစကတပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ “နောင်ချိုက စစ်တပ် ပြန်ရသွားတာ သေချာပြီ။ ဒီမနက် ကတည်းက သေနတ် ပစ်ခတ်သံ လုံးဝ မကြားတော့ဘူး။ ပစ်ခတ်သံ လုံးဝ…

Read More

ကူမင်းမှာ လေယာဉ် မတော်တဆမှု MNA လေကြောင်းလိုင်း ငြင်းဆို

ဇူလိုင် ၁၆ – ၂၀၂၅ SS (VOM) ရန်ကုန်မြို့ကနေ တရုတ်နိုင်ငံ ကူမင်းမြို့ကို ပြေးဆွဲခဲ့တဲ့ MNA လေယာဉ် မတော်တဆမှုနဲ့ ပတ်သက်လို့ မြန်မာအမျိုးသားလေကြောင်း (Myanmar National Airlines) တာဝန်ရှိသူက အဆိုပါ အကြောင်းအရာဟာ သတင်းမှားသာ ဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်။ ရန်ကုန် – ကူမင်း ပြေးဆွဲနေတဲ့ မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) လေယာဉ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းလေဆိပ်ကို ဆင်းသက်ချိန် Landing Gear ပျက်စီးသွားတဲ့အတွက် ခရီးသည်တွေကို အရေးပေါ် ရွှေ့ပြောင်းခဲ့ရတယ်လို့ တရုတ်သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ MNA လေကြောင်းလိုင်းမှ တာဝန်ရှိသူ တယောက်ကို VOM က ဆက်သွယ် မေးမြန်းရာမှာ “မဟုတ်ပါဘူး။ ဒါက သတင်းမှားပါ။…

Read More
VOM News

FREE
VIEW