နီပေါ Gen Z တွေ ဆန္ဒပြပွဲ ၁၉ ယောက်သေဆုံး ၊ လူမှုကွန်ရက်ပိတ်ပင်တားမြစ်ချက် အစိုးရ ပြန်ရုပ်သိမ်း

ခတ္တမန္ဒူ၊ စက်တင်ဘာ-၉-၂၀၂၅
ရတီ(VOM)
နီပေါနိုင်ငံမှာ လူမှုကွန်ရက်တွေကို ပိတ်ပင်မှုကြောင့် လူ ၁၉ ယောက်သေဆုံးခဲ့တဲ့ Gen Z လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေအပြီးမှာ နီပေါအစိုးရက ထုတ်ပြန်ထားတဲ့ တားမြစ်မိန့်ကို ရုပ်သိမ်းလိုက်ပါတယ်။
တနင်္လာနေ့က မြို့တော် ခတ္တမန္ဒူရှိ လွှတ်တော်အဆောက်အအုံအတွင်းသို့ လူငယ်ထောင်ပေါင်းများစွာ အင်အားသုံးဝင်ရောက်ခဲ့ပြီး Facebook နှင့် YouTube အပါအဝင် လူမှုကွန်ရက်ပလက်ဖောင်း ၂၆ ခုပိတ်ပင်မှု ရုတ်သိမ်းဖို့ တောင်းဆိုခဲ့သလို အကျင့်ပျက်ခြစားမှုတိုက်ဖျက်ဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။
တနင်္လာနေ့ညနက်ပိုင်းက ကျင်းပခဲ့သော အရေးပေါ်ဝန်ကြီးအဖွဲ့အစည်းအဝေးတွင် Gen Z လူငယ်တွေရဲ့ တောင်းဆိုမှုများကို တုံ့ပြန်မ့အဖြစ် ပိတ်ပင်မှုရုတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်ဝန်ကြီး Prithvi Subba Gurung ကပြောပါတယ်။
မြို့တော်ပြင်ပ အခြားမြို့ငယ်တွေမှာလည်း ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး လူ ၁၀၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။ Instagram ကဲ့သို့သော လူမှုကွန်ရက်ပလက်ဖောင်းတွေကို နီပေါနိုင်ငံသား သန်းပေါင်းများစွာ အသုံးပြုလျက်ရှိပြီး ဖျော်ဖြေရေး၊ သတင်းနဲ့ စီးပွားရေးအတွက် မှီခိုအားထားနေကြပါတယ်။
ဒါပေမယ့် အစိုးရဟာ ပြီးခဲ့အပတ်က အာဏာသက်ရောက်ခဲ့တဲ့ ပိတ်ပင်မှုဟာ သတင်းမှားတွေ ၊ အမုန်းစကားတွေနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို တိုက်ဖျက်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
တနင်္လာနေ့က လမ်းပေါ်ထွက် Gen Z တွေကတော့ အစိုးရရဲ့ အာဏာရှင်ဆန်တဲ့ သဘောထားကိုလည်း ဆန္ဒပြနေကြောင်း ပြောကြားပါတယ်။ ဆန္ဒပြသူအချို့သည် ဝန်ကြီးချုပ် ရဲ့ ဇာတိမြို့ဖြစ်တဲ့ ဒါမာ့ခ် ရှိ အိမ်ကိုလည်း ကျောက်တုံးကျောက်ခဲတွေကို ပစ်ပေါက်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲပွဲတွေကို ရဲတပ်ဖွဲ့က ဖြိုခွင်းရာမှာ မီးသတ်ပိုက်၊ မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်ဆံတွေကို အသုံးပြုခဲ့ပြီး အစိုးရတော့ ဆန္ဒပြမှုတွေကို စုံစမ်းစစ်ဆေးဖို့ကော်မရှင်တရပ်ဖွဲ့စည်းထားပြီး သေဆုံးသူတွေအတွက် ဂရုဏာကြေးနဲ့ ဒဏ်ရာရသူတွေအတွက် အခမဲ့ကုသမှုတွေ လုပ်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။
Ref:BBC
Photo:Getty Images/ Reuters

Related posts

Leave a Comment

VOM News

FREE
VIEW