ဩဂုတ် ၁၀ – ၂၀၂၅ SS (VOM) အလုပ်နိုင်ငံကူးလက်မှတ် (PJ) အမျိုးအစားမှ တခြား နိုင်ငံကူးလက်မှတ် အမျိုးအစားတွေ ပြောင်းလဲ လျှောက်ထားခွင့်ကို အစိုးရက ပိတ်ပင်လိုက်တဲ့အတွက် ပြည်ပကို သွားရောက်မယ့်သူတွေ အနေနဲ့ အခက်တွေ့နေရတယ်လို့ သိရပါတယ်။ အလုပ်အကိုင် နိုင်ငံကူးလက်မှတ် အမျိုးအစား (PJ) ကနေ တခြား အမျိုးအစားတွေဖြစ်တဲ့ အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) ၊ ပြည်ပမှာ အလုပ်လုပ်နေသူနဲ့ လိုက်ပါနေထိုင်တဲ့ မှီခို နိုင်ငံသားအတွက် ထုတ်ပေးတဲ့ နိုင်ငံကူးလက်မှတ် (Dependent Passport – PT)၊ ပညာရေး နိုင်ငံကူးလက်မှတ် (PE)၊ သင်္ဘောသား (PS) အမျိုးအစားတွေ ပြောင်းလဲ လျှောက်ထားမှုကို မြန်မာတနိုင်ငံလုံးရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေမှာ ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်နေ့မှ စတင်ပြီး ပိတ်ပင်လိုက်တာ…
Read MoreMonth: August 2025
လားရှိုးမှာ မိသားစုလိုက် သေဆုံးနေတဲ့ ရုပ်အလောင်း လေးလောင်းတွေ့
သြဂုတ် ၁၁-၂၀၂၅ နွယ်နီ(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ အမှတ် (၇) ရပ်ကွက်၊ နယ်မြေ ၁၉၊ လမ်းသွယ် ၂၇ မှာ ရှိတဲ့ နေအိမ် တစ်လုံးမှာ ဩဂုတ် ၁၀ ရက်နေ့ မနက်ပိုင်းက မိသားစုလိုက် သေဆုံးနေ တဲ့ ရုပ်အလောင်း လေးလောင်းတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖခင်အပါအဝင် ၁၀ နှစ်အောက် သေဆုံးတဲ့ ကလေးတွေ ရဲ့ ရုပ်အလောင်းကို နေအိမ်အတွင်းမှာ တွေ့ရတာလို့ မြို့ခံ တစ်ဦးက ပြောပါတယ်။ “အသတ်ခံရတာလား၊ ကိုယ့်ဖာသာ အဆုံးစီရင်တာလား ဆိုတာ တိတိကျကျ မသိရဘူး။ အဖေက ပက်လက်အနေအထားနဲ့ ခေါင်းမှာ ဒဏ်ရာနဲ့ သေနေတယ်။ ကလေးတွေကတော့ ပါးစပ်မှာ အမြုပ် ထွက်နေတဲ့သူက ထွက်နဲ့ သေဆုံးနေတာကို တွေ့ရတာ”လို့ လားရှိုးမြို့ ခံ…
Read Moreကေအန်ယူ တပ်မဟာ (၇) နယ်မြေတဝိုက် လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ဒေသခံတွေ ထိုင်းနိုင်ငံဘက် တိမ်းရှောင်
ဩဂုတ် ၁၁ – ၂၀၂၅ SN (VOM) ကရင်ပြည်နယ်အတွင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်ရှိရာ တပ်မဟာ (၇) နယ်မြေတဝိုက်မှာ မနေ့ ဩဂုတ် ၁၀ ရက်၊ ညပိုင်းက လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ထိုင်းနိုင်ငံဘက်ကို အရေးပေါ် တိမ်းရှောင်နေရတယ်လို့ မြေပြင် သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ မနေ့ည ၈ နာရီဝန်းကျင်က KNU ဌာနချုပ်ရှိရာ မော်ပယ်ခိုနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) စစ်ဌာနချုပ် တည်ရှိရာ သေ့ဘေထ နေရာတွေမှာ လေကြောင်း တိုက်ခိုက်မှု ခြောက်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆေးရုံ၊ နေအိမ်တွေနဲ့ ဈေးဆိုင်ခန်းတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “တပ်မဟာ (၇) ထဲက ကိုရီးယားဆေးရုံ ခေါ်တာပေါ့နော်။ အဲဒီဆေးရုံရဲ့ အောက်ခြေနေရာတွေ မီးလောင်သွားတယ်။ အိမ်တွေ၊ ဈေးဆိုင်ခန်းတွေ…
Read Moreပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုတော့မယ်လို့ ဩစတြေးလျပြော
ဆစ်ဒနီ၊ ဩဂုတ်-၁၁-၂၀၂၅ရတီ(VOM)ဩစတြေးလျနိုင်ငံဟာ စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပါလက်စတိုင်းနိုင်ငံကို နိုင်ငံအဖြစ် အသိအမှတ်ပြုရန် စီစဉ်ထားကြောင်း ဝန်ကြီးချုပ် အယ်ဘာနီးစ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ဒီဆုံးဖြတ်ချက်ဟာ ဗြိတိန်၊ ပြင်သစ်နဲ့ ကနေဒါတို့ကလည်း ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမယ်လို့ ကြေညာပြီးနောက် ထွက်ပေါ်လာတာပါ။ နယ်မြေမှာ စစ်ဝါဒကင်းမဲ့ရေး၊ အထွေထွေရွေးကောက်ပွဲများ ကင်းပဖို့ အပါအဝင် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရဲ့ ကတိကဝတ်တွေကို ရရှိထားတယ်လို့ သူကဆိုပါတယ်။နှစ်နိုင်ငံ ဖြေရှင်းနည်းဟာ အရှေ့အလယ်ပိုင်းရှိ အကြမ်းဖက်မှုစက်ဝန်းကို ချိုးဖျက်ဖို့နဲ့ ဂါဇာရှိ ပဋိပက္ခ၊ ဆင်းရဲဒုက္ခနဲ့ အငတ်ဘေးကို အဆုံးသတ်ဖို့ လူသားတို့ရဲ့ အကောင်းဆုံးမျှော်လင့်ချက်ဖြစ်တယ်လို့ ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပါတယ်။ပြီးခဲ့တဲ့ ရက်သတ္တပတ်နှစ်ပတ်အတွင်း ဗြိတိန်၊ ပြင်သစ်၊ နယူးဇီလန်နဲ့ ဂျပန်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီးနောက် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။ ဂါဇာစစ်ပွဲအဆုံးသတ်ဖို့ ဖိအားများ တိုးမြင့်လာနေတဲ့ အစ္စရေးကတော့…
Read Moreလိုင်ဇာမှာ မိုးကြီး ရေလျှံမှု ထပ်မံဖြစ်ပွားပြီး မြို့ထဲလူတွေ ပိတ်မိ
