ဒီဇင်ဘာ ၁၄ ၊ ၂၀၂၅ GG (VOM) ဂျပန်နိုင်ငံကို အလုပ်လုပ်ဖို့ ပို့ဆောင်ပေးမယ်ဆိုပြီး လူအယောက် ၈၀၀ ကျော် ဆီကနေ ငွေကျပ် သိန်းပေါင်း ကိုးသောင်းဝန်းကျင် လိမ်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အဖွဲ့စုံက စုံစမ်းစစ်နေကာ နိုင်ငံတော်အဆင့် ကိုင်တွယ်ဖြေရှင်း အရေးယူသွားမယ့် အခြေအနေ ရှိတယ်လို့ သိရပါတယ် ။ ” စစစ တို့ စရဖ တို့ကလည်း နိုင်ငံတော်ဝန်ကြီးချုပ်အထိ တင်ပြရမှာ ဆိုပြီး အချက်အလက်တွေ သူတို့ကို အကုန်ပေးထားတယ် ။ နိုင်ငံတော်အဆင့် ကိုင်တွယ်မယ့် အခြေအနေ ရောက်လာပြီ ထင်ရတယ် ။ဘာလို့ဆို အရေအတွက်ကလည်း အရမ်းများတယ်။ ပမာဏကလည်း အရမ်းများတယ်။ သိန်းကိုးသောင်းလောက် ပမာဏကြီးလေ ။ အခုက နိုင်ငံဖြတ်ကျော်ပြီး လိမ်လည်တဲ့ သဘောမျိုးဆိုတော့ လူမှောင်ခိုကူးမှုတွေပါ ပါလာပြီ။ သူတို့က တရားဝင်လမ်းကြောင်းက…
Read MoreMonth: December 2025
ချောက်မြို့နယ်မှာ မျက်နှာစည်းပြီးအသတ်ခံထားရတဲ့ အမျိုးသားနှစ်ယောက် အလောင်းတွေ့ရှိ
ဒီဇင်ဘာ ၁၃ ၊ ၂၀၂၅ GG (VOM) မကွေးတိုင်း၊ ချောက်မြို့နယ် ၊ ကြီးနီ ကျေးရွာ အနီးမှာ မျက်နှာအဝတ် စည်းထားပြီး အသတ်ခံထားရတဲ့ အမျိုးသား နှစ်ယောက်အလောင်း ကို တွေ့ရှိခဲ့ရ တယ်လို့ သိရပါတယ် ။ အသတ်ခံ ထားရတဲ့ အမျိုးသား နှစ်ယောက်ဟာ ချောက်မြို့ အမှတ် (၁၀) ရပ်ကွက်နေ ဦးကျော်အေး ဆိုသူနဲ့ ဂွေးချိုကျေးရွာက ဦးခင်မောင်နိုင် ဆိုသူတို့ ဖြစ်တယ်လို့ သိရပါတယ် ။ အဆိုပါ အမျိုးသား နှစ်ယောက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဒေသတွင်း လက်နက်ကိုင် အဖွဲ့ တခုကနေ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ကြောင်း ၊ အဲဒီနောက်မှာ အဆက်အသွယ် ပြတ်တောက်သွားပြီး ဒီဇင်ဘာ ၁၁ ရက်မှာ အသတ်ခံရတဲ ရုပ်အလောင်းကို တွေ့ရှိခဲ့ရတာ…
Read Moreအောင်မြေသာစံမြို့နယ်ကနေ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် ယှဥ်ပြိုင်မယ့် မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင် ပြည်သူတွေရဲ့ အမေးကို ဒိုင်ခံဖြေ
မန္တလေး ၊ ဒီဇင်ဘာ -၉-၂၀၂၅ Voice Of Myanmar အစိုးရတပ်မတော်မှာ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးအဖြစ်ကနေ အငြိမ်းစားယူပြီး မန္တလေး အောင်မြေသာစံမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်မယ့် ဦးတေဇကျော်နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်တို့ပါတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ မန္တလေးမှာ ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေးအတွက် မဲဆွယ်ပွဲတွေ အင်နဲ့အားနဲ့ နေရာစိပ်စိပ်လုပ်လာတာတွေ့ရပါတယ်။ ဒီနေ့ ဒီဇင်ဘာ ၉ရက် နေ့ခင်းပိုင်းက မန္တလေး အောင်မြေသာစံမြို့နယ် မေဃဂီရိရပ်မှာ လူထုတွေ့ဆုံပွဲ အခမ်းအနားလုပ်ပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ကိုယ်စားလှယ်လောင်းတွေကို လူထုနဲ့ မိတ်ဆက်ပေးခဲ့သလို မဲပေးရမယ့်အဆင့်ဆင့်တွေရှင်းလင်းပြပြီး ဒုဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးတေဇကျော်နဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်တို့က သူတို့ နိုင်ရင်လုပ်ပေးမယ့် ကတိကဝတ်တွေကို ရှင်းပြခဲ့တာတွေ့ရပါတယ်။ အောင်မြေသာစံမြို့နယ်မှာ အမျိုးသားလွှတ်တော်အတွက် ဦးဟိန်းမင်းဦး၊ ပြည်သူ့လွှတ်တော်အတွက် ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးတေဇကျော်နဲ့ တိုင်းဒေသကြီးအတွက် လက်ရှိမန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်၊ ရှမ်းတိုင်းရင်းသားရေးရာအတွက် ဦးစိုင်းအောင်ကြည်တို့က ယှဥ်ပြိုင်ကြမှာဖြစ်ပြီး…
Read Moreမန္တလေး – မြစ်ကြီးနား ကုန်ကားတွေ တိုင်းဖြတ်ကျော်ခွင့် လျှောက်ထားမှု ခွင့်ပြုချက်ကျဖို့ ကြန့်ကြာလို့ အခက်ကြုံ
ဒီဇင်ဘာ ၉ ၊ ၂၀၂၅ Shy V (VOM) မန္တလေး – မြစ်ကြီးနား ကုန်ကားတွေ တိုင်းဖြတ်ကျော်ခွင့် လျှောက်တာမှာ ခွင့်ပြုချက်ကျဖို့ ကြန့်ကြာလို့ အခက်ကြုံနေရကြောင်း လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “မနေ့က တိုင်း Pass ကျမယ် ဆိုပြီးတော့ မကျလာဘူး။ စောင့်နေတာ ၆ ရက်လောက်ရှိပြီ။ တရက် တရက် ကား တစီးကို စားစရိတ် ငါးသောင်း လောက်ကုန်တယ်” လို့ လုပ်ငန်းရှင် တယောက်က ပြောပါတယ်။ ခါတိုင်း တိုင်းဖြတ်သန်းခွင့် စာရွက် စာတမ်း မလိုပေမယ့် ဒီတခေါက်က ပြည်တွင်းထွက်ကုန်ဖြစ်တဲ့ ဘိလပ်မြေကိုလည်း နယ်လုံ ထောက်ခံချက်နဲ့ တိုင်း/ပြည်နယ် ဖြတ်သန်းခွင့် တင်ခိုင်းတယ်လို့ သူက ပြောပါတယ်။ နယ်လုံ ထောက်ခံစာကို မြစ်ကြီးနား နယ်လုံ ဝန်ကြီးဆီက ယူရပြီး တိုင်း/ပြည်နယ်…
Read Moreပေ ၃၀၀ ခန့် ချောက်အနက်ထဲ ပြုတ်ကျသူကို ခြောက်ရက်မြောက်မှာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့
