မတ် ၅ – ၂၀၂၅ SS (VOM) ဒီကနေ့ မတ် ၅ ရက်၊ မနက်ပိုင်းက ညောင်တုန်းမြို့ကို ဗဟိုပြုပြီး ငလျင် လေးကြိမ် လှုပ်ခတ်ခဲ့ကာ ငလျင်ဒဏ်ကြောင့် မအူပင်မြို့ရှိ ဘုရား၊ ဓမ္မာရုံနဲ့ လူနေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ မြို့နေ ပြည်သူတွေက ပြောပါတယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီကနေ့ မနက် ၄ နာရီ ၃၇ မိနစ် ဝန်းကျင်မှာ ညောင်တုန်းမြို့ရဲ့ အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အား အသင့်အတင့်ရှိတဲ့ ငလျင် စတင် လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ နောက်ဆက်တွဲ ငလျင်တွေအနေနဲ့ ညောင်တုန်းမြို့အနီး ၁၀…
Read MoreYear: 2025
တောင်သာ လေကြောင်းတိုက်ခိုက်မှု ခြောက်ယောက် သေဆုံး
မတ် ၅ – ၂၀၂၅ SS (VOM) မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ မနေ့ မတ် ၄ ရက်၊ ညပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ခြောက်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာမှာ မနေ့ည ၁၀ နာရီခွဲဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လူသေဆုံးမှုအပြင် ထိခိုက်၊ ဒဏ်ရာရသူတွေလည်း ရှိခဲ့ပြီး နေအိမ် အလုံး ၃၀ လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “သေဆုံး ခြောက်ယောက်၊ ဒဏ်ရာရက လေးယောက်လို့ သိရတယ်။ ဒဏ်ရာရတဲ့သူတွေကလည်း အနီရောင်အဆင့်ဖြစ်တယ်။ ဒဏ်ရာ ပြင်းတယ်။ လေကြောင်း တိုက်ခိုက်မှုပြီးသွားတော့ နတ်စောင့်ရွာထဲကို နစကတပ်က နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်။ ” လို့ ဒေသခံတယောက်က ပြောပါတယ်။ လူဦးရေ စုစုပေါင်း ၃၅၈၇ ယောက် နေထိုင်တဲ့…
Read Moreဆိုက်ကားက ဓာတ်ရထားကို နလံမထူအောင် တိုက်ခဲ့ပုံ
ဆူးငှက် ကုန်လွန်ခဲ့သော နှစ်ပေါင်း၈၀ကျော်ကာလ မန္တလေးမြို့ ၂၆ဘီ အာဇာနည်လမ်း မြောက်ဘက် ရွှေတချောင်းမြောင်း ကမ်းအရှေ့ဘက်က တစ်ထပ်တိုက် “ဘူတာလေး” ကတော့ မန်္တလေးမြောက်ဘက် ရှိ မတ်္တရာမြို့လေးသို့ ပြေးဆွဲသော တစ်စင်းတည်းရှိ မီးရထားလေးတစ်စင်းတည်းသာ ဆိုက်ကပ်ထွက်ခွာရာ ဘူတာလေးပဲဖြစ်၏။ မီးရထားသံလမ်းက လည်း ပုံမှန်လမ်းများထက်သေးသည်။ မီးရထားတွဲဆိုင်းများကလည်း သေးသည်။ ထို့ကြောင့် ရေနွေးငွေ့စက်ခေါင်းကလည်း ခပ်သေးသေးလေးဖြစ် သည်တဲ့ …။ အိန္ဒိယသား ကုလားသူဋ္ဌေး “မနာဂျီ” ပိုင်ဆိုင်သော မီးရထားလေးမို့ … မြန်မာအသံထွက်နှင့် “မနှင်းဆီ” ဟုပဲခေါ်ကာ … “မနှင်းဆီမီးရထား” ဟုပဲ အများစုက သိရှိကြသည်။ မနှင်းဆီရထားက ရွှေတချောင်းမြောင်းအတိုင်း မြောက်သို့ မတ္တရာအထိ ခေါက်ပြန်ပြေးဆွဲသတဲ့။ ဈေးချိုနှင့် ရွှေတချောင်းကလည်းခွဲခြားလို့မရ။ ဘိုးတော်ဘုရား လက်ထက်က တူးဖော်ခဲ့သော ရွှေတချောင်းက စိုက်ပျိုးရေအတွက်သာမက မတ္တရာ…
Read Moreသင်းပင်းတွေ မကွဲပြဲကြဖို့
