မိတ္ထီလာသူနာပြုသင်တန်းကျောင်းမှာ သင်တန်းသူတယောက် ကိုယ့်ကိုယ်ကိုဆီလောင်းမီးရှို့ သတ်သေမှုဖြစ်ပွား

ဩဂုတ် ၁၂၊ ၂၀၂၅ GG (VOM) မိတ္ထီလာမြို့နယ်၊အစိုးရ သူနာပြုသင်တန်းကျောင်းမှာ ဒီနေ့ ဩဂုတ် ၁၂ ရက်နေ့ မနက်အစောပိုင်းက သင်တန်းသူအမျိုးသမီးတယောက် အိမ်သာထဲမှာ မိမိကိုယ်ကို ဒီဇယ်လောင်းမီးရှို့ကာ သတ်သေမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “အိမ်သာထဲမှာ ဒီဇယ်ပုံးတွေ့တယ်။ဒါကြောင့်ကိုယ့်ကိုယ်ကို ဒီဇယ်လောင်းမီးရှို့တယ်သုံးသပ်တာပါ။” လို့ ဖြစ်စဥ်သိရှိသူတယောက်ပြောပါတယ်။ သူနာပြုသင်တန်းကျောင်းရှိ ရေချိုးခန်းနဲ့ အိမ်သာတွဲရက်ခန်းထဲမှာ အခန်းတံခါးကို ဂျက်ထိုးထားပြီး အဆုံးစီရင်ခဲ့တာဖြစ်ကြောင်း ၊ မီးခိုးနံ့တွေ ထွက်လာမှသာ ပတ်ဝန်းကျင်ကသိရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ” အခန်းက ဂျက်ထိုးထားတော့ အခန်းအပေါ်ကို လှေခါးထောင်တက် အောက်ဆင်းပြီးမှ ဂျက်ဖြုတ်ရတယ်။ အပေါက်က ဖွင့်မရဘဲ အလောင်း နဲ့ ပိတ်ခံနေလို့ အလောင်းကိုအပေါ်ဆွဲတင်ပြီးမှ အပေါက်ဖွင့်ရတယ်။အဲဒီအထိကိုမီးအကြွင်းအကျန်က ကျန်နေသေးတယ်။” လို့ သူကထပ်မံပြောပါတယ်။ အဆိုပါ သင်တန်းသူအမျိုးသမီးက အသက် ၂၀ အရွယ် မပြည့်ပြည့်ဝင်းဆိုသူဖြစ်ကြောင်း ၊ ကယားပြည်နယ် မှလာရောက်ပြီး…

Read More

မာလီမှာ နောက်ထပ်အာဏာသိမ်းဖို့ ကြံစည်ပြန်လို့ ဒါဇင်များစွာ အဖမ်းခံရ

ဘာမာကို၊ ဩဂုတ်-၁၂-၂၀၂၅ ရတီ(VOM) အာဏာသိမ်းမှု နှစ်ကြိမ်ဖြစ်ပွားခဲ့တဲံ မာလီနိုင်ငံမှာ စစ်တပ်ခေါင်းဆောင်တွေကို ဖယ်ရှားဖို့အတွက် အာဏာသိမ်းဖို့ ကြံစည်ပြန်တယ်ဆိုကာ စစ်တပ်တာဝန်ရှိသူတွေအပါအဝင် လူဒါဇင်နဲ့ချီ ဖမ်းဆီးခံရကြောင်း သိရပါတယ်။ ဒါဟာ မြောက်ပိုင်းမှာ ဂျီဟတ်သူပုန်တွေ အင်အားတိုးလာနေတဲ့ အခြေအနေနဲ့အတူ စစ်အစိုးရအတွင်း တင်းမာမှုတွေ မြင့်တက်လာနေတဲ့ အရိပ်လက္ခဏာဖြစ်ပြီး ဖမ်းဆီးမှုတွေ ဆက်လက်လုပ်ဆောင်နေခြေရှိနေပါတယ်။ အစောပိုင်းသတင်းတွေအရ မော့ပ်တီ ဒေသရဲ့ အုပ်ချုပ်မှူးရေးဟောင်း ဗိုလ်ချု့ပ် အဘက်စ်ဒမ်ဘီလီနဲ့ မာလီစစ်တပ်ရဲ့ အမြင့်ဆုံးရာထူးတွေမှာ ရှိနေတဲ့ အမျိုးသမီးအနည်းငယ်ထဲက တယောက်ဖြစ်တဲ့ ဗိုလ်ချုပ် ဆာဂါရာ တို့ဟာ ဖမ်းဆီးခံရသူတွေထဲမှာ ပါဝင်နေကြောင်း သိရပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ဒမ်ဘီလီ နဲ့ နီးစပ်သူတယောက်ကတော့ သူတို့နှစ်ဦးစလုံး ဖမ်းဆီးခံမရသေးကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဖမ်ဆီးခံရတဲ့စစ်သားတွေဟာ အစိုးရကို အာဏာသိမ်းဖို့ ကြံစည်းနေခဲ့သူတွေဖြစ်တယ်လို့ မာလီအသွင်းကူးပြောင်းရေးကောင်စီ သတင်းရင်းမြစ်အချို့က ပြောပါတယ်။ ဖမ်းဆီးမှုတွေဟာ ရက်အနည်းငယ်ကြာ ဆက်တိုက်ဖြစ်ပွားနေခဲ့ပြီး…