ဒီဇင်ဘာ ၉ – ၂၀၂၅ SS (VOM) ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်မှာ ချောက်အနက် ပေ ၃၀၀ ခန့် နေရာအတွင်း ပြုတ်ကျနေသူ အမျိုးသား တယောက်ကို ခြောက်ရက်အကြာ မနေ့ ဒီဇင်ဘာ ၈ ရက်မှာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကျောက်မဲခရိုင် မီးသတ်ဦးစီးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးကိုကိုဦးက ပြောပါတယ်။ အဲဒီဖြစ်စဉ်ဟာ ကျောက်မဲမြို့၊ မန္တလေး – လားရှိုး ပြည်ထောင်စု လမ်းမကြီးဘေး၊ နောင်ပြစ်ကျေးရွာ၊ ပင်ပေါအုပ်စု၊ နမ့်ဆောင်ဟောင်ချောင်း ချောက်ကမ်းပါးမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ “သူက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့က ရှဉ့်လိုက်ဖမ်းရင်း ချောက်ထဲ ပြုတ်ကျသွားတာ။ ရွာသားတွေက လိုက်ရှာကြရင်း ဒီဇင်ဘာ ၇ ရက်နေ့မှာ ချောက်ကမ်းပါးနား ရောက်လို့ ခေါ်ကြည့်တော့မှ အောက်က…
Read Moreအိန္ဒိယနိုင်ငံ ဂိုအာရှိ နိုက်ကလပ်မီးလောင်မှု သေဆုံးသူ ၂၅ ယောက်ရှိလာ
ဒေလီ၊ ဒီဇင်ဘာ-၈-၂၀၂၅ ရတီ(VOM) အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းဒေသ ဂိုအာရှိ လူကြိုက်များတဲ့ နိုက်ကလပ်တခု မီးလောင်မှုကြောင့် သေဆုံးသူဦးရေဟာ ၂၅ ယောက်အထိ ရှိလာတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရဲတွေကတော Birch နိုက်ကလပ် မီးဖိုချောင်ရှိ ဓာတ်ငွေ့အိုးတလုံး ပေါက်ကွဲမှုကြောင့်လို့ ကနဦး ယူဆခဲ့ပေမယ့် ဂိုအာပြည်နယ်ဝန်ကြီးချုပ်ကတော့ နိုက်လပ်အတွင်း အသုံးပြုတဲ့ မီးရှူးမီးပန်းတွေကြောင့် မီးလောင်မှုဖြစ်တာလို့ ဆိုပါတယ်။ လူကြိုက်များတဲ့ ကမ်းခြေတစ်ခုအနီးမှာ တည်ရှိတဲ့ အဲဒီနိုက်ကလပ်မှာ ဘောလီးဝုဒ် DJ တယောက်ဖျော်ဖြေတာကို နားထောင်ဖို့ လာရောက်ကြသူတွေနဲ့ပြည့်နှက်နေပြီး မီးလောင်မှုကြောင့် ဒေလီက မိသားစုဝင်လေးယောက်နဲ့ ဝန်ထမ်း ၂၁ ယောက်သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။ နိုက်ကလပ်မန်နေဂျာ အပါအဝင် လူလေးယောက်ကို ဖမ်းဆီးထားပြီး ပိုင်ရှင်ကိုလည်း ဖမ်းဝရမ်းထုတ်ထားပါတယ်။ ဂိုအာသည် အာရေဗျပင်လယ်ရှိ ပေါ်တူဂီကိုလိုနီဟောင်း ဒေသတခုဖြစ်ပြီး နိုက်ကလပ်တွေ၊ သဲသောင်ပြင်နဲ့ အပန်းဖြေစခန်းတွေကြောင့် နှစ်စဉ်…
Read Moreမြန်မာအမျိုးသမီး ဘောလုံးအသင်း မလေးရှားကို ၃ ဂိုးပြတ်နဲ့ အနိုင်ရ