ဩဂုတ် ၁၁၊ ၂၀၂၅ Shy V (VOM) တရုတ် – မြန်မာ နယ်စပ်၊ လိုင်ဇာမှာ ဩဂုတ်လ ၁၁ ရက်နေ့ မနက်ပိုင်းကစ မိုးကြီး ရေလျှံမှု ထပ်မံဖြစ်ပွားလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လိုင်ဇာ နဲ့ ဝေကြိုင်ဘက် ရေ ကြီးနေတယ်။ အိမ်တွေထဲလည်း ရေဝင်ကုန်၊ နစ်ကုန်ပြီ။ မြို့လယ်ခေါင်က လမ်းတောက် ရေ လျှံသွားပြီ။” လို့ ဒေသခံ အမျိုးသား တေယာက်က ပြောပါတယ်။ မိုးလည်း ဆက်တိုက်ရွာနေလို့ တောင်ကျရေက ပို စိုးရိမ်ရတာေကြာင့် ပျဉ်းကတိုးတောဘက်က တောင်ကျရေတွေ၊ လပူချောင်း၊ ခါ့ကျန်ချောင်း၊ ခါ့ယာချောင်း ချောင်းအကုန်လုံး သတိထားရမယ်လို့ သူက ပြောပါတယ်။ “မြို့ထဲ လူတွေ ပိတ်မိကုန်ပြီ။ ဆိုင်ကယ် တစီးတော့ မျောသွားပြီ။ လူလည်း မျောပါခါနီး ပြန်ကယ်လို့…
Read Moreမုံရွာ စည်ပင်ဌာနပိုင် အမှိုက်သိမ်းကားနဲ့ ဝန်ထမ်းတွေ မြို့ထဲအမှိုက်သိမ်းရင်း ပျောက်သွား
သြဂုတ် ၊ ၁၀ ၊ ၂၀၂၅ HK(VOM ) စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်က မြို့နယ်စည်ပင်သာယာဌာနပိုင် အမှိုက်သိမ်းယာဥ် တစီးနဲ့ ဝန်ထမ်းတွေဟာ မုံရွာမြို့ပေါ်မှာ အမှိုက်သိမ်းလုပ်ငန်းဆောင်ရွက်နေတဲ့အချိန် ၊ မနေ့က သြဂုတ် ၉ရက် မနက်ပိုင်း ၉ နာရီ ခွဲအချိန်က သာစည်လမ်းနဲ့ ကျောကက္ကာလမ်းနှစ်ခုကြားမှာ ပျောက်ဆုံးနေတယ်လို့ မုံရွာမြို့နယ် စည်ပင်သာယာရေး ၀န်ထမ်းတွေဆီက သိရပါတယ်။ ” မနေ့ မနက် ၉ နာရီ ၄၅ မိနစ် အချိန်းက စည်ပင် လုပ်ငန်းခွင်ထဲမှာ အလုပ် လုပ်ရင်း ပျောက်ဆုံးနေတယ် ၊ သူတို့ကိုင်တဲ့ ဖုန်းတွေကို ဆက်သွယ်ကြည့်တာ ခေါ်ဆိုလို့ မရဘူး ၊ ကားသမားက ဦးနိုးနိုးဖြစ်ပြီး ကားအမျိုးအစားက SAKT အဖြူရောင် ဖြစ်တယ် ၊ သူနဲ့အတူ အမှိုက်သိမ်း လုပ်သား…
Read Moreနန်းတော်ရှေ့၊ ကြိုးကြီးချိတ်၊ စည်တော်ကြီး (၁)
ဆူးငှက် နန်းရှေ့ဦးထိပ်တံခါးအထွက် ဘယ်ဘက်မှာရှိသော မဟာဝိသုတာ ရာမကျောင်းတိုက်ကြီးသည် ယခုတော့ အုံ့ဆိုင်းနေသော မန်ကျည်းပင်အိုကြီးများ အရိပ်အောက်ဝယ် ငြိမ်သက်တိတ်ဆိတ်စွာ ကမ္မဋ္ဌာန်းရှုနေတော့၏။ လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝ ကျော်ကာလမှာ တော့ မဟာဝိသုတာရာမ ကျောင်းတိုက်ကြီးသည် မင်းတရားကောင်းမှု ကျောင်းတိုက်ကြီးမို့ နန်းဦးထိပ်တွင် နေရာယူကာ ရွှေနန်းတော် ကြီးနှင့် ရွှေလမ်းငွေလမ်း ပေါက်ရောက်လျက်ရှိသည်။ ထို့ကြောင့်လည်း မင်းတရားကြီး၏ သာသနာရေးရာကိစ္စများတွင် မဟာဝိသုတာ ရာမကျောင်းတိုက်ကြီးက အမြဲပါဝင်နေရ၏။ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင် ဤသို့ ဖတ်ရှုဖူးသည်။ “သက္ကရာဇ် တစ်ထောင့်နှစ်ရာလေးဆယ်ခု၊ ကဆုန်လ မဟာဝိသုတာရာမကျောင်းတော်က မဟာအတုလဝေယန်ကျောင်း တော်ကြီးသို့ ပိဋကတ်တော်များကို ရေကြောင်းပင့်တော်မူရန် ဖောင်တော် သမ္ဗာန်တော် လှေတော်မှစ၍ ရေတပ်အခင်း အကျင်း အခမ်းအနားများကို ပိဋကတ်တော် မပင့်မဆောင်မီ ကဆုန်လဆန်း ဆယ်ရက်နေ့ ရွှေမြို့ တော်အရှေ့မျက်နှာ၊ ကျုံးထိပ်စံနန်းတော်သို့ ထွက်တော်မူ၍ ကြည့်ရှုတော်မူသည်။ ထိုနှစ်…
Read Moreမိုးကုတ်မြို့ကို လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ်ပြုလုပ်လာ ၊ မနေ့က ဗုံးထပ်ကြဲလို့ ငါးယောက်သေ သုံးယောက်ဒဏ်ရာရ
ဩဂုတ် ၁၀ ၊ ၂၀၂၅ GG (VOM ) TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်ဒေသကို နလအ ဘက်မှ လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ပြုလုပ်လာရာ ဩဂုတ်လ ၉ ရက်နေ့ ည ၆ နာရီကျော်လောက်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွင် သေဆုံးသူ ငါးယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ သုံးယောက် ရှိခဲ့တယ်လို့ သိရပါတယ်။ လေကြောင်းကနေ ဗုံးကြဲမှုက မိုးကုတ်မြို့အရှေ့ပိုင်းရှိ ၊ကျောက်နဂါးရွာထဲကို ကျရောက်ခဲ့တာဖြစ်ကြောင်း ၊ သေဆုံးသူတွေမှာ ကလေးနှစ်ယောက် နဲ့ ကိုရင်တပါး ပါဝင်ကြောင်း ဒေသခံတွေဆီကသိရပါတယ်။ ” ကလေးနှစ်ယောက်မှာ တယောက်က ရှစ်နှစ် ၊တယောက်က ၁၁ နှစ် ပါ။ ၆ နာရီ ၄၅လောက်မှာဂျက်ဖိုက်တာနဲ့ကြဲသွားတာ။ကိုရင်လေးပါတယ်။အသက်ကြီးပိုင်းတယောက်ပါတယ်။ နောက်ကအမျိုးသမီးတယောက်ပါ။ပေါင်းငါးယောက်ပေါ့။ ကျောက်နဂါးဘုန်းကြီးကျောင်းပေါ်ကျသွားတယ်။အရင်ရက်ကလည်းကြဲသေးတယ်။လေယာဥ်သံကြားရင်ကိုကြောက်နေရတယ်ဗျ။ ” လို့ ဒေသခံကပြောပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ TNLA ဘက်မှ ဆေးဝါးကုသမှုအပိုင်း…
Read Moreနယ်စပ်ရှိ ဆူညံသံထုတ်လွှင့်တဲ့ အသံချဲ့စက်တွေကို မြောက်ကိုရီးယား စတင်ဖြုတ်သိမ်း
ဆိုးလ်၊ ဩဂုတ်-၁၀-၂၀၂၅ ရတီ(VOM) မြောက်ကိုရီးယားစစ်တပ်ဟာ တောင်ကိုရီးယားနဲ့နယ်စပ်မှာ တပ်ဆင်ထားတဲ့ ဆူညံသံတွေ ထုတ်လွှင့်တဲ့ အသံချဲ့စက်တွေကို စတင်ဖြုတ်သိမ်းနေကြောင်း တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ပါတယ်။ ဒါဟာ တောင်ကိုရီးယားသမ္မတသစ် လီဂျေးမြောင်ရဲ့ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ရေး ကမ်းလှမ်းချက်ကို အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုအဖြစ် စောင့်ကြည့်လေ့လာသူတွေက