Read More

ရက် ၂၀ ကြာ ပိတ်ထားတဲ့ မြိတ် – ပုလောလမ်း ပြန်ဖွင့်၊ ကားကြီးကားလေး သွားလာလို့ရ

ဩဂုတ် ၁၂ ၊၂၀၂၅ GG (VOM) ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ တနင်္သာရီတိုင်း၊ မြိတ် – ပုလော ပြည်ထောင်စုကားလမ်းကို ဒီနေ့ ဩဂုတ် ၁၂ ရက်ကစပြီး ကုန်ကား ၊ ကားကြီးကားသေးအားလုံးကို ဖြတ်သန်းနိုင်ပြီဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ကားကြီး ကားသေး အားလုံးစတင်ဖြတ်သန်းခွင့်ပြုတဲ့ ဒီနေ့မနက်ပိုင်း ၇ နာရီလောက် မှာ မြိတ် – ပုလောပြည်ထောင်စုလမ်းမှာရှိတဲ့ တပိုရွာအနီး ခရီးသည်တင်ကားတစီးမိုင်းထိခဲ့လို့ လမ်းခရီးပိုင်း ခေတ္တသွားလာခွင့်ပြန်ပိတ်သွားခဲ့ပေမယ် မနက် ၁၀ နာရီ ကျော်လောက်မှာတော့ လမ်းပြန်ဖွင့်ပြီး သွားလာနေကြပြီလို့သိရပါတယ်။ “အခုက ကားကြီး ကားလေးအကုန်သွားလို့ရပါပြီ။ကုန်ကားရော လူစီးကား အိမ်စီးကားရပါပြီ။မနက်က လမ်းခဏပိတ်တာက ကားတစီးမိုင်းထိလို့ပါ။မိုင်းထိတာကလူထိခိုက်မှုမရှိပါဘူး။လမ်းပြန်ဖွင့်တော့ အားလုံးအဆင်ပြေတာပေါ့ဗျာ။” လို့ ဒေသခံကပြောပါတယ်။ မြတ်- ပုလော ပြည်ထောင်စုလမ်းမကြီးကို ဇူလိုင် ၂၄ ရက်နေ့ကတည်းက စွားလာခွင့်ပိတ်ထားတာဖြစ်ပြီး လမ်းပိတ်ထားတာ ရက်ပေါင်း ၂၀…

Read More

တရုတ်နယ်စပ် ကုန်သွယ်ခွင့်လိုင်စင် ချမပေးတာ ကြာလာလို့ နယ်စပ်ကို မှီခိုသူတွေ ပိုမိုခက်ခဲလာ