ဒီဇင်ဘာ၊ ၈- ၂၀၂၅ VOICE OF MYANMAR မြန်မာအမျိုးသမီးအသင်းဟာ အုပ်စု ဒုတိယပွဲစဥ်အဖြစ် မလေးရှားအသင်းနဲ့ ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့က၊ ချွန်ဘူရီအားကစားကွင်းမှာ ဒီကနေ့ ဒီဇင်ဘာ ၈ ရက် ညနေ ၃ နာရီ ၃၀ မိနစ် မှာ ယှဥ်ပြိုင်ကစားခဲ့တာဖြစ်ပြီး မလေးရှားအသင်းကို ၃ ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။ ပထမဂိုးကိုတော့ ပွဲကစားချိန် ၂၆ မိနစ်မှာ ကျောနံပါတ် ၁၉ ရွှေရည်ထွန်းရဲ့ ပေးပို့မှုကို ကျေနံပါတ် ၈ စမ်းသော်သော်က သွင်းယူခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ပွဲကစားချိန် ၃၅ မိနစ်မှာ မြန်မာအမျိုးသမီး ဘောလုံးအသင်းအတွက် ဒုတိယမြောက်ဂိုးကို ကျောနံပါတ် ၁၃ မေထက်လူ က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ တတိယဂိုးအတွက် ပွဲကစားချိန် ၆၄ မိနစ်မှာ ဝင်းသင်္ဂီထွန်းက သွင်းယူခဲ့တာဖြစ်ပါတယ်။ ၃၃ ကြိမ်မြောက်…
Read Moreထိုင်းက မြန်မာအပေါ် သဘောထားပြောင်း
ဒီဇင်ဘာ ၈ – ၂ဝ၂၅ KKO(VOM) ထိုင်းက မြန်မာအကြောင်းကို အနီးစပ်ဆုံးသိနေလို့ မြန်မာ့ရွေးကောက်ပွဲကို ထောက်ခံခြင်းဖြစ်နိုင်ပြီး ထိုင်းကမြန်မာအပေါ်သဘောထားပြောင်းလာခြင်းဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက VOM ကို ပြောပါတယ်။ အခုရက်ပိုင်းမှာ မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkeow ရဲ့နေပြည်တော်ခရီးစဉ်အပြီးမှာ လေ့လာသုံးသပ်သူတွေက ခုလို ထုတ်ဖော်ပြောကြားလာခဲ့တာပါ။ “ယိုးဒယားအနေနဲ့က မြန်မာနဲ့ အိမ်နီးချင်းလည်းဖြစ်တယ်။မြန်မာနိုင်ငံရေးဖြစ်စဉ်တွေဟာ ယိုးဒယားအပေါ်မှာ သက်ရောက်မှုရှိတယ်ပေါ့။ဥပမာအနေနဲ့ ပြောရရင်မြန်မာ့နိုင်ငံရေး မတည်မငြိမ်မှုဖြစ်တဲ့အခါ ထိုင်းဘက်ကို မြန်မာကနေ ရွှေ့ပြောင်းသွားလာနေထိုင်သူတွေရှိတယ်။မည်သို့ပင်ဆိုစေကာမူ ရွေးကောက်ပွဲကို ယိုးဒယားက ထောက်ခံမှာပါပဲ။ မြန်မာမှာပါတီနိုင်ငံရေးကိုပြန်လက်ခံမှသာ သူတို့ရဲ့ဝန်ထုပ်ဝန်ပိုးသက်သာမယ်။ မြန်မာအကြောင်းအနီးစပ်ဆုံးသိနေတဲ့အတွက် ထိုင်းက မြန်မာရွေးကောက်ပွဲကိုထောက်ခံတာပါ” လို့ ပြည်တွင်းရှိ ပါတီနိုင်ငံရေးသမားတယောက်က VOM ကို ပြောပါတယ်။ ဒါအပြင် ယိုးဒယား(ထိုင်းနိုင်ငံ)ဟာ ယနေ့အချိန်မှာ လမ်းဆုံလမ်းခွတခုကိုရောက်နေတယ်လို့ ပြည်တွင်းက ဝါရင့်သတင်းစာဆရာတယောက်က အခုလို ထပ်မံသုံးသပ်ပြောပြပါတယ်။ “ထိုင်းနိုင်ငံရဲ့အဓိကပြသနာကတော့ ထိုင်းနိုင်ငံဟာ…
Read Moreထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲ သေဆုံးသူမြင့်တက်လာပြီး ထောင်ပေါင်းများစွာ ဘေးလွတ်ရာရွှေ့ပြောင်း