ရှုမြင်ကြပါတယ်။ တောင်ကိုရီးယားဘက်ကလည်း ဝါဒဖြန့် အသံချဲ့စက်တချို့ကို ဒီအပတ်အစောပိုင်းကတည်းက ဖြုတ်သိမ်းခဲ့ပြီး ဇွန်လအတွင်း လီဂျေးမြောင်သမ္မတဖြစ်လာပြီးနောက် ထုတ်လွှင့်မှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။ တောင်ကိုရီးယားဘက်က K-pop သီချင်းနဲ့ သတင်းတွေကို ထုတ်လွှင့်ပြီး မြောက်ကိုရီးယားဘက်ကတော့ တိရစ္ဆာန်အော်သံလို မသက်မသာ ဖြစ်စေတဲ့ အသံတွေကို ထုတ်လွှင့်လေ့ရှိပါတယ်။ စနေနေ့ မနက်ခင်းကစပြီး မြောက်ကိုရီးယားစစ်သားတွေဟာ နယ်စပ်မျဉ်းတလျှောက် အသံချဲ့စက်တချို့ ဖြုတ်သိမ်းနေတာတွေ ရှိတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ ဒါပေမယ့်လည်း ဒီအသံချဲ့စက်တွေကို နယ်စပ်တလျှောက်လုံး ဖြုတ်သိမ်းပြီးပြီလားဆိုတာ အတည်ပြုဖို့ လိုသေးပြီး ဆက်လက်စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားဟာ…
Read Moreထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် ယူကရိန်း၊ အီးယူတာဝန်ရှိသူတွေ ကန်ဒုသမ္မတနဲ့ လန်ဒန်မှာတွေ့
လန်ဒန်၊ ဩဂုတ်-၁၀-၂၀၂၅ ရတီ(VOM) ယူကရိန်းနဲ့ ဥရောပသမဂ္ဂ(အီးယူ) အရာရှိအချို့ ဗြိတိန်နိုင်ငံမှာ အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်နဲ့ တွေ့ဆုံခဲ့ကြပြီး ယူကရိန်းစစ်ပွဲ ဆုံးသတ်ရေးနဲ့ပတ်သက်တဲ့ သူတို့ရဲ့အမြင် သဘောထားတွေကို ဆွေးနွေးခဲ့ကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအစည်းအဝေးဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ အလာစကာပြည်နယ်မှာ ဩဂုတ်လ ၁၅ ရက် ထိပ်သီးဆွေးနွေးပွဲမတိုင်ထင် ထွက်ပေါ်လာတာပါ။ စနေနေ့က အစည်းအဝေးကို အမေရိကန်ဒုသမ္မတ ဗန့် နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီ တို့က ဦးဆောင်ကျင်းပခဲ့ပြီး ယူကရိန်း၊ ဥရောပနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက အရာရှိတွေ တက်ရောက်ခဲ့ကြကာ အမေရိကန်ရဲ့ တောင်းဆိုမှုကြောင့် ဆွေးနွေးပွဲ ကျင်းပခဲ့တာပါ။ ဥရောပအရာရှိတွေကတော့ စစ်ပွဲအဆုံးသတ်ဖို့အတွက် အခြားအဆင့်တွေ မဆောင်ရွက်ခင် စစ်ရပ်နားရေး လိုအပ်ကြောင်း ဂျေဒီဗန့်ကို ပြောကြားခဲ့တယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြပါတယ်။ နယ်မြေအရ ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီး နှစ်ဖက်ညီမျှစွာ လိုက်လျောရမယ်လို့လည်း…
Read More