ဆူးငှက် လွန်ခဲ့သော ၁၉၉၆ခုနှစ် မေလ ၁၁ရက်နေ့က မန္တလေးမလွန်ရပ်မှာရှိတဲ့ ပရိယတ္တိသာသနဟိတအသင်းကြီးရဲ့ သာသနာ့ဗိမာန်တော်ကြီးမှာ အသင်းတော်ကြီး အနှစ်၁၀၀ပြည့် ပွဲတော်အတွက် ထေရ်ကြီး ဝါကြီးဆရာတော်ကြီးများထံက သြဝါဒခံယူပွဲ ကျင်းပတယ်။ ဝါဆိုဆရာတော်ကြီး၊ မြတောင်ဆရာတော်ကြီး၊ ဗန်းမော်ဆရာတော်ကြီးစတဲ့ ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြတယ်။ ဒီပွဲမှာသတင်းစာဆရာ၊ စာရေးဆရာမကြီး ဒေါ်ဒေါ်လူထုဒေါ်အမာလည်း တက်ရောက်ပြီး ဆရာတော်ကြီးများကို လျှောက်ထားတဲ့ အခါ ထူးထူးခြားခြားမှတ်မိတဲ့ အချက်လေးရှိတယ်။ ဒေါ်ဒေါ်က ပရိယတ္တိသာသနဟိတ အသင်းကြီးရှိလို့ ဆဋ္ဌသင်္ဂါယနာတင်နိုင်တာ၊ အထူးသဖြင့် ဒီအသင်းကြီးလို၊ မလွန်ဈေးဆန်လှူအသင်းကြီးလို သက်တမ်း၁၀၀တိုင် ခိုင်ခိုင်မာမာတည်တံ့နေတာ မန္တလေးမြို့အတွက် ဂုဏ်ယူစရာဖြစ်တယ်။ နှစ်၁၀၀တိုင် ငွေရေးကြေးရေးအရှုပ်အထွေး၊ လူမှုရေးအရှုပ်အထွေး။ ရာထူးရာခံအရှုပ်အထွေးမရှိခဲ့ပါဘူးဆိုတဲ့ အချက်ပါ။ ဒေါ်ဒေါ်လျောက်ထားတဲ့ အချက်ကို ဆရာတော်ကြီးများက သဘောကျတယ်။ “ပရိယတ္တိသည် ဗုဒ္ဓမည်၊ စွမ်းရည်သာသနာ”ဆိုပြီးသာဓုခေါ်ကြတယ်။ ဒေါ်ဒေါ်ပြောမှပဲ သတိထားမိတယ်။ ဟုတ်တာပေါ့ မန္တလေးမှာ အနှစ်ရာပြည့်ကျော်၊ ရာပြည့် စတဲ့ အသင်းတွေ…
Read Moreထပ်ထပ်ထင်ထင် သိမြင်စိမ့်ငှာ
ဆူးငှက် မင်းတုန်းမင်းသည် မန္တလေး မြို့တည် နန်းတည်ဖို့ ကြံဆောင်တော်မူလေသောအခါ အနောက်ဘက်တွင် ဧရာဝတီမြစ်၊ တောင်ဘက်တွင် တောင်သမန် နှင့် ဇောင်းကလောကန်၊ မြောက်ဘက်တွင် နန္ဒာကန်တို့ တည်ရှိပြီး၊ အရှေ့ဘက် ရှမ်းရိုးမတောင်ကို နောက်ခံပြုပြီး၊ တောင်မြောက် အလျား (၇)မိုင်၊ အရှေ့အနောက် အနံ (၃)မိုင်ခန့် ကျယ်ဝန်းသော အောင်ပင်လယ်ကန်ကြီး တည်ရှိနေသည့် မန္တလ ခေါ် မန္တလေးတောင်ခြေရင်းက စည်မျက်နှာကဲ့သို့ ပြန့်ပြူးသော လွင်ပြင်နေရာကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ တကယ်တော့ မန္တလေးနှင့် မန္တလေးတောင်သည် မြတ်စွာဘုရား ဗျာဒိတ်ထားခဲ့သည်ဟု ဆိုသည်နှင့် အညီ တင့်တယ်လိုက်ဖက်လွန်းလှသည်။ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းမှသည် ရိုးမတောင်ခြေအထိ ပြန့်ပြူးညီညာလှသော မြေပြင်ဝယ် မန္တလေးတောင်တော်သည် ထီးတည်းတည်ကာ မြေမှ စုံ့စ့ုံတက်၏။ ထိုအခါ လှပကျယ်ပြောလှသော မြေပြင်အား ရှုမြင်ခံစားနိုင်ရန် မျှော်စင်ပမာ…
Read MoreKIA နဲ့ TNLA တပ်ဖွဲ့ချင်းပြဿနာ လက်နက်နဲ့ မဖြေရှင်းဖို့နဲ့ ထိန်းထိန်းသိမ်းဆောင်ရွက်ဖို့ ပြော