ဩဂုတ် ၁၂၊ ၂၀၂၅ Shy V (VOM) တရုတ် နယ်စပ် လိုင်စင် ချမပေးတာ ကြာလာလို့ နယ်စပ်ကို မှီခိုသူတွေ ပိုမိုခက်ခဲလာကြောင်း နယ်စပ်ကို မှီခို အသက်မွေးဝမ်း ကျောင်း လုပ်သူတွေဆီက သိရပါတယ်။ “ကားလည်း လိုင်စင်ရှိတယ်။ တရုတ် နယ်စပ်က လိုင်စင် မချပေးဘူး။ ကြာပြီ။ ၁၀၂၇ ပထမ အကျော့ကနေ စပြီးတော့ လိုင်စင် မချပေးတော့ဘူးလေ။ ကျနော်တို့ ကျင်းစန်းကျော့မှာ မီးလောင်တဲ့ အချိန်မှာ လိုင်စင် ရှိသေးတယ်လေ အဲတုန်းက။” လို့ ကုန်တင်ယာဉ် ပိုင်ရှင် တယောက်က ပြောပါတယ်။ ဒီရက်ပိုင်းအတွင်း ရှမ်းမြောက်မှာ အတက်ကားရော အဆင်းကားရော လားရှိုး ဆင်တောင်မှာ ဖမ်းနေတယ်လို့ သူက ပြောပါတယ်။ တရားမဝင် ကုန်စည် တိုက်ဖျက်ရေး ခေါင်းစဉ်နဲ့ မူဆယ်မှာရော လားရှိုးမှာပါ…

Read More

ကိုဗစ်ချေးငွေယူပြီး ပြန်မဆပ်တဲ့ စစ်ကိုင်းတိုင်းက လုပ်ငန်းရှင် ၅၅ ယောက်ကို အရေးယူမယ်

ဩဂုတ် ၁၂ – ၂၀၂၅ SN (VOM) နိုင်ငံတော်မှ ကိုဗစ် – ၁၉ ချေးငွေ ရယူပြီး ပြန်လည် ပေးဆပ်ခြင်းမရှိတဲ့ စစ်ကိုင်းတိုင်းအတွင်းက လုပ်ငန်းရှင် ၅၅ ယောက်ကို အရေးယူသွားမှာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က မနေ့ ဩဂုတ် ၁၁ ရက်မှာ ထုတ်ပြန် အသိပေးလိုက်ပါတယ်။ အဆိုပါ လုပ်ငန်းရှင်တွေအတွက် ၎င်းတို့ရဲ့ လုပ်ငန်းမှာ အထောက်အကူ ပြုစေဖို့ အတိုးနှုန်း သက်သာစွာနဲ့ ချေးငွေတွေ ထုတ်‌ချေးပေးထားခဲ့တာဟာ သက်တမ်းစေ့ ရောက်ရှိနေပြီ ဖြစ်ပေမယ့် နိုင်ငံတော်အနေနဲ့ ချေးငွေ ပြန်ဆပ်ရမယ့် ကာလကို အကြိမ်ကြိမ် ထပ်မံ တိုးမြှင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ချေးငွေသက်တမ်း သုံးနှစ်ပြည့်ပြီး ဖြစ်တာကြောင့် ချေးငွေတွေ ပြန်လည် ပေးဆပ်ရမယ့် ကာလကို ရောက်ရှိနေပြီ ဖြစ်တဲ့အတွက် ပြန်မဆပ်ပါက…

Read More

အမေရိကန်နဲ့ တရုတ်တို့ အခွန်တိုးမြှင့်ကောက်ခံမယ့် နောက်ဆုံးရက် ရက် ၉၀ သက်တမ်းတိုး

ဝါရှင်တန်၊ ဩဂုတ်-၁၂-၂၀၂၅ မျိုးဆက်(VOM) တရုတ်နိုင်ငံပေါ် မြင့်မားတဲ့ အကောက်ခွန်တွေ ကောက်ခံမယ့် နောက်ဆုံးရက်ကို ရက် ၉၀ ထပ်တိုးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမိန့်တရပ်ကို လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ တရုတ်ဘက်ကလည်း အမေရိကန်ပြည်ထောင်စုပေါ် အကောက်ခွန်အရေးယူမှုတွေနဲ့ ပြန်လည်အရေးယူမှုတွေကို ရက် ၉၀ ထပ်မံရွှေ့ဆိုင်းမယ်လို့ ကြေညာခဲ့ပါတယ်။ နိုင်ငံနှစ်ခုဟာ ကုန်သွယ်ရေးနဲ့ အခြားကိစ္စရပ်တွေမှာ ဆက်လက်ညှိနှိုင်းသွားမယ်လို့ မျှော်လင့်ရပါတယ်။ ဒေါ်နယ်ထရန့်က တရုတ်နိုင်ငံအပေါ် ဒီနှစ်အစောပိုင်းမှာ အကောက်ခွန်အစီအစဉ်ကို ကြေညာပြီးနောက် နှစ်နိုင်ံအကြား ကုန်သွယ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ကုန်ပစ္စည်းတွေပေါ် ၁၀၀ ရာခိုင်နှုန်းကျော် အကောက်ခွန်တင်မှုတွေ ပြုလုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ မေလမှာ တော့ အမေရိကန်နဲ့ တရုတ်တို့က အကောက်ခွန်နှုန်းတွေကို အတော်လေး လျှော့ချခဲ့ပြီး အောက်တိုဘာ ၁၂ ရက်အထိ အကောက်ခွန် ၂၄ ရာခိုင်နှုန်းကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။…