ဘန်ကောက်၊ ဒီဇင်ဘာ-၉-၂၀၂၅ ရတီ(VOM) အငြင်းပွားနယ်စပ်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး သေဆုံးသူအရေအတွက် တိုးပွားလာကာ နှစ်နိုင်ငံနယ်စပ်ရှိ ဒေသခံထောင်ပေါင်းများစွာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။ ထိုင်းစစ်တပ်က ညပိုင်းမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ယောက်ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ စုစုပေါင်း ခြောက်ယောက်အထိ ရှိလာတယ်လို့ ကမ္ဘောဒီးယားစစ်တပ်က ပြောပါတယ်။ ထိုင်းဘက်မှာတော့ စစ်သားတယောက်သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ ဇူလိုင်လအစောပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကြားဝင်စေ့စပ်ပေးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို ပျက်ပြားစေခဲ့တဲ့ ပဋိပက္ခများအတွက် နှစ်ဖက်စလုံးက အပြန်အလှန် အပြစ်တင်နေကြပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ကီလိုမီတာ ၈၀၀ ကျော်နယ်စပ်ချင်း ထိစက်နေပြီး နယ်စပ်ရှိ နယ်မြေအချို့ကို ပိုင်ဆိုင်ရေးနဲ့ပတ်သက်ပြီး ရာစုနှစ်တခုကျော်ကြာ အငြင်းပွားနေခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်က တနင်္လာနေ့ မွန်းလွဲပိုင်းမှာ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံတကာဥပဒေနဲ့ အညီ နိုင်ငံအချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို…
Read Moreမင်းလက်ပံ တိုက်ပွဲကြောင့် မြန်မာ – ထိုင်းနယ်စပ်အခြေအနေက အလွန်စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေတယ်လို့ KNU ထုတ်ပြန်အသိပေးလာ
ဒီဇင်ဘာ ၇ ၊ ၂၀၂၅ GG (VOM) ကရင်ပြည်နယ် ၊ မြဝတီမြို့နယ် ၊ မင်းလက်ပံဘက်မှာ တိုက်ပွဲတွေ ပြင်းထန်လာနေပြီး ထိုင်း နဲ့ မြန်မာ နယ်စပ်က ပြည်သူတွေအတွက် အလွန်စိုးရိမ်ရတဲ့ အခြေအနေကို ရောက်ရှိလာနေတယ်လို့ KNU က ဒီဇင်ဘာ ၆ ရက်မှာ စာထုတ် အသိပေးထားပါတယ်။ မင်းလက်ပံဒေသ တိုက်ပွဲ အခြေအနေကြောင့် ထိုင်းအာဏာပိုင်တွေက လတ်တလောမှာ သောင်ရင်းမြစ် ကမ်းကူးဂိတ်တွေကို ယာယီ ပိတ်ထားသလို မြဝတီ – မင်းလက်ပံ လမ်းကြောလည်း ပိတ်ထားတဲ့အတွက် မင်းလက်ပံဘက်က ကျားဖြန့်နဲ့ ဒေသခံ အချို့ အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၆ ရက်နေ့ ည ၁၀ နာရီလောက်ကလည်း မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက်၊ ချစ်ကြည်ရေးတံတားထိပ် (သိန်းသန်းစတိုးအနီး) ဘုရင့်နောင်လမ်း နဲ့…
Read More