မတ် ၃၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်းက KIA တပ်ဖွဲ့နဲ့ TNLA တပ်ဖွဲ့ တို့ အကြား ဖြစ်ပွားနေတဲ့ ပြဿနာကို လက်နက်နဲ့ မဖြေရှင်းဖို့ KIA ဗဟို ဌာနကနေ ညွှန်ကြားသလို KIA နဲ့ TNLA တို့အကြား ဖြစ်ပွားနေတဲ့ ပြဿနာကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ TNLA ရဲ့ စစ်ဦးစီးချုပ်က ပြောပါတယ်။ KIA ဘက်ကလည်း ဝောာ်လှန်ရေး အချင်းချင်းကြား ဖြစ်လာတဲ့ ပြဿနာတွေကို ဘယ်သော အခါမှ လက်နက်နဲ့ ဖြေရှင်းတာမျိုး မလုပ်ဖို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမိန့်ညွှန်ကြား ထားပါတယ်။ KIO/KIA ရဲ့ တောင်ပိုင်းတိုင်း ဌာန နယ်မြေ ဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တခြား တော်လှန်ရေးတပ်ဖွဲ့ တွေနဲ့…
Read Moreတောင်ကြီးမှာ အိမ်ငှားခနှစ်ဆနီးပါး မြင့်တက်လာသလို အငှားအိမ်ရှားလာလို့ အခက်တွေ့
မတ် ၃၊ ၂၀၂၅ ZY(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ နှစ်လတာ ကာလအတွင်း အိမ်ဌားခစျေးနှစ်ဆနီးပါး မြင့်တက်လာသလို ငှားမယ့်အိမ်ရှားပါးလာလို့ အိမ်ငှားနေသူတွေ အခက်တွေ့နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ တောင်ကြီးမြို့ပေါ် အိမ်အငှားဈေးကွက်မှာ အခု ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ အစပိုင်းကနေ လက်ရှိမတ်လ အစပိုင်းအထိ နှစ်လတာ ကာလအတွင်း နှစ်သိန်းကျပ်ဝန်းကျင်ကနေ ငါးသိန်းကျပ်ဝန်းကျင်တန်ဖိုးရှိ နေအိမ်၊ တိုက်ခန်းတွေဟာ ဈေးနှစ်ဆနီးပါး မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ “အရင်က ၂သိန်းဆိုရင် မြို့တွင်းမဟုတ်တဲ့ ဘုရားဖြူ၊ ကျောင်းကြီးစု၊ ကံကြီး၊ မြေဖြူတို့ဖက်မှာ တစ်ထပ်တိုက်တွေ၊ အခန်းတွေရတယ်။ အခုတော့ ၄သိန်းလောက်တောင်းနေပြီ။ ၂သိန်းလောက်နဲ့ဆိုရင် ထရံအိမ်၊ သွပ်ကာအိမ်တွေ၊ ရေမီးမပါတဲ့ အိမ်တွေ၊ မြို့စွန်နားက အိမ်တွေပဲ ရတော့တယ်”လို့ အိမ်ပွဲစားတယောက်က VOMကို ပြောပါတယ်။ ဒါ့အပြင် အိမ်ငှားလိုသူတွေ နည်းပါးလာသလို အိမ်ငှားရှားပါးလာတာကြောင့် အိမ်ငှားသူကြတွေအနေနဲ့ အခုလိုအိမ်ငှားခ…
Read Moreရန်ကုန်မှာ ငလျင်လှုပ်ခတ်မှု မြို့နယ်အတော်များများမှာ သိသိသာသာ ခံစားခဲ့ရ
မတ် ၃ – ၂၀၂၅ SS (VOM) ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့မှာ ဒီကနေ့ မတ် ၃ ရက်၊ မနက် ၁၀ နာရီ ၃ မိနစ်ဝန်းကျင်က ငလျင် လှုပ်ခတ်မှုကို မြို့နယ်အတော်များများမှာ သိသိသာသာ လှုပ်ခတ်သွားတယ်လို့ မြို့နေ ပြည်သူတွေဆီက သိရပါတယ်။ ငလျင်လှုပ်ခတ်ခဲ့တာကို ရန်ကင်း၊ မြောက်ဒဂုံ၊ တာမွေ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကမာရွတ်၊ အင်းစိန်၊ လသာ၊ မြောက်ဥက္ကလာပ၊ သာကေတ၊ တောင်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ကျောက်တံတား၊ ကမာရွတ်၊ လှိုင်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံ၊ မရမ်းကုန်း၊ ရွှေပြည်သာ၊ ထောက်ကြန့်၊ တိုက်ကြီး၊ တွံတေး အစရှိတဲ့ မြို့နယ်တွေမှာ သိသိသာသာ ခံစားခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ “ငလျင်လှုပ်တာ ကြမ်းတယ်။ အိမ်တောင် ခါသွားတယ်။ လှုပ်တာ…
Read Moreရွာငံက စစ်ဘေးရှောင်၂၀၀ ကျော် တုပ်ကွေးနဲ့ အရေပြားရောဂါဖြစ်ပွားနေ
မတ် ၃၊ ၂၀၂၅ ZY (VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာက စစ်ဘေးရှောင်၂၀၀ကျော်ဟာ လက်ရှိအချိန်ဟာ တုပ်ကွေးနဲ့ အရေပြားရောဂါဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်က မင်းပလောင်ကျေးရွာနဲ့ အနီးတဝိုက်မှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ဓနုပြည်နယ်အမျိုးသား ကာကွယ်ရေးတပ်ဦး- DSNDAတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တရွာလုံးနီးပါး နေအိမ်တွေမီးလောင်ပျက်စီးခဲ့တာကြောင့် နီးစပ်ရာ တောတောင်တွေမှာ ခိုလှုံနေကြရတယ်လို့ သိရပါတယ်။ အဲဒီလိုခိုလှုံနေကြရတဲ့ အိမ်ထောင်စု ၂၀၀နီးပါးနဲ့ လူဦးရေ ၇၀၀ကျော်အနက် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် လူဦးရေ ၂၀၀ကျော်ဟာ လက်ရှိမှာ တုပ်ကွေးနဲ့ အရေပြားရောဂါဖြစ်ပွားနေတယ်လို့ သိရပါတယ်။ “တုပ်ကွေးကတော့ ရာသီဥတုနဲ့ အမိုးအကာ မလုံခြုံတာကြောင့် ဖြစ်တာပေါ့။ အရေပြားကတော့ သောက်သုံးရေမသန့်ရှင်းလို့ ဖြစ်တာလို့ ယူဆရတာပဲ။ သောက်ဖို့ကော၊…
Read Moreဒေါပုံမှာ ဓါတ်ဆီပက်မီးရှို့ခံရတဲ့ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူး နှစ်ယောက်စလုံး သေဆုံး
မတ် ၃ – ၂၀၂၅ GG (VOM) ရန်ကုန်တိုင်း ၊ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းသွယ်ထဲမှာ သန်းခေါင်စာရင်းကောက်စဥ် ဓာတ်ဆီနဲ့ပက်ပြီးမီးရှို့ခံရတဲ့ ရာအိမ်မှူးနဲ့ဆယ်အိမ်မှူးတို့ ဆေးကုသနေရင်း သေဆုံးသွားပြီဖြစ်တယ်လို့သိရပါတယ်။ ဆယ်အိမ်မှူးအမျိုးသမီးက ဒီနေ့မတ်လ ၃ ရက်နေ့မနက်ပိုင်းက သူရဲ့နေအိမ်မှာ ရရှိထားတဲပဲမီးလောင်ဒဏ်ရာတွေကြောင့် သေဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။ ရာအိမ်မှူးအမျိုးသားကလည်း ရရှိထားတဲ့မီးလောင်ဒဏ်ရာတွေကြောင့်ပဲ ဖေဖော်ဝါရီ ၂၆ ရက်နေ့က သေဆုံးသွားပြီဖြစ်တယ်လို့သိရပါတယ်။ ” ဆယ်အိမ်မှူးအမျိုးသမီး မနှင်းသီတာကမနေ့က အသက်ကယ်ဆယ်သွင်းရပြီး ခုမနက်ဆုံးသွားပါတယ်။ သူ့အိမ်မှာပဲကုနေရင်းဆုံးတာပါ။သိရသလောက် ဖြစ်ဖြစ်ချင်းဆေးရုံခေါ်သွားတယ်။နောက်ဆေးရုံကနေ ဆင်းလာပြီး အိမ်မှာပဲဆက်ကုနေတာ။သူကအသက်လည်းကြီးပြီ မီးလောင်ဒဏ်ရာကလည်း ခန္ဓာကိုယ်တခြမ်းလုံးဆိုတော့ များတယ်လေ ။ရာအိမ်မှူးကတောအရင်ရက်ကဆုံးတယ်။” လို့ ဒေါပုံဒေသခံကပြောပါတယ်။ သေဆုံးသွားတဲ့ ရာအိမ်မှူးဖြစ်သူ ကိုအောင်မိုးနဲ့ ဆယ်အိမ်မှူးဖြစ်သူဒေါ်နှင်းသီတာတို့က ကြည်စုရပ်ကွက်နေထိုင်သူတွေဖြစ်ကြောင်း လက်ရှိမှာ ဆယ်အိမ်မှူးအမျိုးသမီးနာရေး အခမ်းအနားပြင်ထားတယ်လို့သိရပါတယ်။ အဆိုပါ ရာအိမ်မှူးအမျိုးသားနဲ့ဆယ်အိမ်မှူး အမျိုးသမီး အပါအဝင် အကူ အမျိုးသမီး သုံးယောက်က ဖေဖော်ဝါရီ ၁၂…
Read More