Read More

တောင်ကိုရီးယား သမ္မတသစ်နဲ့ ဒေါ်နယ်ထရန့်တို့ အိမ်ဖြူတော်မှာ ထိပ်သီးဆွေးနွေးမယ်

ဆိုးလ်၊ ဩဂုတ်-၁၂-၂၀၂၅ ရတီ(VOM) တောင်ကိုရီးယားသမ္မတ လီဂျေမြောင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ဟာ နှစ်နိုင်ငံကြား မဟာမိတ်ဆက်ဆံရေးနဲ့ စီးပွားရေးမိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးဖို့ ဩဂုတ် ၂၅ ရက်မှာ ဝါရှင်တန်မြို့မှာ ပထမဆုံးထိပ်သီးဆွေးနွေးပွဲ ပြုလုပ်မယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ထုတ်ပြန်ပါတယ်။ ဇွန်လအတွင်း ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လီဂျေးမြောင်ဟာ ထရန့်ရဲ့ အကောက်ခွန်မူဝါဒတွေကြောင့် ဖြစ်ပေါ်လာတဲ့ ကမ္ဘာ့ကုန်သွယ်ရေးအခြေအနေ ပြောင်းလဲမှုတွေကို ကုန်တင်ပို့မှုအပေါ် မှီခိုနေရတဲ့ တောင်ကိုရီးယားအနေနဲ့ ရင်ဆိုင်ကျော်လွှားနိုင်ဖို့ကို အဓိကဦးစားပေး လုပ်ဆောင်နေပါတယ်။ “နိုင်ငံတကာ လုံခြုံရေးနဲ့ စီးပွားရေးအခြေအနေ ပြောင်းလဲမှုတွေကို တုံ့ပြန်ဖို့ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ အမေရိကန်-တောင်ကိုရီးယား မဟာမိတ်စာချုပ်ကို အနာဂတ်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ စုံလင်တဲ့ မဟာဗျူဟာမြောက် မဟာမိတ်စာချုပ်အဖြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆွေးနွေးသွားမယ်” လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ကန်ယူဂျုံးက ရှင်းလင်းပွဲမှာ ပြောပါတယ်။ ပြီးခဲ့တဲ့လမှာ…

Read More

ကျောက်ဖြူမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း AA ပြော

VOM သြဂုတ် -၁၁ -၂၀၂၅ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အတွင်းမှာ တပ်မတော်နဲ့ အာရက္ခတပ်တော် AA တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ AA တပ်ဖွဲ့က ဒီနေ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ကျောက်ဖြူမြို့ ရဲတပ်ရင်း ၃၂ အနီးမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲဖြစ်တယ်လို့ AA ပြော ခွင့်ရ ခိုင်သုခက ဒီနေ့ အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲမှာ မီဒီယာတွေကိုပြောပါတယ်။ “ကျောက်ဖြူရဲ တပ်ရင်း ၃၂ နားမှာ ကျွန်တော်တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ စစ်တွေမှာ တိုက်ပွဲဖြစ်တာမရှိပေမယ့် ပေါက်တော နဲ့ ပုဏ္ဏားကျွန် ဘက်မှာလည်း ရန်သူဘက်က လက်နက်ကြီးတွေ နဲ့ ဆက်လက်ပစ်ခတ်နေတာရှိပါတယ်” ကျောက်ဖြူ မြို့ ရဲတပ်ရင်း အနီးမှာရှိတဲ့ တပ်မတော် ရဲ့ ကာကင်းစခန်းတွေကို အခု နှစ်မေလ ကုန်ပိုင်းမှာ…

Read More

နန်းတော်ရှေ့၊ ကြိုးကြီးချိတ်၊ စည်တော်ကြီး(၂)

တလောက စာရေးဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်)နှင့်တွေ့တော့ သူ ငယ်စဉ်က ဆွေတော်မျိုးတော်ကြီးများနှင့် ရင်းနှီးနီးကပ်ခဲ့ ဖူးကြောင်း၊ ထီးသုံးနန်းသုံးစကားများပင် ငယ်စဉ်က သွက်လက်စွာ ပြောဆိုနိုင်ကြောင်း ပြောပြသည်။ သို့သော် ငယ်ရွယ်သူဖြစ်သည့် အလျောက် ထီးနှင့်နန်းနှင့် ရာဇဝင်နှင့် သမိုင်းနှင့် စသည်များကို မေးမြန်းမထားလိုက်ရသည်ကို များစွာ နှမြောမိပါကြောင်းလည်း ပြောပြပါ သည်။ ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်) က မန္တလေးတွင် နောက်ဆုံး ချဆောင်သွားသော ပျဉ်းမနားကိုယ်တော်ကြီး၏ မသာတော် အကြောင်းကိုလည်း ပြောပြသည်။ မင်းခမ်းမင်းနား အစုံအလင်နှင့် မြို့လုံးကျွတ် ထွက်ကြည့်ရသော မသာတော်ဖြစ်သည်ဟု ဆို၏။ ထိုမသာတော်တွင် ရှေးက ဒုမင်္ဂလများ၌ တီးမှုတ်သော ဗျိုင်းတောင်စည်ကိုလည်း အပြည့်အစုံ အစအဆုံး တီးမှုတ်ခဲ့ပါသည်။ ယခုခေတ်၌မူ မြေလတ်ပိုင်းရှိ အချို့အရပ်ဒေသများ၌သာ ဒုမင်္ဂလတီးဝိုင်းတွင် ကျန်ကောင်းကျန်ပါလိမ့်မည်။ သို့သော် အများစုကြီးမှာမူ “ဗျိုင်းတောင်” ဆိုတာ ကြားဖူးကြတော့မှာမဟုတ်။ အကယ်၍ အနည်းငယ် မြည်းစမ်း…

Read More

လသာမြို့နယ်ရှိ KTV မှာ အမျိုးသားတယောက် သေနတ်နဲ့ပစ်သတ်ခံရမှုဖြစ်ပွား

ဩဂုတ် ၁၁ ၊ ၂၀၂၅ GG (VOM) ရန်ကုန် ၊ လသာမြို့နယ်၊ ၈ ရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်းပေါ် Yangon Thanlwin Hotel ပထမထပ်ရှိ New Party KTVမှာ အမျိုးသားတယောက် သေနတ်နဲ့ ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “ကျွန်တော်တို့တော့ လူနာမကောက်ရဘူး။ ဒါပေမယ့်ကျွန်တော်သိရသလောက်တော့ ဘယ်ဘက် နားထင်မှာပဲ သေနတ်ဒဏ်ရာတွေ့ တယ်။ သေနတ်နဲ့ နားထင်ကိုကပ်ပစ်တဲ့ပုံစံမျိုးပေါ့။နေရာမှာပဲပွဲချင်းပြီးတယ်။ ဘယ်သူ ဘယ်ဝါဆိုတာက ယာဥ်မောင်း လိုင်စင်ကဒ်ပြားအရ နာမည်ကိုသိရတဲ့အခြေအနေ ပါ။လူနာကိုတော့ ဆေးရုံကိုပို့ထားတယ်။” လို့ ဖြစ်စဥ်ကိုသိတဲ့ ဒေသခံတယောက်ကပြောပါတယ်။ မနေ့က ဩဂုတ် ၁၀ ရက်နေ့ ညနေပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေနတ်နဲ့ပစ်သတ်ခံရသူက အသက်၅၀ နှစ်အရွယ်ရှိ ဦးအိုက်မြင့် (ခ) ဟော်ချွမ်းမြန်ဆိုသူဖြစ်ပြီး သေနတ်တလက်နဲ့ ကျည်ဆံငါးတောင့်ပါကျည်အိမ်တခု ၊ ကျည်ခွံတခုကိုပါတွေ့ရှိရတယ်လို့သိရပါတယ်။ လက်ရှိမှာတော့…

Read More
✕
VOM News

FREE
VIEW